သောကြာ သားသမီး

Zawgyi











Unicode

သောကြာ သားသမီး

ယုခုနှစ်အတွင်းသင်သည် စက်ပစ္စည်းများ စိန်ထည် ပစ္စည်းများဝင်မည်။လုပ်ငန်းသစ်လုပ်ရန်အကြံ အစည်ကောင်းများ အဆက်အသွယ်ကောင်းများပေါ်လာလိမ့်မည်။အလုပ်အကိုင်သစ်များ ပေါ်လာလိမ့်မည်။

ဤကာလတွင် ပစ္စည်းများကိုထုခွဲရောင်းချ၍ လုပ်ငန်းသစ်ကြီးကြီးမားမားစရန်မကောင်းပါ။ငွေကံမကောင်းသေးပါ လာဘ်လဲအလွန်ပိတ်နေလိမ့်မည် ထီးလဲမထိုးသင့်ပါ။

ထီပေါက်လျှင်မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးရွားရွား ညံသွားတတ်၏ လူမျိုးခြားက အကူအညီပေးလိမ့်မည်အောက်လက်ငယ်သားတို့က အကူအညီပေးလိမ့်မည်။

ဟိုဟာလုပ်ရကောင်းနိုးနိုးဒီဟာလုပ်ရကောင်းနိုးနိုးနှင့် အချိန်ကုန်သွားတတ်၏ အမှားမှားအယွင်းယွင်းဆုံးဖြတ်မိတတ်၏ မကြာမီ ကံကောင်းဘက်သို့ရောက်တော့မည်။

လောလောဆယ်သတိထား၍သည်းခံလိုက်ပါ မသွားချင်သောခရီးများစိတ်ညစ်စရာခရီးများ သွားလာရတတ်၏ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ်အထင်လွဲတတ်သည်။သားသမီးများ ကျန်းမာရေးညံတတ်၏။

ရွှေထွက်မည် အိမ်ခန်းဆိုင်ခန်းကိစ္စများ အောင်မြင်မည် ကန်တော့ပွဲ နတ်အုန်းသီးတို့မှ အစို့ပေါက်လိမ့်မည် ခြေလက်မျက်ခြင်း ခါးနာခြင်းများ ဖြစ်တတ်၏။

စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်ပေါက်လိမ့်မည်။လုပ်လျှင်အောင်မြင်မည် ဘိုးတော်တု ဆရာတုများရောက်လာတတ်၏ ငွေလိမ်ခံရမည်။

ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေတတ်သည်။မိတ်ဆွေအပေါင်းအသင်းများနှင်မမျော်လင့်ပဲ လမ်းခွဲရတတ်၏။

သားသမီးရှိက အိမ်မှထွက်သွားလိမ့်မည် ဤအချိန်အခါသည်”အဖေကိုကာပြန်ဖူးသော သီဟဗာဟု”ကဲ့သို့ဖြစ်နေလိမ့်မည်။

ယတြာ အုန်းစိမ်း အဝလှပ်၍ အရည်စစ်ပါ ဆားလက်သုံးဆုပ်ထည့်ပြီး ညောင်ပင်ကြီးကြီးမှ ရုက္ခစိုးတွင် လှူရင်း လိုရာဆုတောင်းပါ။

Hits: 358

ဆယ့်ငါးရက်စာ ခုနှစ်ရက်သားသမီးဟောစာတမ်း

မိတ်ဆွေခုနှစ်နေ့ဖွား သားသမီးများအတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ( 12 ) ရက်မှ အောက်တိုဘာလ ( 26 )ရက်အထိ ( ဆောင်ရန် ရှောင် သတိပြုရန်နှင့် ယတြာ ) ဆယ့်ငါးရက်စာ ခုနှစ်ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ သားသမီးများ

2 , 3 , 5 အကျိုးပေးမည် ရေသတ္တဝါကို အစာကျွေး၍ လိုရာဆုကိုတောင်းပါလေ

တနင်္လာ သားသမီးများ

5 , 6 , 0 အကျိုးပေးမည် ဘုရားမှာ ဝေယျာဝစ္စ လုပ်အားဒါနပြု ၍ လိုရာဆုကိုတောင်းပါလေ

အင်္ဂါ သားသမီးများ

4 , 7 , 0 အကျိုးပေးမည် သရဏဂုံသုံးပါးကို နေ့စဉ် သက်စေ့ ပွား၍ လိုရာဆုကိုတောင်းပါလေ

ဗုဒ္ဓဟူး သားသမီးများ

7 , 3 , 9 အကျိုးပေးမည် သက်ကြီးရွယ်အိုများကို ဆေးဝါး ဒါန လုပ်၍ လိုရာဆုကိုတောင်းပါလေ

ကြာသပတေး သားသမီးများ

1 , 4 , 8 အကျိုးပေးမည် ဘဂဝါ ဂုဏ်တော်ကို နေ့စဉ် ၁၀၈ ခေါက်ပွား၍ လိုရာဆုကိုတောင်းပါလေ

သောကြာ သားသမီးများ

4 , 3 , 0 အကျိုးပေးမည် ပြည်သူ့ဆေးရုံတစ်ခုခုတွင် အာဟာရဒါနပြု ၍ လိုရာဆုကိုတောင်းပါလေ

စနေ သားသမီးများ

1 , 3 , 0 အကျိုးပေးမည် တရားထိုင်ခြင်း ပုတီးစိတ်ခြင်း လုပ်၍ လိုရာဆုကိုတောင်းပါလေ

ခုနှစ်ရက်သားသမီးများ ကံ ဥာဏ် ဝီရိယ သုံးချက်လုံး အားကောင်း၍ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေသောဝ်

Hits: 765


Zawgyi




စပ်တူ မလုပ်ဘူး






ကိုယ်ချင်းစာ







ဘုရားဟော





ကြုံဖူးမှ သိ

ခပ်ငယ်ငယ်က ပါရာဇိကဏ် ပါဠိတော်မှာ ရဟန်းတစ်ပါးဟာ ယောက်ျား ဘဝကနေ မိန်းမဘဝ ပြောင်းသွားလို့ ဘိက္ခုနီ (ရဟန်းအမျိုးသမီး) ကျောင်းကို ပို့ရတယ်ဆိုတဲ့ ဖော်ပြချက်ကို တွေ့ရတော့ ။



ငညို့အကြွေး








Unicode

သူတစ်ပါး အကြွေး ကို ပြန်မဆပ်ရင် ဘယ် အပြစ် ဖြစ်ပါသလဲ

အရှင်ဘုရား၊ အချို့သော လူ့ဘောင်မှ လူသားများမှာ သူတစ်ပါးထံမှ ချေးယူထားသော ပစ္စည်း (အထူးဖြင့် ငွေကြေး)ကို ပြန်မပေးဘဲ နေတတ်ကြပါသည် အဲဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက်နဲ့ လောလောဆယ် ကြုံနေရလို့ စိတ်မချမ်းမသာ ဖြစ်နေရပါသည် ဘုရား။

အချင်းချင်း အကြွေးယူပြီး ပြန်မဆပ်သော ပုဂ္ဂိုလ်များသည် ယခုဘဝ နောင်ဘဝတွင် မည်သို့သော အပြစ် ဖြစ်နိုင်သည်ကို ဟောကြားပေးတော်မူပါ ဘုရား။

ကတိ ဟာ လူ့အရည်အချင်း လူ့တန်ဖိုးရဲ့ သော့ချက်ပဲ ကတိကြောင့် လူလေးစားခံရသလို ကတိပျက်ရင် အရည်အချင်း ရှိလျက် အသိအမှတ် မပြုခံရဘဲ ရှိတတ်တယ် အချိန်၊ အကြွေး ၊ အလုပ် – စသည်နဲ့ ပတ်သက်ပြီး ကတိ အရေးကြီးတယ် ..

စပ်တူ မလုပ်ဘူး

အရီဇိုးနားကို ရောက်ခါစမှာ ဗမာတရုတ် တစ်ယောက်က သူတွဲနေတဲ့ မိတ်ဆွေရင်းကို ‘ဒီကောင်နဲ့ စီးပွားရေး စပ်တူ လုပ်လို့ မရဘူး’လို့ အတော် ခပ်နှိမ်နှိမ် ပြောတာနဲ့ ။

‘သူ့ကို မယုံကြည်ဘဲ ဘာကြောင့် အပေါင်းအသင်း လုပ်တာလဲ’လို့ ဘုန်းကြီး ကလည်း မနေနိုင် ဝင်မေးမိတယ် ဒီတော့ သူက ‘စီးပွားရေး အတူလုပ်ရင် ကတိတည်မှ’ တဲ့။

သူ့အပြောအရ သူ့မိတ်ဆွေမှာ ကောင်းတာ အချို့ ရှိပေမယ့် အချိန်ကို မလေးစားဘူး တစ်နာရီ ချိန်းရင် သုံး နာရီမှ ရောက်လာတာမျိုး အကြိမ်ကြိမ် ကြုံရသတဲ့ ပြောလည်း မဖြုံဘူးတဲ့။

လိုရင်းကတော့ ကတိမတည် (သူ့ရည်းစားနဲ့သာ အဲဒီလို ဖြစ်ရင် ပြတ်ပြီးသား ဖြစ်နေမှာ) မင်းမှာ သစ္စာ လူမှာ ကတိဆို မဟုတ်လား အထူးသဖြင့် ဒီဘက်က လူတွေကို အဲဒီလို လုပ်လို့ မရဘူး။

အဲဒီ မိတ်ဆွေ ဆိုသူဟာ ဒီဘက်မှာ နေသူ ဖြစ်ရင် သိသလိုလိုနဲ့ မသိသေးတဲ့ လူမျိုးပါပဲ။

ကိုယ်ချင်းစာ

ရင်းနှီးလို့ ဆိုပြီး ဘာစာရွက် စာတမ်းမျှ မရှိဘဲ ချေးယူသွားသူ အများစုဟာ ချေးလို့ ရပြီးတာနဲ့ မေ့မေ့ ပျောက်ပျောက် နေသွားလေ့ရှိတာကို တွေ့ရတယ် (ဒီလိုမဟုတ်တဲ့ လူအနည်းစုလည်း ရှိနိုင်ပါတယ်)။

ပြောတုန်းက နှစ်လအတွင်း ကူညီလိုစိတ်နဲ့ ချေးပေးလိုက်သူကတော့ ယူသွားသူ ပြောတဲ့ နှစ်လကို သတိတရနဲ့ မျှော်နေတာပဲ ကိုယ့်ပစ္စည်းပဲလေ လူတိုင်း ဒီလိုပဲနေမှာ။

ဒါပေမယ့် တစ်ချို့ နှစ်နှစ်မကလည်း ဖြစ်သွား နိုင်ပြီး အချို့ဆို ရာသက်ပန် မပေါ် လာ ဖြစ်သွားတတ်တယ် သူတို့ အနည်းငယ် အဆင်ပြေသွားတဲ့ အချိန် ‘အဆင် မပြေတုန်းက ငါတို့ကို ဘယ်သူမှ အရေးမလုပ်ဘူး’ ဆိုတာမျိုးတောင် ပြောတတ်သေးတယ်။

ဒါကြောင့် ပိုက်ဆံ ချေးပေးမယ်ကြံရင် လူအချို့ဟာ အသွင်သဏ္ဌာန် သားနားတိုင်း အတွင်းစိတ် မသားနားဘူး ဆိုတာကို အခုရ ရှိတဲ့ အတွေ့အကြုံနဲ့ ဘဝတစ်လျှောက် ကိုယ့်ကိုယ်ကို သင်္ခန်းစာယူပေါ့ အဲဒါ ကိုယ့်အတွက် အမြတ်လို့ပဲ နှလုံးသွင်းလိုက်ပါ။

သနားတတ်တာ၊ အားနာတာ၊ ယုံလွယ်တာ အရင်းခံနဲ့ ဘုန်းကြီး တောင် အမေရိကကို ရောက်ပြီးမှ ဇာတ်တူသား စားမိလို့ ‘နိဗ္ဗာနဿ ပစ္စယော ဟောတု’ လုပ် လိုက်ရတာ လေးကြိမ် ကြုံဖူးတယ် ဘုန်းကြီး သာ မကပါဘူး။

ဘုန်းကြီး အတော်များများ ဟို .. ဗမာပြည်မှာ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေး အချို့ ရှက်လို့ မိဘဆွေမျိုးတွေကို ဖွင့်မပြောရဲသလို ကျိတ်ခံနေလိုက်ရတဲ့ ဖြစ်ရပ်တွေ ကြားဖူးပါတယ် အဲဒီ အတွေ့အကြုံနဲ့ ကြွေးပြန်မရသူတွေကို ကိုယ်ချင်း စာပါတယ်။

ဘုရားဟော

ဣဏသုတ် (အံ ၂၊ ၃ဝ၉)မှာ ကြွေးယူရသူရဲ့ ဆင်းရဲ ၆-မျိုး ဟောကြားပါတယ် ဆင်းရဲတာ၊ ဆင်းရဲလို့ အကြွေးယူရတာ၊ အရင်းကို မပေးနိုင်သေးလျှင် အတိုးပေးပါမယ်လို့ ကတိပေးထားရတာ၊

ကြွေးရှင်က အတိုးကို တောင်းတာ၊ ပြန်မပေးနိုင်လို့ သူ့နောက်ကို ကြွေးရှင် လိုက်ခံရတာ၊ ဖမ်းခံရတာ ဒါတွေက အကြွေးယူသူတို့ရဲ့ ပစ္စုပ္ပန်မှာ ကြုံရမယ့် ဆင်းရဲ ဒုက္ခအကြောင်း အမြွက်မျှပေါ့ တမလွန်မှာလည်း ။

သော ပါပကမ္မော ဒုမ္မေဓော၊ ဇာနံ ဒုက္ကဋ မတ္တနော။ ယောနိ မညတရံ ဂန္တွာ၊ နိရယေ ဝါပိ ဗဇ္ဈတိ။

မကောင်းသဖြင့် ပြုထားသည့် မိမိ၏ အကုသိုလ်ကို တရေးရေး တွေး၍ သိနေသော သဒ္ဓါ ဓနစသည် မဲ့မွဲ ထိုလူဆင်းရဲသည် တိရစ္ဆာန်ဘဝသို့ ရောက်၍ ဖြစ်စေ ငရဲဘဝ၌ ဖြစ်စေ ချုပ်နှောင်ခံရ၏။

ကြုံဖူးမှ သိ

ခပ်ငယ်ငယ်က ပါရာဇိကဏ် ပါဠိတော်မှာ ရဟန်းတစ်ပါးဟာ ယောကျ်ား ဘဝကနေ မိန်းမဘဝ ပြောင်းသွားလို့ ဘိက္ခုနီ (ရဟန်းအမျိုးသမီး) ကျောင်းကို ပို့ရတယ်ဆိုတဲ့ ဖော်ပြချက်ကို တွေ့ရတော့ ။

ဒီပုဂ္ဂိုလ်ဟာ ရဟန်း အမျိုးသမီးတွေထဲမှာ ဟန်ကျပါ့မလားလို့ တွေးခဲ့ဖူးတယ် အခုတော့ ကမ္ဘာ့သတင်း မီဒီယာတွေမှာ ဆေးပညာနဲ့ အသိအမှတ် ပြုနိုင်တဲ့ အလားတူ ဖြစ်ရပ်မျိုးတွေကို မြင်တွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကို အတော် ကြောင်ခဲ့တာပဲ ဆိုပြီး ပြုံးမိတယ်။

ကြွေးယူသူနဲ့ ပတ်သက်တဲ့ မဟာစည် ဆရာတော် ဘုရားကြီး ကိုယ်တွေ့ အဲဒီလို ထူးဆန်းဖြစ်ရပ် တစ်ခုကို မျှဝေလိုက်ပါတယ် ..

ငညို့အကြွေး

တောင်တွင်းကြီး အနောက်မြောက် ၁၀-မိုင်လောက် အဝေးမှာ ရှိတဲ့ ချောင်းရိုး ရွာမှာ ကွမ်းထမ်းပြီး ရောင်းတဲ့ အသက် ၂၀ အရွယ် ငညိုနဲ့ ဘဆိုင်လို့ သူငယ်ချင်း နှစ်ယောက် ရှိတယ်။

တစ်နေ့ ဘဆိုင်ဟာ ဆန်ကုန်နေလို့ ငညို့ ဆီက ဆန်တစ်စလယ် ချေးပြီး ချက် စားရတယ် အဲဒီနောက် အကြွေး ပြန်မဆပ်ရသေးခင် ဘဆိုင် ပိုးထိ (မြွေကိုက်ခံရ)လို့ သေဆုံးတယ်။

ဘဆိုင်ဟာ ငညို့အိမ်မှာ တိုက်ကြက် လာဖြစ်ပြီး ငညို့ကို သုံးကြိမ်ထိ နိုင်အောင် လုပ်ပေးနိုင်ပေမယ့် ၄-ကြိမ်မြောက်မှာ မနိုင်တဲ့အခါ ငညို သတ်စားတာကို ခံရတယ် အဲဒီ အချိန်မှာ ငညိုရဲ့ နွားမကြီးက ကြက်ကလေးကို လာနမ်းသွားသတဲ့။

ကြက်ကလေး သေတော့ အဲဒီ နွားမကြီးဆီမှာ သန္ဓေနေပြီး နွားမလေးအဖြစ် လာမွေးတယ် အဲဒီ နွားမလေး အတန်ငယ် ကြီးတဲ့အခါ ငညိုနဲ့ မိတ် ဆွေတွေ အဲဒီ နွားမလေးကို သတ်စားကြတယ်။

အမဲကို လှီးဖျက်နေတုန်း တောင်တွင်းကြီးမြို့က စာရေးကြီးနဲ့ စာရေးကတော် ရောက်လာပြီး စာရေး ကတော်က အလွန် သနားကရုဏာ ဖြစ်သွားပြီး “ငါ့နွားသာဆို သတ်မစားရက်ပါဘူး၊ သေရင်တောင် မြေမြှုပ်ပြီး သင်္ဂြိုဟ်မှာ”လို့ ပြောသတဲ့။

နောက်တော့ စာရေးကတော်မှာ သားလေး တစ်ယောက် မွေးတယ် ၇-နှစ်လောက်ထိ စကား မပြောဘူး စကားပြောတော့ “ငညို ဆန်တစ်စလယ်”လို့ စပြောသတဲ့။

နောက် ဖခင်က အကြွေးကို ဆပ်ပေးပါ့မယ် ဆိုတော့မှ သားဖြစ်သူက ချောင်းရိုးရွာ ငညို့ဆီ အရောက် ခေါ်သွားပြီး အားလုံးကို ပြောပြသတဲ့ ငညို (ထိုအချိန် ဦးညို)လည်း သူ့လုပ်ရပ်တွေ အတွက် အလွန် နောင်တ ရသွားသတဲ့။

Hits: 378


Zawgyi











အပျိုကြီးလူပျြိုကီးများ ချစ်သူတွေ့မယ် အိမ်ထောင်ပါ ကျသွားနိုင်တယ် ပြောရရင် ဆေးစက်ကျရာ အရုပ်ထင်မည့် နှစ်ပေါ့ ပြည်တွင်း ပြည်ပခရီးများ ၊ ဘုရားဖူး ခရီးများ မကြာခဏ သွားလာရမယ်။











Unicode

မွေးဂဏန်း ခြောက် စိုးမိုးထားတဲ့မွေးနေ့ရှင်များအတွက်

(6) ရက်နေ့တွင် မွေးဖွားသူများအတွက်

ဒီနှစ်ဟာ ရာဇလှံတံ လို့ ဥပမာပေး တင်စားခံရတဲ့ နှစ်မျိုးဖြစ်လိမ့်မယ် အကျိုးကိစ္စဟူသမျှ ပြီးမြောက် စေခြင်း ဆိုတဲ့ အတိတ်နိမိတ်ကို ဆောင်တယ်။

ကြံတိုင်းအောင် ဆောင်တိုင်းမြောက်လိမ့်မယ်။ လူမစွမ်းရင်တောင် နတ်မ လိမ့်မယ် မိမိရဲ့နာမည်ဂုဏ်သတင်း မွှေးပျံ့တတ်တယ် နာမည်တစ်လုံးနဲ့ အသက်မွေးသူများ အလွန်ကံကောင်းလိမ့်မယ်။

ငွေကြေး အစုအပုံ ဝင်ရောက် ကိန်းရှိတယ်။ ထီဆုကြီးပေါက်ခြင်း ၊ အမွေရခြင်းများ ကြုံရတတ်တယ်။ အလုပ်သစ် အကိုင်သစ် အခွင့်အလမ်းသစ်များ ပေါ်ပေါက် တတ်တယ်။

ပေါ်လာတဲ့ အလုပ်အကိုင် အခွင့်အလမ်းများဟာ လုပ်ရင်လည်း အောင်မြင်တတ်တယ် ၉ ဂဏန်းလွှမ်းမိုးတဲ့ နှစ်ဖြစ်ခြင်းကြောင့် အတိုက်အခံ နဲ့ ရန်ကတော့ မကင်းတတ်ဘူး။

ဒါပေမယ့် အတိုက်အခံများလေလေ ၊ မိမိရဲ့ အရည်အချင်းများ ပိုမိုတောက်ပြောင်လေဖြစ်ပါမယ်။ အတိုက်အခံ ကြောက်စရာမလိုပါ။

ခရီးသွားလာရခြင်းများ ပေါ်ပေါက်တတ်ပြီး မရောက်ဘူးသေးသော နေရာဒေသများကို ရောက်ရှိတတ်တယ် ပြောရရင်တော့ ဒီနှစ်ဟာ (6)ရက်ဖွားများအတွက် ရေကန်အသင့်ကြာအသင့် ဖြစ်မယ့် နှစ်မျိုးဖြစ်ပါလိမ့်မယ်။

(15) ရက်နေ့တွင် မွေးဖွားသူများအတွက်

ယခုနှစ်ဟာ ကံဇာတာ အထူးကောင်းမွန် တိုးတက်တတ်တဲ့ နှစ်မျိုးဖြစ်လိမ့်မယ် အကြံအစည်အောင်မယ် ရည်ရွယ်ချက်တွေ အထမြောက်မယ်။

အလုပ်အကိုင်အခွင့်အလမ်းကောင်းများပေါ်မယ် စီးပွားဥစ္စာ တိုးတက်မယ် ငွေကြေး ဓနဥစ္စာတွေ ဝင်ရောက်လာမယ် ဘာလိုသေးလဲ ကျန်သေးတယ် – အချစ်ရေးအချစ်ရာကိစ္စများ အဆင်ပြေမယ်။

အပျိုကြီးလူပျိုြုကီးများ ချစ်သူတွေ့မယ် အိမ်ထောင်ပါ ကျသွားနိုင်တယ် ပြောရရင် ဆေးစက်ကျရာ အရုပ်ထင်မည့် နှစ်ပေါ့ ပြည်တွင်း ပြည်ပခရီးများ ၊ ဘုရားဖူး ခရီးများ မကြာခဏ သွားလာရမယ်။

နိုင်ငံရပ်ခြားအလုပ်သွားရောက်လုပ်ကိုင်ဖို့ ရည်ရွယ်ထားသူတွေ အောင်မြင်မယ် လစာကောင်းပြီး လူသက်သာတဲ့ နေရာတွေမှာ အလုပ်လုပ်ခွင့်ရမယ်။

အနုပညာရှင်များ ၊ နာမည်တစ်လုံးနဲ့ အသက်မွေးသူများမှာတော့ ယခုနှစ်ဟာ နာမည်အလွန် ကြီးတတ်တဲ့ နှစ်မျိုးပေါ့လူအများရဲ့ အားပေးထောက်ခံမှုကို ရရှိတတ်ပါတယ်။

ပြောရရင်တော့ ဒီနှစ်ဟာ 15 ရက်ဖွားများအတွက် ကံကောင်းမှုတွေ တစ်ပွေ့တစ်ပိုက်ကြီး ရနိုင်တဲ့ နှစ်ဖြစ်ပါလိမ့်မယ်။

(24) ရက်နေ့တွင် မွေးဖွားသူများအတွက်

ဤနှစ်ဟာ လက်ညှိုးညွှန်ရာ ရေဖြစ် ၊ ဆေးစက်ကျရာ အရုပ်ထင်မယ့် နှစ်မျိုးဖြစ်ပါလိမ့်မယ် အလုပ် အကိုင် ၊ အကြံအစည်များအားလုံး အထမြောက် အောင်မြင်လိမ့်မယ် နာမည်တစ်လုံး အလွန်ကြီးနိုင်တယ်။

လူအများရဲ့ လေးစား ယုံကြည်မှုကို အတိုင်းအဆမရှိ ရနိုင်လိမ့်မယ် လူအများရဲ့ ထောက်ခံမှု နဲ့ အောင်မြင်လိမ့်မယ် အနုပညာရှင်များ ၊ လူအများနဲ့ ဆက်ဆံလုပ်ကိုင်နေရတဲ့ သူများ အလွန်အောင်မြင်လိမ့်မယ်။

ငွေကြေးကံ အလွန်ကောင်းမယ် ဝင်ငွေ တိုးတက်မြင့်မားမှုဖြစ်ဖြစ် ၊ ငွေစုငွေပုံ ဝင်ရောက်မှုမျိုးဖြစ်ဖြစ် ကြုံတွေ့ရနိုင်တယ် အိုးအိမ်အဆောက်အဦ ၊ ယာဉ်ကားများ ပိုင်ဆိုင်နိုင်ခွင့်ရှိမယ်။

ပျော်စရာကောင်းတဲ့ ခရီးလမ်းများကို သွားရတတ်တယ် မရောက်ဘူးတဲ့ နေရာများကို ရောက်ရှိပြီး အတွေ့အကြုံသစ်များ ရရှိနိုင်တယ်။

စိတ်ပိုင်းဆိုင်ရာ Will Power မြင့်မားနေတတ်တာကြောင့် စိတ်ကူးကောင်း ၊ အကြံအစည်ကောင်းများကို အကောင်အထည် ဖော်နိုင်လိမ့်မယ် မိမိကိုယ်မိမိ ယုံကြည်မှု
အလွန်မြင့်မားနေတတ်တယ်။

ပြောရရင်တော့ ဒီနှစ်ဟာ 24 ရက်ဖွားများအတွက် အစစအရာရာ ကြံတိုင်းအောင် ဆောင်တိုင်း မြောက်မယ့် နှစ်တနှစ်လို့သာ ဆိုရပါတော့မယ်။

Hits: 192


Zawgyi


အထူးက​တော့ ဇာတာစန်း​တွေ ညံ့​နေသူများ စိတ်​လက်​မအီမသာဖြစ်​​နေသူများ ၊ အကြံအိုက်​​နေသူများ လာဘ်​လာဘ​တွေ ပိတ်​ဆို့​နေသူများ ၊ အကြံတုန်းဥာဏ်​တုန်းဖြစ်​​နေသူများ။


” ဥစ္စာ​ဘောဂ ဇီဝိတနှင့်​ သုခပွားရန်​ ဤလူ့ ဋ္ဌာန်​၌ ဥာဏ်​ဝီရိယ ပ​ယောဂတည်း ” လို့ ပညာရှိ​တွေဆိုထားသလို ။

တတ်​နိုင်​သ​လောက်​ မိမိတို့ လက်​လှမ်းတမှီ ဥာဏ်​​ရှေ့သွားပြီး ဝီရိယနှင့်​ ပညာပါ​လုပ်​​ဆောင်​သွားနိုင်​ရင်​ အတိတ်​ကံမ​ကောင်း​ပေမယ့်​ပစ္စုပ္ပန်​ကံ​ကြောင့်​ အကျိုးထူးနိုင်​ပါတယ်​ ။

အစီအရင်​ပြုလုပ်​ပုံ





Unicode

ကြာသပတေး သားသမီးများ အတွက်အထူးအဓိဌာန်

ဒီအဓိဌာန်ကို တစ်လတစ်ကြိမ် ( သို့ ) နှစ်လတစ်ကြိမ် မွေးနေ့နှင့် တိုက်ဆိုင်ပြီး လုပ်ရမည် များစွာအကျိုးထူး၍ ယတြာသဘောရော ကုသိုလ်ဆက်တဲ့သဘောပါ သက်ရောက်နေပါသည် ။

အထူးကတော့ ဇာတာစန်းတွေ ညံ့နေသူများ စိတ်လက်မအီမသာဖြစ်နေသူများ ၊ အကြံအိုက်နေသူများ လာဘ်လာဘတွေ ပိတ်ဆို့နေသူများ ၊ အကြံတုန်းဉာဏ်တုန်းဖြစ်နေသူများ။

လန်းဆန်းတက်ကြွပြီး ဘေးရန်လည်းပျောက် လာဘ်လည်းရောက်လာနိုင်မယ့်နည်းဖြစ်ပါတယ် ။

” ဥစ္စာဘောဂ ဇီဝိတနှင့် သုခပွားရန် ဤလူ့ ဋ္ဌာန်၌ ဉာဏ်ဝီရိယ ပယောဂတည်း ” လို့ ပညာရှိတွေဆိုထားသလို ။

တတ်နိုင်သလောက် မိမိတို့ လက်လှမ်းတမှီ ဉာဏ်ရှေ့သွားပြီး ဝီရိယနှင့် ပညာပါလုပ်ဆောင်သွားနိုင်ရင် အတိတ်ကံမကောင်းပေမယ့်ပစ္စုပ္ပန်ကံကြောင့် အကျိုးထူးနိုင်ပါတယ် ။

အစီအရင်ပြုလုပ်ပုံ

မိမိမွေးနေ့မနက် ၆ နာရီမှ ၇နာရီခွဲအတွင်း နေအိမ်ဘုရားကျောင်းမှာပင် ပြုလုပ်ရမည် ။

အဖြူ ရောင် အကျီကို ဝတ်ပါ မတ်တပ်ရပ်၍ ကံကော် ၇ ညွန့်အား ဘုရားအားလှူပါ ပြီးသော် ရွက်လှ ၇ ညွန့် ၊ သပြေ ၇ ညွန့်အား ခင်းပြီးအပေါ်မှ အခင်းတစ်ခုဖြင့် ဖုံးအုပ်ထားရမည် ။

၎င်း အခင်းပေါ်၌ ထိုင်ကာ လိုရာဆန္ဒပြု၍ အင်္ဂါ သားသမီး ကုသိုလ်ကံပွင့်ဂါထာတော်ကို ၁၀၈ခေါက် ရွတ်ပွားပူဇော်ရပါမည် ။

ထိုနေ့ညနေပိုင်းမှာ မိမိဝတ်ဆင်ခဲ့သော လုံချည်အဟောင်းတစ်ထည်ဖြင့် တနင်္လာ သား သမီးတစ်ဦးအား အကူအညီတောင်းလျှက် ၎င်းအဝတ်နှင့် အခင်းအောက်မှ အရွက်အခက်များကိုယူကာ ရေအရှင်ထဲသို့ မြှောပစ်ခိုင်းရန်ဖြစ်ပါသည် ။

Hits: 953

ဆယ့်ငါးရက်စာ ဟောစာတမ်း

တ်ဆွေခုနှစ်နေ့ဖွား သားသမီးများအတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ( 9 ) ရက်မှ အောက်တိုဘာလ ( 23 )ရက်အထိ ( ဆောင်ရန် ရှောင် သတိပြုရန်နှင့် ယတြာ ) ဆ့်ငါးရ်​စာယ အခမဲ့ ဟောစာတမ်း

တနင်္ဂနွေ သားသမီးများ

နွမ်ူပါးသူတစ်ဦးအား ကိတ်မုန့် လက်ဆောင်ပေး၍ လိုရာဆုကိုတောင်းပါလေ

တနင်္လာ သားသမီးများ

ဆရာသမားတစ်ဦးကို လက်ဘက်ရည်နဲ့မုန့် ဒါနပြု၍ လိုရာဆုကိုတောင်းပါလေ

အင်္ဂါ သားသမီးများ

အိမ်ဘုရားမှာ နို့ထမင်း ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ

ဗုဒ္ဓဟူး သားသမီးများ

ကြာသပတေးသားသမီးတစ်ဦးကို မုန့်ဖက်ထုပ်ပါးထုပ် လက်ဆောင်ပေး၍ လိုရာဆုကိုတောင်းပါလေ

ကြာသပတေး သားသမီးများ

အတောင်ပါတဲ့ သတ္တဝါတစ်ကောင် ဘေးမဲ့ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ

သောကြာ သားသမီးများ

အိမ်ဘုရားမှာ နးပန်းအဝါငါးပွင့် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ

စနေ သားသမီးများ

အိမ်ဘုရားမှာ နှင်းဆီခုနှစ်ပွင့် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ

ခုနှစ်ရက်သားသမီးများ ကံ ဥာဏ် ဝီရိယ သုံးချက်လုံး အားကောင်း၍ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေသောဝ်

Hits: 1474


Zawgyi

အတ်ာတော်များများ ထင်တတ်ကြတာက အပြင်ပန်းရုပ်ရည်က လူတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ အရေးကြီးဆုံးအရာလို့ပါ။





(၂) ရေမွှေး / roll on


(၃) မရှက်ပါနဲ့






(၅) ကိုယ်နေဟန်ထား



Unicode

ဘယ်အသက်အရွယ်ရောက်ရောက် စန်းပွင့်နေစေမဲ့ နည်းလမ်း(၅)မျိုး

အတာ်တော်များများ ထင်တတ်ကြတာက အပြင်ပန်းရုပ်ရည်က လူတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ အရေးကြီးဆုံးအရာလို့ပါ။

ဒါပေမယ့်လည်း ရုပ်ရည်၊ အသက်အရွယ်ထက်ပိုပြီး ဂရုစိုက်တဲ့အရာလေးတွေရှိပါတယ် သင့် အနေနဲ့ ဘယ်အသက်အရွယ်ပဲရောက်ရောက် ဝိုင်းဝိုင်းလည်ပြီး စန်းပွင့်နေစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ

သင်ဟာ ဘယ်အသက်အရွယ်ပဲရောက်ရောက် ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်။

လှပ / သပ်ရပ်တဲ့ အဝတ်အစားတွေ၊ ပြင်ပြင်ဆင်ဆင်နဲ့ ကြည့်ကောင်းအောင်ပြင်ဆင်တာ၊ ကိုယ်နဲ့လိုက်ဖက်တဲ့ မျက်နှာလိမ်းခြယ်မှုပုံစံလေးတွေကို အသုံးပြုတာတွေက သင့်ကို ဝိုင်းဝိုင်းလည်နေစေမှာပါ။

(၂) ရေမွှေး / roll on

လူတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့ဟာ အဲ့ဒီ့လူရဲ့ ပုံရိပ်ကို ကိုယ်စားပြုပါတယ် ဒါကြောင့် အနံ့ကောင်းပြီး ဈေးကြီးတဲ့ရေမွှေး / roll on မျိုးကို အသုံးပြုပေးဖို့ မမေ့ပါနဲ့။

(၃) မရှက်ပါနဲ့

ရှက်ကိုးရှက်ကန်းဖြစ်တဲ့အမူအရာတွေကို ဘေးဖယ်ထားလိုက်ပါ စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ်၊ လမ်းလျှောက်တဲ့အခါမှာပဲဖြစ်ဖြစ်၊

ဘယ်ကိုပဲသွားသွား ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ နေဖို့ အရမ်းကို အရေးကြီးပါတယ် ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်ပုံတွေဟာ တကယ်ကိုဆွဲဆောင်မှုအပြည့်ရှိပါတယ်။

(၄) အတွေ့အကြုံနဲ့အရည်အချင်းကိုပြသပါ

ကိုယ်ပိုင်အရည်အချင်းနဲ့ ဘဝအတွေ့အကြုံတွေရှိထားမယ်ဆိုရင် သင့်မှာရှိနေတဲ့အရည်အချင်းနဲ့ ဘဝအတွေ့အကြုံတွေကို ပြသဖို့လိုအပ်ပါတယ်။

သင့်ရဲ့ကိုယ်ပိုင်အရည်အချင်းကို မြင်တဲ့သူတွေက သင့်ကိုလေးစားမှုနဲ့အတူ ချစ်ခင်လာကြမှာဖြစ်ပါတယ်။

(၅) ကိုယ်နေဟန်ထား

လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထားဟာ တကယ်ကိုအရေးကြီးပါတယ် စကားပြောတဲ့အခါ လက်ဟန်လေးတွေထည့်တာ၊ မျက်နှာအမူအရာလေးတွေထည့်တာ၊

စိတ်ဝင်တစားနားထောင်ပေးတာမျိုးလေးတွေကလည်း တကယ်ကိုအရေးကြီးပါတယ် တစ်ဖက်လူ စကားပြောနေတဲ့အခါ စိတ်ဝင်တစားနားထောင်ပေးတတ်တာကလည်း သင့်ကိုလုံးဝဆွဲဆောင်မှု ရှိစေပါတယ်။

Hits: 257


Zawgyi












စားသုံးနည်း




Unicode

မယားငါးရာကြားက မင်းတုန်းမင်းကြီးမှီဝဲခဲ့တဲ့ ရှားပါးလှတဲ့ ဆေးစွမ်းတစ်လက်

မင်းတုန်းမင်း က မယားငါး ရာ ယူထားတာတောင် ဘယ်လိုမျိုး အားအင်ပြည့် အစွမ်းထက်နေလဲ သိရပြီ

(ပရန္နဝါပင်)အာယုဗ္ဗေဒဆေးပညာတွင် ရသာယနဆေးဘက်ပစ္စည်းအဖြစ် အဓိကအသုံးပြုသော အပင်ဖြစ်သည်။

အိန္ဒယနိုင်ငံတွင် လေ့လာမှုအရ နွေရာသီမေလတွင် တူးဖော်သော ၃စင်တီမီတာ အချင်းရှိသည့် ဆေးမြစ်သည် အသဲကို ကောင်းစွာကာကွယ်ပေးနိုင်သော အာနိသင်ရှိကြောင်း သိရှိရပါသည်။

အိန္ဒယနိုင်ငံတွင် နှလုံးအားတိုးဆေး၊ အသဲဆေး၊ ဆီးဆေး၊ အသက်ရှည်နုပျိုဆေးအဖြစ် သုံးစွဲကြပါသည် ဗီယက်နမ်နိုင်ငံတွင် ချောင်းဆိုးပျောက်ဆေး၊ အသဲရောဂါ၊ အဖောရောဂါပျောက်ဆေးအဖြစ် အသုံးပြုကြပါသည်။

မြန်မာနိုင်ငံတွင် ပရန္နဝါ ပါးပါးလွှာ သကာပျားနှင့်ချက် ဒန့်ဒလွန်ပွင့်အုန်းဆံရင့် ထည့်သင့်လျှော်အောင်ထည့် မင်းတုန်းမင်းခေါင်မြတ်သုံးဆောင် ဘုန်းရောင်နေသို့တက် သေသာနက်မှောင်လျှက် အသံကရဝိတ်ငှက် ဒန္တာသံမှိုနှက် စသည့်စာချိုးသည် ။

နာမည်ကျော်ကြားသော စာချိုးဖြစ်သည်နှင့်အညီ အစွမ်းထက်သော ပရန္နဝါယိုဖြစ်သည် ကျားမ မရွေး အားဆေး ပရန္နဝါပါးပါးလွှာ သကာများနှင့်ဖက်၊ ဒန့်သလွန်ပွင့် အုန်းဆံရင့်ချိန်သင့်ညီမျှစွက်၊ မင်းတုန်းမင်းခေါင် သူသုံးဆောင် ဘုန်းခေါင်နေသို့လက်။

အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။

ဒါကြောင့် မင်းတုန်းမင်းတရားကြီးသည် ကျန်းမာခြင်း ကာယ-စိတ္တသုခ နှစ်ဝတို့ဖြင့် ပြည့်စုံကြောင်း ကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။

အထက်ပါဆေးနည်းကို ဖော်စပ်နည်း

(၁) ပရန္နဝါပင် ပဉ္စငါးပါးကို ပါးပါးလှီးထားရမယ် (၂) ဒန့်သလွန်ပွင့်ကို အသင့်စုဆောင်းထားရမယ် (၃) အုန်းသီးဆံရင့်ရင့်ကို အသင့်ခြစ်ထားရပါမယ်။

(၄) နောက် ပျားရည်တဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန်အညီအမျှရောထည့်ပြီး ရေလေးခွက်ထည့်ကာ တခွက်သာကျန်အောင် ကြိုရပါမယ်။

စားသုံးနည်း

အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာထည့်ထားပေးပါ အဲဒီဆေးရည်ကို ည-မနက် ဟင်းစားဇွန်း တဇွန်းစီ သောက်ပေးသွားခြင်းဖြင့် မောပန်းအားနည်းသောရောဂါ၊သွေးလေမမှန်သောရောဂါ၊

ပန်းသေ၊ ပန်းညှိုးရောဂါ၊ နှလုံးအားနည်းခြင်း ရောဂါနှင့် ဒူလာပိန်၊ မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့ နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ် ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်သုံးနိုင်ကြောင်း တင်ပြအပ်ပါတယ်။

မှတ်ချက် အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့် ပြည့်စုံသည် ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။

Hits: 1045


Zawgyi




















Unicode

မွေးရာပါဉာဏ်ရည်မြင့်ပြီး ထက်မြက်တဲ့သူတွေမှာသာ ရှိတဲ့ အမူအကျင့် (၈)မျိုး

လူတွေထဲက လူတချို့က ကံကောင်းလွန်းစွာနဲ့ မွေးလာကတည်းက မြင့်မားတဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားကြပါတယ် ထက်မြက်တယ်ဆိုတာကတော့ မွေးရာပါလည်းဖြစ်နိုင်သလို လေ့ကျင့်ယူလို့လည်း ရပါတယ်။

တကယ်တော့ ဉာဏ်ရည်မြင့်တဲ့သူ၊ ထက်မြက်တဲ့သူတွေဟာ အခုဖော်ပြမယ့် အလေ့အထတွေကို လုပ်လေ့ရှိပါတယ် ။

(၁) ကိုယ့်ကိုယ်ကိုပဲ စိတ်ဝင်စားတယ်

ဉာဏ်ထက်တဲ့သူတွေဟာ တခြားလူတွေအကြောင်း၊ တခြားလူတွေနဲ့ပတ်သက်တာတွေထက် ကိုယ့်ကိုယ်ကိုပဲ ပိုစိတ်ဝင်စားလေ့ရှိကြတယ်။

(၂) ဟာသဉာဏ်ကောင်းတယ်၊ပျော်ပျော်နေတတ်တယ်

ဉာဏ်ကောင်းတဲ့သူတွေဟာ ဘယ်အခြေအနေမှာမဆို ကောင်းတဲ့ အချက်လေးတွေကိုမြင်အောင် ကြည့်တတ်ပြီး ဟာသနိုင်တယ်၊ ပျော်ပျော်နေတတ်တယ်၊

(၃) တစ်ယောက်တည်းစကားပြောတတ်တယ်

တစ်ယောက်တည်း ရှိတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို စကားပြန်ပြောနေတာမျိုး၊ တစ်ကိုယ်တည်းကြားအောင် ရေရွတ်နေတဲ့အပြုအမူမျိုးတွေကို ဉာဏ်ရည်ထက်မြက်တဲ့သူတွေကပဲ လုပ်ကြတာပါ။

(၄) သီချင်းတစ်ပုဒ်တည်းကို ပဲစွဲပြီးနားထောင်တာမျိုးလုပ်တတ်တယ်

တစ်နေကုန် ကိုယ်ကြိုက်တဲ့ သီချင်းတစ်ပုဒ်တည်းကိုပဲ ထပ်ခါတလဲလဲ နားထောင်နေတာမျိုး၊ သီချင်းစာသား ဒါမှမဟုတ် သံစဉ်တွေကို ခံစားပြီး နားထောင်နေတာမျိုး လုပ်တတ်ပါတယ်။

(၅) အလုပ်အရမ်းကြိုးစားတဲ့အထဲမှာမပါဘူး

အလုပ်တစ်ခုကို ခက်ခက်ခဲခဲကြိုးစားနေတာမျိုးကို မလုပ်တတ်ပါဘူး အလုပ်အရမ်းကြိုးစားတဲ့ထဲ မပါပေမယ့် ရလဒ်ကောင်းရအောင်ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိတဲ့သူတွေပါ။

(၆) သူတို့မှားရင် မှားနေမှန်းသိတယ်

ကိုယ်လုပ်တာ၊တွေးတာ၊ ပြောတာမှန်သမျှအရာအားလုံးကို မှန်တယ်လို့ထင်နေတာမျိုးမရှိဘူး။

ကိုယ့်ရဲ့ အယူအဆတွေ၊ အတွေးအမြင်တွေ၊ အပြုအမူတွေ မှားသွားရင် ကိုယ်မှားနေမှန်း သိတယ် ပြီးတော့ မှန်အောင် ပြုပြင်ဖို့ ဝန်မလေးဘူး။

(၇) စကားတွေအများကြီးမပြောဘူး

ဉာဏ်ရည်မြင့်တဲ့သူတွေက စကားတွေ အများကြီးပြောနေတာမျိုး မလုပ်တတ်ဘဲ များများနားထောင်တတ်တဲ့သူတွေဖြစ်ပါတယ် များများနားထောင်၊ နည်းနည်းပြောတတ်တဲ့ အကျင့်ရှိသူတွေပေါ့။

(၈) အမြဲအဖြေရှာနေတတ်တယ်

စူးစမ်းလေ့လာချင်စိတ်များတယ်၊ သိချင်စိတ်ရှိတယ်၊ အရာရာအတွက်မေးခွန်းတွေရှိနေတတ်တယ် အကြောင်းအရာတစ်ခုကို ရှုထောင့်ပေါင်းစုံကတွေးပြီး အဖြေရှာနေတတ် တယ်။

Hits: 369


Zawgyi



(၁) စေတနာအပြည့်အဝထားပါ









(၄) ပိုက်ဆံကိုလေးစားပါ







Unicode

ငွေကြေးကံကောင်းစေပြီး ပိုက်ဆံများများဝင်စေမည့် နည်းလမ်း(၅)ခု

ဝင်ငွေများများရှိအောင် အလုပ်များများလုပ်ဖို့လိုပါတယ် အလုပ်မလုပ်ဘဲနဲ့တော့ ပိုက်ဆံကဝင်မှာမဟုတ်ပါဘူး ပိုက်ဆံများများပိုလိုချင်ရင် အလုပ်ပိုကြိုးစားဖို့၊ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံဖို့လိုပါတယ်။

ဒါပေမယ့် အလုပ်ကြိုးစားပေမယ့် ဝင်ငွေနည်း နေတယ်၊ ပိုက်ဆံလည်းမစုမိဘူးဆိုရင် ငွေကြေးကံကောင်းအောင် ဒီအချက်လေးတွေကိုလုပ်ကြည့်လိုက်ပါ။

(၁) စေတနာအပြည့်အဝထားပါ

ကိုယ်လုပ်လိုက်တဲ့အရာ၊ ကိုယ်ပေးလိုက်တဲ့အရာမှာ စေတနာအပြည့်အဝထားခြင်းအားဖြင့် အဲ့ဒါက သင့်ကိုငွေကြေးကံကောင်းစေပါတယ် ဒါက ဟာသလုံးဝမဟုတ်ပါဘူး၊ တကယ်ပါ၊ မယုံရင်စမ်းကြည့်ပါ။

(၂) ငွေကြောင့်စိုးရိမ်နေတာကိုရပ်ပါ

ပိုက်ဆံနဲ့ပတ်သက်လို့ စိုးရိမ်ကြောင့်ကြနေတာက သင့်ရဲ့စိတ်ကိုလေးလံထိုင်းမှိုင်းစေပြီး အလုပ်နဲ့ပတ်သက်တဲ့ စိတ်ကူးအကြံဉာဏ်တွေကို တုံးစေပါတယ်။

ဒါ့အပြင် ကိုယ့်အနားမှာ negative energy တွေဖုံးလွှမ်းနေစေပြီး အဲ့ဒါကပိုက်ဆံရမယ့် အခွင့်အလမ်းတွေကို တားထားသလိုဖြစ်နေပါတယ်။

ဒါကြောင့် ငွေကြောင့် စိုးရိမ်နေတာကိုရပ်ပြီး တဆင့်ချင်းဖြေရှင်းပါ ဒါဆို ငွေကြေးအခက်အခဲတွေ တဖြည်းဖြည်းပြေလည်လာပါလိမ့်မယ်။

(၃) အရည်အချင်းမှာရင်းနှီးမြှုပ်နှံပါ

လူအထင်ကြီးအောင် ဈေးကြီးပစ္စည်းတွေဝယ်သုံးတာ၊ ရသမျှပိုက်ဆံတွေအားလုံးကို ပစ္စည်းတွေဝယ်သုံးတာက အကုန်အကျလည်းများ အကျိုးအမြတ်လည်းနည်းပါတယ်။

ဒါကြောင့် တတ်နိုင်သလောက် တတ်နိုင်သလောက် ပစ္စည်းတွေဝယ်သုံးတာကိုလျှော့ပြီး အရည်အချင်းတိုးတက်စေမယ့် သင်တန်းတက်တာမျိုး၊ ဘာသာစကားလေ့လာတာမျိုးတွေမှာ ရင်းနှီးမြှုပ်နှံပါ။

(၄) ပိုက်ဆံကိုလေးစားပါ

ပိုက်ဆံများများဝင်ချင်ရင် ပိုက်ဆံကိုလေးစားဖို့လိုပါတယ်။ ၁၀၀ ၊ ၂၀၀ ပဲဆိုပြီး မသိမ်းဘဲထားတာမျိုး၊ ပစ်လိုက်တာမျိုး၊ မလိုအပ်တာတွေမှာ တဖျောဖျောသုံးတာမျိုးမလုပ်မိပါစေနဲ့။

အတိုင်းအတာနဲ့တလေးတစားသုံးစွဲပါ ကိုယ်ကပိုက်ဆံကိုလေးစားရင် ပိုက်ဆံကလည်း ကိုယ့်ဆီရောက်လာပါလိမ့်မယ်။

(၅) စိတ်ကြည်လင်အောင်နေပါ

စိတ်ညစ်နွမ်းနေရင် ကိုယ့်အနားမှာ negative energy တွေခြုံလွှမ်းနေပြီး ငွေကြေးကံမှမဟုတ်၊ ဘယ်ကံမှကောင်းမှာမဟုတ်ပါဘူး။ ဒါကြောင့် တတ်နိုင်သလောက်စိတ်ကြည်လင်အောင်နေပါ။

စိတ်ကြည်လင်နေတဲ့အခါ positive energy တွေလွှမ်းခြုံနေမယ်၊ အတွေးကောင်းလေးတွေတွေးမယ်၊ အဲဒါကြောင့် ဆုံးဖြတ်ချက်တွေမှန်မယ်၊

ကောင်းတဲ့ကံတွေဖြစ်လာပါလိမ့်မယ် ဒါကြောင့် ဘယ်လိုအကြောင်းရင်းကြောင့်မှ စိတ်မညစ်ပါစေနဲ့၊ ကိုယ့်ကိုယ်ကိုအကြည်ဓာတ်လေးရအောင် ကြိုးစားပြီးနေပါ

Hits: 376