Zawgyi
Unicode
ပွဲမှာပရိသတ်တွေနဲ့ အပျော်လွန်ပြီးခုန်ခဲ့လို့ ပြုတ်ကျသွားတဲ့ မိစန္ဒီ
တေးစီးရီးအယ်ဘမ်တွေ ထွက်ရှိအောင်မြင်ထားသူတစ်ယောက်ဖြစ်တဲ့ မိစန္ဒီကတော့ လတ်တလောမှာ ဈေဗန်းဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိနေသူလည်းဖြစ်ပါတယ်။
သူကတော့ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့၊နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ဖျော်ဖြေခဲ့တဲ့ “ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ပွဲတော်” မှာ ပရိသတ်တွေနဲ့ အပျော်လွန်ပြီးခုန်ခဲ့လို့ ဝိတ်ကျသွားတဲ့အကြောင်းကို
“လပြည့် မတိုင်ခင် တရက်- ရန်ကုန် တန်ဆောင်တိုင် မှာပေါ့နော်..ပရိတ်သတ်တွေ အများကြီးနဲ့ အရမ်းကို ခုန်ခဲ့ ပျော်ခဲ့..ဝိတ်တောင် ကျသွားသလိုလို ပုံတွေ အများကြီး ကျန်သေးတယ်..
နောက်မှ ထပ်တင်တော့မယ်နော်.. mwahh” လို့ သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
သူဟာ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို ရေးစပ်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ တခါမှ မရေးဖူးတဲ့ ပုံစံနဲ့လည်း သီချင်းတွေကို ရေးစပ်နေပြီလို့ သိရပါတယ်။
မိစန္ဒီဟာ ကိုယ်ပိုင်သီချင်းတွေကို ကိုယ်တိုင်ရေးဖွဲလေ့ရှိတဲ့ သူတစ်ယောက်ဖြစ်သလို နီနီခင်ဇော်နဲ့ဖြူဖြူကျော်သိန်း စတဲ့ တခြားသောအနုပညာရှင်တွေအတွက်လည်း သီချင်းတွေ ရေးစပ်ပေးလေ့ရှိတဲ့ တေးရေးဆရာမလေး လည်းဖြစ်ပါတယ်။
Hits: 21
Zawgyi
Unicode
နေတိုးအတွက် သတို့သား အရံလုပ်ဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ ထွန်းထွန်း
နေတိုး တစ်ယောက် အချစ်ရေးမှာ လေးနက်တဲ့ အချိန်အခါတစ်ခုရောက်နေပါပြီလို့ ဖွင့်ပြောပြီးတဲ့ နောက်မှာတော့ သတို့သားအရံလုပ်ပေး မယ့် သူကလည်း အသင့်စောင့်နေပါတယ်။
သူကတော့ တခြားသူ မဟုတ်ပါဘူး နှင်းဆီအဖွဲ့ဝင် ထွန်းထွန်းပါ နှင်းဆီ အဖွဲ့သားတွေရဲ့ အစအနောက်ခံ လူပျိုကြီး တစ်ယောက် single ဘဝကကျွတ်လွတ်တော့မယ်ဆိုရင် အဖွဲ့သားတွေကဝမ်းသာမှာလား ဒါမှမဟုတ် စိတ်မကောင်းဖြစ်မှာလား။
ဒီမေးခွန်းရဲ့ အဖြေကိုတော့ နေတိုးနဲ့ ခင်လာတာ ဆယ်စုနှစ် တစ်ခုကျော်ရှိနေပြီဖြစ်တဲ့ ထွန်းထွန်းက ဖြေပေးသွားမှာပါ နေတိုးရဲ့ မင်္ဂလာ သတင်း နဲ့ ပတ်သက်ပြီး ထွန်းထွန်း ဘယ်လို ဖြေကြားမလဲ ကြည့်ရအောင်။
“ မင်္ဂလာ ရှိတဲ့ အရာအားလုံးက မင်္ဂလာ တစ်ပါးပဲဆိုတော့ ညီအစ်ကိုလိုလည်း လက်တွဲလာတာကြာပြီ။ သူက အနေအထိုင် လျှို့ဝှက် သိုသိပ်တယ်။အလုပ်ကိုပဲကြိုးစားတယ် ။
အခုလည်း သူစီစဉ်ထားတာတွေက ဘာဆိုတာ ကျွန်တော် မသိနိုင် မမြင်နိုင်ဘူး ကျွန်တော်ကတော့ သူတို့ မိသားစုနဲ့ထပ်တူ အရာအားလုံးဝမ်းသာပေးဖို့ရယ်ဒီပဲ ” လို့ဆိုပါတယ်။
မင်္ဂလာ ပွဲမှာ သတို့သားအရံလုပ်ပေးဖို့ ထွန်းထွန်းတစ်ယောက် ဘယ်လိုတောင် တက်ကြွနေလဲဆိုတော့ –“ကိုယ့်အကိုလိုမျိုး ပြောရမယ်ဆိုရင်တော့ ဖြစ်စေချင်တယ်။
သူအလုပ်တွေ အရမ်းကြိုးစားလုပ်သလိုပဲ သူ့ အိမ်ထောင်ရေးကိုလည်း အကောင်းဆုံး ဖြစ်အောင် သူဖန်တီးနေတယ်ထင်တယ်။
ပရိသတ်နဲ့ထပ်တူကျတဲ့ အိမ်ထောင်ရေးကို သူ ဖန်တီးကြိုးစားတည်ဆောက် နေတယ်ဆိုတော့ ကျွန်တော့် အနေနဲ့ကတော့ အရှေ့ကနေ အရံ အဖြစ်ဘယ်အချိန် လမ်းလျှောက်ပေးရမလည်းပဲ မေးထားတာ ” ဆိုပြီး ဖြေကြားပါတယ်။
“ကို နေတိုးချစ်ရတဲ့ ကောင်မလေးကကို နေတိုးအလုပ်တွေကို နားလည်ပြီး ပံ့ပိုးပေးနိုင်မယ် ၊ ပါရမီ ဖြည့်ပေးနိုင်မယ့် မိန်းကလေးတစ်ယောက်ဆိုရပါပြီ။
ကို နေတိုး သာ အိမ်ထောင် ကျသွားခဲ့ရင် နှင်းဆီ အဖွဲ့မှာ စနောက်ရမယ့် သူ မရှိတော့ ဘူး” လို့လည်း ရယ်ကျဲကျဲ နဲ့ ဖြေသွားပါသေးတယ်။မင်းသားချော နေတိုးရဲ့ မင်္ဂလာ ပွဲကတော့ မကြာမီ လာမည်မျှော် ဆိုသလိုပဲ ပရိသတ်တွေ စောင့် မျှော်ရဦးမှာပါ။
Hits: 35
Zawgyi
Unicode
ပိုင်ဖြိုးသုကို အားပေးဝန်းရံခဲ့ကြတဲ့ အနုပညာ ရှင်များ
လူငယ်ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ သုံးကားမြောက် ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့ ထာဝရနှောင်ကြိုး (Now Ever) ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရေးတွေ ပြုလုပ်စဉ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတာ ဖြစ်ပါတယ်။
ထာဝရနှောင်ကြိုး (Now Ever) ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ (၃၁) ရက်နေ့မှာ စတင်ပြသခဲ့ပြီး လာရောက် ကြည့်ရှုအားပေးတဲ့ ပရိသတ်တွေ ကြိတ်ကြိတ်တိုး စည်ကားခဲ့ပါတယ်။
နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ ဝတ်မှုံရွှေရည်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ရန်အောင်၊ ရဲအောင်၊ မင်းဦး၊ ရတနာဗိုလ်၊ ရွှေသမီးတို့ကလည်း “ထာဝရနှောင်ကြိုး” အဖွဲ့သားတွေနဲ့အတူတူ မင်းသမီးချောလေး ပိုင်ဖြိုးသုကို အားပေးဝန်းရံခဲ့ကြတာကို တွေ့ရပါတယ်။
ပရိသတ်တွေအတွက် ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီးကို လူစုံတက်စုံနဲ့ ကြည့်ရှုခဲ့ကြတဲ့ အနုပညာရှင်များရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ် ။
ပိုင်ဖြိုးသုကလည်း သူမကို အားပေးချစ်ခင်ကြတဲ့ စီနီယာ အစ်ကို၊ အစ်မတွေနဲ့ ဂျူနီယာ ညီမလေးတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့တာကို ကြည်နူးစရာကောင်းလှပါတယ်။
“ထာဝရနှောင်ကြိုး” (Now Ever) ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာရောက်ကြည့်ရှုအားပေးတဲ့ ဝါရင့် အနုပညာရှင်တွေကိုယ်တိုင်က အရမ်းကောင်းတယ်လို့ ညွှန်းထားကြတဲ့အတွက် ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲနော်။
Hits: 97
Zawgyi
UnIcode
ရွာဓလေ့အတိုင်း မြတ်စွာဘုရားကို ကြာဆီမီးတွေနဲ့ ပူဇော်ခဲ့တဲ့ ခိုင်နှင်းဝေ
ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေက အနုပညာလောကမှာ နာမည်ကောင်းနဲ့ ကျော်ကြားသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။
ခိုင်နှင်းဝေက ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်ရင်း နိုင်ငံတော်ကပေးအပ်တဲ့ ဆုတံဆိပ်တွေကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
အဆင်းရော၊ အချင်းပါ ပြည့်စုံတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကို ပရိသတ်တွေကလည်း တစ်နေ့တစ်ခြား ချစ်လာကြတာ တွေ့ရပါတယ်။
ခိုင်နှင်းဝေက လက်ရှိမှာတော့ သူမတို့ မိသားစုလေးရဲ့ ကထိန်ခင်းအလှူလေးကို ကျင်းပဖို့အတွက် နေပြည်တော်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ခိုင်နှင်းဝေက သူမရဲ့ အလှူဝင်ညလေးရဲ့ အမှတ်တရတွေကို အခုလိုပဲ ပြောပြလာပါတယ်။
“မနက်ဖြန် လပြည့်နေ့မှာ ပြုလုပ်မယ့် ကထိန်အလှူပွဲမတိုင်ခင် အလှူအဝင်နေ့မှာ မြတ်စွာဘုရားကို ကြာဆီမီးပူဇော်ပွဲကျင်းပခဲ့ပါတယ်။”
“ကျွန်မလာတဲ့အချိန် အကတွေရော,အဆိုတွေရောနဲ့ ရွာကပြည်သူတွေက ချစ်ချစ်ခင်ခင်ကြိုဆိုကြတဲ့အတွက် အတိုင်းမသိဝမ်းသာရပါတယ်ရှင်🙏🏻🙏🏻🙏🏻” ဆိုပြီး ပြောထားပါတယ်။
ပရိသတ်ကို ချစ်တဲ့ မင်းသမီးနဲ့ မင်းသမီးကချစ်တဲ့ ပရိသတ်တွေရဲ့ မြင်ကွင်းလေးက တကယ့်ကို ကြည်နူးစရာပါပဲ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ် ။
Hits: 60
Zawgyi
Unicode
သီချင်းအသစ်တွေ ထွက်ဖို့ ပြင်ဆင်နေတဲ့ No အဖွဲ့
90 Born တွေရဲ့ အသည်းစွဲ မိန်းကလေး Girls Band တစ်ခုဖြစ်တဲ့ No အဖွဲ့ကတော့ မကြာခင်မှာ ပရိသတ်တွေကို ခံစားမှု ရသအသစ်တွေ ပေးစွမ်းနိုင်အောင် ပြင်ဆင်လို့နေပါတယ်။
ပရိသတ်တွေရဲ့ အားပေးမှုကို ယနေ့ထက်ထိ ပိုင်ဆိုင်ထားနိုင်တဲ့ No အဖွဲ့ကတော့ သီချင်းအသစ်တွေ ထွက်နိုင်အောင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“လတ်တလောအနေနဲ့တော့ သီချင်းတွေ ဆက်ဆိုဖို့ ရှိပါတယ် လုပ်ထားပြီးသားတွေလည်း ရှိပါတယ် အသစ်တွေ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။
အဟောင်းတွေဆိုရင်လည်း ပရိသတ်တွေအရမ်းအားပေးခဲ့တဲ့ သီချင်းတွေဆိုရင် ဗားရှင်း အသစ်လေးတွေနဲ့တော့ ပြန်လုပ်ချင်တယ်” လို့ အဖွဲ့ဝင်တဝ်ဦးဖြစ်တဲ့ ရည်မွန်က ဆိုပါတယ်။
ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေသလို ဖြစ်တဲ့ သူတို့ဟာ အခုမှ သီချင်းသစ်တွေ ပြန်လုပ်ရတဲ့ ခံစားချက်ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။
“အရမ်းကြာသွားပြီးမှ ပြန်လုပ်တော့ ဟိုးအရင်တုန်းကလို ပထမဆုံးအခွေလုပ်ခဲ့သလိုမျိုးပဲ စိတ်လှုပ်ရှားတယ် အဲတုန်းက ကြိုးစားခဲ့တဲ့ ကြိုးစားမှုလေးတွေနဲ့ ကြိုးစားချင်တယ်။
သီချင်းကတော့ အမတို့အဖွဲ့ဆိုနေကျ အတိုင်းလေးပဲ ဆိုဖို့ ရှိမှာပါ” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။
ယနေ့အချိန်ထိ No အဖွဲ့ကို သီချင်းတွေ ဆိုစေချင်ကြတဲ့ ပရိသတ်တွေ ရှိနေသေးလို့လည်း အရမ်းကို ကျေးဇူးတင်တယ်လို့ အဖွဲ့ဝင် ရတနာက ပြောပါတယ်။
“ဒီအချိန်ထိ No အဖွဲ့ကို သီချင်းတွေဆိုစေချင်ကြတယ် စာတွေလည်း ပို့ကြတယ် နှမြောကျတယ်ဆိုတော့လေ အားလည်းနာတယ် သီချင်းတွေလည်း လုပ်ဖြစ်မှာပါ။
အခုချိန်ထိ အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။No အဖွဲ့ဟာ 90 Born တွေ အရမ်းကို ကြိုက်ခဲ့တဲ့ မိန်းကလေး အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
Hits: 91
Zawgyi
တနင်္ဂင်္နွေနေ့ မွေးဖွားသူများ
အခက်အခဲများ အညံ့များ လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
တနင်္လင်္ာနေ့ မွေးဖွားသူများ
ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
ဆရာကြီး စံ-ဇာဏီဘို
Unicode
အကြံကုန် ဂဠုန် ဆားချက်ကိန်း ယတြာ
ဘိုးတော်ဘုရားလက်ထက် အမတ်ကြီး ဦးပေါ်ဦး အမည်ပေးသော စိန္တကျော်သူဦးသြ၏ “အကြံကုန် ဂဠုန် ဆားချက်ကိန်း” ယတြာဖြစ်ပေသည် ။
လူတိုင်း အခက်အခဲကြုံလာသောအခါ အညံ့နှင့်ကြုံသောအခါ လာဘ်လာဘပိတ်ဆို့နေသောအခါ များတွင် ဤ ယတြာကို ပြုလုပ်ပါက လက်တွေ့အကျိုးရှိပေသည်။
မည်သူမဆို လက်တွေ့ ဆောင်ရွက်၍ အကျိုးကျေးဇူးများစေသောနည်းဖြစ်၍ အခက်အခဲများ အညံ့များ လာဘ်လာဘပိတ်နေသည်များ ပြေပျောက် ကျော်လွှားနိုင်ပါသည်။
ဒါ့ကြောင့် ဗဟုသုတ ရစေရန်နှင့် အဆင်ပြေကြစေရန် ရည်သန်၍ တင်ပြလိုက်ရပါသည်။
တနင်္ဂၤနွေနေ့ မွေးဖွားသူများ
အင်္ဂါနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ တနင်္ဂနွေ ထောင့်တွင် 💐 ကံကော်ညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍
အခက်အခဲများ အညံ့များ လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ ကံံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
တနင်္လၤာနေ့ မွေးဖွားသူများ
ဗုဒ္ဓဟူးနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ တနင်္လာ ထောင့်တွင် 💐 ဇီး(၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ အညံ့များ လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ
ကံံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
အင်္ဂါနေ့ မွေးဖွားသူများ
ကြာသပတေးနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ အင်္ဂါထောင့်တွင် 💐 ရွက်လှညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ အညံ့များ လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ
ကံံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
ဗုဒ္ဓဟူးနေ့ မွေးဖွားသူများ
သောကြာနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ ဗုဒ္ဓဟူးထောင့်တွင် 💐 ပျဉ်းမညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ အညံ့များ
လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ ကံံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
ဗုဒ္ဓဟူးညနေ (ရာဟု)တွင် မွေးဖွားသူများ
သောကြာနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ ရာဟုထောင့်တွင် 💐 မေမြို့ပန်း (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ အညံ့များ
လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ ကံံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
ကြာသပတေးနေ့ မွေးဖွားသူများ
စနေနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ ကြာသပတေးထောင့်တွင် 💐 သီဟိုဠ်ညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ အညံ့များ
လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ ကံံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
သောကြာနေ့ မွေးဖွားသူများ
တနင်္ဂနွေနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ သောကြာထောင့်တွင် 💐 ဒန်းညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ အညံ့များ
လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ ကံံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
စနေနေ့ မွေးဖွားသူများ
တနင်္လာံနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ စနေထောင့်တွင် 💐 အုန်းညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ အညံ့များ
လာဘ်လာဘ ပိတ်နေသည်များ ပြေပျောက်ပါစေ ကံံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပေးပါ။
ယတြာအစွမ်းထက်ခြင်း..မထက်ခြင်းသည်….မိမိ..သီလ.. သမာဓိ ..နှင့် ယတြာအပေါ် အကြွင်းမဲ့ယုံကြည်မှုရှိခြင်းတို့အပေါ် မှီခို ပါသည် ထို့ကြောင့် ယုံကြည်စွာ ပြုလုပ်ပါ။ကပ်လှူပါ၊ဆုတောင်းပါ။
ထို့နောက် ငါးပါးသီလ အား ကာလတခု အထိ ဆောက်တည်စောင့်ထိန်း ပါ။ ၃၁ ဘုံံ သားတို့နှင့် မြင်အပ်မမြင်အပ် ပုဂ္ဂိုလ် တို့အား မေတ္တာပို့ အမျှဝေပါ
အားလုံး ဘေးဘယာကင်းဝေးပြီး အညံ့များပြေပျောက်၍ လာဘ်လာဘ များပွင့်လန်းနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
ဆရာကြီး စံ-ဇာဏီဘို
Hits: 416
Zawgyi
“အဲဒါနဲ့ ကျွန်မ အစ်ကိုတော်သူ..အစ်ကိုယောဟန်က..ငါ့ညီမ..နင် ရှယ်ယာ ထည့်ကြည့်ပါလား ဆိုပြီး ပြောတယ်… ကျွန်မလဲ တခါမှ ဒါမျိုး ကျောက်ထဲ ရှယ်ယာထည့်တာတော့ မပါဝင်ဘူးဖူး..
Unicode
ရှယ်ယာထည့်တဲ့နေ့မှာပဲ ကျောက်အောင်သွားလို့ ပျော်နေတဲ့ အဆိုတော် L ဆိုင်းဇီ
အဆိုတော် L ဆိုင်းဇီတစ်ယောက်ကတော့ ဖားကန့်ကိုအလည်သွားရင်း မထင်မှတ်ပဲ မဖြတ်ရသေးတဲ့ ကျောက်စိမ်းတုံးကြီးနဲ့ ဆုံပြီး ဒီနေ့ပဲ ရှယ်ယာထည့် ဒီနေ့ပဲ ကျောက်အောင်သွားခဲ့လို့ ပျော်နေပါတယ်တဲ့။
L ဆိုင်းဇီဟာ သူမရဲ့ ဖေ့ဘုတ်မှာ ” ဟာလေလုယာ…ဟာလေလုယာ…ဘုရားသခင်ကျေးဇူးတော် အထူးပင်ချီးမွမ်းပါတယ်..ကျွန်မ ကျောက် အကြောင်းဆိုတာ ဘာမှသေချာနားမလည်ပါ ေ။
ကျွန်မ အမေကတော့ အရင်က ကျောက်စိမ်းလုပ်ခဲ့တော့ သူကတော့ နားလည်တာပေါ့နော် ဒီနေ့ ဖားကန့်မြို့က ကျွန်မ တို့ရဲ့ အမျိုးလောပန်းကြီး.
အစ်ကိုယောဟန် နဲ့ စကားပြော…သွားတွေ့ရင်း…မထင်မှတ်ပဲ မဖြတ်ရသေးတဲ့ ကျောက် နဲ့ ဒီနေ့ ဆိုင်းဇီ ဆုံဖြစ်သွားတယ်ပေါ့နော်”
“အဲဒါနဲ့ ကျွန်မ အစ်ကိုတော်သူ..အစ်ကိုယောဟန်က..ငါ့ညီမ..နင် ရှယ်ယာ ထည့်ကြည့်ပါလား ဆိုပြီး ပြောတယ်… ကျွန်မလဲ တခါမှ ဒါမျိူး ကျောက်ထဲ ရှယ်ယာထည့်တာတော့ မပါဝင်ဘူးဖူး..
ဒါ ပထမဦးဆုံး အကြိမ်နဲ့ ပထမဦးဆုံး အတွေ့အကြုံပါပဲ… ကျောက်ဖြတ်လို့ အောင်ရင်လဲ အောင်မယ်…မအောင်ရင်လဲ မအောင်ဘူးပေါ့နော်.. ဒါကတော့ ဘုရားအလိုတော်ပေါ့နော်….
ဒါနဲ့ ကျွန်မ တို့ စကားတပြောပြောနဲ့ ကျောက်ဖြတ်လိုက်ပါလေရော….ဖြတ်ပြီး ဘုရားသခင်ကျေးဇူးတော်ကြောင့်… ကျောက်အောင်သွားခဲ့ပါတယ်” လို့တင်ထားတာဖြစ်ပါတယ်။
ကျောက်အောင်တဲ့အတွက် လက်ငင်းငွေကျပ်သိန်း ၇၀ ကိုလည်း ရရှိသွားခဲ့တာဖြစ်ပြီး နောက်ပိုင်းကျရင်လည်း ကျောက်ရှယ်ယာထည့်တာကို ဆက်လုပ်သွားမယ်လို့ သူမက ဆိုထားပါတယ်။
ကံကောင်းတဲ့ L ဆိုင်းဇီတစ်ယောက် နောက်ထပ်လည်း ကျောက်တွေအများကြီးအောင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Hits: 147
Zawgyi
တနလာင်္သားသမီးများ
အင်္ဂါသားသမီးများ
ဗုဒ္ဓဟူးသားသမီးများ
ကြာသပတေးသားသမီးများ
သောကြာသားသမီးများ
စနေသားသမီးများ
Unicode
တန်ဆောင်မုန်းလပြည့်ည နေ့နံအလိုက် ပံ့သကူ ပစ်ကုသိုလ်ယူနည်း
အခုခေတ်မှာ လူငယ်တော်တော်များများ မကြား ဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်စပြုနေပြီ ဖြစ်တဲ့ အလေ့တစ်ခုပါ။
ကိုယ် လှူချင်တန်းချင် တဲ့ ပစ္စည်း ၊ ငွေကြေး ၊ အသုံးအဆောင် ပစ္စည်း တစ်ခုခု ကို အိတ်တစ်လုံးထဲမှာ ထည့်ပြီးရင် လူ မမြင်နိုင်တဲ့ အချိန်မှာ လမ်းနေရာတစ်ခုခု မှာ သွားပြီး ချထားပါ။
ခြွင်းချက် နည်းနည်း ရှိပါတယ် အဲဒီလို ချထားတဲ့ အခါမှာ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး ကိုယ် တစ်ယောက် သာသိရပါမယ် လူသွားလမ်းနဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရာ မျိုးလည်း ဖြစ်ရပါမယ်။
အလှူဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး နောက်တစ်ရက်မှာ ကိုယ် လှူလိုက်တဲ့ ပစ္စည်း ကို ရသွားတဲ့ လူက ကောင်းချီးမင်္ဂလာ မေတ္တာပို့ပေးတဲ့အခါ မှာ ကုသိုလ် ရပါလိမ့်မယ်။
အဲဒီ ကုသိုလ်ဟာ ရှေး အရင် က ရဟန်းတွေဟာ လှည့်လည် အလှူခံခြင်း မပြုဘဲ ၊ အမှိုက်ပုံ စတဲ့ နေရာတွေကနေ အဝတ်စုတ်၊ တွေ ကောက်ယူပြီး သင်္ကန်း ချုပ်ဝတ်လေ့ရှိပါတယ် ။
အဝတ်ကောင်းကောင်း လေး ရပြီဆိုရင် အဲဒီ ရဟန်းအဖို့ တစ်နွေစာ တရားအားထုတ်လို့ ရနိုင်ပြီပေါ့ အဆိုပါ ရဟန်းတစ်ပါး ဟာ အဝတ်ကောင်းကောင်းလေး တစ်ခုရသွားတဲ့ အခါမှာ ဖြစ်တဲ့ ပီတိ နဲ့ အလားတူပါတယ်။
ကုသိုလ်ရပုံချင်းလည်း တူပါတယ် ဒါကြောင့် “ပံ့သကူ ပစ်တယ်” ဆိုတဲ့ စကား ပေါ်ပေါက်လာတာပါ။
တန်ဆောင်မုန်းလပြည့် ညမှာ နေ့နံအလိုက် ပံ့သကူငွေလှူကြစို့
လှူရမယ့်အချိန်က တန်ဆောင်မုန်းလပြည့်ည ၁၂း၀၀တိတိ ပံ့သကူဆိုတဲ့အတိုင်း ဘယ်သူမှမသိလေ ကောင်းလေပါပဲ၊ လှူရမှာကတော့ ပံ့သကူပစ်မယ့်အထဲ-
တနင်္ဂနွေသားသမီးများ
ငွေ ၁၃ ဂဏန်း ၁၃၀ , ၁၃၀၀ စသဖြင့်
တနလာၤသားသမီးများ
ငွေ ၉ ဂဏန်း သို့မဟုတ် ၁၆ ဂဏန်း ၉၀၀ , ၉၀၀၀ , ၁၆၀ , ၁၆၀၀ ကျပ် စသဖြင့်
အင်္ဂါသားသမီးများ
ငွေ ၅ ဂဏန်း သို့မဟုတ် ၁၂ ဂဏန်း ၅၀ , ၅၀၀ , ၁၂၀၀ ကျပ်စသဖြင့်
ဗုဒ္ဓဟူးသားသမီးများ
ငွေ ၈ , ၈၀ , ၈၀၀ , ၈၀၀၀ ကျပ်စသဖြင့်
ကြာသပတေးသားသမီးများ
ငွေ ၁၁ , ၁၁၀ , ၁၁၀၀ ကျပ်စသဖြင့်
သောကြာသားသမီးများ
ငွေ ၇ , ၇၀ , ၇၀၀ သို့မဟုတ် ၁၄၀ , ၁၄၀၀ ကျပ်စသဖြင့်
စနေသားသမီးများ
ငွေ ၁ , ၁၀, ၁၀၀ , ၁၀၀၀ ကျပ်စသဖြင့် ကို ငွေသီးသန့်သော်လည်ကောင်း မိမိလှူဒါန်းမည့် ပံ့သကူပစ္စည်းများ အတွင်း ထည့်ပြီး ပံ့သကူ ဒါနလှူဒါန်းပါ များမကြာမှီ ကာလမှာ လက်တွေ့ အကျိုးပေးလာပါလိမ့်မည် ။
Hits: 1104
Zawgyi
စီးပွားရေး အထည်လက်လီလက်ကားအရောင်းအဝယ်၊ဆေးလုပ်ငန်း၊ ရေနံလုပ်ငန်း၊ ရေလုပ်ငန်း အကျိုးဖြစ်မည် ပဲလုပ်ငန်း၊ မြေအရောင်းအဝယ် အခက်အခဲ တွေ့ရတတ်သည်။
ထီထိုးရန်သူတစ်ပါးအတွက်ရည်စူး၍ကြုံ ရာထီဂဏန်းကိုထိုးပါ ထီပေါက်နိုင်ပါသည် အကျိုးပေးအက္ခရာနှင့်ဂဏန်း-{န၊ဏ၊ကဆ၊င} ၇ အစ, ဝ အဆုံး ၇၇အပူး ထီးထိုးပေးပါ။
အကျိုးပေးအက္ခရာ -{န၊ဏ၊ကဆ၊င} ဂဏန်း-{၇၊၂၊၄၊ဝ} အရောင်- အဝါ၊အစိမ်း၊အကွက်ပြောင်ရောင် ဆောင်ရန်- နက်ပြာရောင်ရှိသောနီလာရတနာ
အကျိုးမပေးနေနံ-{“ရာဟု,ကြာသပတေး” }အရောင်- မိုးပြာရောင်၊ လိမ္မော်ရောင်
Unicode
စနေနေ့ဖွားသားသမီးများ
ယခုနှစ်တွင်မိမိလက်ရှိလုပ်ကိုင်နေသောအလုပ်အကိုင်မှာအကျို းအမြတ်ထူးထူးခြားခြားရရှိပါလိမ့်မည် အလှူ အတန်းပြုရခြင်းနှင့်မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ် သည်။
အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်ခြင်း ရွှေဝင်မည် ရတနာပစ္စည်းများဝင်မည် စပ်တူရှယ်ယာ လုပ်ငန်းများပေါ်လာလိမ့်မည် လုပ်လျှင်အောင်မြင်၍ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့် ကာလနှစ်ဖြစ်သသည်။
မိမိအလိုဆန္ဒပြည့်ဝနိုင်ရန် မိမိကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲပြီး လုပ်ငန်းလုပ်ကိုင်ရမည် မိတ်သင်္ဂဟ အခြွေအရံများပေါများလာအောင် လူမှုရေးကိစ္စများလုပ်ပါ။
အများလေးစားကြည်ညို ခံရတတ်ပြီးဘဝအထွဠ်အထိပ်ကိုရောက်ရှိပါမည်။
အဝိစီ၊ရေတွင်း၊ရေကန်ကိစ္စများ ဆောင်ရွက် လျှင်အောင်မြင်မည် အဖိုးတန်ယာဉ်တွေ၊ စက်တွေ ဝင်လာမည် ဘုရာဖူးခရီး၊ စိတ်ချမ်းသာဖွယ်ခရီးတွေလည်း သွားရတတ်ပါသည်။
ယခုနှစ်တွင် စနေသားသမီးများ မိဘကို ကောင်းစွာ ပြုစုစောင့်ရှောက်နိုင်မည့် စီးပွား သိသိသာသာ တိုးတက်ပြိး”သိကြားမင်း” မလိုက်သကဲ့သို့ လက်ရှိအခြေအနေထက်ဘဝကံများစွာမြင့်တက်သွားပါလိမ့်မည်။
ယခင်နှစ်များက ကုန်ဆုံးသော ဥစ္စာဓနများ ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ရရှိ စုဆောင်နိုင်လိမ့်မည် ။
စီးပွားရေး အထည်လက်လီလက်ကားအရောင်းအဝယ်၊ဆေးလုပ်ငန်း၊ ရေနံလုပ်ငန်း၊ ရေလုပ်ငန်း အကျိူ းဖြစ်မည် ပဲလုပ်ငန်း၊ မြေအရောင်းအဝယ် အခက်အခဲ တွေ့ရတတ်သည်။
အထူးလုပ်ငန်းပြိုင်ရှိသလို့ မိတ်ဆွေ၊အပေါင်အသင်းသစ္စာဖောက်အံ့၊ မည်သူကိုမျှယုံကြည့်၍မရပါ။ငွေကြေးအရင်းအနှီးစိုက်ထုတ်ပါ။
မနိုင်ဝန်ကိုမထမ်းပါနှင့်တရားသောနည်းလမ်းဖြင့်ငွေကြေးများစွာပိုင်ဆိုင်နိုင်ပါသည် အစိုးရနှင့်ပတ်သက်သော အမှူ ဖြစ်တတ်၏ အစစ်အဆေး အမေးအမြန်းခံရတတ်၏။
ပညာရေးအတွက် စနေသားသမီးများ ဂုဏ် ထူး၊ဘွဲ့ထူးခံရမည့်နှစ်ဖြစ်သည် ပညာရေးကဏ္ဌအသီးသီးရှိလူကြီး၊လူငယ်လူတန်းစားမရွေးဆက်လက်ကြို းစားလုပ်ကိုင်ကြရန်အကြံပြုပါသည်။
ဝန်းထမ်းလောကတွင်လုပ်ကိုင်နေပါကအမှောင်နည်းလမ်းဖြင့် ငွေကြေးရှာဖွေခြင်းကိုလုံးဝစွန့်လွတ်ပါ ဒုက္ခရောက်တတ်သည်။
အပျို ၊လူပျို များမိမိစိတ်ကြိုက်ရွေးချယ်ရန်အတွက်အခွင့်အလန်းများရှိသည် သို့သော်အမုန်းပွားစေတတ်သောအပြစ်မကင်းသောအမှုကိစ္စများမကြူ းလွန်ရန်သတိပြု ပါ။
ချစ်သူရည်းစားလူဖက်ကြောင့် ရန်သူအပေါင်းစုပေါင်းလုပ်ကြံလာတတ်သည်။အချစ်ရေးသမားများအတွက်မိမိအားဂုဏ်သိက္ခာကျဆင်းစေရန်ရည်ရွယ်ချက်ဖြင့်အမျို ူးသား၊အမျို းသမီးအချို့ချဉ်းကပ်လာတတ်သည်။
အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ တစ်ဦးနဲ့ တစ်ဦးအထင်အမြင်လွဲမှားတာလေးတွေ ကြုံပြီးလမ်းခွဲရတတ်သလို့အသစ်ကိုမျှော်ရည်တမ်းတခြင်းများလည်ဖြစ်ပေါ်တတ်ပါသည်။
သားရတနာ မရှိသူများ ထွန်းကာအံ့၊ သားသမီးကြောင့်ဂုဏ်သတင်းကြားရတတ်သည် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်ခြင်း ကြုံတွေရတတ်သည်။
နှလုံး နှင့် လေရောဂါပတ်သက်၍ ကျန်းမာရေးညံ ဒူး၊နားဒုက္ခပေးခြင်းများ ကြုံရတတ်သည်။အမျိုးသမီးများ သွေး၊ လေ၊ မီးယပ် ဆိုင်ရာ မိန်းမရောဂါများအထူးဂရုစိုက်ရပါ။
ကျန်းမာရေးအတွက်စည်ကမ်းစနစ်တကျစားသောက်ခြင်း၊အနားယူခြင်း၊အပန်းဖြေခရီးသွားလာခြင်း၊ ကျန်းမာရေးစင်တာများတွင်စစ်ဆေးခံယူခြင်းများပြု လုပ်ပါ။
သဘာဝဘေးအန္တရာယ်နှင့်လူပယောဂအမျို းမျို းကြောင့်မိမိပိုင်ဆိုင်ထားရှိသမျှအားလုံးတ်ုက်ခိုက်ခံရ၍ပျက်စီးရတတ်သည်။ရန်သူအပေါင်းစုပေါင်းလုပ်ကြံလာတတ်သည်။
မထင်မှတ်သောလောကဓံတရားများရိုက်ခတ်လာနိုင်သည် ယုံကြည်ရာဘာသာတရားအတိုင်းအပတ်စဉ်၊လစဉ်၊ဒါနကုသိုလ်၊သီလကုသိုလ်၊ ဘာဝနာကုသိုလ်ပြု လုပ်ပါ။
ထီထိုးရန်သူတစ်ပါးအတွက်ရည်စူး၍ကြုံ ရာထီဂဏန်းကိုထိုးပါ ထီပေါက်နိုင်ပါသည် အကျိူ းပေးအက္ခရာနှင့်ဂဏန်း-{န၊ဏ၊ကဆ၊င} ၇ အစ, ဝ အဆုံး ၇၇အပူး ထီးထိုးပေးပါ။
အထူးသဖြင့် ဤနှစ် သားသမီများတို့သည် လုပ်ငန်းကိစ္စရပ်များအတွက်တော့ “ရာဟု,ကြာသပတေး” ထိုနေနံသားသမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင် အထူးသတိထားသင့်သည်။
အကျိူ းပေးအက္ခရာ -{န၊ဏ၊ကဆ၊င} ဂဏန်း-{၇၊၂၊၄၊ဝ} အရောင်- အဝါ၊အစိမ်း၊အကွက်ပြောင်ရောင် ဆောင်ရန်- နက်ပြာရောင်ရှိသောနီလာရတနာ
အကျိူ းမပေးနေနံ-{“ရာဟု,ကြာသပတေး” }အရောင်- မိုးပြာရောင်၊ လိမ္မော်ရောင်
မိမိနေနံ မွေးနေ့တွင် အပတ်စဉ် နှင်းဆီပန်း(၉)ပွင့်၊နွားနို့(၃)ခွက်၊ နိုထမင်းဆွမ်း ဘုရားရှင်အားကပ်လှူ ပူဇော်၍ ငါးပါးသီလခံ၊ ဂုဏ်တော်ကိုးပါး ရွတ်ပွားပြီး လိုရာဆုတောင်ပါ။
တောင်အရပ်မှာ တံတားခင်းခြင်း၊ ရေအိုးစင် ဆောက်လှူခြင်းနှင့် ဘုန်းကြီးကျောင်း ရေတွင်ရေကန်ဆောက် လှူဒါန်းခြင်းကုသိုလ်ပြုပါ။
Hits: 376
တစ်ပါတ်စာ ဟောစာတမ်း
မိတ်ဆွေခုနှစ်နေ့ဖွား သားသမီးများအတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ( 11 ) ရက်မှ နိုဝင်ဘာလ ( 17 )ရက်အထိ ( ဆောင်ရန် ရှောင် သတိပြုရန်နှင့် ယတြာ ) တစ်ပါတ်စာ အခမဲ့ ဟောစာတမ်း
တနင်္ဂနွေနေ့ တနင်္ဂ္နွေထောင့်မှာ မြေဇာကိုးညွန့် သပြေကိုးညွန့် ကံကော်ကိုးညွန့် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
တနင်္လာ သားသမီးများ
တနင်္လာနေ့ အိမ်ဘုရားမှာ ငှက်ပျောကျော် နှစ်ခု ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
အင်္ဂါ သားသမီးများ
အင်္ဂါနေ့ နေအိမ်ဘုရားမှာ ဆီထမင်း ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
ဗုဒ္ဓဟူး သားသမီးများ
ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ယပ်လေးလက် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
ကြာသပတေး သားသမီးများ
ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ထီးဖြူ ငါးလက် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
သောကြာ သားသမီးများ
သောကြာနေ့ သောကြာထောင့်မှာ သာကူ ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
စနေ သားသမီးများ
စနေနေ့ စနေထောင့်မှာ ထောပတ်ထမင်ူ ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
ခုနှစ်ရက်သားသမီးများ ကံ ဥာဏ် ဝီရိယ သုံးချက်လုံး အားကောင်း၍ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေသောဝ်
Hits: 792