တစ္ပတ္စာ ေဟာစာတမ္း

မိတ္ေဆြခုႏွစ္ရက္ သားသမီးမ်ားအတြက္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ( 18 )ရက္မွ ၊ ၾသဂုတ္လ( 24 )ရက္အထိ ( ေဆာင္ရန္ ေရွာင္ သတိျပဳရန္ႏွင့္ ယၾတာ ) တစ္ပါတ္စာ ဂမၻီယ ေဟာကိန္း

တနဂၤေႏြ သားသမီးမ်ား

တနဂၤေန႔ တနဂၤေႏြောင့္မွာ ဖေဟာင္းတိုင္သက္ေစ့ ကပ္လွဴ ၍ လိုရာဆုကိုေတာင္းပါေလ

တနလၤာ သားသမီးမ်ား

တနလၤာေန႔ တနလၤာေထာင့္မွာ သေျပညြန္႔ သက္ေစ့ ကပ္လွဴ ၍ လိုရာဆုကိုေတာင္းပါေလ

အဂၤါ သားသမီးမ်ား

အဂါေန႔ အဂၤါေထာင့္မွာ ၿဂိဳလ္တိုင္ရွိဆင္းတုေတာ္ကို ေရသက္ေစ့ သပၸါယ္၍ လိုရာဆုကိုေတာင္းပါေလ

ဗုဒၶဟူး သားသမီးမ်ား

ဗုဒၶဟူးေန႔ ေနအိမ္ဘုရားမွာ ဘူးသီးေၾကာ္ငါးခု ကပ္လွဴ ၍ လိုရာဆုကိုေတာင္းပါေလ

ၾကာသပေတး သားသမီးမ်ား

ၾကာသပေတးေန႔ ၾကာသပေတးေထာင့္မွာ ၾကာျဖဴငါးပြင့္ ကပ္လွဴ ၍ လိုရာဆုကိုေတာင္းပါေလ

ေသာၾကာ သားသမီးမ်ား

ေသာၾကာေန႔ အိမ္ဘုရားမွာ အုန္းထမင္း ကပ္လွဴ ၍ လိုရာဆုကိုေတာင္းပါေလ

စေန သားသမီးမ်ား

စေနေန႔ စေနေထာင့္မွာ ထီးျဖဴခုႏွစ္လက္ ကပ္လွဴ ၍ လိုရာဆုကိုေတာင္းပါေလ

ခုႏွစ္ရက္သားသမီးမ်ား ကံ ဥာဏ္ ဝီရိယ သုံးခ်က္လုံး အားေကာင္း၍ ႀကံတိုင္းေအာင္၍ ေဆာင္တိုင္းေျမာက္ၾကပါေစေသာဝ္

Hits: 531

ကပၸါယ္အိတ္ထမ္​း ၿပိတၱာ

Zawgyi

ေ႐ွးအခါက တရားသူႀကီးတစ္​ဦးသည္​ အမႈသည္​မ်ားထံမွ တံစုိးလက္​​ေဆာင္​ ယူရာတြင္​ ပုန္​းလ်ိွဳးကြယ္​လ်ွိဳးယူ၍ တရားဆုးံျဖတ္​ ​ေလ့ရိွ၏ လာဘ္​ကိုငဲ့၍ အရံႈး အႏိုင္​ စီရင္​​ေလ့ရိွ၏ အမႈသည္​မ်ားကို မႏိုင္​ဝန္​ထမ္​း​ေစျခင္​းျဖင္​့ ဒဏ္​ခပ္​​ေလ့ရိွ၏ ။

အဒိႏၷာဒါဏ္​သက္​​ေရာက္​​ေသာ ထိုအကုသိုလ္​ကံ ​ေၾကာင္​့ ​ေသ ​ေသာအခါ ငရဲ၌ ႏွစ္​​ေပါင္​းမ်ားစြာ ခံရ​ေလ၏ ငရဲမွ လြတ္​​ေသာ္​ ရာဇၿဂိဳဟ္​ၿမိဳ႕. အနီး ဂိဇၥၽိကုဋ္​ ​ေတာင္​၌ ​ေဝွးအု ( ​ေဂြးအု) ထမ္​းၿပိတၱာ ႀကီးျဖစ္​ရ​ေလသည္​ ။

ထိုင္​​ေသာအခါ ထို​ေဝွးအုႀကီးကို ဖင္​ခုထိုင္​ရ​ေလ၏ သြား​ေသာအခါ ထိုၿပိတၱာ​ေကာင္​ႀကီး၏ ပုခုးံ​ေပၚမွ ထမ္​းသြားရ​ေသာ ​ေဝွးအုႀကီးကို .သိန္​း စြန္​ လင္​းတ က်ီးငွက္​မ်ားက သံႏႈတ္​သီးျဖင္​့ ဝိုင္​း၍ ထိုးဆိတ္​​ေသာ​ေၾကာင္​့ နာက်င္​​ေသာ ​ေဝဒနာကို ခံစားရ​ေလ၏ ။

ထို႔​ေၾကာင္​့ သူတပါး ပစၥည္​းကို မတရား​ ေသာနည္​းျဖင္​့ ယူ​ေဆာင္​ျခင္​း ခိုးဝွက္​ျခင္​း. မလိမ္​့တပတ္​အမူအယာျဖင္​့​ေတာင္​းျခင္​း အလုပ္​မမ်ားပဲ အလုပ္​မ်ားဟန္​​ေဆာင္​ျခင္​း အား​ေနပါလ်ွက္​ မအားဟန္​​ေဆာင္​ျခင္​း ။

အမ်ိဳးမ်ိဳး​ေသာ မာယာပရိယယ္​ျဖင္​့ ​ေတာင္​းစားျခင္​းမွ ​ေ႐ွာင္​႐ွားၾကပါလို႔ ​ေစတနာ ​ေမတၱာနဲ႔. အၾကံျပဳ​ေျပာပါရ​ေစ​ေနာ္​ လုံးစုံမ်ားစြာသတၱဝါ ခ်မ္​းသာကိုယ္​စိတ္​ ရိွၾကပါ​ေစ ။

Unicode

ကပ္ပါယ်အိတ်ထမ်း ပြိတ္တာ

ရှေးအခါက တရားသူကြီးတစ်ဦးသည် အမှုသည်များထံမှ တံစိုးလက်ဆောင် ယူရာတွင် ပုန်းလျှိုးကွယ်လျှိုးယူ၍ တရားဆုးံဖြတ် လေ့ရှိ၏ လာဘ်ကိုငဲ့၍ အရှုံး အနိုင် စီရင်လေ့ရှိ၏ အမှုသည်များကို မနိုင်ဝန်ထမ်းစေခြင်းဖြင့် ဒဏ်ခပ်လေ့ရှိ၏ ။

အဒိန္နာဒါဏ်သက်ရောက်သော ထိုအကုသိုလ်ကံ ကြောင့် သေ သောအခါ ငရဲ၌ နှစ်ပေါင်းများစွာ ခံရလေ၏ ငရဲမှ လွတ်သော် ရာဇဂြိုဟ်မြို့. အနီး ဂိဇ္ဈိကုဋ် တောင်၌ ဝှေးအု ( ဂွေးအု) ထမ်းပြိတ္တာ ကြီးဖြစ်ရလေသည် ။

ထိုင်သောအခါ ထိုဝှေးအုကြီးကို ဖင်ခုထိုင်ရလေ၏ သွားသောအခါ ထိုပြိတ္တာကောင်ကြီး၏ ပုခုးံပေါ်မှ ထမ်းသွားရသော ဝှေးအုကြီးကို .သိန်း စွန် လင်းတ ကျီးငှက်များက သံနှုတ်သီးဖြင့် ဝိုင်း၍ ထိုးဆိတ်သောကြောင့် နာကျင်သော ဝေဒနာကို ခံစားရလေ၏ ။

ထို့ကြောင့် သူတပါး ပစ္စည်းကို မတရား သောနည်းဖြင့် ယူဆောင်ခြင်း ခိုးဝှက်ခြင်း. မလိမ့်တပတ်အမူအယာဖြင့်တောင်းခြင်း အလုပ်မများပဲ အလုပ်များဟန်ဆောင်ခြင်း အားနေပါလျှက် မအားဟန်ဆောင်ခြင်း ။

အမျိုးမျိုးသော မာယာပရိယယ်ဖြင့် တောင်းစားခြင်းမှ ရှောင်ရှားကြပါလို့ စေတနာ မေတ္တာနဲ့. အကြံပြုပြောပါရစေနော် လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ် ရှိကြပါစေ ။

Hits: 104

အလွဴခံပုဂၢိဳလ္က အေရးႀကီးလား အလွဴဒါယကာက အေရးႀကီးသလား

Zawgyi

လွဴတဲ့အခါမွာ အလွဴခံပုဂၢိဳလ္က ပိုၿပီးေတာ့ အေရးႀကီးသလား၊ အလွဴဒါယကာက ပိုၿပီးေတာ့ အေရးႀကီးသလား ဆိုေတာ့ ႏွစ္ဖက္စလံုး အေရးႀကီးတယ္လို႔ေတာ့ ေျပာရမယ္ သို႔ေသာ္ တကယ္ ျပင္ရဆင္ရမွာက လွဴတဲ့ပုဂၢိဳလ္က ပိုၿပီးေတာ့ ျပင္ရဆင္ရမယ္။

အလွဴခံပုဂၢိဳလ္ဆိုတာ ကိုယ္သိႏိုင္တာ မဟုတ္ဘူး ကိုယ္က်င့္သီလရွိသလား၊ မရွိဘူးလား မသိႏိုင္ဘူး ျမတ္စြာဘုရားေဟာထားတာ ေလာကမွာ”အေပၚယံေရႊမံႈႀကဲ၊ အထဲက ေနာက္ေခ်းခဲ”ဆိုတာလို ။

ကိုယ္က်င့္တရားမရွိေပမယ့္ ကိုယ္က်င့္တရားရွိတဲ့ အသြင္သဏၭာန္ေပၚေနတဲ့ပုဂၢိဳလ္ေတြ အမ်ားႀကီးရွိတယ္၊ ဒါေၾကာင့္ အလွဴခံပုဂၢိဳလ္ သီလရွိမရွိ မသိႏိုင္ဘူး ဒါယကာတစ္ေယာက္က ျမတ္စြာဘုရားကို လာၿပီးေတာ့ဖူးစဥ္ ျမတ္စြာဘုရားကေမးတယ္။

ဒါနေကာင္းမႈေတြ ျပဳသလားဆိုေတာ့ ျပဳပါတယ္၊ တပည့္ေတာ္ရဲ႔ အလွဴကိုၾကြတဲ့ ပုဂိၢဳလ္ေတြဟာ အကုန္လံုး ရဟႏၲာေတြခ်ည္းပဲဘုရား၊ တပည့္ေတာ္က ရဟႏၲာေတြမွ ေရြးလွဴတာလို႔ ေျပာတယ္ အဲဒီေတာ့ ျမတ္စြာဘုရားက သတိေပးတယ္။

ဒါယကာ၊ သင္လိုလူတစ္ေယာက္အေနနဲ႔ ဒီပုဂၢိဳလ္ဟာ ရဟႏၲာလား၊ ဒီပုဂၢိဳလ္ဟာ ရဟႏၲာ မဟုတ္ဘူးလားဆိုတာ မသိႏိုင္ဘူးတဲ့ သံဃာကိုသာ ရည္စူးၿပီးေတာ့ လွဴပါ လို႔ ျမတ္စြာဘုရားက ဆံုးမဖူးတယ္။

ရဟႏၲာပုဂၢိဳလ္ဆိုၿပီး ေရြးလွဴတာမ်ိဳး မလုပ္ပါနဲ႔တဲ့ သံဃာကိုသာ ရည္စူးၿပီးေတာ့ လွဴပါတဲ့။

ဘက္စံုေကာင္းလွ်င္ အတိုင္းအတာမဲ့ အက်ိဳးရ

ျမတ္စြာဘုရားက ဒကၡိဏ၀ိဘဂၤသုတ္မွာ လွဴတဲ့ပုဂိၢဳလ္ကလည္း ရဟႏၲာ ၀ီတရာဂ(ရာဂကင္းကြာတဲ့ ပုဂိၢဳလ္)၊ အလွဴခံ ပုဂိၢဳလ္ကလည္း ရဟႏၲာ ၀ီတရာဂပုဂိၢဳလ္္ ျဖစ္ၾကမယ္ဆိုလ်င္ ။

အဲဒီ ပုဂိၢဳလ္ႏွစ္ဦးရဲ႔ အလွဴက်ေတာ့ အက်ိဳးေက်းဇူးဟာ ဘက္စံုေကာင္းေနသည့္အတြက္ အတိုင္းအဆမဲ့ အက်ိဳးေက်းဇူးကို ရႏိုင္တယ္ တဲ့ ဒီေနရာမွာလည္း အ႒ကထာက ထပ္ၿပီးေတာ့ စကားေလးတစ္ခု ျဖည့္စြက္ထားတာ ရွိေသးတယ္။

သတိထားစရာေလး တစ္ခုေပါ့ ဆိုပါစို႔၊ လွဴတဲ့သူေရာ အလွဴခံသူေရာ ႏွစ္ဦးစလံုးက အဆင့္အတန္းျမင့္တဲ့ ပုဂိၢဳလ္ေတြခ်ည္းပဲ တစ္ဦးက ျမတ္တယ္ ေနာက္တစ္ဦးကလည္း ျမတ္တယ္။

ဥပမာ ျမတ္စြာဘုရားက ရွင္သာရိပုတၱရာကို လွဴမယ္၊ ဘုရားက အလွဴဒါယကာဘက္က ေနတယ္၊ ရွင္သာရိပုတၱရာက အလွဴခံဘက္က ေနတယ္ အဲဒီ အလွဴက တစ္ခု။

တစ္ဖန္ ရွင္သာရိပုတၱရာက အလွဴဒါယကာဘက္ကေနၿပီး ဘုရားက အလွဴခံဘက္ကေနမယ္ အင္မတန္မွ ျမင့္ျမတ္တဲ့ ပုဂိၢဳလ္ႀကီးႏွစ္ဦးမွာ ဘယ္သူ႔အလွဴက ပိုၿပီးေတာ့ အက်ိဳးႀကီးႏိုင္မလဲ။

ရွင္သာရိပုတၱရာရဲ႔ အလွဴက ပိုအက်ိဳးႀကီးသလား ျမတ္စြာဘုရားရွင္ရဲ႔ အလွဴက ပိုအက်ိဳးႀကီးသလား။

ဒီလို ေမးခြန္းထုတ္တဲ့အခါ ျမတ္စြာဘုရားရဲ႔ အလွဴက ပိုအက်ိဳးႀကီးပါတယ္ ျမတ္စြာဘုရားက အလွဴခံဘက္က မေနဘဲနဲ႔ အလွဴဒါယကာဘက္ကေနၿပီးေတာ့ လွဴတဲ့အလွဴက ပိုအက်ိဳးႀကီးတယ္တဲ့။

ဒီစကားအရ အလွဴေပးတဲ့ပုဂိၢဳလ္နဲ႔ အလွဴခံပုဂိၢဳလ္ ဘယ္သူက အေရးပါလဲဆိုတာကို သိရမယ္ ျမတ္စြာဘုရားက လွဴမယ္ဆိုရင္ အလွဴခံပုဂိၢဳလ္က ျမင့္ျမတ္တယ္။

သို႔ေသာ္ ရွင္သာရိပုတၱရာကလွဴတဲ့ ဒါနထက္ ျမတ္စြာဘုရားက ရွင္သာရိပုတၱရာကိုလွဴတဲ့ ဒါနဆိုရင္ အလွဴခံပုဂိၢဳလ္က ညံ့တယ္၊ အလွဴေပးပုဂိၢဳလ္က သာတယ္၊ သာေတာ့ ျမတ္စြာဘုရားရဲ႔ အလွဴဒါနက ရွင္သာရိပုတၱရာရဲ႔ အလွဴဒါနထက္ ပိုၿပီးေတာ့ ျမတ္တယ္ တဲ့။

ဘာျဖစ္လို႔ျမတ္လဲဆိုေတာ့ အလွဴခံပုဂိၢဳလ္က ျမတ္လို႔ မဟုတ္ဘူး အလွဴေပးပုဂိၢဳလ္က အရည္အခ်င္းေကာင္းလို႔ေပါ့ အဲဒါ ပိုၿပီးေတာ့ သဘာ၀က်တယ္။

ဘာျဖစ္လို႔တုန္းဆိုရင္ အက်ိဳးေပးမယ့္ ေစတနာဟာ ဘယ္သူ႔သႏၲာန္မွာ ျဖစ္တာတုန္းလို႔ တြက္ၾကည့္ေပါ့ အက်ိဳးေပးတဲ့ ေစတနာဟာ အလွဴခံပုဂိၢဳလ္ရဲ႔ သႏၲာန္မွာျဖစ္တာ မဟုတ္ ဘူး၊ အလွဴရွင္ရဲ႔သႏၲာန္မွာ ျဖစ္တာ။

ဒါေၾကာင့္ အလွဴရွင္က ျပင္ျပင္ဆင္ဆင္နဲ႔ လွဴတတ္တယ္၊ ေစတနာ ထားတတ္တယ္ဆိုရင္ အလွဴရွင္ဘက္က ပိုၿပီးေတာ့ေကာင္းဖို႔ အေရးႀကီးတယ္ လို႔ ဒီစကားကို မွတ္သားရပါတယ္။

ဒါေၾကာင့္ ဒကၡိဏ၀ိဘဂၤသုတ္ အႏွစ္ခ်ဳပ္မွာ ျမတ္စြာဘုရားသခင္ ကိုယ္ေတာ္ျမတ္ ေဟာၾကားထားတာက ပုဂၢလိကဒါနနဲ႔ သံဃိကဒါနကို ခြဲျခားသိရွိၿပီး။

လွဴသူနဲ႔ အလွဴခံသူ ဒီပုဂိၢဳလ္ႏွစ္ဦးဟာ ကိုယ္ က်င့္သီလေတြ ျပည့္စံုၿပီဆိုရင္ လွဴတဲ့အလွဴဒါနဟာ အလြန္တရာ အက်ိဳးေက်းဇူးမ်ားပါတယ္တဲ့။

Unicode

အလှူခံပုဂ္ဂိုလ်က အရေးကြီးလား အလှူဒါယကာက အရေးကြီးသလား

လှူတဲ့အခါမှာ အလှူခံပုဂ္ဂိုလ်က ပိုပြီးတော့ အရေးကြီးသလား၊ အလှူဒါယကာက ပိုပြီးတော့ အရေးကြီးသလား ဆိုတော့ နှစ်ဖက်စလုံး အရေးကြီးတယ်လို့တော့ ပြောရမယ် သို့သော် တကယ် ပြင်ရဆင်ရမှာက လှူတဲ့ပုဂ္ဂိုလ်က ပိုပြီးတော့ ပြင်ရဆင်ရမယ်။

အလှူခံပုဂ္ဂိုလ်ဆိုတာ ကိုယ်သိနိုင်တာ မဟုတ်ဘူး ကိုယ်ကျင့်သီလရှိသလား၊ မရှိဘူးလား မသိနိုင်ဘူး မြတ်စွာဘုရားဟောထားတာ လောကမှာ”အပေါ်ယံရွှေမှုံကြဲ၊ အထဲက နောက်ချေးခဲ”ဆိုတာလို ။

ကိုယ်ကျင့်တရားမရှိပေမယ့် ကိုယ်ကျင့်တရားရှိတဲ့ အသွင်သဏ္ဌာန်ပေါ်နေတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်၊ ဒါကြောင့် အလှူခံပုဂ္ဂိုလ် သီလရှိမရှိ မသိနိုင်ဘူး ဒါယကာတစ်ယောက်က မြတ်စွာဘုရားကို လာပြီးတော့ဖူးစဉ် မြတ်စွာဘုရားကမေးတယ်။

ဒါနကောင်းမှုတွေ ပြုသလားဆိုတော့ ပြုပါတယ်၊ တပည့်တော်ရဲ့ အလှူကိုကြွတဲ့ ပုဂ္ဂိုလ်တွေဟာ အကုန်လုံး ရဟန္တာတွေချည်းပဲဘုရား၊ တပည့်တော်က ရဟန္တာတွေမှ ရွေးလှူတာလို့ ပြောတယ် အဲဒီတော့ မြတ်စွာဘုရားက သတိပေးတယ်။

ဒါယကာ၊ သင်လိုလူတစ်ယောက်အနေနဲ့ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာလား၊ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာ မဟုတ်ဘူးလားဆိုတာ မသိနိုင်ဘူးတဲ့ သံဃာကိုသာ ရည်စူးပြီးတော့ လှူပါ လို့ မြတ်စွာဘုရားက ဆုံးမဖူးတယ်။

ရဟန္တာပုဂ္ဂိုလ်ဆိုပြီး ရွေးလှူတာမျိုး မလုပ်ပါနဲ့တဲ့ သံဃာကိုသာ ရည်စူးပြီးတော့ လှူပါတဲ့။

ဘက်စုံကောင်းလျှင် အတိုင်းအတာမဲ့ အကျိုးရ

မြတ်စွာဘုရားက ဒက္ခိဏဝိဘင်္ဂသုတ်မှာ လှူတဲ့ပုဂ္ဂိုလ်ကလည်း ရဟန္တာ ဝီတရာဂ(ရာဂကင်းကွာတဲ့ ပုဂ္ဂိုလ်)၊ အလှူခံ ပုဂ္ဂိုလ်ကလည်း ရဟန္တာ ဝီတရာဂပုဂ္ဂိုလ် ဖြစ်ကြမယ်ဆိုလျင် ။

အဲဒီ ပုဂ္ဂိုလ်နှစ်ဦးရဲ့ အလှူကျတော့ အကျိုးကျေးဇူးဟာ ဘက်စုံကောင်းနေသည့်အတွက် အတိုင်းအဆမဲ့ အကျိုးကျေးဇူးကို ရနိုင်တယ် တဲ့ ဒီနေရာမှာလည်း အဋ္ဌကထာက ထပ်ပြီးတော့ စကားလေးတစ်ခု ဖြည့်စွက်ထားတာ ရှိသေးတယ်။

သတိထားစရာလေး တစ်ခုပေါ့ ဆိုပါစို့၊ လှူတဲ့သူရော အလှူခံသူရော နှစ်ဦးစလုံးက အဆင့်အတန်းမြင့်တဲ့ ပုဂ္ဂိုလ်တွေချည်းပဲ တစ်ဦးက မြတ်တယ် နောက်တစ်ဦးကလည်း မြတ်တယ်။

ဥပမာ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို လှူမယ်၊ ဘုရားက အလှူဒါယကာဘက်က နေတယ်၊ ရှင်သာရိပုတ္တရာက အလှူခံဘက်က နေတယ် အဲဒီ အလှူက တစ်ခု။

တစ်ဖန် ရှင်သာရိပုတ္တရာက အလှူဒါယကာဘက်ကနေပြီး ဘုရားက အလှူခံဘက်ကနေမယ် အင်မတန်မှ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးနှစ်ဦးမှာ ဘယ်သူ့အလှူက ပိုပြီးတော့ အကျိုးကြီးနိုင်မလဲ။

ရှင်သာရိပုတ္တရာရဲ့ အလှူက ပိုအကျိုးကြီးသလား မြတ်စွာဘုရားရှင်ရဲ့ အလှူက ပိုအကျိုးကြီးသလား။

ဒီလို မေးခွန်းထုတ်တဲ့အခါ မြတ်စွာဘုရားရဲ့ အလှူက ပိုအကျိုးကြီးပါတယ် မြတ်စွာဘုရားက အလှူခံဘက်က မနေဘဲနဲ့ အလှူဒါယကာဘက်ကနေပြီးတော့ လှူတဲ့အလှူက ပိုအကျိုးကြီးတယ်တဲ့။

ဒီစကားအရ အလှူပေးတဲ့ပုဂ္ဂိုလ်နဲ့ အလှူခံပုဂ္ဂိုလ် ဘယ်သူက အရေးပါလဲဆိုတာကို သိရမယ် မြတ်စွာဘုရားက လှူမယ်ဆိုရင် အလှူခံပုဂ္ဂိုလ်က မြင့်မြတ်တယ်။

သို့သော် ရှင်သာရိပုတ္တရာကလှူတဲ့ ဒါနထက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကိုလှူတဲ့ ဒါနဆိုရင် အလှူခံပုဂ္ဂိုလ်က ညံ့တယ်၊ အလှူပေးပုဂ္ဂိုလ်က သာတယ်၊ သာတော့ မြတ်စွာဘုရားရဲ့ အလှူဒါနက ရှင်သာရိပုတ္တရာရဲ့ အလှူဒါနထက် ပိုပြီးတော့ မြတ်တယ် တဲ့။

ဘာဖြစ်လို့မြတ်လဲဆိုတော့ အလှူခံပုဂ္ဂိုလ်က မြတ်လို့ မဟုတ်ဘူး အလှူပေးပုဂ္ဂိုလ်က အရည်အချင်းကောင်းလို့ပေါ့ အဲဒါ ပိုပြီးတော့ သဘာဝကျတယ်။

ဘာဖြစ်လို့တုန်းဆိုရင် အကျိုးပေးမယ့် စေတနာဟာ ဘယ်သူ့သန္တာန်မှာ ဖြစ်တာတုန်းလို့ တွက်ကြည့်ပေါ့ အကျိုးပေးတဲ့ စေတနာဟာ အလှူခံပုဂ္ဂိုလ်ရဲ့ သန္တာန်မှာဖြစ်တာ မဟုတ် ဘူး၊ အလှူရှင်ရဲ့သန္တာန်မှာ ဖြစ်တာ။

ဒါကြောင့် အလှူရှင်က ပြင်ပြင်ဆင်ဆင်နဲ့ လှူတတ်တယ်၊ စေတနာ ထားတတ်တယ်ဆိုရင် အလှူရှင်ဘက်က ပိုပြီးတော့ကောင်းဖို့ အရေးကြီးတယ် လို့ ဒီစကားကို မှတ်သားရပါတယ်။

ဒါကြောင့် ဒက္ခိဏဝိဘင်္ဂသုတ် အနှစ်ချုပ်မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဟောကြားထားတာက ပုဂ္ဂလိကဒါနနဲ့ သံဃိကဒါနကို ခွဲခြားသိရှိပြီး။

လှူသူနဲ့ အလှူခံသူ ဒီပုဂ္ဂိုလ်နှစ်ဦးဟာ ကိုယ် ကျင့်သီလတွေ ပြည့်စုံပြီဆိုရင် လှူတဲ့အလှူဒါနဟာ အလွန်တရာ အကျိုးကျေးဇူးများပါတယ်တဲ့။

Hits: 644

ဘုရားလွဴစရာ ပန္းမာလာ

Zawgyi

( ေမး ) ျမတ္စြာဘုရားအား ကပ္လွဴရန္ ဘယ္လိုပန္းမ်ား အေကာင္းဆံုးျဖစ္ပါသလဲ အရွင္ဘုရား။

( ေျဖ ) ဘုရားပန္းေရြးခ်ယ္ရာတြင္ ပထမ ေမႊးႀကိဳင္၊ လွပ၊ လတ္ဆတ္-ဟူေသာ အဂၤါသံုးပါးညီသည့္ပန္းကို ေရြးရပါသည္၊

ဒုတိယ-လွပ၊ လတ္ဆတ္ေသာ အဂၤါႏွစ္ပါးႏွင့္ညီသည့္ ပန္းကို ေရြးရပါသည္ မရႏိုင္မွ လတ္ဆတ္ေသာ ပန္း၊ သို႔မဟုတ္ သစ္ညႊန္႔ သစ္ကိုင္းကိုျဖစ္ေစ လွဴဒါန္းႏိုင္ပါသည္။

မည္သည့္ပန္းမွ် မရႏိုင္လွ်င္ ဘုရားအိုးတြင္ နီးရာသစ္ပင္ ပန္းပင္မွ အခက္၊ အညႊန္႔ ခ်ိဳး၍ လွဴဒါန္းရန္ ေရွးက ရဟႏၲာ-ဟု ေက်ာ္ၾကားေသာ ဘုန္းေတာ္ႀကီး ဦးသီလ စသည္တို႔ နည္းေပးေဟာေျပာေလ့ရွိေၾကာင္း မွတ္သားရပါသည္။

အေရးႀကီးသည္ကား ဘုရားပန္းအိုး၌ ပန္းမညႇိဳးေအာင္ၾကံစည္လွဴဒါန္း၍ သဒၶါပန္းခိုင္ ျမိဳင္ဆိုင္ေနၾကရန္ ႀကိဳးစားၾကေစလိုေၾကာင္း ေျဖၾကားလိုပါသည္။

ပန္းလွဴ ရသည့္အက်ိဳး သံုးပါး

၁ ~ ႐ုပ္ရည္လွပသည္
၂ ~ ခႏၶာကိုယ္သန္႔႐ွင္းစင္ၾကယ္ေစသည္
၃ ~ ခံတြင္းအနံ႔ေမႊးၾကည္ေစသည္

Unicode

ဘုရားလှူစရာ ပန်းမာလာ

( မေး ) မြတ်စွာဘုရားအား ကပ်လှူရန် ဘယ်လိုပန်းများ အကောင်းဆုံးဖြစ်ပါသလဲ အရှင်ဘုရား။

( ဖြေ ) ဘုရားပန်းရွေးချယ်ရာတွင် ပထမ မွှေးကြိုင်၊ လှပ၊ လတ်ဆတ်-ဟူသော အင်္ဂါသုံးပါးညီသည့်ပန်းကို ရွေးရပါသည်၊

ဒုတိယ-လှပ၊ လတ်ဆတ်သော အင်္ဂါနှစ်ပါးနှင့်ညီသည့် ပန်းကို ရွေးရပါသည် မရနိုင်မှ လတ်ဆတ်သော ပန်း၊ သို့မဟုတ် သစ်ညွှန့် သစ်ကိုင်းကိုဖြစ်စေ လှူဒါန်းနိုင်ပါသည်။

မည်သည့်ပန်းမျှ မရနိုင်လျှင် ဘုရားအိုးတွင် နီးရာသစ်ပင် ပန်းပင်မှ အခက်၊ အညွှန့် ချိုး၍ လှူဒါန်းရန် ရှေးက ရဟန္တာ-ဟု ကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလ စသည်တို့ နည်းပေးဟောပြောလေ့ရှိကြောင်း မှတ်သားရပါသည်။

အရေးကြီးသည်ကား ဘုရားပန်းအိုး၌ ပန်းမညှိုးအောင်ကြံစည်လှူဒါန်း၍ သဒ္ဓါပန်းခိုင် မြိုင်ဆိုင်နေကြရန် ကြိုးစားကြစေလိုကြောင်း ဖြေကြားလိုပါသည်။

ပန်းလှူ ရသည့်အကျိုး သုံးပါး

၁ ~ ရုပ်ရည်လှပသည်
၂ ~ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်စေသည်
၃ ~ ခံတွင်းအနံ့မွှေးကြည်စေသည်

Hits: 1656

ေသခါနီးမွ တရားအားထုတ္ရင္ အဆင္ေျပေသးသလား

Zawgyi

ေတာင္ပုလုဆရာေတာ္ သက္ေတာ္ထင္ရွားရွိစဥ္ အခါတုန္းက ဒကာတစ္ေယာက္ ေက်ာင္းကိုေရာက္လာရင္း ဆရာေတာ္အား ေမးေလွ်ာက္ပါတယ္။

ဆရာေတာ္ဘုရား …“ တပည့္ေတာ္မွာက သားေရး၊ သမီးေရး၊ အိမ္ေထာင္ေရး၊ စီးပြားေရး၊ လူမွဳေရးေတြ လုပ္ေနရေတာ့ မအားဘူး ဘုရား။

ဆရာေတာ္ရဲ႕တရားေတြကလည္း ေကာင္းပါတယ္ဘုရား ခေလးေတြႀကီးျပင္းၿပီးသူ႕ဟာနဲ႔ သူအဆင္ေျပေျပနဲ႔ ေနႏိုင္ၾကေတာ့မွ တပည့္ေတာ္ အားမယ္ထင္ပါတယ္ဘုရား ။

တကယ္လို႔ ေသခါနီးမွ တရားအားထုတ္ရင္ မရဘူးလား ဘုရား ” လို႔ ေမးေတာ့ ။

ဆရာေတာ္က “ ေအးကြာ ….မင္းမွာ မအားဘူးဆိုေတာ့လည္း ဒါက မင္းသေဘာပဲ အားထုတ္လို႔ မရဘူးလို႔ေတာ့ မေျပာႏိုင္ပါဘူး ငါေျပာတဲ့ ဥပမာေလးကို နားေထာင္လိုက္ဦး ” “ မင္းတို႔အိမ္မွာ မိသားစု ေနၾကတယ္ေနာ္” ။

“ တင္ပါ့ဘုရား.. မိသားစုေနၾကပါတယ္”

“ မနက္စာထမင္းကို ဘယ္အခ်ိန္စားၾကသလဲ ? ” “ ၁၂ နာရီ ေလာက္မွာ မိသားစုအားလံုး စုၿပီးစားၾကပါတယ္ ”။

“ ဒါဆိုရင္ ၁၂ နာရီ မထိုးခင္ အခ်ိန္ေလးမွာ ကပ္ၿပီး ထမင္းခ်က္စားၾကတာလား ? ”

“ မဟုတ္ပါဘူး ဘုရား တပည့္ေတာ္ အိမ္ရွင္မက မနက္ မိုးလင္းတာနဲ႔ စားေသာက္ဖို႔အတြက္ မီးဖိုနားမွာ ေခၽြးတစ္လံုးလံုးနဲ႔ ခ်က္ျပဳတ္ေနရပါတယ္ ဘုရား။

စားခါနီးေတာင္ ခ်က္ျပဳတ္မၿပီးေသးပါ ဘုရား စားခါနီးမွ ခ်က္ျပဳတ္စားလို႔ေတာ့ မရႏိုင္ပါ ဘုရား ဟင္းေတြကလည္း မႏူးမနပ္ ျဖစ္မွာပါ ဘုရား ”။

“ အဲဒီအတိုင္းပဲ.. တရားဓမၼကို ေသခါနီးမွ ကပ္လုပ္ရင္ မႏူးမနပ္ဘူးေပါ့ တရားဓမၼဆိုတာအခ်ိန္ရွိတုန္းကပင္ ေလ့က်င့္ယူရတယ္၊ ႏူးနပ္ေအာင္ က်င့္ႀကံအားထုတ္ရတယ္ ကြဲ႕ ”။

ဒါေၾကာင့္ တရားခ်စ္ခင္ သူေတာ္စင္အေပါင္းတို႔ကလည္း က်န္ရွိေနေသးတဲ့ အခ်ိန္ကေလးကို အက်ိဳးရွိေအာင္ ကုသိုလ္စိတ္ျဖင့္ေနၿပီး တစ္ဆင့္ထက္တစ္ဆင့္ ျမင့္ျမတ္သထက္ ျမင့္ျမတ္ေအာင္ က်င့္ႀကံအားထုတ္ကာ ျမတ္နိဗၺာန္ကို ရေရာက္ႏိုင္ၾကပါေစ။

Unicode

သေခါနီးမှ တရားအားထုတ်ရင် အဆင်ပြေသေးသလား

တောင်ပုလုဆရာတော် သက်တော်ထင်ရှားရှိစဉ် အခါတုန်းက ဒကာတစ်ယောက် ကျောင်းကိုရောက်လာရင်း ဆရာတော်အား မေးလျှောက်ပါတယ်။

ဆရာတော်ဘုရား …“ တပည့်တော်မှာက သားရေး၊ သမီးရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးတွေ လုပ်နေရတော့ မအားဘူး ဘုရား။

ဆရာတော်ရဲ့တရားတွေကလည်း ကောင်းပါတယ်ဘုရား ခလေးတွေကြီးပြင်းပြီးသူ့ဟာနဲ့ သူအဆင်ပြေပြေနဲ့ နေနိုင်ကြတော့မှ တပည့်တော် အားမယ်ထင်ပါတယ်ဘုရား ။

တကယ်လို့ သေခါနီးမှ တရားအားထုတ်ရင် မရဘူးလား ဘုရား ” လို့ မေးတော့ ။

ဆရာတော်က “ အေးကွာ ….မင်းမှာ မအားဘူးဆိုတော့လည်း ဒါက မင်းသဘောပဲ အားထုတ်လို့ မရဘူးလို့တော့ မပြောနိုင်ပါဘူး ငါပြောတဲ့ ဥပမာလေးကို နားထောင်လိုက်ဦး ” “ မင်းတို့အိမ်မှာ မိသားစု နေကြတယ်နော်” ။

“ တင်ပါ့ဘုရား.. မိသားစုနေကြပါတယ်”

“ မနက်စာထမင်းကို ဘယ်အချိန်စားကြသလဲ ? ” “ ၁၂ နာရီ လောက်မှာ မိသားစုအားလုံး စုပြီးစားကြပါတယ် ”။

“ ဒါဆိုရင် ၁၂ နာရီ မထိုးခင် အချိန်လေးမှာ ကပ်ပြီး ထမင်းချက်စားကြတာလား ? ”

“ မဟုတ်ပါဘူး ဘုရား တပည့်တော် အိမ်ရှင်မက မနက် မိုးလင်းတာနဲ့ စားသောက်ဖို့အတွက် မီးဖိုနားမှာ ချွေးတစ်လုံးလုံးနဲ့ ချက်ပြုတ်နေရပါတယ် ဘုရား။

စားခါနီးတောင် ချက်ပြုတ်မပြီးသေးပါ ဘုရား စားခါနီးမှ ချက်ပြုတ်စားလို့တော့ မရနိုင်ပါ ဘုရား ဟင်းတွေကလည်း မနူးမနပ် ဖြစ်မှာပါ ဘုရား ”။

“ အဲဒီအတိုင်းပဲ.. တရားဓမ္မကို သေခါနီးမှ ကပ်လုပ်ရင် မနူးမနပ်ဘူးပေါ့ တရားဓမ္မဆိုတာအချိန်ရှိတုန်းကပင် လေ့ကျင့်ယူရတယ်၊ နူးနပ်အောင် ကျင့်ကြံအားထုတ်ရတယ် ကွဲ့ ”။

ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ကျန်ရှိနေသေးတဲ့ အချိန်ကလေးကို အကျိုးရှိအောင် ကုသိုလ်စိတ်ဖြင့်နေပြီး တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်သထက် မြင့်မြတ်အောင် ကျင့်ကြံအားထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ။

Hits: 1023

တစ္ပါတ္စာ ဂမၻီယ ေဟာကိန္း

မိတ္ေဆြခုႏွစ္ရက္ သားသမီးမ်ားအတြက္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ( 16 )ရက္မွ ၊ ၾသဂုတ္လ( 23 )ရက္အထိ ( ေဆာင္ရန္ ေရွာင္ သတိျပဳရန္ႏွင့္ ယၾတာ ) တစ္ပါတ္စာ ဂမၻီယ ေဟာကိန္း

တနဂၤေႏြ သားသမီးမ်ား

အခိုက္အည့ံေတြေျပေပ်ာက္ၿပီး ကံေကာင္းသည္ထက္ေကာင္းေစရန္ ဟင္းခ်ိဳေသာက္ပုကန္လုံးတြင္ ဖေယာင္းတိုင္တစ္တိုင္ထြန္းကာ အိမ္ဘုရားကို ကပ္လွဴ ၍ လိုရာဆုကိုေတာင္းပါေလ

တနလၤာ သားသမီးမ်ား

အခိုက္အည့ံေတြေျပေပ်ာက္ၿပီး ကံေကာင္းသည္ထက္ေကာင္းေစရန္ ပုလင္းတစ္လုံးကိုေရျဖည့္၍ အနီေရာင္ပန္းတစ္ပြင့္ ထိုးစိုက္ကာ ဘုရားကပ္လွဴ ၍ လိုရာဆုကိုေတာင္းပါေလ

အဂၤါ သားသမီးမ်ား

အခိုက္အည့ံေတြေျပေပ်ာက္ၿပီး ကံေကာင္းသည္ထက္ေကာင္းေစရန္ ေၾကြပုကန္ျပားထဲတြင္ ဖေယာင္းတိုင္ဆီမိး ပူေဇာ္၍ လိုရာဆုကိုေတာင္းပါေလ

ဗုဒၶဟူး သားသမီးမ်ား

အခိုက္အည့ံေတြေျပေပ်ာက္ၿပီး ကံေကာင္းသည္ထက္ေကာင္းေစရန္ ဟင္းခတ္ပုကန္လုံးထဲတြင္ အနီေရာင္ပန္းသုံးပြင့္ ကပ္လွဴ ၍ လိုရာဆုကိုေတာင္းပါေလ

ၾကာသပေတး သားသမီးမ်ား

အခိုက္အည့ံေတြေျပေပ်ာက္ၿပီး ကံေကာင္းသည္ထက္ေကာင္းေစရန္ ေသာက္ေတာ္ေရသုံးခြက္ ဖေယာင္းတိုင္သုံးတိုင္ ကပ္လွဴ ၍ လိုရာဆုကိုေတာင္းပါေလ

ေသာၾကာ သားသမီးမ်ား

အခိုက္အည့ံေတြေျပေပ်ာက္ၿပီး ကံေကာင္းသည္ထက္ေကာင္းေစရန္ သူငယ္ခ်င္းမ်ားကို ေပါင္မုန္႔ေထာပါတ္သုတ္ ဒါနျပဳ၍ လိုရာဆုကိုေတာင္းပါေလ

စေန သားသမီးမ်ား

အခိုက္အည့ံေတြေျပေပ်ာက္ၿပီး ကံေကာင္းသည္ထက္ေကာင္းေစရန္ ကိတ္မုန္႔ႏွစ္ခ်ပ္ ဖေယာင္းတိုင္ႏွစ္တိုင္ ကပ္လွဴ ၍ လိုရာဆုကိုေတာင္းပါေလ

ခုႏွစ္ရက္သားသမီးမ်ား ကံ ဥာဏ္ ဝီရိယ သုံးခ်က္လုံး အားေကာင္း၍ ႀကံတိုင္းေအာင္၍ ေဆာင္တိုင္းေျမာက္ၾကပါေစေသာဝ္

Hits: 744

မနာလိုစိတ္ေၾကာင့္ အိမ္သာက်င္း၌ ၿပိတၱာျဖစ္သြားသည့္ ဆရာဘုန္းႀကီးႏွင့္ဒကာ

Zawgyi

ျမတ္စြာဘုရား လက္ထက္ေတာ္ကာလက ေက်ာင္းဒကာတစ္ေယာက္ဟာ သူ႔ဆရာ ဘုန္းႀကီးရဲ႕စကားကို ယံုၾကည္ၿပီး ရဟန္းေကာင္းေတြကို ဆဲေရးျပစ္မွားတဲ့အတြက္ ေသတဲ့ အခါမွာ သူ႔ေက်ာင္းက ဝစၥကုဋီ (အိမ္သာ) က်င္းထဲမွာၿပိတၱာ ျဖစ္သြားတယ္။

အဲဒီ ၿပိတၱာကို အ႐ွင္ေမာဂၢလႅာန္မေထရ္က ဒိဗၺစကၡဳအဘိညာဥ္နဲ႔ ေတြ႔ျမင္လို႔ ေမးျမန္းတဲ့ အခါမွာ သူ႔အျဖစ္သနစ္ေတြကို ျပန္ၾကားေလွ်ာက္ထားတယ္ ေတာ္ေတာ့္ကို ဝမ္းနည္းစရာ ေကာင္းတာဘဲ။

လူ နတ္ နိဗၺာန္ သံုးတန္ေသာခ်မ္းသာကို ရခ်င္လို႔ ေက်ာင္းေဆာက္ လႉဒါန္း ပစၥည္းေလးပါး ေထာက္ပံ့လို႔ ဆရာသမားကိုးကြယ္ရာမွာ ၿပိတၱာျဖစ္မယ့္ လမ္းကို ၾကားနာရၿပီး ရဟန္း ေကာင္းေတြကို ဆဲေရးျပစ္မွားမိတဲ့အတြက္ ။

ဝစၥကုဋီ က်င္းထဲမွာ ၿပိတၱာျဖစ္ရတယ္ ရဟန္း သာမေဏေတြ စြန္႔တဲ့ မစင္ကို စားေနရတယ္တဲ့ ေၾကာက္စရာ မေကာင္းဘူးလား။

ဒီေတာ့ တတ္သိ လိမၼာတဲ့ ပညာ႐ွိ႐ုံေနနဲ႔ မၿပီးေသးဘူး သူေတာ္ေကာင္း လကၡဏာနဲ႔ ျပည့္စံုဖို႔လည္း လိုေသးတယ္။

သူေတာ္ေကာင္းလကၡဏာက ဘာေတြလဲဆိုရင္…

(၁) သူတပါးကို ထိခိုက္နစ္နာေစႏိုင္တဲ့ မေကာင္းေသာ ကိုယ္အမႈကို မျပဳျခင္း။

(၂) ထို႔အတူမေကာင္းတဲ့ စကားကို မေျပာျခင္း။

(၃) သူတပါးအား အက်ိဳးမဲ့ ျဖစ္ေစႏိုင္တဲ့ မေကာင္းေသာ အၾကံကို မၾကံျခင္းဆိုတဲ့ ဒီသံုးပါးဟာ သူေတာ္ေကာင္းလကၡဏာ ပါဘဲ။

သူေတာ္ေကာင္းလကၡဏာနဲ႔ ျပည့္စံုတဲ့ ပညာ႐ွိ ရဟန္းပုဂၢိဳလ္ လူပုဂၢိဳလ္ေတြကို မွီဝဲ ဆည္းကပ္ရရင္ သူေတာ္ေကာင္း တရားကို ၾကားနာရတယ္။

ဆရာသမား အေပါင္းအသင္း မိတ္ေဆြ မေကာင္းရင္ေတာ့ အကုသိုလ္ ျဖစ္တတ္တယ္ လူမိုက္တရား နည္းလမ္းမွားေတြကို ၾကားနာရရင္လည္း အကုသိုလ္ ျဖစ္တတ္တယ္။

ခုတင္က ေျပာခဲ့တဲ့ ေက်ာင္းဒကာ ၿပိတၱာရဲ႕ျဖစ္ပံုကိုသာ ၾကည့္ေပေတာ့ သူ႔ထက္ သူ႔ဆရာ ဘုန္းႀကီးက သာၿပီး ဆိုးေသးတယ္။

အဲဒီဘုန္းႀကီးက ရဟန္းေကာင္းေတြကို ဆဲေရးဖို႔ သူ႔ဒကာကို ခိုင္းခဲ့တယ္ ဒါေၾကာင့္ ၿပိတၱာ ျဖစ္တဲ့အခါမွာ အဲဒီ ဝစၥကုဋီက်င္းထဲမွာ ေက်ာင္းဒကာၿပိတၱာရဲ႕ေအာက္ကေနရတယ္။

ေက်ာင္းဒကာၿပိတၱာက စြန္႔ထုတ္လိုက္တဲ့ မစင္ကို အဲဒီ ကိုယ္ေတာ္ျမတ္ ၿပိတၱာက စားရသတဲ့ ဘယ္ေလာက္ ေၾကာက္စရာ ေကာင္းသလဲ။

ဆဲေရးဖို႔ တိုက္တြန္းတုန္းကေတာ့ မိမိရဲ႕ ဘုန္းတန္ခိုးဂုဏ္သိန္ ေကာင္းစား ခ်မ္းသာေရးကို ေမွ်ာ္ကိုးၿပီး ေစခိုင္းလိုက္တာဘဲ အဲဒီကံေၾကာင့္ ၿပိတၱာဘဝ ဒုကၡနဲ႔ေတြ႔ရတဲ့ အခါမွာ မိမိရဲ႕ ရည္ရြယ္ခ်က္နဲ႔ ေျပာင္းျပန္ ျဖစ္ေနတယ္။

အကုသိုလ္ကံဟာ အင္မတန္ ေၾကာက္စရာ ေကာင္းပါတယ္ (က်မ္းကိုး – ေက်းဇူးေတာ္႐ွင္ မဟာစည္ဆရာေတာ္ဘုရားႀကီး၏ ပဋိစၥသမုပၸါဒ္တရားေတာ္ႀကိ္ီး ပထမတြဲ)

Unicode

မနာလိုစိတ်ကြောင့် အိမ်သာကျင်း၌ ပြိတ္တာဖြစ်သွားသည့် ဆရာဘုန်းကြီးနှင့်ဒကာ

မြတ်စွာဘုရား လက်ထက်တော်ကာလက ကျောင်းဒကာတစ်ယောက်ဟာ သူ့ဆရာ ဘုန်းကြီးရဲ့စကားကို ယုံကြည်ပြီး ရဟန်းကောင်းတွေကို ဆဲရေးပြစ်မှားတဲ့အတွက် သေတဲ့ အခါမှာ သူ့ကျောင်းက ဝစ္စကုဋီ (အိမ်သာ) ကျင်းထဲမှာပြိတ္တာ ဖြစ်သွားတယ်။

အဲဒီ ပြိတ္တာကို အရှင်မောဂ္ဂလ္လာန်မထေရ်က ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ တွေ့မြင်လို့ မေးမြန်းတဲ့ အခါမှာ သူ့အဖြစ်သနစ်တွေကို ပြန်ကြားလျှောက်ထားတယ် တော်တော့်ကို ဝမ်းနည်းစရာ ကောင်းတာဘဲ။

လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ရချင်လို့ ကျောင်းဆောက် လှူဒါန်း ပစ္စည်းလေးပါး ထောက်ပံ့လို့ ဆရာသမားကိုးကွယ်ရာမှာ ပြိတ္တာဖြစ်မယ့် လမ်းကို ကြားနာရပြီး ရဟန်း ကောင်းတွေကို ဆဲရေးပြစ်မှားမိတဲ့အတွက် ။

ဝစ္စကုဋီ ကျင်းထဲမှာ ပြိတ္တာဖြစ်ရတယ် ရဟန်း သာမဏေတွေ စွန့်တဲ့ မစင်ကို စားနေရတယ်တဲ့ ကြောက်စရာ မကောင်းဘူးလား။

ဒီတော့ တတ်သိ လိမ္မာတဲ့ ပညာရှိရုံနေနဲ့ မပြီးသေးဘူး သူတော်ကောင်း လက္ခဏာနဲ့ ပြည့်စုံဖို့လည်း လိုသေးတယ်။

သူတော်ကောင်းလက္ခဏာက ဘာတွေလဲဆိုရင်…

(၁) သူတပါးကို ထိခိုက်နစ်နာစေနိုင်တဲ့ မကောင်းသော ကိုယ်အမှုကို မပြုခြင်း။

(၂) ထို့အတူမကောင်းတဲ့ စကားကို မပြောခြင်း။

(၃) သူတပါးအား အကျိုးမဲ့ ဖြစ်စေနိုင်တဲ့ မကောင်းသော အကြံကို မကြံခြင်းဆိုတဲ့ ဒီသုံးပါးဟာ သူတော်ကောင်းလက္ခဏာ ပါဘဲ။

သူတော်ကောင်းလက္ခဏာနဲ့ ပြည့်စုံတဲ့ ပညာရှိ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်တွေကို မှီဝဲ ဆည်းကပ်ရရင် သူတော်ကောင်း တရားကို ကြားနာရတယ်။

ဆရာသမား အပေါင်းအသင်း မိတ်ဆွေ မကောင်းရင်တော့ အကုသိုလ် ဖြစ်တတ်တယ် လူမိုက်တရား နည်းလမ်းမှားတွေကို ကြားနာရရင်လည်း အကုသိုလ် ဖြစ်တတ်တယ်။

ခုတင်က ပြောခဲ့တဲ့ ကျောင်းဒကာ ပြိတ္တာရဲ့ဖြစ်ပုံကိုသာ ကြည့်ပေတော့ သူ့ထက် သူ့ဆရာ ဘုန်းကြီးက သာပြီး ဆိုးသေးတယ်။

အဲဒီဘုန်းကြီးက ရဟန်းကောင်းတွေကို ဆဲရေးဖို့ သူ့ဒကာကို ခိုင်းခဲ့တယ် ဒါကြောင့် ပြိတ္တာ ဖြစ်တဲ့အခါမှာ အဲဒီ ဝစ္စကုဋီကျင်းထဲမှာ ကျောင်းဒကာပြိတ္တာရဲ့အောက်ကနေရတယ်။

ကျောင်းဒကာပြိတ္တာက စွန့်ထုတ်လိုက်တဲ့ မစင်ကို အဲဒီ ကိုယ်တော်မြတ် ပြိတ္တာက စားရသတဲ့ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ။

ဆဲရေးဖို့ တိုက်တွန်းတုန်းကတော့ မိမိရဲ့ ဘုန်းတန်ခိုးဂုဏ်သိန် ကောင်းစား ချမ်းသာရေးကို မျှော်ကိုးပြီး စေခိုင်းလိုက်တာဘဲ အဲဒီကံကြောင့် ပြိတ္တာဘဝ ဒုက္ခနဲ့တွေ့ရတဲ့ အခါမှာ မိမိရဲ့ ရည်ရွယ်ချက်နဲ့ ပြောင်းပြန် ဖြစ်နေတယ်။

အကုသိုလ်ကံဟာ အင်မတန် ကြောက်စရာ ကောင်းပါတယ် (ကျမ်းကိုး – ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး ပထမတွဲ)

Hits: 476

ဆရာေတာ္ဦးကဝိႏွင့္အနာဂါမ္ ေဒၚေငြဘုံ တုိ႔၏ အေမးအေျဖ

Zawgyi

အနာဂါမ္ ေဒၚေငြဘုံ ဟုေက်ာ္ၾကားေနသူ မင္းကြန္းဆရာေတာ္၏ တပည့္မ တေယာက္ သည္ ေမာင္ရင္ေပၚ ေခ်ာက္တြင္ တရားေပါက္၍ ရဟန္းကိစၥၿပီးေသာ ပုဂၢဳိလ္တပါး႐ွိေၾကာင္း ၾကားသိရသည္ႏွင့္ ။

ဟုတ္မဟုတ္ စုံစမ္းလုိသျဖင့္ ဆရာေတာ္ဦးကဝိိ သီတင္းသုံးေနရာ ေမာင္ရင္ေပၚေခ်ာက္သုိ႔ လာေရာက္ေလသည္ ဆရာေတာ္၏ တပည့္မ်ားသည္ ဆရာေတာ္ႏွင့္ ေဒၚေငြဘုံတုိ႔၏ အေမးအေျဖမ်ားကုိ ၾကားနာလုိေဇာႏွင့္ ။

ေမာင္ရင္ေပၚေခ်ာက္ေက်ာင္းသုိ႔ လာေရာက္ စု႐ုံးေနၾကေလသည္၊ဆရာေတာ္ဦးကဝိ၏ ထံေမွာက္သုိ႔ ေဒၚေငြဘုံ ေမးျမန္းေလ်ွာက္ ထားရန္ ေရာက္႐ွိလာေသာအခါ ဆရာေတာ္ကပင္ စတင္၍ ။

ပရိကံမွ မဂ္က်သည္အထိ သဘာဝက်က် ႏွင့္ အမိန္႔႐ွိေတာ့မူသည့္ျပင္ ေဒၚေငြဘုံ ဆက္လက္ေမးေလ်ွာက္မည့္တ ရားအခ်က္အလက္ မ်ားကုိပါ တခုမက်န္ႀကိဳတင္ ေျဖဆုိေတာ္ မူေလသည္ ။

ထုိအခါေဒၚေငြဘုံက အ႐ွင္ဘုရား၏တရားက်င့္စဥ္လမ္းတေလ်ွာက္လုံးတြင္.” သတိ ” ကုိအဓိကထားျခင္းသည္ သဘာဝက်လွပါသည္ဘုရားဟု ေလ်ွာက္ထားလွ်က္ ” ဒါမွ ငါ့သား-ဒါမွ ငါ့သား ” ဟုလက္ခေမာင္းခတ္ခါ ထခုန္သည္ႏွင့္ ဆရာေတာ္ဦးကဝိက ” ။

သား-ေတာ္ခ်င္ရင္ ေကြၽးမွ အေမေတာ္မွာ ” ဟုျပန္လည္အမိန္႔႐ွိေတာ္မူေလသည္ ေဒၚေငြဘုံသည္ ေနာက္တေန႔ေက်ာင္းတြင္း႐ွိသံဃာေတာ္မ်ားအား ဆြမ္းကပ္လႉဒါန္း၍ သာဓုအႏုေမာဒနာျပဳ ၿပီးမွ ျပန္သြားေလသည္။

မွတ္ခ်က္➡( သူက ငါ့ထံကုိ ခ်က္ခ်င္းမလာဘဲ ေက်ာင္းဝုိင္းထဲက ဇရပ္တခုမွာ တဲခုိၿပီးစုံစမ္းေနတုန္း ငါက အဓိ႒ာန္ျပဳ ၿပီး သူေမးမဲ့ ပုစၦာေတြကုိ အာ႐ုံျပဳ ထားၿပီးျဖစ္ေလေတာ့ ၾကဳိတင္ ေျဖဆုိႏိုင္တာေပါ့ ။

သူေမးမဲ့ဟာေတြဟာ မေခလွဘူး သဘာဝ က်လွတယ္ စာလဲတတ္တယ္ ဝတ္စားေနပုံဟာသပ္သပ္ ရပ္ရပ္နဲ႔တည္ၾကည္တဲ့အမူအရာ ႐ွိတယ္ဟု ေဒၚေငြဘုံကုိ ခ်ီးမြမ္းေတာ္မူခဲ့ဘူးတယ္ ။

အေမးႏွင့္ အေျဖ

အ႐ွိကုိၾကဥ္၊မ႐ွိတာကုိျမင္တတ္သည့္ ပုထုဇဥ္အကန္း ?

အ႐ွိကုိၾကဥ္ဆုိတာ ဘာလဲလုိ႔ေမးတယ္ဆုိပါေတာ့ ပရမတၳနယ္မွာ ႐ုပ္နာမ္ႏွစ္ပါးဘဲ႐ွိတယ္ မဟုတ္လား မွန္လွပါဘုရား၊အဲ အမွန္႐ွိ တကယ္႐ွိတဲ့ ႐ုပ္ နာမ္ႏွစ္ပါးကုိေတာ့ သိေအာင္ ျမင္ေအာင္မၾကဳိးစားၾကဘဲ ။

အျပင္ျဖစ္တဲ့ေျခ လက္ ႏွာေခါင္းမွစ၍ မွတ္သိ ပညတ္ျဖစ္တဲ့ လူ နတ္ ျဗဟၼာ သတၱဝါေတြကုိသာ အာ႐ုံျပဳ ၾကသျဖင့္ ” အ႐ွိကုိၾကဥ္ မ႐ွိတာကုိ ျမင္တတ္တဲ့ပုထုဇဥ္ကန္း” လုိ႔ဆုိတယ္။

မခံသာ မွန္ပါဘိ သည္တရား၊ခံသာလ်ွင္ သံသရာေၾကာ ေမ်ာလိမ့္အမ်ား ?

မခံသာမွန္ပါဘိ သည္တရားဆုိတာ တရားအားထုတ္ေနတဲ့ ေယာဂီပုဂၢဳိလ္မ်ားမွာ ေဝဒနာေတြ ျဖစ္ေပၚလာၿပီး ခံေနၾကရတယ္ ၎ေဝဒနာကုိ မခံသာဘူး အဲဒီ မခံသာတာကုိဘဲ တရားစစ္ တရားမွန္ လုိ႔ဆုိတယ္ ျဖစ္ေပၚလာတဲ့ေဝဒနာကုိ ခံသာေအာင္ ။

ဣရိယာပုတ္ကုိ ဖ်က္ပစ္လုိက္ေတာ့ ခံသာၿပီးသက္သာေနတယ္ ခံသာၿပီးသက္သာေနေတာ့ မိမိစိတ္က ေရာက္ခ်င္ရာေရာက္ ၾကံခ်င္ရာၾကံၿပီးသံသရာေၾကာမွာ ေမ်ာပါသြားတာေၾကာင့္ သံသရာေၾကာမွာ ေမ်ာလိမ့္အမ်ာလုိ႔ဆုိတယ္။

ေသာတာပန္ဖုိလ္ႏွစ္ခု၊ ဟုိအမႈလုိေသးတယ္၊အနာဂါမ္ ဖုိလ္ကုိ ကူးကာမွ ၊ႏွစ္ကုိယ္ပူးကြာေတာ့တယ္ ?

ဆုိတာက ေသာတာပန္ သကဒါဂါမ္ ပုဂၢဳိလ္ေတြဟာ ကာမရာဂကုိ မပယ္ေသး၍ အိမ္ၾကဳိ အိမ္ၾကား မွာ႐ွိေသးတယ္လုိ႔ဆုိတယ္ ။

အနာဂါမ္ဖုိလ္ကုိ ကူးကာမွ ႏွစ္ကုိ္ယ့္ပူးကြာေတာ့တယ္ဆုိတာ အနာဂါမ္ဖုိလ္က်မ ကာမရာဂ ပယ္ၿပီးျဖစ္၍ အိမ္ႀကိဳ အိမ္ၾကားမွ လြတ္တယ္လုိ႔ဆုိတယ္ ။

ပညတ္ ပရမတ္ ကြဲသည္မွတ္ ၊သူျမတ္ မဆုိသာ ပညတ္ ပရမတ္ တြဲသည္မွတ္၊ သူျမတ္ မဆုိသာ ပညတ္ ပရမတ္ ႏွစ္ခုစပ္၊ သိတတ္သူမွ ျမတ္။

ေသေလးပါး ႐ွင္ေလးပါး

မဂ္ကအေသ ဖုိလ္ကအ႐ွင္၊ေသာတာပတၱိမဂ္၊ သကဒါဂါမိမဂ္၊ အနာဂါမိမဂ္၊ အရဟတၱမဂ္ တုိ႔သည္ တႀကိမ္သာ ျဖစ္ၾက၍ ႏွစ္ႀကိမ္ထပ္မံ မျဖစ္ၾကျခင္းေၾကာင့္ အေသ လုိ႔ေခၚတယ္။

ေသာတာပတၱိဖုိလ္ သကဒါဂါမိဖုိလ္ အနာဂါမိဖုိလ္ အရဟတၱဖုိလ္တုိ႔သည္ အလုိ႐ွိ၍ ဝင္စားတုိင္းအေၾကာင္းညီၫြတ္သည့္အခါျဖစ္ႏိုင္ေသာ အေၾကာင္းမ်ားေၾကာင့္ အ႐ွင္ လုိ႔ေခၚတယ္။

ေတ့ဆက္ ခ်ိပ္ဆက္ ကြင္းဆက္ ဆုိသည္ ကား

ပုထုဇဥ္တုိ႔၏ သဒၶါသည္ မခုိင္ျမဲေသာေၾကာင့္➡ေတ့ဆက္လုိ႔ေခၚတယ္။

အရိယာတုိ႔၏ သဒၶါသည္ ခုိင္ျမဲေလေသာေၾကာင့္➡ ခ်ိပ္ဆက္လုိ႔ေခၚတယ္။

ျမတ္စြာဘုရား႐ွင္တုိ႔၏သဒၶါသည္ ပုိမုိခုိင္ျမဲေလေသာေၾကာင့္ ကြင္းဆက္လုိ႔ေခၚတယ္။

သာသနာ အထက္ဆန္

ဆုိသည္မွာ သမထ ဝိပႆ နာတရားအားထုတ္ေသာ ေယာဂီပုဂၢဳိလ္သည္ ေသာတာပတၱိမဂ္က် ၿပီးေနာက္ ေအာက္သုိ႔ျပန္မလည္ေတာ့ဘဲ ။

သကဒါဂါမ္မွ အနာဂါမ္၊ အနာဂါမ္မွ ရဟႏၱာသုိ႔ တဆင့္မွတဆင့္ ဆင့္ကဲဆင့္ကဲ တက္ သြားျခင္းသည္ သာသနာအထက္သုိ႔ ဆန္တယ္လုိ႔ေခၚတယ္။

ငါးေပါက္မွားေတာ့ ငါးပါးေမွာက္တတ္တယ္

မလွခ်င္နဲ႔ မေခ်ာခ်င္နဲ႔ ပစၥည္းမေပါခ်င္နဲ႔ ဂုဏ္မႀကီးခ်င္နဲ႔ ၾကပ္ၾကပ္လွ ၾကပ္ၾကပ္ေခ်ာ ၾကပ္ၾကပ္ပစၥည္းေပါၿပီး ၾကပ္ၾကပ္ဂုဏ္ႀကီးလ်ွင္ ၾကပ္ၾကပ္ဒုကၡေရာက္တတ္တယ္၊

မ်က္စိအလုိလဲမလုိက္နဲ႔ နားအလုိလဲမလုိက္နဲ႔ ႏွာေခါင္းအလုိလဲမလုိက္နဲ႔ လ်ွာအလုိလဲမလုိက္နဲ႔ ခနၶာကုိယ္အလုိလဲမလုိက္ၾကနဲ႔ အလုိလုိက္မွျဖင့္အမုိက္ေစာ္ကားတတ္တယ္ ။

ဘယ္လုိမ်ားအမုိက္ေစာ္ကားပါသလဲဆုိရင္ အဲဒီမ်က္စိ နား ႏွာ ေခါင္း လ်ွာ ခႏၶာကုိယ္ အလုိလုိက္မိေတာ့ အဲဒီငါးေပါက္ေၾကာင့္မွားေလေတာ့တာဘဲ ။

ကုိယ့္အလုိမျပည့္စုံလုိ႔ စိတ္ဒုကၡအမ်ိဳးမိ်ဳးေရာက္ ခဲ့ၾကတာေတြ႐ွိၾကလိမ့္မယ္ အဲဒီဟာ ငါးေပါက္ မွားလုိ့ရတဲ့ အက်ိဳးတရားေတြေပါ့။

Unicode

ဆရာတော်ဦးကဝိနှင့်အနာဂါမ် ဒေါ်ငွေဘုံ တို့၏ အမေးအဖြေ

အနာဂါမ် ဒေါ်ငွေဘုံ ဟုကျော်ကြားနေသူ မင်းကွန်းဆရာတော်၏ တပည့်မ တယောက် သည် မောင်ရင်ပေါ် ချောက်တွင် တရားပေါက်၍ ရဟန်းကိစ္စပြီးသော ပုဂ္ဂိုလ်တပါးရှိကြောင်း ကြားသိရသည်နှင့် ။

ဟုတ်မဟုတ် စုံစမ်းလိုသဖြင့် ဆရာတော်ဦးကဝိ သီတင်းသုံးနေရာ မောင်ရင်ပေါ်ချောက်သို့ လာရောက်လေသည် ဆရာတော်၏ တပည့်များသည် ဆရာတော်နှင့် ဒေါ်ငွေဘုံတို့၏ အမေးအဖြေများကို ကြားနာလိုဇောနှင့် ။

မောင်ရင်ပေါ်ချောက်ကျောင်းသို့ လာရောက် စုရုံးနေကြလေသည်၊ဆရာတော်ဦးကဝိ၏ ထံမှောက်သို့ ဒေါ်ငွေဘုံ မေးမြန်းလျှောက် ထားရန် ရောက်ရှိလာသောအခါ ဆရာတော်ကပင် စတင်၍ ။

ပရိကံမှ မဂ်ကျသည်အထိ သဘာဝကျကျ နှင့် အမိန့်ရှိတော့မူသည့်ပြင် ဒေါ်ငွေဘုံ ဆက်လက်မေးလျှောက်မည့်တ ရားအချက်အလက် များကိုပါ တခုမကျန်ကြိုတင် ဖြေဆိုတော် မူလေသည် ။

ထိုအခါဒေါ်ငွေဘုံက အရှင်ဘုရား၏တရားကျင့်စဉ်လမ်းတလျှောက်လုံးတွင်.” သတိ ” ကိုအဓိကထားခြင်းသည် သဘာဝကျလှပါသည်ဘုရားဟု လျှောက်ထားလျှက် ” ဒါမှ ငါ့သား-ဒါမှ ငါ့သား ” ဟုလက်ခမောင်းခတ်ခါ ထခုန်သည်နှင့် ဆရာတော်ဦးကဝိက ” ။

သား-တော်ချင်ရင် ကျွေးမှ အမေတော်မှာ ” ဟုပြန်လည်အမိန့်ရှိတော်မူလေသည် ဒေါ်ငွေဘုံသည် နောက်တနေ့ကျောင်းတွင်းရှိသံဃာတော်များအား ဆွမ်းကပ်လှူဒါန်း၍ သာဓုအနုမောဒနာပြု ပြီးမှ ပြန်သွားလေသည်။

မှတ်ချက်➡( သူက ငါ့ထံကို ချက်ချင်းမလာဘဲ ကျောင်းဝိုင်းထဲက ဇရပ်တခုမှာ တဲခိုပြီးစုံစမ်းနေတုန်း ငါက အဓိဋ္ဌာန်ပြု ပြီး သူမေးမဲ့ ပုစ္ဆာတွေကို အာရုံပြု ထားပြီးဖြစ်လေတော့ ကြိုတင် ဖြေဆိုနိုင်တာပေါ့ ။

သူမေးမဲ့ဟာတွေဟာ မခေလှဘူး သဘာဝ ကျလှတယ် စာလဲတတ်တယ် ဝတ်စားနေပုံဟာသပ်သပ် ရပ်ရပ်နဲ့တည်ကြည်တဲ့အမူအရာ ရှိတယ်ဟု ဒေါ်ငွေဘုံကို ချီးမွမ်းတော်မူခဲ့ဘူးတယ် ။

အမေးနှင့် အဖြေ

အရှိကိုကြဉ်၊မရှိတာကိုမြင်တတ်သည့် ပုထုဇဉ်အကန်း ?

အရှိကိုကြဉ်ဆိုတာ ဘာလဲလို့မေးတယ်ဆိုပါတော့ ပရမတ္ထနယ်မှာ ရုပ်နာမ်နှစ်ပါးဘဲရှိတယ် မဟုတ်လား မှန်လှပါဘုရား၊အဲ အမှန်ရှိ တကယ်ရှိတဲ့ ရုပ် နာမ်နှစ်ပါးကိုတော့ သိအောင် မြင်အောင်မကြိုးစားကြဘဲ ။

အပြင်ဖြစ်တဲ့ခြေ လက် နှာခေါင်းမှစ၍ မှတ်သိ ပညတ်ဖြစ်တဲ့ လူ နတ် ဗြဟ္မာ သတ္တဝါတွေကိုသာ အာရုံပြု ကြသဖြင့် ” အရှိကိုကြဉ် မရှိတာကို မြင်တတ်တဲ့ပုထုဇဉ်ကန်း” လို့ဆိုတယ်။

မခံသာ မှန်ပါဘိ သည်တရား၊ခံသာလျှင် သံသရာကြော မျောလိမ့်အများ ?

မခံသာမှန်ပါဘိ သည်တရားဆိုတာ တရားအားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ်များမှာ ဝေဒနာတွေ ဖြစ်ပေါ်လာပြီး ခံနေကြရတယ် ၎င်းဝေဒနာကို မခံသာဘူး အဲဒီ မခံသာတာကိုဘဲ တရားစစ် တရားမှန် လို့ဆိုတယ် ဖြစ်ပေါ်လာတဲ့ဝေဒနာကို ခံသာအောင် ။

ဣရိယာပုတ်ကို ဖျက်ပစ်လိုက်တော့ ခံသာပြီးသက်သာနေတယ် ခံသာပြီးသက်သာနေတော့ မိမိစိတ်က ရောက်ချင်ရာရောက် ကြံချင်ရာကြံပြီးသံသရာကြောမှာ မျောပါသွားတာကြောင့် သံသရာကြောမှာ မျောလိမ့်အမျာလို့ဆိုတယ်။

သောတာပန်ဖိုလ်နှစ်ခု၊ ဟိုအမှုလိုသေးတယ်၊အနာဂါမ် ဖိုလ်ကို ကူးကာမှ ၊နှစ်ကိုယ်ပူးကွာတော့တယ် ?

ဆိုတာက သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တွေဟာ ကာမရာဂကို မပယ်သေး၍ အိမ်ကြို အိမ်ကြား မှာရှိသေးတယ်လို့ဆိုတယ် ။

အနာဂါမ်ဖိုလ်ကို ကူးကာမှ နှစ်ကိုယ့်ပူးကွာတော့တယ်ဆိုတာ အနာဂါမ်ဖိုလ်ကျမ ကာမရာဂ ပယ်ပြီးဖြစ်၍ အိမ်ကြို အိမ်ကြားမှ လွတ်တယ်လို့ဆိုတယ် ။

ပညတ် ပရမတ် ကွဲသည်မှတ် ၊သူမြတ် မဆိုသာ ပညတ် ပရမတ် တွဲသည်မှတ်၊ သူမြတ် မဆိုသာ ပညတ် ပရမတ် နှစ်ခုစပ်၊ သိတတ်သူမှ မြတ်။

သေလေးပါး ရှင်လေးပါး

မဂ်ကအသေ ဖိုလ်ကအရှင်၊သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် တို့သည် တကြိမ်သာ ဖြစ်ကြ၍ နှစ်ကြိမ်ထပ်မံ မဖြစ်ကြခြင်းကြောင့် အသေ လို့ခေါ်တယ်။

သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ် အနာဂါမိဖိုလ် အရဟတ္တဖိုလ်တို့သည် အလိုရှိ၍ ဝင်စားတိုင်းအကြောင်းညီညွတ်သည့်အခါဖြစ်နိုင်သော အကြောင်းများကြောင့် အရှင် လို့ခေါ်တယ်။

တေ့ဆက် ချိပ်ဆက် ကွင်းဆက် ဆိုသည် ကား

ပုထုဇဉ်တို့၏ သဒ္ဓါသည် မခိုင်မြဲသောကြောင့်➡တေ့ဆက်လို့ခေါ်တယ်။

အရိယာတို့၏ သဒ္ဓါသည် ခိုင်မြဲလေသောကြောင့်➡ ချိပ်ဆက်လို့ခေါ်တယ်။

မြတ်စွာဘုရားရှင်တို့၏သဒ္ဓါသည် ပိုမိုခိုင်မြဲလေသောကြောင့် ကွင်းဆက်လို့ခေါ်တယ်။

သာသနာ အထက်ဆန်

ဆိုသည်မှာ သမထ ဝိပဿ နာတရားအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ကျ ပြီးနောက် အောက်သို့ပြန်မလည်တော့ဘဲ ။

သကဒါဂါမ်မှ အနာဂါမ်၊ အနာဂါမ်မှ ရဟန္တာသို့ တဆင့်မှတဆင့် ဆင့်ကဲဆင့်ကဲ တက် သွားခြင်းသည် သာသနာအထက်သို့ ဆန်တယ်လို့ခေါ်တယ်။

ငါးပေါက်မှားတော့ ငါးပါးမှောက်တတ်တယ်

မလှချင်နဲ့ မချောချင်နဲ့ ပစ္စည်းမပေါချင်နဲ့ ဂုဏ်မကြီးချင်နဲ့ ကြပ်ကြပ်လှ ကြပ်ကြပ်ချော ကြပ်ကြပ်ပစ္စည်းပေါပြီး ကြပ်ကြပ်ဂုဏ်ကြီးလျှင် ကြပ်ကြပ်ဒုက္ခရောက်တတ်တယ်၊

မျက်စိအလိုလဲမလိုက်နဲ့ နားအလိုလဲမလိုက်နဲ့ နှာခေါင်းအလိုလဲမလိုက်နဲ့ လျှာအလိုလဲမလိုက်နဲ့ ခန္ဓာကိုယ်အလိုလဲမလိုက်ကြနဲ့ အလိုလိုက်မှဖြင့်အမိုက်စော်ကားတတ်တယ် ။

ဘယ်လိုများအမိုက်စော်ကားပါသလဲဆိုရင် အဲဒီမျက်စိ နား နှာ ခေါင်း လျှာ ခန္ဓာကိုယ် အလိုလိုက်မိတော့ အဲဒီငါးပေါက်ကြောင့်မှားလေတော့တာဘဲ ။

ကိုယ့်အလိုမပြည့်စုံလို့ စိတ်ဒုက္ခအမျိုးမျိုးရောက် ခဲ့ကြတာတွေရှိကြလိမ့်မယ် အဲဒီဟာ ငါးပေါက် မှားလို့ရတဲ့ အကျိုးတရားတွေပေါ့။

Hits: 749

သင့္ကိုယ္သင္ တကယ္ဂရုစိုက္တယ္ဆိုရင္

Zawgyi

၁ ~ သင့္နွလံုးကို တကယ္ဂရုစိုက္တယ္ဆိုရင္ အငံေလွ်ာ့စားပါ။

၂ ~ သင့္ဓမၼတာလာတဲ့အခါ တကယ္ဂရုစိုက္တယ္ဆိုရင္ ပဲစိမ္း စားေပးပါ (green beans to stop the period) ရပ္ခ်င္ရင္စားတာပါ။

၃ ~ သင့္ဆီးလမ္းေၾကာင္းကို တကယ္ဂရုစိုက္တယ္ဆိုရင္ ၾကက္သြန္နီကို အစိမ္းစားသံုးေပးပါ။

၄ ~ သင့္ေက်ာက္ကပ္ကို တကယ္ဂရုစိုက္တယ္ဆိုရင္ ေန႔ခင္းဘက္မွာ ေရမ်ားမ်ားေသာက္ၿပီး၊ ညဘက္မွာ ေရေလွ်ာ့ေသာက္ပါ။

၅ ~ သင့္ႏွာေခါင္းကို တကယ္ဂရုစိုက္တယ္ဆိုရင္ ပူစီနံရြက္ကို ပံုမွန္စားသံုးေပးပါ။

၆ ~ သင့္ ေက်ာက္ကပ္ကို တကယ္ဂရုစိုက္တယ္ဆိုရင္ ညအိပ္ရာမဝင္ခင္ အေပါ့စြန္႔ပါ။

၇ ~ သင့္အသည္းကို တကယ္ဂရုစိုက္တယ္ဆုိရင္ အဝလြန္ေစမယ့္အစာေတြ စားသံုးျခင္းကို ေရွာင္ပါ။

၈ ~ သင့္ခံတြင္းကို တကယ္ဂရုစိုက္တယ္ဆိုရင္ ႏွမ္းဆီနဲ႔ ပံုမွန္ပလုတ္က်င္းပါ။

၉ ~ သင့္လည္ေခ်ာင္းကို တကယ္ဂရုစိုက္တယ္ဆုိရင္ ငရုတ္ေကာင္းကို ပံုမွန္စားသံုးေပးပါ။

၁ဝ ~ သင့္အစာအိမ္ကို တကယ္ဂရုစိုက္တယ္ဆိုရင္ အေအးစာေတြ စားသံုးျခင္းကို ေရွာင္ပါ။

၁၁ ~ သင့္အူအတက္ကို တကယ္ဂရုစိုက္တယ္ဆိုရင္ သံပုရာရည္ကို မၾကာခဏေသာက္သံုးေပးပါ။

၁၂ ~ သင့္အဆုတ္ကို တကယ္ဂရုစိုက္တယ္ဆိုရင္ ေဆးလိပ္ေသာက္ျခင္းကို ေရွာင္ပါ။

၁၃ ~ သင့္မ်က္လံုးကို တကယ္ဂရုစိုက္တယ္ဆိုရင္ အိပ္ရာမဝင္ခင္မွာ သင့္ေျခေထာက္ကို ဆီနဲ႔ႏွိပ္ႏွယ္ေပးပါ။

၁၄ ~ သင့္ဦးေႏွာက္ကို တကယ္ဂရုစိုက္တယ္ဆိုရင္ တစ္ေန႔ ရွစ္နာရီ အိပ္ပါ။

၁၅ ~ ခ်စ္ရသူေတြကို တကယ္ဂရုစိုက္တယ္ဆိုရင္ ဒီစာေစာင္ေလးကို မွ်ေဝေပးပါ။

GandaWinMagazine

Unicode

သင့်ကိုယ်သင် တကယ်ဂရုစိုက်တယ်ဆိုရင်

၁ ~ သင့်နှလုံးကို တကယ်ဂရုစိုက်တယ်ဆိုရင် အငံလျှော့စားပါ။

၂ ~ သင့်ဓမ္မတာလာတဲ့အခါ တကယ်ဂရုစိုက်တယ်ဆိုရင် ပဲစိမ်း စားပေးပါ (green beans to stop the period) ရပ်ချင်ရင်စားတာပါ။

၃ ~ သင့်ဆီးလမ်းကြောင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ကြက်သွန်နီကို အစိမ်းစားသုံးပေးပါ။

၄ ~ သင့်ကျောက်ကပ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် နေ့ခင်းဘက်မှာ ရေများများသောက်ပြီး၊ ညဘက်မှာ ရေလျှော့သောက်ပါ။

၅ ~ သင့်နှာခေါင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ပူစီနံရွက်ကို ပုံမှန်စားသုံးပေးပါ။

၆ ~ သင့် ကျောက်ကပ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် ညအိပ်ရာမဝင်ခင် အပေါ့စွန့်ပါ။

၇ ~ သင့်အသည်းကို တကယ်ဂရုစိုက်တယ်ဆိုရင် အဝလွန်စေမယ့်အစာတွေ စားသုံးခြင်းကို ရှောင်ပါ။

၈ ~ သင့်ခံတွင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် နှမ်းဆီနဲ့ ပုံမှန်ပလုတ်ကျင်းပါ။

၉ ~ သင့်လည်ချောင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ငရုတ်ကောင်းကို ပုံမှန်စားသုံးပေးပါ။

၁ဝ ~ သင့်အစာအိမ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် အအေးစာတွေ စားသုံးခြင်းကို ရှောင်ပါ။

၁၁ ~ သင့်အူအတက်ကို တကယ်ဂရုစိုက်တယ်ဆိုရင် သံပုရာရည်ကို မကြာခဏသောက်သုံးပေးပါ။

၁၂ ~ သင့်အဆုတ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။

၁၃ ~ သင့်မျက်လုံးကို တကယ်ဂရုစိုက်တယ်ဆိုရင် အိပ်ရာမဝင်ခင်မှာ သင့်ခြေထောက်ကို ဆီနဲ့နှိပ်နှယ်ပေးပါ။

၁၄ ~ သင့်ဦးနှောက်ကို တကယ်ဂရုစိုက်တယ်ဆိုရင် တစ်နေ့ ရှစ်နာရီ အိပ်ပါ။

၁၅ ~ ချစ်ရသူတွေကို တကယ်ဂရုစိုက်တယ်ဆိုရင် ဒီစာစောင်လေးကို မျှဝေပေးပါ။

GandaWinMagazine

Hits: 56

(၇)ရက္သားသမီး မိတ္ေဆြမ်ားအတြက္ တစ္ပတ္စာ ေဟာစာတမ္း

rZawgyi

မိတ္ေဆြခုႏွစ္ေန႔ဖြား မိတ္ေဆြမ်ားအတြက္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ( 15 )ရက္မွ ၊ ၾသဂုတ္လ( 21 )ရက္အထိ ( ေဆာင္ရန္ ေရွာင္ သတိျပဳရန္ႏွင့္ ယၾတာ ) တစ္ပါတ္စာဟာစာတမ္း

တနဂၤေႏြ သားသမီး

ဒီကာလဟာအေဟာင္းေတြခဏေမ့ၿပီးအသစ္ေတြစတင္ရမဲ့အခ်ိန္ပါ စိတ္ကူး သစ္၊ အေတြးသစ္ေတြရၿပီဆိုရင္ေတာ့ခ်က္ခ်င္းအေကာင္အထည္ေဖာ္လိုက္ပါ။

ဘုရားတည္ျခင္း ၊ေက်ာင္းေဆာက္ ျခင္း၊ ဘာသာေရးအခမ္းအနားက်င္းပျခင္းႏွင့္အလႉလုပ္ျခင္းေတြအတြက္အေကာင္းဆံုးကာလပါ ကုသိုလ္ေရးနဲ႔ ပက္သက္ၿပီး ေဆာင္ရြက္စရာမ်ားၾကံဳလာရင္ေတာ့ လက္မေႏွးဘဲလုပ္ကိုင္လိုက္ပါ ကံေတြျမင့္လာပါလိမ့္မယ္။

ဘာပဲလုပ္လုပ္အထစ္အေငါ့ေလးႀကံဳ ၿပီးမွ အဆင္ေျပလိမ့္မယ္ ကံအေကာင္းအဆိုးမွ်ေနတဲ့ကာလပါ မိမိလုပ္ လိုက္တဲ့ကိစၥတစ္ခုက မိခင္နဲ႔မႀကိဳက္တဲ့ကိစၥျဖစ္ေနတတ္ပါတယ္။

ကိုယ္လက္မအီမသာျဖစ္တာ အိမ္ေရးမဝတာ မ်ိဳးခံစားရလိမ့္မယ္ က်န္းမာေရး ဂရုစိုက္ပါ။အခ်စ္ေရးမွာ ေဝးေနတဲ့ ခ်စ္သူေတြအဆင္ေျပေနေပမဲ့ အေနနီးၾကတဲ့ ခ်စ္သူခ်င္းကေတာ့ နားလည္မႈလြဲေနတတ္သည္။

မိသားစုအတြင္းက်န္းမာေရးညံသူမ်ားေၾကာင့္ ဗ်ာမ်ားရတတ္ သည္ ကိစၥႀကီးငယ္ရွိက ေခါင္းေအးေအးထားၿပီး ေဆာင္႐ြက္ပါ အိမ္ေထာင္ေရးအညံ့မ်ားေနပါလိမ့္မယ္ ပညာေရး မွာ မိမိကိုယ္တိုင္ self-study လုပ္တာ မ်ိုးကပိုျပီး တတ္ေျမာက္လြယ္မွာပါ။

အက်ိဳးေပးဂဏန္း .၂၊၄၊၅ အထူးေဟာ ေဝခြဲရခက္ေနသလို ခံစားေနရတတ္သည္ ယၾတာ ဖိနပ္အေဟာင္း /အျပတ္ရွိရင္ စြန္႔လိုက္ပါ ။

တနလၤာ သားသမီး

စီးပြားကံေကာင္းေနတယ္လို႔ပဲဆိုရမွာပါ အားနည္းမႈေတြကေတာ့ စီးပြားခ်ဲ႕ခ်င္ေပမဲ့ ေငြမႏိုင္တာ ကိုယ္ကလာဘ္ျမင္ေပမဲ့ လူႀကီးေတြကတားဆီးေနတာ ကိုယ္ကလုပ္ခ်င္ေပမဲ့ အထက္လူႀကီးက လုပ္ခြင့္မေပးတာ မ်ိဳးၾကံဳရတတ္ပါတယ္။

ေငြေၾကးေခ်းငွားျခင္းမလုပ္ပါနဲ႔ ေငြအေပးအယူကိစၥ အျငင္းပြားစရာမ်ား ၾကံဳလာႏိုင္ဖြယ္ရွိေနပါတယ္ အဖြဲ႕အစည္း ၊ပရဟိတ လူမႈေရးအဖြဲ႕က ေငြေၾကးအပ္ႏွံတာမ်ိဳး ေတြလက္မခံပါနဲ႔ မည္သူတစ္ဦးတစ္ေယာက္ကိုမဆို အာမခံေပးတာ မ်ိဳးမလုပ္ပါနဲ႔။

အလုပ္မွာေအာ္ဒါေတြရ လာပါလိမ့္မယ္ မိမိက..ကတိတည္ဖို႔လိုပါတယ္ ခံစားခ်က္ကို ဦးစားမေပးဘဲ ျဖစ္သင့္တာကိုပဲအေရးေပးေဆာင္ ရြက္ပါ တစ္ခုသတိေပးခ်င္တာက တတ္ႏိုင္သမွ် ဒီကာလမွာေလာင္းကစားမလုပ္ပါနဲ႔။က်န္းမာေရးလဲအထူး ေကာင္းမည္။

အရင္ကတည္းကက်န္းမာေရးအားနည္းသူမ်ားအနာနဲ႔ေဆးေတြ႕မည္။အခ်စ္ေရးမွာ သတိထားရမွာ က မေတြ႕လိုက္နဲ ေတြ႕တာနဲ႔ စကားမ်ားရတတ္ပါတယ္။

အိမ္ေထာင္ေရးအညံ့မရွိပါ အဆင္ေျပသာယာပါလိမ့္မယ္ ပညာေရးမွာ ႀကိဳးစားေပမဲ့ စာမလိုက္ႏိုင္တာမ်ိဳးၾကံဳရပါလိ္မ့္မယ္။

အက်ိဳးေပးဂဏန္း ၆/၃/၁ အထူးေဟာ လုပ္ခ်င္တိုင္းလုပ္ခြင့္မရတဲ့ ကာလပါ ယၾတာ ဂႏၶာမာပန္း ၇ပြင့္ ဘုရားလႉပါ။

အဂၤါ သားသမီး

အၿငိမ္ေနရတာမ်ိဳး မရွိဘဲ လႈပ္လႈပ္ရွားရွားနဲ႔ပင္ပန္းရမဲ့ကာလပါပဲ အလုပ္ကိစၥ ေတြတစ္မ်ိဳးၿပီး တစ္မ်ိဳးတာဝန္ေပးျခင္းခံရပါလိမ့္မယ္ ကိုယ္ပိုင္ အလုပ္ဆိုလဲ မိမိအလုပ္အတြက္လိုအပ္တာ ဝယ္ရျခမ္းရနဲ႔ အခ်ိန္ကုန္လူပန္းရပါလိမ့္မယ္။

မိမိနဲ႔မသိေသာ တစိမ္းတရံေတြနဲ႔ အဆင္မေျပျဖစ္ရတတ္ပါတယ္ ေငြယူျခင္း ေႂကြးေတာင္းျခင္းမလုပ္ပါနဲ႔ မိသားစုအေရးကိစၥေတြအျပင္ အလုပ္ကိစၥေတြေၾကာင့္ပါ မနားမေန အလုပ္မ်ား ရတတ္ပါတယ္ ။

လူငယ္မ်ား စိတ္ေလၿပီး အိမ္မကပ္ခ်င္တာမ်ိဳးျဖစ္ေနရတတ္ပါတယ္ စိတ္ကူးထား တာ ရည္မွန္းထားတာေတြ ေျဖးေျဖးမွန္မွန္အက်ိဳးေပးပါလိမ့္မယ္ ညဥ့္နက္သည္အထိ အျပင္ထြက္တာမ်ိဳး မလုပ္ ပါနဲ႔။

မိမိအေနနဲ႔ အနားယူခ်ိန္ အလုပ္လုပ္ခ်ိန္ေတြကိုေသခ်ာပိုင္းျခားထားပါ weakျဖစ္ၿပီး က်န္းမာေရး အားနည္း သြားတတ္တဲ့ ကာလမို႔ပါ အခ်စ္ေရးအေနနဲ႔ အေကာင္းဘက္မွာရွိေနပါတယ္ ခ်စ္သူအခ်င္းခ်င္း မအားလပ္ဘဲ မေတြ႕ႏိုင္တာမ်ိဳးၾကံဳေနရတတ္တယ္။

အိမ္ေထာင္ဘက္ရဲ႕ဥေပကၡာျပဳျခင္းခံရတာမ်ိဳးေတြၾကံဳရလိမ့္မယ္ ပညာေရး မွာ စာမလိုက္ႏိုင္တာမ်ိဳးေတြ ၾကံဳရတတ္ပါတယ္ စာေမးပြဲအတြက္ စိုးရိမ္ေၾကာင့္ၾက ေနရတတ္ပါ တယ္။

အက်ိဳးေပးဂဏန္း ၃/၆/၉ အထူးေဟာ စိတ္မ်ား အလုပ္မ်ားေနရတတ္သည္ ယၾတာ ဘုရားရင္ျပင္ေတြ တန္ေဆာင္းေတြမွာတံျမက္စည္းလွဲပါ။

ဗုဒၶဟူး/ရာဟု သားသမီး

အရမ္းရင္းႏွီးတဲ့သူေတြနဲ႔ စိတ္ဝမ္းကြဲစကားမ်ားရတတ္တယ္ အထူးသျဖင့္ မိမိကိုမနာလို ၍ျပႆ နာရွာ တာ မ်ိဳးလဲျဖစ္ႏိုင္ပါတယ္ ခရီးသြားဖို႔ စီစဥ္ထားျခင္းမ်ား ရက္ေရြ႕ရတတ္ပါတယ္ ဇိမ္ခံပစၥည္းမ်ား ဝယ္ယူျခင္းမ်ိဳး မျပဳသင့္ေသးတဲ့အခ်ိန္ပါ။

အေတြးေခ်ာ္ေနတတ္တဲ့အတြက္ ဆံုးျဖတ္ခ်က္ခ်မယ္ဆို ေလာဘ ေဒါသေမာဟနည္းတဲ့ အခ်ိန္ ဆံုးျဖတ္ပါ ဒီကာလမွာ ေရႊေငြလက္ဝတ္ရတနာမ်ား ထြက္ရတတ္ပါတယ္ မိမိနဲ႔ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာ ေနတဲ့ မိတ္ေဆြေဟာင္းနဲ႔ျပန္ဆံုရတတ္ပါတယ္။

အလုပ္သစ္ စီးပြားသစ္မေကာင္းေသးပါ ယာဥ္ကားနဲ႔ ပက္သက္ ေသာလုပ္ငန္းမ်ား အရွံုးေပၚရတတ္ပါတယ္ ျပႆ နာတိုင္းကို မိမိေခါင္းေပၚမတင္ထားပါနဲ႔ မိသားစုအေရး ကိစၥ ေတြက မိမိတစ္ေယာက္ထဲပူပန္ေနလို႔ ၿငိမ္းေအးမည္မဟုတ္ပါ။

ဘာသာေရးနဲ႔ သက္ဆိုင္ေသာပစၥည္းမ်ား လက္ေဆာင္ရပါလိမ့္မယ္ က်န္းမာေရးအညံ့ႀကီးမဟုတ္ေပမဲ့ ကိုယ္လက္မအီမသာျဖစ္ရတတ္ပါတယ္ အခ်စ္ေရး ကိစၥေတြမွာ အေကာင္းအဆိုးတလွည့္ဆီျဖစ္ေနမဲ့အခ်ိန္ပါ။

အိမ္ေထာင္ေရးမွာေတာ့ ႏွစ္ဖက္ေဆြမ်ိဳးေတြေၾကာင့္ လင္မယားခ်င္းစကားမ်ားရမည္။ပညာေရးအတြက္အထူးစိတ္ခ်မ္းေျမ႕ရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၅/၉/၁ အထူးေဟာ စက္ပစၥည္းမ်ားပ်က္လြယ္မည္ ယၾတာ ရြက္လွ ၄ၫႊန္႔+ သစၥာပန္း ၆ၫႊန္႔ဘုရားလႉပါ ။

ၾကာသပေတး သားသမီး

ေပ်ာ္စရာ စိတ္ခ်မ္းေျမ႕စရာေတြ ၾကံဳရပါလိမ့္မယ္ လုပ္သမွ် အဆင္ေျပေခ်ာေမြ႕ေန တတ္တဲ့အခ်ိန္ပါ ဒါေပမဲ့ သီလရွိေအာင္ေတာ့ ေနမွအဆင္ေျပမဲ့ကာလပါပဲ အလုပ္စီးပြား လဲတိုးတတ္လာပါ လိမ့္မယ္။

လက္ကားအလုပ္မ်ား၊ ကိုယ္စားလွယ္အလုပ္မ်ား အဆင္ေျပေအာင္ျမင္မဲ့အခ်ိန္ပါ အနာဂတ္အတြက္ ႀကိဳတင္စဥ္းစားထားသည္မ်ား လက္ေတြ႕ အေကာင္အထည္ေဖာ္ႏိုင္ပါလိမ့္မယ္။

အတိတ္ကံရဲ႕ ေကာင္းက်ိဳး တရားေတြကို ခံစားရႏိုင္တဲ့ကာလျဖစ္တဲ့အတြက္ ထီကံစမ္းျခင္းမ်ိဳးျပဳသင့္ပါတယ္ အဓိ႒ာန္ဝင္ျခင္း တရားရႈမွတ္ ျခင္းေတြ ျပဳလုပ္ဖို႔အေကာင္းဆံု ကာလပါ။

အထည္၊ထီး၊ဖိနပ္ စတဲ့ စေနနံပစၥည္းေတြ ဝင္လာဖို႔ရွိေနပါတယ္ လူႀကီးသူမေတြရဲ့အကူ အညီအေထာက္အပံ့ေတြလဲအမ်ားႀကီးရႏိုင္တဲ့အခ်ိန္ပါ အလုပ္ရွာေနသူမ်ားအလုပ္ရပါလိမ့္မယ္။

မိမိကို ႏႈတ္၏ေဆာင္မျခင္း ျဖင့္ အၾကံဉာဏ္ေကာင္းေတြေပးမဲ့သူကို ၾကံဳရတတ္ပါတယ္ က်န္းမာေရးလဲ အထူးေကာင္းေနမဲ့အခ်ိန္ပါပဲ အခ်စ္ေရးကံေကာင္းပါတယ္။

ဇာတိမတူ လူမ်ိဳးမတူသူနဲ႔ ဒီကာလအတြင္းဆံုဆည္း ရတတ္ပါတယ္ အိမ္ေထာင္ေရးကေတာ့သိပ္ၿပီးအဆင္မေျပႏိုင္ေသးပါ ဘူး ပညာေရနယ္ပယ္က်ယ္ျပန္႔စြာ ေအာင္ ျမင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း -၅/၁/၂ အထူးေဟာ စိတ္ႀကိဳက္ဖန္တီးခြင့္ေတြရလာပါလိမ့္မယ္ ယၾတာ ေပါင္မုန္႔ေထာပတ္သုတ္ဘုရားကပ္ပါ

ေသာၾကာ သားသမီး

စပ္တူအလုပ္မ်ား ရွယ္ယာအလုပ္မ်ား အက်ိဳးေပးေကာင္းေနမဲ့ကာလပါ ႏိုင္ငံျခား ခရီး ရပ္ေဝးခရီးသြားဖို႔ ၾကန္႔ၾကာေနသူမ်ား ဒီကာလအတြင္းအဆင္ေျပပါလိမ့္မယ္။

ကုန္သြယ္မႈလုပ္ငန္းမ်ား ၊အေရာင္းအဝယ္အလုပ္မ်ား အက်ိဳးေပးေနမည္ ရပ္ေဝးမွသတင္းေကာင္းၾကားရမည္ ေငြကံလဲေကာင္းေနေပမဲ့ အဖတ္မတင္ဘဲကုန္သြား တတ္တဲ့ကာလပါ။

အလုပ္အကိုင္အထူးအဆင္ေျပျခင္း ၊ရာထူးတိုးျခင္း ၊ေနရာေကာင္းရျခင္းမ်ိဳး ၾကံဳရပါလိမ့္မယ္ က်န္းမာေရးအထူးေကာင္းမြန္ေနခ်ိန္ပါ။ နာတာရွည္ျဖစ္ေနသူမ်ား ဒီကာလမွာ ေဆးတိုးသြားႏိုင္ပါတယ္။

အတြင္း အုပ္စု ရန္သေဘာေဆာင္ေနျခင္းေၾကာင့္ အတူေနသူမ်ား မိသားစုဝင္မ်ားနဲ႔ စကားမ်ား စိတ္ဝမ္းကြဲတာမ်ိဳး ေတာ့ရွိပါတယ္ မိမိအဆင္ေျပေနတာကို မနာလိုဝန္တိုသူေတြလဲမ်ား ေနတတ္ပါတယ္။

ေယာက်ာ္းေလးထက္ မိန္းကေလးမ်ား စန္းပြင့္ေနတဲ့ကာလပါ အခ်စ္ေရးကံေကာင္းေပမဲ့ စိတ္ေကာက္စိတ္ဆိုးတာမ်ိဳးလဲရွိတတ္ပါတယ္။

အိမ္ေထာင္သည္မ်ား အိမ္ေထာင္ေရး ရႈပ္ေထြးမႈမ်ားၾကံဳလာႏိုင္၍ အေနအထိုင္ေတာ့ ဆင္ျခင္ပါ ပညာေရးကိစၥမ်ား အဘက္ဘက္ကအဆင္ေျပသြားပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၁/၀/၇ အထူးေဟာ အလိုဆႏၵေတြျပည့္ဝမည္ ယၾတာ သေျပပန္း လက္တစ္ဆုပ္ခန္႔ ေသာၾကာေထာင့္မွာ လႉဒါန္းလိုက္ပါ

စေန သားသမီး

ကုန္သည္မ်ား ေရာင္းမွားဝယ္မွားျဖစ္တတ္တဲ့အတြက္ သတိထားပါ ခရီးကိစၥမ်ားရွိပါက ထိုခရီးသည္ အခက္အခဲမ်ားေသာခရီးလမ္းျဖစ္ရတတ္ပါတယ္ အထိုင္စီးပြားမဟုတ္ဘဲ လႈပ္ရွားသြားလာလုပ္ကိုင္ရေသာ လုပ္ငန္းမ်ား အဆင္မေျပျဖစ္တတ္သည္။

ေအာက္လက္ငယ္သားမ်ား သားသမီးမ်ားေၾကာင့္ စိတ္ညစ္ရလိမ့္မယ္ ဒီကာလအတြင္း ထိုသူေတြကို အရာရာမ်က္ႏွာလႊဲထားတာမ်ိဳးမလုပ္ပါနဲ႔ တစိမ္းတရံေတြနဲ႔ ဆက္ဆံလုပ္ကိုင္ ရေသာ ကိစၥမ်ား သတိထားလုပ္ပါ။

အိမ္ေထာင္သည္မ်ား အႀကီးအက်ယ္စကားမ်ားရန္ျဖစ္ကိန္းရွိပါတယ္ စကား အမွားေတြေၾကာင့္ ျဖစ္တတ္တာပါ ဒါေၾကာင့္ဒီကာလအတြင္း ဘယ္သူနဲ႔ပဲစကားေျပာေျပာ အေျပာေလ်ာ့ၿပီး နားေထာင္တဲ့ဘက္ကေနတာ အေကာင္းဆံုးပါ။

ျပႆ နာေဟာင္း အမႈေဟာင္းမ်ားျပန္လည္ေျဖရွင္းရပါလိမ့္မယ္ အလုပ္ကံေကာင္းေပမဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ နားလည္မႈလြဲၿပီး စိတ္ဝမ္းကြဲရတတ္ပါတယ္။

အခ်စ္ေရးအေနနဲ႔ ခ်စ္သူရဲ႕ စိတၱဇဆန္ဆန္ အေျပာေတြ အျပဳအမူေတြေၾကာင့္စိတ္ညစ္ရတတ္ပါတယ္ ပညာေရးမွာ မရည္မွန္းထား ဘဲနဲ႔ ရလဒ္ေတြေကာင္းတာမ်ိဳးၾကံဳရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၀/၉/၆ အထူးေဟာ ကံညံ့ေနပါတယ္ ယၾတာ ထန္းလ်က္ခဲ ၁၁လံုးကို လမ္းေဘးေခြးခ်ေကၽြးပါ

ခုႏွစ္ရက္သားသမီးမ်ား ကံ ဥာဏ္ ဝီရိယ သုံးခ်က္လုံး အားေကာင္း၍ ႀကံတိုင္းေအာင္၍ ေဆာင္တိုင္းေျမာက္ၾကပါေစေသာဝ္

Unicode

(၇)ရက်သားသမီး မိတ်ဆွေများအတွက် တစ်ပတ်စာ ဟောစာတမ်း

မိတ်ဆွေခုနှစ်နေ့ဖွား မိတ်ဆွေများအတွက် ၂၀၁၉ ခုနှစ် သြဂုတ်လ ( 15 )ရက်မှ ၊ သြဂုတ်လ( 21 )ရက်အထိ ( ဆောင်ရန် ရှောင် သတိပြုရန်နှင့် ယတြာ ) တစ်ပါတ်စာဟာစာတမ်း

တနင်္ဂနွေ သားသမီး

ဒီကာလဟာအဟောင်းတွေခဏမေ့ပြီးအသစ်တွေစတင်ရမဲ့အချိန်ပါ စိတ်ကူး သစ်၊ အတွေးသစ်တွေရပြီဆိုရင်တော့ချက်ချင်းအကောင်အထည်ဖော်လိုက်ပါ။

ဘုရားတည်ခြင်း ၊ကျောင်းဆောက် ခြင်း၊ ဘာသာရေးအခမ်းအနားကျင်းပခြင်းနှင့်အလှူလုပ်ခြင်းတွေအတွက်အကောင်းဆုံးကာလပါ ကုသိုလ်ရေးနဲ့ ပက်သက်ပြီး ဆောင်ရွက်စရာများကြုံလာရင်တော့ လက်မနှေးဘဲလုပ်ကိုင်လိုက်ပါ ကံတွေမြင့်လာပါလိမ့်မယ်။

ဘာပဲလုပ်လုပ်အထစ်အငေါ့လေးကြုံ ပြီးမှ အဆင်ပြေလိမ့်မယ် ကံအကောင်းအဆိုးမျှနေတဲ့ကာလပါ မိမိလုပ် လိုက်တဲ့ကိစ္စတစ်ခုက မိခင်နဲ့မကြိုက်တဲ့ကိစ္စဖြစ်နေတတ်ပါတယ်။

ကိုယ်လက်မအီမသာဖြစ်တာ အိမ်ရေးမဝတာ မျိုးခံစားရလိမ့်မယ် ကျန်းမာရေး ဂရုစိုက်ပါ။အချစ်ရေးမှာ ဝေးနေတဲ့ ချစ်သူတွေအဆင်ပြေနေပေမဲ့ အနေနီးကြတဲ့ ချစ်သူချင်းကတော့ နားလည်မှုလွဲနေတတ်သည်။

မိသားစုအတွင်းကျန်းမာရေးညံသူများကြောင့် ဗျာများရတတ် သည် ကိစ္စကြီးငယ်ရှိက ခေါင်းအေးအေးထားပြီး ဆောင်ရွက်ပါ အိမ်ထောင်ရေးအညံ့များနေပါလိမ့်မယ် ပညာရေး မှာ မိမိကိုယ်တိုင် self-study လုပ်တာ မျိုးကပိုပြီး တတ်မြောက်လွယ်မှာပါ။

အကျိုးပေးဂဏန်း .၂၊၄၊၅ အထူးဟော ဝေခွဲရခက်နေသလို ခံစားနေရတတ်သည် ယတြာ ဖိနပ်အဟောင်း /အပြတ်ရှိရင် စွန့်လိုက်ပါ ။

တနင်္လာ သားသမီး

စီးပွားကံကောင်းနေတယ်လို့ပဲဆိုရမှာပါ အားနည်းမှုတွေကတော့ စီးပွားချဲ့ချင်ပေမဲ့ ငွေမနိုင်တာ ကိုယ်ကလာဘ်မြင်ပေမဲ့ လူကြီးတွေကတားဆီးနေတာ ကိုယ်ကလုပ်ချင်ပေမဲ့ အထက်လူကြီးက လုပ်ခွင့်မပေးတာ မျိုးကြုံရတတ်ပါတယ်။

ငွေကြေးချေးငှားခြင်းမလုပ်ပါနဲ့ ငွေအပေးအယူကိစ္စ အငြင်းပွားစရာများ ကြုံလာနိုင်ဖွယ်ရှိနေပါတယ် အဖွဲ့အစည်း ၊ပရဟိတ လူမှုရေးအဖွဲ့က ငွေကြေးအပ်နှံတာမျိုး တွေလက်မခံပါနဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမဆို အာမခံပေးတာ မျိုးမလုပ်ပါနဲ့။

အလုပ်မှာအော်ဒါတွေရ လာပါလိမ့်မယ် မိမိက..ကတိတည်ဖို့လိုပါတယ် ခံစားချက်ကို ဦးစားမပေးဘဲ ဖြစ်သင့်တာကိုပဲအရေးပေးဆောင် ရွက်ပါ တစ်ခုသတိပေးချင်တာက တတ်နိုင်သမျှ ဒီကာလမှာလောင်းကစားမလုပ်ပါနဲ့။ကျန်းမာရေးလဲအထူး ကောင်းမည်။

အရင်ကတည်းကကျန်းမာရေးအားနည်းသူများအနာနဲ့ဆေးတွေ့မည်။အချစ်ရေးမှာ သတိထားရမှာ က မတွေ့လိုက်နဲ တွေ့တာနဲ့ စကားများရတတ်ပါတယ်။

အိမ်ထောင်ရေးအညံ့မရှိပါ အဆင်ပြေသာယာပါလိမ့်မယ် ပညာရေးမှာ ကြိုးစားပေမဲ့ စာမလိုက်နိုင်တာမျိုးကြုံရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၆/၃/၁ အထူးဟော လုပ်ချင်တိုင်းလုပ်ခွင့်မရတဲ့ ကာလပါ ယတြာ ဂန္ဓာမာပန်း ၇ပွင့် ဘုရားလှူပါ။

အင်္ဂါ သားသမီး

အငြိမ်နေရတာမျိုး မရှိဘဲ လှုပ်လှုပ်ရှားရှားနဲ့ပင်ပန်းရမဲ့ကာလပါပဲ အလုပ်ကိစ္စ တွေတစ်မျိုးပြီး တစ်မျိုးတာဝန်ပေးခြင်းခံရပါလိမ့်မယ် ကိုယ်ပိုင် အလုပ်ဆိုလဲ မိမိအလုပ်အတွက်လိုအပ်တာ ဝယ်ရခြမ်းရနဲ့ အချိန်ကုန်လူပန်းရပါလိမ့်မယ်။

မိမိနဲ့မသိသော တစိမ်းတရံတွေနဲ့ အဆင်မပြေဖြစ်ရတတ်ပါတယ် ငွေယူခြင်း ကြွေးတောင်းခြင်းမလုပ်ပါနဲ့ မိသားစုအရေးကိစ္စတွေအပြင် အလုပ်ကိစ္စတွေကြောင့်ပါ မနားမနေ အလုပ်များ ရတတ်ပါတယ် ။

လူငယ်များ စိတ်လေပြီး အိမ်မကပ်ချင်တာမျိုးဖြစ်နေရတတ်ပါတယ် စိတ်ကူးထား တာ ရည်မှန်းထားတာတွေ ဖြေးဖြေးမှန်မှန်အကျိုးပေးပါလိမ့်မယ် ညဥ့်နက်သည်အထိ အပြင်ထွက်တာမျိုး မလုပ် ပါနဲ့။

မိမိအနေနဲ့ အနားယူချိန် အလုပ်လုပ်ချိန်တွေကိုသေချာပိုင်းခြားထားပါ weakဖြစ်ပြီး ကျန်းမာရေး အားနည်း သွားတတ်တဲ့ ကာလမို့ပါ အချစ်ရေးအနေနဲ့ အကောင်းဘက်မှာရှိနေပါတယ် ချစ်သူအချင်းချင်း မအားလပ်ဘဲ မတွေ့နိုင်တာမျိုးကြုံနေရတတ်တယ်။

အိမ်ထောင်ဘက်ရဲ့ဥပေက္ခာပြုခြင်းခံရတာမျိုးတွေကြုံရလိမ့်မယ် ပညာရေး မှာ စာမလိုက်နိုင်တာမျိုးတွေ ကြုံရတတ်ပါတယ် စာမေးပွဲအတွက် စိုးရိမ်ကြောင့်ကြ နေရတတ်ပါ တယ်။

အကျိုးပေးဂဏန်း ၃/၆/၉ အထူးဟော စိတ်များ အလုပ်များနေရတတ်သည် ယတြာ ဘုရားရင်ပြင်တွေ တန်ဆောင်းတွေမှာတံမြက်စည်းလှဲပါ။

ဗုဒ္ဓဟူး/ရာဟု သားသမီး

အရမ်းရင်းနှီးတဲ့သူတွေနဲ့ စိတ်ဝမ်းကွဲစကားများရတတ်တယ် အထူးသဖြင့် မိမိကိုမနာလို ၍ပြဿ နာရှာ တာ မျိုးလဲဖြစ်နိုင်ပါတယ် ခရီးသွားဖို့ စီစဉ်ထားခြင်းများ ရက်ရွေ့ရတတ်ပါတယ် ဇိမ်ခံပစ္စည်းများ ဝယ်ယူခြင်းမျိုး မပြုသင့်သေးတဲ့အချိန်ပါ။

အတွေးချော်နေတတ်တဲ့အတွက် ဆုံးဖြတ်ချက်ချမယ်ဆို လောဘ ဒေါသမောဟနည်းတဲ့ အချိန် ဆုံးဖြတ်ပါ ဒီကာလမှာ ရွှေငွေလက်ဝတ်ရတနာများ ထွက်ရတတ်ပါတယ် မိမိနဲ့ နှစ်ပေါင်းများစွာ ဝေးကွာ နေတဲ့ မိတ်ဆွေဟောင်းနဲ့ပြန်ဆုံရတတ်ပါတယ်။

အလုပ်သစ် စီးပွားသစ်မကောင်းသေးပါ ယာဉ်ကားနဲ့ ပက်သက် သောလုပ်ငန်းများ အရှုံးပေါ်ရတတ်ပါတယ် ပြဿ နာတိုင်းကို မိမိခေါင်းပေါ်မတင်ထားပါနဲ့ မိသားစုအရေး ကိစ္စ တွေက မိမိတစ်ယောက်ထဲပူပန်နေလို့ ငြိမ်းအေးမည်မဟုတ်ပါ။

ဘာသာရေးနဲ့ သက်ဆိုင်သောပစ္စည်းများ လက်ဆောင်ရပါလိမ့်မယ် ကျန်းမာရေးအညံ့ကြီးမဟုတ်ပေမဲ့ ကိုယ်လက်မအီမသာဖြစ်ရတတ်ပါတယ် အချစ်ရေး ကိစ္စတွေမှာ အကောင်းအဆိုးတလှည့်ဆီဖြစ်နေမဲ့အချိန်ပါ။

အိမ်ထောင်ရေးမှာတော့ နှစ်ဖက်ဆွေမျိုးတွေကြောင့် လင်မယားချင်းစကားများရမည်။ပညာရေးအတွက်အထူးစိတ်ချမ်းမြေ့ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၅/၉/၁ အထူးဟော စက်ပစ္စည်းများပျက်လွယ်မည် ယတြာ ရွက်လှ ၄ညွှန့်+ သစ္စာပန်း ၆ညွှန့်ဘုရားလှူပါ ။

ကြာသပတေး သားသမီး

ပျော်စရာ စိတ်ချမ်းမြေ့စရာတွေ ကြုံရပါလိမ့်မယ် လုပ်သမျှ အဆင်ပြေချောမွေ့နေ တတ်တဲ့အချိန်ပါ ဒါပေမဲ့ သီလရှိအောင်တော့ နေမှအဆင်ပြေမဲ့ကာလပါပဲ အလုပ်စီးပွား လဲတိုးတတ်လာပါ လိမ့်မယ်။

လက်ကားအလုပ်များ၊ ကိုယ်စားလှယ်အလုပ်များ အဆင်ပြေအောင်မြင်မဲ့အချိန်ပါ အနာဂတ်အတွက် ကြိုတင်စဉ်းစားထားသည်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။

အတိတ်ကံရဲ့ ကောင်းကျိုး တရားတွေကို ခံစားရနိုင်တဲ့ကာလဖြစ်တဲ့အတွက် ထီကံစမ်းခြင်းမျိုးပြုသင့်ပါတယ် အဓိဋ္ဌာန်ဝင်ခြင်း တရားရှုမှတ် ခြင်းတွေ ပြုလုပ်ဖို့အကောင်းဆုံ ကာလပါ။

အထည်၊ထီး၊ဖိနပ် စတဲ့ စနေနံပစ္စည်းတွေ ဝင်လာဖို့ရှိနေပါတယ် လူကြီးသူမတွေရဲ့အကူ အညီအထောက်အပံ့တွေလဲအများကြီးရနိုင်တဲ့အချိန်ပါ အလုပ်ရှာနေသူများအလုပ်ရပါလိမ့်မယ်။

မိမိကို နှုတ်၏ဆောင်မခြင်း ဖြင့် အကြံဉာဏ်ကောင်းတွေပေးမဲ့သူကို ကြုံရတတ်ပါတယ် ကျန်းမာရေးလဲ အထူးကောင်းနေမဲ့အချိန်ပါပဲ အချစ်ရေးကံကောင်းပါတယ်။

ဇာတိမတူ လူမျိုးမတူသူနဲ့ ဒီကာလအတွင်းဆုံဆည်း ရတတ်ပါတယ် အိမ်ထောင်ရေးကတော့သိပ်ပြီးအဆင်မပြေနိုင်သေးပါ ဘူး ပညာရေနယ်ပယ်ကျယ်ပြန့်စွာ အောင် မြင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း -၅/၁/၂ အထူးဟော စိတ်ကြိုက်ဖန်တီးခွင့်တွေရလာပါလိမ့်မယ် ယတြာ ပေါင်မုန့်ထောပတ်သုတ်ဘုရားကပ်ပါ

သောကြာ သားသမီး

စပ်တူအလုပ်များ ရှယ်ယာအလုပ်များ အကျိုးပေးကောင်းနေမဲ့ကာလပါ နိုင်ငံခြား ခရီး ရပ်ဝေးခရီးသွားဖို့ ကြန့်ကြာနေသူများ ဒီကာလအတွင်းအဆင်ပြေပါလိမ့်မယ်။

ကုန်သွယ်မှုလုပ်ငန်းများ ၊အရောင်းအဝယ်အလုပ်များ အကျိုးပေးနေမည် ရပ်ဝေးမှသတင်းကောင်းကြားရမည် ငွေကံလဲကောင်းနေပေမဲ့ အဖတ်မတင်ဘဲကုန်သွား တတ်တဲ့ကာလပါ။

အလုပ်အကိုင်အထူးအဆင်ပြေခြင်း ၊ရာထူးတိုးခြင်း ၊နေရာကောင်းရခြင်းမျိုး ကြုံရပါလိမ့်မယ် ကျန်းမာရေးအထူးကောင်းမွန်နေချိန်ပါ။ နာတာရှည်ဖြစ်နေသူများ ဒီကာလမှာ ဆေးတိုးသွားနိုင်ပါတယ်။

အတွင်း အုပ်စု ရန်သဘောဆောင်နေခြင်းကြောင့် အတူနေသူများ မိသားစုဝင်များနဲ့ စကားများ စိတ်ဝမ်းကွဲတာမျိုး တော့ရှိပါတယ် မိမိအဆင်ပြေနေတာကို မနာလိုဝန်တိုသူတွေလဲများ နေတတ်ပါတယ်။

ယောကျာ်းလေးထက် မိန်းကလေးများ စန်းပွင့်နေတဲ့ကာလပါ အချစ်ရေးကံကောင်းပေမဲ့ စိတ်ကောက်စိတ်ဆိုးတာမျိုးလဲရှိတတ်ပါတယ်။

အိမ်ထောင်သည်များ အိမ်ထောင်ရေး ရှုပ်ထွေးမှုများကြုံလာနိုင်၍ အနေအထိုင်တော့ ဆင်ခြင်ပါ ပညာရေးကိစ္စများ အဘက်ဘက်ကအဆင်ပြေသွားပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/ဝ/၇ အထူးဟော အလိုဆန္ဒတွေပြည့်ဝမည် ယတြာ သပြေပန်း လက်တစ်ဆုပ်ခန့် သောကြာထောင့်မှာ လှူဒါန်းလိုက်ပါ

စနေ သားသမီး

ကုန်သည်များ ရောင်းမှားဝယ်မှားဖြစ်တတ်တဲ့အတွက် သတိထားပါ ခရီးကိစ္စများရှိပါက ထိုခရီးသည် အခက်အခဲများသောခရီးလမ်းဖြစ်ရတတ်ပါတယ် အထိုင်စီးပွားမဟုတ်ဘဲ လှုပ်ရှားသွားလာလုပ်ကိုင်ရသော လုပ်ငန်းများ အဆင်မပြေဖြစ်တတ်သည်။

အောက်လက်ငယ်သားများ သားသမီးများကြောင့် စိတ်ညစ်ရလိမ့်မယ် ဒီကာလအတွင်း ထိုသူတွေကို အရာရာမျက်နှာလွှဲထားတာမျိုးမလုပ်ပါနဲ့ တစိမ်းတရံတွေနဲ့ ဆက်ဆံလုပ်ကိုင် ရသော ကိစ္စများ သတိထားလုပ်ပါ။

အိမ်ထောင်သည်များ အကြီးအကျယ်စကားများရန်ဖြစ်ကိန်းရှိပါတယ် စကား အမှားတွေကြောင့် ဖြစ်တတ်တာပါ ဒါကြောင့်ဒီကာလအတွင်း ဘယ်သူနဲ့ပဲစကားပြောပြော အပြောလျော့ပြီး နားထောင်တဲ့ဘက်ကနေတာ အကောင်းဆုံးပါ။

ပြဿ နာဟောင်း အမှုဟောင်းများပြန်လည်ဖြေရှင်းရပါလိမ့်မယ် အလုပ်ကံကောင်းပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နားလည်မှုလွဲပြီး စိတ်ဝမ်းကွဲရတတ်ပါတယ်။

အချစ်ရေးအနေနဲ့ ချစ်သူရဲ့ စိတ္တဇဆန်ဆန် အပြောတွေ အပြုအမူတွေကြောင့်စိတ်ညစ်ရတတ်ပါတယ် ပညာရေးမှာ မရည်မှန်းထား ဘဲနဲ့ ရလဒ်တွေကောင်းတာမျိုးကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ဝ/၉/၆ အထူးဟော ကံညံ့နေပါတယ် ယတြာ ထန်းလျက်ခဲ ၁၁လုံးကို လမ်းဘေးခွေးချကျွေးပါ

ခုနှစ်ရက်သားသမီးများ ကံ ဉာဏ် ဝီရိယ သုံးချက်လုံး အားကောင်း၍ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေသောဝ်

Hits: 701