ယတြာပြုရန် တစ်ပတ်စာ ဟောစာတမ်း .. သြဂတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့အထိ
မိတ်ဆွေခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ ( ဆောင်ရန် ရှောင် သတိပြုရန်နှင့် ယတြာ ) တစ်ပတ်စာ ဟောစာတမ်း
တနင်္ဂနွေ သားသမီးများ
အခိုက်အညံ့တွေပျောက်ပြီး ကံတွေကောင်းသည်ထက်ကောင်းစေဖို့ မနက်ခုနှစ်နာရီ ငါးဆယ်မိနစ်တိတိတွင် အိမ်ဘုရားတွင် နှင်းဆီခုနှစ်ပွင့် ဖယောင်းတိုင်သုံးတိုင် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
တနင်္လာ သားသမီးများ
အခိုက်အညံ့တွေပျောက်ပြီး ကံတွေကောင်းသည်ထက်ကောင်းစေဖို့ အိမ်ဘုရားတွင် နွားနို့နှစ်ခွက် ဖယောင်းတိုင် ငါးတိုင် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
အင်္ဂါ သားသမီးများ
မနက်ခုနှစ်နာရီတိတိ အိမ်ဘုရားတွင် ကော်ဖီနှစ်ခွက် ပေါင်မုန့်ထောပါတ်သုတ်ငါးချပ် ဖယောင်းတိုင် ငါးတိုင် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
ဗုဒ္ဓဟူး သားသမီးများ
အခိုက်အညံ့တွေပျောက်ပြီး ကံတွေကောင်းသည်ထက်ကောင်းစေဖို့ မနက်ခုနှစ်နာရီ ငါးမိနစ်တိတိတွင် အိမ်ဘုရားတွင် နှင်းဆီခုနှစ်ပွင့် ပေါင်မုန့်ငါးချပ် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
ကြာသပတေး သားသမီးများ
အခိုက်အညံ့တွေပျောက်ပြီး ကံတွေကောင်းသည်ထက်ကောင်းစေဖို့ လမ်းမှာဆုံတဲ့ ရဟန်းတစ်ပါးကို သွားတိုက်ဆေး ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
သောကြာ သားသမီးများ
မနက်ခြောက်နာရီတိတိ အိမ်ဘုရားတွင် ကော်ဖီနှစ်ခွက် ပေါင်မုန့်ငါးချပ် ဖယောင်းတိုင် သုံးတိုင် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
စနေ သားသမီးများ
အခိုက်အညံ့တွေပျောက်ပြီး ကံတွေကောင်းသည်ထက်ကောင်းစေဖို့ အိမ်ဘုရားတွင် နို့ထမင်းသုံးပန်းကန် နှင်းဆီခုနှစ်ပွင့် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
ခုနှစ်ရက်သားသမီးများ ကံ ဥာဏ် ဝီရိယ သုံးချက်လုံး အားကောင်း၍ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေသောဝ်
Hits: 1685
Zawgyi
Unicode
ကျိန်းသေနီးပါး ထီပေါက်စေသော နိမိတ်
ဒီလိုပါခင်ဗျာ လမ်းသွားရင်းလာရင်း အမှတ်တမဲ့ ကြက်နှစ်ကောင်ခွပ်နေတာ တွေ့ပြီဆိုတာနဲ့ နောက်လှည့် မကြည့်နဲ့တော့၊ ထီဆိုင်ဘယ်မှာရှိလဲ ချက်ချင်း ရှာပြီးတော့သာထိုးပေတော့ ချက်ချင်းနော် ။
လူတိုင်းလူတိုင်း ဒီနိမိတ်တွေ့ရင် ထီပေါက် ကိန်း ရာနှုန်းပြည့်နီးပါး ရှိနေပါတယ် ထီဆုကြီး ဆုသေးကတော့ အတိတ်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကံ ပါရမီအဟုန်နည်းခြင်းများခြင်းနဲ့ပဲ ဆိုင်ပါလိမ့်မယ်။
ဒီနည်းကို အဘမင်းသိင်္ခ ရွှေဗဟိုဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် အနီးအနားမှာရှိတဲ့ကျွန်တော် တို့ သန္ဓေတပည့်များကို ပြောပြပေးခဲ့တာပါ အဲဒီအချိန်မှာ အနားမှာရှိတဲ့ နေလင်းဆန်း ဆိုတဲ့သန္ဓေရဲဘော်လေးတစ်ယောက် ဆိုရင် ။
အဘအတွက် ဆန်ပြုတ်ဆင်းဝယ်ရင်း ကြက်ခွပ်တာကိုတွေ့ လို့ ချက်ချင်းပြေးပြီး ထီဆိုင်တစ်ဆိုင်မှာ ထီထိုးခဲ့ရာ ကျပ် ၁၀ သိန်း ဆုပေါက်ခဲဖူးတာကို မျက်မြင်ကိုယ် တွေ့ တွေ့ရှိခဲ့ရပါကြောင်း …။
တစ်ခုတော့ရှိတယ်။ အမှတ်တမဲ့ တွေ့မှ ထီ ပေါက်စေတဲ့ နိမိတ်ဖြစ်စေတာပါ ဒါကို မိတ်ဆွေ ကြီးက ထီပေါက်ချင်လို့ ကြက်ပွဲကို တကူးတကရှာ ဖွေသွားကြည့်ပြီးတော့ ထီထိုးတာမျိုးတော့ မရပါဘူး ပေါ့ဗျာ …။
တစ်ခုတော့ရှိပါတယ် မိမိရဲ့ ရောက်ဆဲအသက်ကိုတည်ပြီး ၈ နဲ့စားပါ တနင်္ဂနွေသားသမီး ၂ ကြွင်းရင်၊ တနင်္လာသားသမီး ၁ ကြွင်းရင်၊ အင်္ဂါ သားသမီး ဝ ကြွင်းရင်၊ဗုဒ္ဓဟူ သားသမီး ၇ ကြွင်း ရင်၊ ကြာသပတေးသားသမီး ၅ ကြွင်းရင်၊ ။
သောကြာသားသမီး ၃ ကြွင်းရင်၊ စနေသားသမီး ၆ ကြွင်းရင် အဲဒီနိမိတ်နဲ့ တည့်တည့်ကြီးတိုးလို့ကတော့ ထီထိုး ဖြစ်အောင်သာ ထိုးပေတော့လို့ ဝမ်းသာအားရ တိုက် တွန်းလိုက်ရပါတယ်ခင်ဗျာ လူတိုင်း ထီပေါက်ကြပါစေ ။
Hits: 1168
မိတ်ဆွေတို့ ချိန်ဆနိုင်ရန် တစ်ပတ်စာ မနောမယဟောစာတမ်း
မိတ်ဆွေခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ ( ဆောင်ရန် ရှောင် သတိပြုရန်နှင့် ယတြာ ) တစ်ပတ်စာ မနောမယဟောစာတမ်း
တနင်္ဂနွေ သားသမီးများ
အကျိုးပေးဂဏန်း 1 , 9
မွေးနေ့မနက်တွင် အိမ်ဘုရားမှာ စပါယ်ရှစ်ကုံး ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ
တနင်္လာ သားသမီးများ
အကျိုးပေးဂဏန်း 4
မွေးနေ့မနက်တွင် မိဘ ဆရာများကို သစ်သီးလှူ ဒါန်း၍ လိုရာဆုကိုတောင်းပါလေ
အင်္ဂါ သားသမီးများ
အကျိုးပေးဂဏန်း 1 , 3
မွေးနေ့မှာ မိတ်ဆွေများကို နန်းကြီးသုတ်လှူ ဒါန်း၍ လိုရာဆုကိုတောင်းပါလေ
ဗုဒ္ဓဟူး သားသမီးများ
အကျိုးပေးဂဏန်း 4
မွေးနေ့ညနေမှာ မ်ဘဆရာများကို တရားစာအုပ် တရားအခွေ CDလှူ ၍ လိုရာဆုကိုတောင်းပါလေ
ကြာသပတေး သားသမီးများ
အကျိုးပေးဂဏန်း 1 , 7
မွေးနေ့မနက်တွင် အိမ်ဘုရားမှာ သပြေခြောက်ညွန့် ကပ်လှူ၍ လိုရာဆုကိုတောင်းပါလေ
သောကြာ သားသမီးများ
အကျိုးပေးဂဏန်း 1 , 8
မွေးနေ့မနက်တွင် ကလေးများကို စာရေးကိရိယာ လှူ၍ လိုရာဆုကိုတောင်းပါလေ
စနေ သားသမီးများ
အကျိုးပေးဂဏန်း 7
နွမ်းပါးသူများကို ဆေးဝါးဓါတ်စာ လှူဒါန်း၍ လိုရာဆုကိုတောင်းပါလေ
ခုနှစ်ရက်သားသမီးများ ကံ ဥာဏ် ဝီရိယ သုံးချက်လုံး အားကောင်း၍ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေသောဝ်o
Hits: 675
ဟိမဝန္တာတောနက်ထဲမှာဝါးကျောင်းနဲ့ တောရဆောက်တည်နေတဲ့ ရဟန်းနှစ်ပါး
Zawgyi
တခြားလူမပြောနဲ့ ကိုယ်တောင် ယနေ့လား မနက်ဖြန်လား မသေချာတဲ့ ဘဝကြီးထဲကို ရောက်တုန်းရောက်ခိုက် လောကပါလရဲ့ အေးချမ်းတဲ့တရားတွေကို ရှာတွေ့ဖို့လည်း အရေးကြီးပါတယ်။
အခုချိန်မှာတော့ ရဟန်းနှစ်ပါးလုံးဟာ ဘာပကာသနမှ မပါတဲ့ ဟိမဝန္တာတောနက်ထဲက ဓနိထန်းရွက်ကာထားတဲ့ ဝါးကျောင်းပေါ်မှာဘဲ ။
Unicode
ဗုဒ္ဓတရားအရိပ်မှာ တစ်သက်သာ ခိုလှုံနိုင်ဖို့အတွက် ရဟန်းဘဝကို ရွေးချယ်ခဲ့တဲ့ သူနှစ်ဦးဟာ ကမ္ဘာကျော် နပန်းသမားဘဝနဲ့ စည်းစိမ်တွေကို စွန့်လွှတ်ပြီး ရဟန်းဝတ်ကာ တောရဆောက်တည် သီတင်းသုံးလျက်ရှိပါတယ်။
လူတိုင်းလူတိုင်းဟာ စွဲလမ်းစိတ်တွေ၊ အတ္တတွေ၊ မာနတွေ၊ လောဘတွေ၊ စည်းစိမ်းတွေကြားမှာ ယစ်မူးအချိန်ကုန်နေတတ်ပြီး မတည်မြဲသောအရာကို တည်မြဲတယ် ထင်မှတ်ကာ ရန်သူမျိုး (၅)ပါးကိုတောင် မကြောက်တော့ဘဲ တတ်မက်နေတတ်ကြပါတယ်။
ဗုဒ္ဓမြတ်စွာဟောတော်မူတဲ့ စွန့်လွှတ်ခြင်းဟာ မြတ်သောတရားဆိုပေမယ့် တကယ်တမ်းကျတော့ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို လက်လွှတ်အဆုံးရှုံးခံဖို့ ဆိုတာ သာမာန်လူတစ်ယောက်အတွက် မလွယ်ကူလှပါဘူး။
ယနေ့ နေထိုင်တဲ့ လောကကြီးထဲမှာ ငါအစွဲစွဲပြီး နေထိုင်ရှင်သန်သူတွေများသလို ဇူဇကာပုဏ္ဏားလို သူတပါးပစ္စည်း အလကားရဖို့၊ သူတပါး အကျိုးနိမ့်ဖို့ အမြဲကြံစည်နေတဲ့လူတွေလည်း ဒုနဲ့ဒေးရှိပါတယ်။
တခြားလူမပြောနဲ့ ကိုယ်တောင် ယနေလား မနက်ဖြန်လား မသေချာတဲ့ ဘဝကြီးထဲကို ရောက်တုန်းရောက်ခိုက် လောကပါလရဲ့ အေးချမ်းတဲ့တရားတွေကို ရှာတွေ့ဖို့လည်း အရေးကြီးပါတယ်။
အခုတစ်ခေါက်မှာတော့ နိုင်ငံကျော် နပန်းသမားဘဝနဲ့ အောင်မြင်မှုတွေ၊ စည်းစိမ်ချမ်းသာမှုတွေကို အပြီးပိုင်ထားခဲ့ပြီး အေးချမ်းလှတဲ့ ဗုဒ္ဓတရားအရိပ်မှာ တစ်သက်သာ ခိုလှုံနိုင်ဖို့အတွက် ရဟန်းဘဝကို ရွေးချယ်ခဲ့တဲ့ သူနှစ်ဦးရှိခဲ့ပါတယ်။
သူတို့နှစ်ဦးလုံးဟာ အရမ်းကို ခင်မင်တဲ့ သူငယ်ချင်းတွေဖြစ်တဲ့အပြင် အေးချမ်းမှု တရားအစစ်ကို ရှာဖွေနေသူတွေလည်း ဖြစ်ပါတယ်။
ဘဝအတွက် ရုန်းကန်ရင်း ကြိုးဝိုင်းထဲ ထိုးသတ်ခဲ့သူတွေဖြစ်ပေမယ့် သဒ္ဒါအရင်းခံကောင်းသလို အေးချမ်းတဲ့ နှလုံးလှပိုင်ရှင်တွေဆိုလည်း မမှားနိုင်ပါဘူး
ရဟန်းနှစ်ပါးဟာ နိုင်ငံကျော် နပန်းသမားဘဝနဲ့ စည်းစိမ်တွေကို ထားခဲ့ပြီး ဗုဒ္ဓစာပေကျမ်းဂန်တွေ ဖွံ့ဖြိုးနေဆဲ ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံစတဲ့ နိုင်ငံတွေကို ကိုယ်တိုင်ကြွရောက်ကာ (၁၅)နှစ်တိုင်တိုင် ဗုဒ္ဓစာပေတွေကို လေ့လာ သင်ကြားခဲ့ကြပါတယ်။
အခုချိန်မှာတော့ ရဟန်းနှစ်ပါးလုံးဟာ ဘာပကာသနမှ မပါတဲ့ ဟိံမဝန္တာတောနက်ထဲက ဓနိထန်းရွက်ကာထားတဲ့ ဝါးကျောင်းပေါ်မှာဘဲ ။
ဓမ္မကို အဖော်ပြုပြီး ရွာအသီးသီး လမ်းအသွယ်သွယ်မှာ ရပ်ဆွမ်းခံကြွကာ ဆင်းရဲ၊ ချမ်းသာ မဟူ လှူဒါန်းတဲ့ သဒ္ဓါဆွမ်းတွေနဲ့သာ ပီတအဟာရကိုသာ မှီဝဲနေကြပါတယ်။
Hits: 211
Zawgyi
ဗုဒ္ဓနုဿ တိဘာဝနာ ~ ဘုရား ဂုဏ်တော်ကို ပွားများတဲ့ အလေ့အထကို အမြဲ မပြတ်ပွားများလေ့ရှိသူ တစ်ဦးရဲ့ မယုံနိုင်ဖွယ် အသက်ဘေးမှ လွတ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇတ်လမ်း ဖြစ်ပါတယ်။
Unicode
ဂုဏ်တော်ပွားများ အန္တရယ်တား
ဗုဒ္ဓနုဿ တိဘာဝနာ ~ ဘုရား ဂုဏ်တော်ကို ပွားများတဲ့ အလေပအထကို အမြဲ မပြတ်ပွားများလေ့ရှိသူ တစ်ဦးရဲ့ မယုံနိုင်ဖွယ် အသက်ဘေးမှ လွတ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇတ်လမ်း ဖြစ်ပါတယ်။
နှစ်ပေါင်း ၆၀ ကျော်တုန်းက ရန်ကုန်က ပျံသန်းလာတဲ့ ဒါကိုတာလေယာဉ်ကြီး တစ်စီးဟာ ရာသီဥတုဆိုးရွားလို့ ရှမ်းပြည်နယ်က တောင်ထိပ်နဲ့ တိုက်မိပြီး… ပျက်ကျခဲ့ဘူးတယ်။
အဲ့ဒီလေယာဉ်စီးတဲ့ ခရီးသည်တွေထဲက မန္တလေးသားတစ်ဦးဟာ ခရီး အစကတဲက ဘုရားဂုဏ်တော်တွေ ရွတ်ဖတ် ပွားများလာခဲ့တယ်။
လေယာဉ်ကြီး သိမ့်ကနဲဖြစ်ပြီး နောက်ပိုင်းသူဟာလဲ သတိမေ့သွားခဲ့တာ သတိလည်းပြန်လည်လာရော ခြံတစ်ခြံပေါ်မှာ တင်နေပြီး လေယာဉ်တစ်စီးလုံးမှာ သူတစ်ယောက်ပ အသက်ရှင်ကျန်ခဲ့တယ် ။
အဲဒီ သတင်းကို အဲ့ဒီတုန်းက သတင်းစာတွေမှာ ဖော်ပြခဲ့ဘူးတယ် လောကမှာ မြင်ရတဲ့အန္တရာယ် မမြင်ရတဲ့ အန္တရာယ်တွေဟာ ယနေ့ ခေတ်မှာ ပိုပေါလာတယ်။
ဗုဒ္ဓတရားတော်တွေကို သက်ဝင်ယုံကြည် သူတွေဟာ ဘယ်နေရာသွားသွား ဂုဏ်တော်တွေ ပွားများကြလို့ အန္တရာယ်တို့မှ ကင်းလွတ်ကြတာအမှန်ပဲ။
အန္တရာယ်ဆိုတာ မထင်မှတ်ပဲ ကြားဖြတ် ဝင်လာတာမျိုးပဲ ဒီဘို ဘေးအန္တရာယ်တို့မှ ကာကွယ်နိုင်အောင် မလွတ်သောသတိဖြင့် ဘုရားဂုဏ်ကို အာရုံပြု၊ တရားဂုဏ်ကို အာရုံပြု၊ သံဃာ့ဂုဏ်ကို အာရုံပြုပြီး ထုံမွှမ်းထားသူတို့ဟာ ။
အပြင်ကလာတဲ့ အန္တရာယ်လည်းမကျရောက် အတွင်းရန်တွေဖြစ်တဲ့ ကိလေသာမီးတွေလည်း လျော့ပါးစေပါတယ် ။
Hits: 1538
Zawgyi
Unicode
ချင်းပြည်နယ်မှာစာသင်ကျောင်း (၇)ကျောင်း လှူဒါန်းခဲ့တဲ့ ဝေဠုကျော်
အောင်မြင်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဇာတ်လမ်းတိုင်းမှာ ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် သူ့ရဲ့ ပထမ ဆုံး အကယ်ဒမီ ဆုကို “ပင်လယ်ထက်က နေဝန်းနီ” ရုပ်ရှင်ကားကြီးနဲ့ ရရှိခဲ့သူ ဖြစ်ပါတယ်။
ဝေဠုကျော်က “Wai Lu Kyaw Foundation ” ဆိုတဲ့ ပရဟိတအသင်းတည်ထောင်ကာ ပရဟိတအလုပ်တွေကို ကိုယ်တိုင်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
သူကတော့ ပရဟိတအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်ပြီးတော့ပြည်သူတွေရဲ့ ရေဘေး၊ လေဘေးနဲ့ တခြားသဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ နေရာမှာကူညီကယ်ဆယ်ပြီး ပြန်လည် ထူထောင်ပေးနေတာပဲဖြစ်ပါတယ်။
လတ်တလောမှာတော့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ဆမီးမြို့၊ဒီလောင်ကုန်းရွာလေးက မူလတန်းကျောင်းလေးကို အလှူရှင်အချို့နဲ့ အတူ ကိုယ်တိုင်ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
နောက်ထပ်လည်း အလှူတွေထပ်လုပ်သွာမယ်ဆိုတာကို “တစ်ဦးတည်း အလှူရှင်ဖြစ်တဲ့ တရုတ်နိုင်ငံ ၊မကာအိုမြို့က အလှူရှင်မိသားစုကိုလည်း ကျေးဇူးအထူးတင်လျက်ပါ။
မိုးကုန်ဆို ကျောင်းဖွင့်ပွဲလေးသွားလုပ်ရင်း ကလေးတွေအတွက် စာအုပ်ကအစ အနွေးထည်လေးတွေပါ တတ်နိုင်တာလေးတွေ ယူသွားပြီး လှူပေးပါအုံးမယ် တောင်ပေါ်ဒေသဆိုတော့ အေးပါတယ် အဝတ်အထည်ကလဲ ထုံးစံအတိုင်းရှားပါတယ်။
အခြား အလှူရှင်တစ်ယောက်ရဲ့ အလှူငွေ (၁)သိန်းကိုလည်း ဒီကျောင်းလေးမှာ ထည့်လှူလိုက်ပါတယ် (၂၀၁၆)ခုနှစ်မှာ ချင်းပြည်နယ်အတွက် စာသင်ကျောင်း (၆)ကျောင်း ၊ယာယီ(၁)ကျောင်း ၊ယခုနှစ်မှာ (၁)ကျောင်း။
စုစုပေါင်း ချင်းပြည်နယ်အတွက်(၇)ကျောင်း ဆောက်ပြီးလှူပေးဖြစ်ခဲ့ပါတယ်”လို့ ဝေဠုကျော်က လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာကို ပရိသတ်ကြီး သာဓုခေါ်လို့ရအောင်မျှဝေပေးလိုက်ပါတယ်နော်။
Hits: 102
Zawgyi
  • တန်ခူးလ ညနေ (၆:၀၀) နာရီ
  • ကဆုန်လ ညနေ (၆:၁၀) နာရီ
  • နယုန်လ ညနေ (၆:၀၀) နာရီ
  • ဝါဆိုလ ညနေ(၆:၃၀) နာရီ
  • ဝါခေါင်လ ညနေ(၆:၂၀) နာရီ
  • တော်သလင်း ညနေ (၆:၁၀) နာရီ
  • နတ်တော် ညနေ (၅:၄၀)နာရီ
  • ပြာသို ညနေ(၅:၃၀) နာရီ
  • တပို့တွဲ ညနေ (၅:၄၀)နာရီ
  • တပေါင်း ညနေ (၅:၅၀) နာရီ
Unicode
နေဝင်မီးလက် စီးပွားတက်
နေဝင် မီးလက် စီးပွါးတက် ဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါ နေဝင်ချိန်မှာ မီးထွန်းတယ် ဆိုတာက အိမ်မှာ စီးပွါး လာဘ်လာဘ တွေ ရွှင်လန်းလာစေဖို့ အတွက်ပါပဲ ။
ညနေ နေဝင်ချိန်တွင် ဘုရားဆီမီး ပူဇော်ရန်ဖြစ်သည် လအလိုက် နေဝင်ချိန် နေထွက်ချိန် သိရှိရန် လိုသလို ယုံယုံကြည်ကြည် ပြုလုပ်ပါက စီးပွားလာဘ်လာဘ တိုးတက်လာမည်မှာ ဧကန်မလွဲဖြစ်ပါသည်။
လုပ်ငန်း ကိုင်ငန်းတွေ အဆင်ပြေမယ် ဘယ်အရာ မဆို မှန်မှန်ကန်ကန် နည်းစနစ်ကျ လုပ်လေ ပိုပြီး လာဘ်လာဘတွေ ရွှင်လန်း လာစမြဲပါ..
လုပ်နည်းလုပ်ဟန်က မခက်ပါဘူး ညနေ နေဝင် ချိန်ကို လအလိုက် သိထားဖို့ပါပဲ ညနေ နေဝင်ချိန်ကို တိတိကျကျ ဘုရားမီး ပူဇော် ပေးဖို့ ပါပဲ…
လ အလိုက် နေဝင် ချိန်များ
  • တန်ခူးလ ညနေ (၆:၀၀) နာရီ
  • ကဆုန်လ ညနေ (၆:၁၀) နာရီ
  • နယုန်လ ညနေ (၆:၀၀) နာရီ
  • ဝါဆိုလ ညနေ(၆:၃၀) နာရီ
  • ဝါခေါင်လ ညနေ(၆:၂၀) နာရီ
  • တော်သလင်း ညနေ (၆:၁၀) နာရီ
  • သီတင်းကျွတ် ညနေ(၆:၀၀)နာရီ
  • တန်ဆောင်မုန်း ညနေ (၅:၅၀) နာရီ
  • နတ်တော် ညနေ (၅:၄၀)နာရီ
  • ပြာသို ညနေ(၅:၃၀) နာရီ
  • တပို့တွဲ ညနေ (၅:၄၀)နာရီ
  • တပေါင်း ညနေ (၅:၅၀) နာရီ
ယင်းအချိန်များတွင် မြတ်စွာဘုရားရှင်အား ဆီမီး ထွန်းပူဇော် ပေး ရန် ဖြစ်ပါတယ်။
Hits: 199
သူငယ်ချင်း ရှစ်မျိုး
Zawgyi
(၇) လမ်းပြသူ သူငယ်ချင်း
Unicode
သူငယ်ချင်း ရှစ်မျိုး
လူတိုင်းရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုမှာ မိတ်ဆွေ အပေါင်းအသင်း ဆိုတာက အရေးပါလှပါတယ် အခုဖေါ်ပြပေးမှာကတော့ သင့်ဘဝအတွက် အကျိုးရှိစေမည့် မိတ်ဆွေ သူငယ်ချင်းကောင်း တွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။
(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ် တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ် ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစား လို့ခေါ်တယ် သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။
ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ် သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေ ပေးနိုင်တယ်။
လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ် သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။
(၂) ဖေးမကူညီတဲ့သူငယ်ချင်း
သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း… ဒီလိုသူငယ်ချင်းမျိုးက “နင် ငါ့ကိုကူ၊ ငါ နင့်ကိုကူ”ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ်တယ်။
ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ် ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။
သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ် သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ် အားဆေး ဖြစ်တယ်။
(၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း
သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ် ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ် ဒါကို “နားလည်မှု”လို့ ခေါ်တယ်။
သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ် စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။
ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။
ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ် မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ် စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ် သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။
(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစား ဖြစ်တယ် သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာ ရှိမနေဘူး။
သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေ ဖြစ်တယ် သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။
မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ် စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။
(၅) အားပေးဖော် သူငယ်ချင်း
ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ် တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။
သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ် ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ် သင့်စိတ်ကို ဖြေလျော့စေတယ်။
သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ် ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ် သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။
(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်း ဖြစ်တယ် ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာမရှိလို့ မဖြစ်ပါဘူး သူတို့ဟာ သင့်ရဲ့ “ကမ္ဘာ့စာကြည့်တိုက်” ဖြစ်တယ်။
ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ် သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ် သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။
(၇) လမ်းပြသူ သူငယ်ချင်း
သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ် ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ် လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။
တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။
သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ် သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။
(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း
ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ် သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ် ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။
တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ် သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။
သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ် တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။
သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။
သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှစ်ယောက်ရှိနိုင်မလဲ တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။
Hits: 83
Zawgyi
၂။ နမောတဿ အရဟတော ဟု ရွတ်ဆိုပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပုတီး တစ်လုံးချ ဓမ္မံ သရဏံ ဂစ္ဆာမိ တစ်လုံးချ သံဃံ သရဏံ ဂစ္ဆာမိးတစ်လုံးချ ။
အထက်ပါ အတိုင်း စိပ်သွားပါက (၉) ခေါက် ပြည့် လျှင် (၁၀၈) လုံး ပုတီးပတ် တစ်ပတ် ကွက်တိ ဖြစ်ပါ သည် ကွက်တိ မဖြစ်ပါက ၎င်း ပုတီးပတ် ကို ပြန်စိပ်ရပါမည် ။
တတ်နိုင်ပါက အဓိဋ္ဌါန်ဝင်၍ စိတ်ပါ အချိန်မပေးနိုင်သူများကတော့ မိမိ အားသည့်အချိန်မှာ အချိန်ပေးနိုင် သလိုစိတ်ပါ လောကီ လောကုတ် နှစ်ဖြာအကျိုး အမြန်ဆုံး တိုးပွားလာာ လက်တွေ့ သိသာခံစားရှိပါလိမ့်မည်။
Unicode
နမော လေး ချက် စီးပွားတက်
နမော လေး ချက် စီးပွားတက် ပုတီးစိပ်နည်း သည် ရသေ့ကြီး ဦးခန္တီ ၏ ပုတီးစိပ်နည်းများအနက်မှ တစ်ခု ဖြစ်ပြီး နေ့စဉ် ငါးပါးသီလ ခံယူုပီး ပုတီး လေးပတ်စိပ် ရပါသည် ။
ပုတီး ပတ်ရေ “စုံ” သာစိပ်ရသည် “မ” မစိပ် ရပါ လေးပတ် အနည်းဆုံး စိပ်ရပါတယ် နောက်ထပ်တိုးစိပ်လိုလျှင် နှစ်ပတ် လေးပတ် ခြောက်ပတ် စသဖြင့် တိုး၍ စိပ် နိုင် ပါ သည် ။
ငွေများ သိသာစွာ ဝင် ၍ ကုန်သည် နှင့် ဈေးသည် ာများအတွက် ငွေစက္ကူ ကိုးဆယ်ကို ရှေ့တွင်ချပြီး ပုတီး လေးပတ်စိပ်ပါ ။
ယင်းငွေစက္ကူ ကို ပိုက်ဆံသေတ္တာထဲတွင် ထည့်ထားပါက ဈေးရောင်းကောင်းခြင်း ဝင်ငွေတိုး ခြင်း များ ဖြစ်လာ နိုင်ပါသည် ။
နမောလေးချက် ပုတီးစိပ်နည်း မှာ အောက်ပါ အတိုင်းဖြစ်ပါသည် ။
၁။ နမောတဿ ဘဂဝတော ဟု ရွတ်ဆိုပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပုတီး တစ်လုံးချ ဓမ္မံ သရဏံ ဂစ္ဆာမိ တစ်လုံးချ သံဃံ သရဏံ ဂစ္ဆာမိ တစ်လုံးချ ။
၂။ နမောတဿ အရဟတော ဟု ရွတ်ဆိုပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပုတီး တစ်လုံးချ ဓမ္မံ သရဏံ ဂစ္ဆာမိ  တစ်လုံးချ သံဃံ သရဏံ ဂစ္ဆာမိ တစ်လုံးချ ။
၃။ နမောတဿ သမ္မာသမ္ဗုဒ္ဓဿ ဿ ဟု ရွတ်ဆိုပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပုတီး တစ်လုံးချ ဓမ္မံ သရဏံ ဂစ္ဆာမိ တစ်လုံးချ သံဃံ သရဏံ ဂစ္ဆာမိ တစ်လုံးချ ။
၄။ နမောတဿ ဘ ဘဂဝတော အရဟတော ဟု ရွတ်ဆိုပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပုတီး တစ်လုံးချ ဓမ္မံ သရဏံ ဂစ္ဆာမိ တစ်လုံးချ သံဃံ သရဏံ ဂစ္ဆာမိ တစ်လုံးချ ။
Continue reading “နမော လေး ချက် စီးပွားတက်”
Hits: 2717
Zawgyi
သူကတော့ လက်ရှိအချိန်ထိ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသမီးတစ်ယောက်ပါ ဇွန်လ အတွင်းမှာပဲ ချစ်သူနဲ့ လမ်းခွဲလိုက်တာ ဖြစ်တာကြောင့် သူမရဲ့အချစ်ရေးကတော့ လက်ရှိမှာ Single ပါပဲ။
Unicode
တရားစခန်းဝင်သွားပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်
သရုပ်ဆောင် သင်ဇာဝင့်ကျော်က အောင်ဇဗ္ဗူတောရကျောင်းတိုက်မှာ တရားစခန်းဝင်မယ်လို့ ဆိုပါတယ် သူမဟာ အလုပ်အားတဲ့အချိန်မှာ ဘာသာရေးကို ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
သင်ဇာဝင့်ကျော်ဟာ ဇူလိုင်လ ၂၉ ရက်နေ့က စပြီး မှော်ဘီမြို့မှာရှိတဲ့ အောင်ဇဗ္ဗူတောရ ကျောင်းတိုက်မှာ တရားစခန်းဝင်မယ်လို့ သိရပါတယ်။
‘’ဒီနေ့တရားစခန်းဝင်ပါမည် အကြွေးကျန်နေသောအလုပ်များကို ရိပ်သာကပြန်ထွက်လာမှ ဆက်လုပ်ပေးပါမည်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေက Comment ကနေတဆင့် သာဓု ၃ ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ် သင်ဇာဝင့်ကျော်ရဲ့ အနုပညာသက်တမ်းက ကြာပြီဖြစ်ပါတယ်။
ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ အခက်အခဲတွေကြားက ကြိုးစားလာခဲ့ရသူပါ ဒီ့အတွက်ကြောင့် သူကိုယ်တိုင်က ရည်မှန်းချက်မထားတတ်သူတွေကို အထင်မကြီးတတ်တဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။
‘’ရည်မှန်းချက်မရှိ ကြိုးစားချင်စိတ်မရှိ အပျော်အပါးပဲမက်ပြီး ယောင်လည်လည်လုပ်နေသူများကိုတော့ သင်ဇာက sorry ပါ။
အပြင်ကကိစ္စအသေးအမွှားလေးကိုတောင် မဖြေရှင်းနိုင်ဘဲ စိတ်ညစ်ပြီး ညည်းပြနေရင် အလုပ်မှာ ပြဿ နာတက်ရင်လည်း ဖြေရှင်းနိုင်မယ်မထင် ဒီနေ့တွေးမိတဲ့အတွေးလေးပါ မည်သူ့ကိုမှရည်ရွယ်ပြီးရေးခြင်းမဟုတ်’’ ။
ဆိုပြီးတော့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် သူ့ရဲ့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အခုလို ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။
သင်ဇာဝင့်ကျော်ဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတာဖြစ်သလို တီဗီကြော်ငြာတွေ၊ ပွဲလမ်းသဘင်တွေလည်း အဆက်မပြတ် သွားနေရတာဖြစ်ပါတယ်။
သူကတော့ လက်ရှိအချိန်ထိ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသမီးတစ်ယောက်ပါ ဇွန်လ အတွင်းမှာပဲ ချစ်သူနဲ့ လမ်းခွဲလိုက်တာ ဖြစ်တာကြောင့် သူမရဲ့အချစ်ရေးကတော့ လက်ရှိမှာ Single ပပဲ
Hits: 263