လေဖြတ်တော့မယ့် ရှေ့ပြေး လက္ခဏာများ
ZAWGYI
၂။ လက်တွေထုံလာမယ်
၎။ မေ့လွယ်လာမယ်
UNICODE
လေဖြတ်တော့မယ်လို့ ခန္ဓာကိုယ်က အချက်ပြနေတဲ့ လက္ခဏာတွေကို ကြိုသိထားခြင်းက အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင်ပါလိမ့်မယ် လေဖြတ်လေငန်းရောဂါဆိုတာ သိပ်ကြောက်ဖို့ကောင်းတဲ့ရောဂါပါ။
ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်နိုင်တော့လို့ ချေးပါ သေးပေါက်ကအစ အိမ်သားတွေကို အားကိုးရမှာဖြစ်တဲ့အတွက် ကိုယ်တစ်ယောက်တည်း ဒုက္ခရောက်တာမဟုတ်ဘဲ အိမ်သားတွေပါ ဒုက္ခရောက်စေတဲ့ ရောဂါမျိုးပါ။
ဒါကြောင့် လေဖြတ်တော့မယ်လို့ ခန္ဓာကိုယ်က အချက်ပြနေတဲ့ လက္ခဏာတွေကို ကြိုသိထားခြင်းက အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင် ပါလိမ့်မယ်။
၁။ အမြင်အာရုံအားနည်းမယ်
လူတော်တော်များများက ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ အမြင်ဝေဝါးခြင်း၊ အမြင်အာရုံ အားနည်းခြင်းတို့ကို အသက်အရွယ်ကြီးရင့်လာလို့တို့၊ ပင်ပန်းနွမ်းနယ်လို့တို့ ထင်တတ်ကြပါတယ်။
တကယ်တော့ မျက်စိထဲမှာ ပုံရိပ်တွေကို နှစ်ထပ်မြင်နေရပြီဆိုတာ ပင်ပန်းလို့ဆိုတာထက် မျက်စိကို အများကြီးအသုံးချမိလို့ ဆိုတာထက်ပိုပါတယ်။
ဒါဟာ သွေးကြောပိတ်ဆို့ခြင်းကြောင့် မျက်စိဆီကို အောက်ဆီဂျင်လုံလုံလောက်လောက် မရောက်တဲ့အခါဖြစ်တတ်ပါတယ် ဒါဟာာ လေဖြတ်ခြင်းရဲ့လက္ခဏာတစ်ခုပါ။
ဒါကြောင့် အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ကြုံနေရပြီဆိုရင် မျက်စိဆရာဝန်နဲ့ ပြသစစ်ဆေးပါ ပြီးရင်လေဖြတ် လေငန်း ရောဂါနဲ့ ဆက်နွယ်နေမှုရှိမရှိ စစ်ဆေးကြည့်ပါ။
၂။ လက်တွေထုံလာမယ်
အိပ်ယာကရုတ်တရက် လန့်နိုးလာပြီး လက်တွေထုံနေမယ်ဆိုရင် လက်ကိုဖိအိပ်မိလို့လို့ပဲ ယူဆမိကြမှာပါ ဒါပေမယ့် တကယ်ကော အဲဒီအတိုင်းဟုတ်ပါ့မလား။
မိုင်ယာမီတက္ကသိုလ်က အာရုံကြောဗေဒ ပါမောက္ခ ဒေါက်တာ Ralph Sacco ကတော့ “လက်မောင်းတစ်ဖက် ရုတ်တရက်ထုံလာပြီး အချိန်တစ်ခုအတွင်း ပြန်သက်သာမလာဘူးဆိုရင်တော့ ဆေးခန်းကို အမြန်ဆုံးပြေးပါတော့” လို့ အကြံပြု ထားပါတယ်။
ကျောရိုးမကြီးကနေနောက်စေ့ကို ဖြတ်သန်းသွားလာနေတဲ့ သွေးကြောတွေမှာ သွေးစီးဆင်းမှုလျော့နည်းခြင်းဟာ ခန္ဓာကိုယ်တစ်ခြမ်းမှာ ထုံကျင်ခြင်း၊ အားနည်းခြင်းကို ဖြစ်စေပါတယ်တဲ့။
၃။ စကားသံတွေ မပီသဖြစ်မယ်
တစ်ခါတလေမှာ စကားပြောရင် မပီမသ၊ ဗလုံးဗထွေး ဖြစ်နေပြီဆိုရင်တော့ လေဖြတ်နိုင်တဲ့ အန္တရာယ်များနေပြီလို့ သိနိုင်ပါတယ်။
လေဖြတ်လေငန်းရောဂါဟာ ဦးနှောက်နဲ့အဓိက ဆက်စပ်နေတဲ့အတွက် ဦးနှောက်ထဲကို သွေးမလျှောက်တော့တဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ အလုပ်လုပ်ရတာခက်ခဲလာပါတယ်။
အဲဒီထဲမှာ မေးရိုးနဲ့လျှာလည်း ပါပါတယ် မေးရိုးနဲ့လျှာ ကောင်းကောင်း အလုပ်မလုပ် တော့တဲ့အခါ စကားသံတွေ မပီမသနဲ့ ဗလုံးဗထွေးဖြစ်လာတတ်ပါတယ်။
၄။ မေ့လွယ်လာမယ်
အသိတစ်ယောက်နဲ့ စကားပြောနေရင်း ပြောမယ့်စကားက ပါးစပ်ဖျားမှာတင် မေ့လျော့သွားတာမျိုး ကြုံဖူးကြလား အဲဒီလို မေ့လျော့ခြင်းက အကြိမ်ရေအရမ်း စိတ်လာပြီဆိုရင်တော့ သတိထားသင့်ပါပြီ။
အယ်လ်ဇိုင်းမားရောဂါရလောက်တဲ့ အသက်အရွယ်လည်း မဟုတ်သေးဘူးဆိုရင်တော့ ဒါဟာလေဖြတ်ရောဂါ ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါပြီ။
၅။ ခေါင်းကိုက်ခေါင်းခဲလာမယ်
ခေါင်းကိုက်တယ်ဆိုတာကလည်း အရက်သောက်ထားလို့ ခေါင်းကိုက်တာလား နေပြင်းလို့ခေါင်းကိုက်တာလား အစားမှားလို့ ခေါင်းကိုက်တာလား ကွဲကွဲပြားပြားသိဖို့လည်း လိုပါသေးတယ်။
အကြောင်းပြချက် မရှိဘဲ ရုတ်တရက်ကြီး ခေါင်းထကိုက်ပြီဆိုရင်တော့ ဒါဟာ လေဖြတ်လေငန်းရောဂါ ဖြစ်တော့မယ်လို့ သတိပေးနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ခေါင်းကိုက်ရောဂါနဲ့ လေဖြတ်ရောဂါမှာ အာရုံကြောဆိုင်ရာ ဝိသေသတွေ တူညီနေတော့ အထင်အမြင်မှားနိုင်စရာတွေ ရှိပါတယ်။
၆။ ပစ္စည်းတခုခု ကိုင်တွယ်လျှင် မထင်မှတ်ပဲ ကိုင်မရ မမြဲပဲ ခဏခဏပြုတ်ကျတာ
မမြဲလျှင်လည်း လေဖြတ်လဏ္ခာပါပဲ၊ ချေထောက်က ရုတ်တရက် လှုပ်ရှားမရ ဆွဲသလို ဖြစ်နေရင်လည်း လေဖြတ်ရောဂါ ဖြစ်တော့မည့် လဏ္ခာများဖြစ်၍ ဆရာဝန်နှင့် အလျှင်အမြန် ကြိုတင်ပြသသင့်ပါသည်
Hits: 350
မသန်စွမ်းကျောင်းမှာ မွေးနေ့အလှူလုပ်ဖို့ အငြင်းခံခဲ့ရတဲ့ မို့မို့မြင့်အောင်
ZAWGYI
UNICODE
သရုပ်ဆောင် မိုးမိုးမြင့်အောင်ဟာ သူမရဲ့မွေးနေ့မှာ ကောင်းမှုကုသိုလ်ဖြစ်အောင် မင်းဓမ္မလမ်းမှာရှိတဲ့ မသန်စွမ်းကျောင်းမှာ အလှူလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ။
ကျောင်းအုပ်က ငြင်းခဲ့လို့ တခြားမှာ ပြောင်းလုပ်ဖြစ်ခဲ့ပုံကို ပြောပြခဲ့ပါတယ် ” ပထမအသံသဲ့သဲ့လေး ကြားတာက မင်းဓမ္မလမ်းက မသန်စွမ်းကျောင်းမှာဆိုတော့ ဖြစ်စေချင်တယ် ”
ဘာလို့လည်းဆိုတော့ မို့အကိုကလည်း ခြေထောက်ပိုလီယိုဖြစ်တုန်းက အဲ့ကျောင်းမှာပဲ ဆေးရုံတက် လေ့ကျင့်ခန်းတွေလုပ်ခဲ့ရတာပေါ့။
ဒါပေမယ့် အကိုကတော့ ဆုံးသွားတာ ၆နှစ် ၇နှစ်လောက်ရှိပါပြီ အဲ့မှာ လုပ်မယ်ဆိုတော့ ဝမ်းသာသွားတယ် အကိုကြီးလေ့ကျင့်ခန်း လုပ်တုန်းကလည်း လိုက်လိုက်သွားဖူးတယ်ဆိုတော့လေ။
အခုကျတော့ မွေးနေ့လှူဖို့ကို အဲ့က လက်မခံဘူးပြောတယ် သူတို့က မီဒီယာတွေပါတာ လက်မခံဘူး နောက်ပြီး We Love တွေပါတာလက်မခံဘူးလို့ပြောတယ် အဲ့ဒါမဖြစ်သင့်ဘူးလို့ထင်တယ်။
ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ကျောင်းအတွက် Patient တွေအတွက် ဘာပဲဖြစ်ဖြစ် အလှူရလာတယ် အလှူငွေရလာတယ် ဒီလို လှူတဲ့သူတွေရောက်လာရင် နောက်ထပ်လှူတဲ့သူတွေရောက်လာမှာပဲလေ။
အလှူဆိုတာရှိစေချင်တယ်လေ လှူတဲ့သူကလည်း အလှူခံတဲ့နေရာရှိမှ လှူလို့ရတာလေ အဲ့ဒီအတွက် သူတို့ကို အလှူခံ ပုဂ္ဂိုလ်ဖြစ်စေချင်တယ် အလှူခံ ပုဂ္ဂိုလ်ဖြစ်လိုက်တဲ့အတွက်လည်း သူတို့လည်း ကုသိုလ်ရတာပဲ။
Patient တွေကလည်း ခံစားခွင့်ရသလို။ အလှူခံပုဂ္ဂိုလ် ခေါင်းဆောင်အနေနဲ့လည်း ရသင့်တယ်လို့ထင်တယ် သူတို့လည်းရမှာပဲ အဲ့ကုသိုလ်ကို သူတို့နားမလည်ဘူးလားလို့ မို့ အဲ့ကျောင်းအုပ်ကို သံသယ ဖြစ်မိတယ်။
ဘာဖြစ်လို့လည်းဆိုတော့ နေပြည်တော်ကို စာတင် ဆိုတာကတော့ အဲ့လောက်မလိုဘူးထင်တယ်လေ ဒါအလှူလုပ်ပေးတာပဲလေ ဖြစ်စေချင်တယ်ပေါ့နော်။
မို့မို့ပြောရဲတာက ပွင့်လင်းမြင်သာ တဲ့ခေတ်ဖြစ်နေတော့ WeLove တွေကလည်း ပထမရွေးချယ်မှုတစ်ခုပေါ့ အဲ့ရောက်သွားတော့ လက်မခံဘူးလို့ပြောတယ်တဲ့။
မီဒီယာတွေလာတာလည်း လက်မခံဘူးတဲ့ မီဒီယာတွေက ဘာပဲဖြစ်ဖြစ်ကောင်းတာကို လုပ်ပေးမှာပဲ နောက်လှူတဲ့သူတွေက ဒီကျောင်းကို မလာစေချင်ဘူးလား။
လာလှူချင်မှာပဲလေ နောက်ထပ်လာလှူချင်မှာပဲ သဒ္ဒါပေါက်သွားမှာပေါ့ အခုဒီမှာဆိုလည်း မျက်မမြင်ဆိုပေမယ့် သူတို့မှာ စွမ်းအားတွေရှိကြတယ် ဒါတွေကိုမြင်ရင် ပံ့ပိုးချင်စိတ်ပေါက်လာမှာပဲ။
လှူချင်တဲ့ စိတ်ဆိုတာ ဖြစ်လာကြမှာပဲ အဲ့လိုဖြစ်စေချင်တယ် ဘာပဲဖြစ်ဖြစ် ကျောင်းအုပ်တွေနဲ့ တာဝန်ရှိသူတွေကို အဲ့လိုစိတ် ထားတက်ပါစေလို့ မို့မို့မြင့်အောင်က ပြောသွားခဲ့ပါတယ် ။
Hits: 543
ဘဝမှာ မပူမပင် မကြောင့်မကြ အေးချမ်းစွာနေနိုင်မယ့် ဗုဒ္ဓအလိုကြ ယတြာ
ZAWGYI
UNICODE
နံနက် အိပ်ယာထချိန်တွင် မိမိတို့အိမ်တွင် ရှိသောမြတ်စွာဘုရားကိုမျက်နှာသစ်တော်ရေ၊သောက်တော်ရေချမ်းကပ်ပါ။
မျက်နှာသစ်တော်ရေနှင့် သောက်တော်ရေချမ်း ကပ်လှူသောအခါ
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော သဗ္ဗညုတမြတ်စွာဘုရားကို ဘုရားတပည့်တော်၊ တပည့်တော်မသည် မျက်နှာသစ်တော်ရေနှင့် သောက်တော်ရေချမ်းကို သဒ္ဒါကြည်ဖြူစွာ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါသည် အရှင်မြတ်ဘုရား။
ဤကဲ့သို့လှူဒါန်းရသော ကုသိုလ်ကံ စေတနာကြောင့် ဘုရားတပည့်တော်၊တပည့်တော်မ၏ စိတ်သည် တစ်နေ့တာလုံး ဤရေကဲ့သို့အေးမြပါစေ။ပူပင်သောက ဟူသမျှသည် ပပျောက်၍ ဤရေကဲ့သို့ အေးချမ်းမှုရရှိပါစေ။
ဘုရားတပည့်တော်၊ ဘုရားတပည့်တော်မနှင့် ကြုံရဆုံရသမျှသော ခုနစ်ရက်သားသမီးအပေါင်း၏ ဘဝသည်လည်းဤရေကဲ့သို့အေးချမ်းကြပါစေ။
ဘုရားတပည့်တော်၊ တပည့်တော်မ၏ ယ္ခုပစ္စုပ္ပန်၊ အနာဂတ် ဘဝတစ်လျှောက်လုံး စိုးရိမ်ပူပင်ကြောင့်ကြမှုအစုစုတို့သည်။
ဤမျက်နှာသစ်တော်ရေ၊ သောက်တော်ရေချမ်းကပ်လှူပူဇော် လှူဒါန်းရသောစေတနာသဒ္ဒါတရားကြောင့် ဘဝတစ်လျှောက်လုံးမပူမပင် မကြောင့်မကြ အေးချမ်းစွာနေထိုင်ဖြတ်သန်းနိုင်ပါစေသား ။
အရှင်မြတ်ဘုရား။နေ့စဉ်အမြဲတမ်း နံနက်တိုင်း ယုံကြည်စွာပြုလုပ်ပေးပါ။ယုံကြည်မှုဖြင့် ကိုးကွယ်ဆည်းကပ်မှုသည် ။
ယခု ဤဘဝတွင်သာ မကဘဲ နောင်ဘဝများစွာ တည်ငြိမ်အေးချမ်းပြီး နောင်ပွင့်တော်မူမည့် အရိမေတ္တယျမြတ်စွာဘုရားရှင်ကို ဖူးတွေ့နိုင်ပြီး သာသနာပြုနိုင်သောပုဂ္ဂိုလ်ထူးပုဂ္ဂိုဟ်မြတ်များဖြစ်ကြပါစေ။။
Hits: 735
(၇)ချက်လောက်နဲ့ ကိုက်ညီနေရင် တကယ်ကိုလှပချောမောတဲ့သူပါ…
ဇော်ဂျီဖေါင့်ဖြင့် ဖတ်ရန်
ယူနီကုတ်ဖေါင့်ဖြင့် ဖတ်ရန်
အလှအပနဲ့ ပါတ်သက်ရင် လူတစ်ဦးနဲ့ တစ်ဦးရဲ့ သတ်မှတ်ချက် အမြင် အတွေးကတော့ ဘယ်နည်းနဲ့မှ မတူညီနိုင်ပါဘူး။
ယခုဖော်ပြပေးမှာကတော့ နိုင်ငံတကာက လူတွေအများစုက လှတယ်လို့သတ်မှတ်ထားတဲ့ အမျိုးသမီးတစ်ယောက်မှာ ရှိရမည့် စံချိန်လေးတွေဖြစ်ပါတယ် ။
တကယ်လို့များ သင်ဟာ ဒီအချက်တွေထဲက ခုနှသ်ချက်နဲ့အထက် ကိုက်ညီနေရင်တော့ သင်ဟာ ဘယ်နိုင်ငံ ဘယ်လူမျိုး အတွက်ပဲဖြစ်ပါစေ တကယ်ကိုလှပချောမောတဲ့သူတစ်ယောက်လို့ ဆိုရပါမယ် ။
(၁) သင့်မှာ မျက်ခုံးမွှေးဆွဲစရာမလိုလောက်အောင် လှပပြီးထူထဲတဲ့ မျက်ခုံးမွှေးတွေကို ပိုင်ဆိုင်ထားပါမယ်ဆိုရင် တစ်ခါတလေရိတ်ရတာကလွဲပြီး အထူးတလည်ပြင်ဆင်ပေးစရာမလိုပါဘူး။
(၂) သင့်ရဲ့ မျက်လုံးလေးဟာ လုံးဝစွေစောင်းမနေသလို၊ မျက်ရစ်လည်းရှိပါတယ် မျက်တောင်တွေက ကော့ညွတ်မနေသည့်တိုင် အကြည့်တွေက အရမ်းဆွဲဆောင်မှုရှိရပါမယ်။
(၃) သင့်ရဲ့ နှာတံလေးဟာ မချွန်ရင်တောင်မှ ပြားနေတာမျိုး၊ ပွနေတာမျိုးမဟုတ်ပဲ နှာတံစင်းစင်းလေးနဲ့ ကြည့်ကောင်းနေရပါမယ်။
(၄) သင့်ရဲ့ နှုတ်ခမ်းလေးဟာ နှင်းဆီပန်းလေးလိုပဲ ခပ်ထူထူလေးနဲ့ ဆွဲဆောင်မှုအပြည့်ရှိနေမှာပါ လူတွေကသင့်ကို နှုတ်ခမ်းလှတယ်လို့ ပြောတာကို ခဏခဏ ကြားရမှာပါ။
(၅) သင့်ရဲ့ သွားလေးတွေဟာ ဖြူဖွေးပြီး ညီညာနေပါလိမ့်မယ် သွားထပ်လေးပါတာလည်းဖြစ်နိုင်ပါတယ်။
(၆) သင့်မှာ ပြုံးလိုက်တိုင်း ခွက်သွားတဲ့ပါးချိုင့်လေးတွေရှိပြီး သင့်အပြုံးလေးတွေက အရမ်းကို ချိုမြိန်နေစေမှာပါ။
(၇) သင့်ရဲ့ အသားအရေဟာ အထူးတလည်လိမ်းခြယ်နေစရာမလိုလောက်အောင် ဝင်းဝါပြီး ဘာမှလိမ်းမထားရင်တောင် လှနေတဲ့အသားအရေမျိုး ရှိရပါမယ် ။
(၈) သင့်ရဲ့ ခန္ဓာကိုယ်ဟာ မပိန်သည့်တိုင်အောင် အဆီပိုတွေရှိမနေသလို၊ ဝလည်းမနေပဲ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ဖြစ်ရပါမယ်။
(၉) သင့်ရဲ့ ခြေချောင်း၊ လက်ချောင်းလေးတွေဟာ ဖူးဖူးလေးတွေနဲ့ လှပနေမယ်ဆိုရင် လက်သည်းကို အများကြီးပြင်ဆင်ပေးစရာမလိုသလို၊ ခြေချောင်းလက်ချောင်းလေးတွေကအစ အရမ်းလှမှာပါ။
(၁၀) သင့်ရဲ့ ဆံပင်ဟာ သဘာဝအတိုင်းထူထဲပြီး သန်စွမ်းတဲ့ဆံကေသာဖြစ်ပါက အထူးတလည် ပုံသွင်းနေစရာမလိုလောက်အောင် လှနေပြီး ဖြစ်ပါလိမ့်မည် ။
Hits: 1727
ရွှေသင်္ကန်းကပ်လှူဖို့ သိန်းပေါင်းများစွာလှူဒါန်းလိုက်တဲ့ နန္ဒာလှိုင်တို့ မိသားစု
ဇော်ဂျီဖြင့် ဖတ်ရန်
ယူနီကုတ်ဖြင့် ဖတ်ရန်
အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေထဲမှာ ဝါရင့်သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ကတော့ မပါမဖြစ်ပါပဲ..။
တစ်ချိန်က ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် အကယ်ဒမီဆုရှင် မင်းသမီးချောနန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ရပ်နားလိုက်ပေမယ့် ပရိသတ်တွေယနေ့အချိန်ထိ တခဲနက် အားပေးချစ်ခင်နေဆဲပါပဲနော်..။
သမီးလေး သုံးယောက်နဲ့အတူ သာယာပျော်ရွှင်စရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ နန္ဒာလှိုင်တို့မိသားစုလေးကတော့ မကြာခဏလည်း လှူဒါန်းမှုတွေကို ပြုလုပ်လေ့ရှိတာလည်း တွေ့ရပါတယ်နော်..။
လှူဒါန်းမှုတွေကို ရက်ရက်ရောရောနဲ့ ချီးကျူးအားကျရလောက်အောင် ကုသိုလ်ယူလှူဒါန်းလေ့ရှိတဲ့ သူမတို့မိသားစုလေးကတော့ အခုတစ်ခါမှာလည်း နတ်လူသာဓုခေါ်စေမယ့် အလှူလေးပြုလုပ်လိုက်ပြန်ပါတယ်နော်..။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်ကြီး လုံးပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူဖို့အတွက် အလှူငွေအဖြစ် ကျပ်သိန်းပေါင်း (၅၀၀) လှူဒါန်းလိုက်တာပဲ ဖြစ်ပါတယ်..။
လှူဒါန်းမှုတွေကို ရက်ရက်ရောရော လှူဒါန်းတတ်ကြတဲ့ နန္ဒာလှိုင်တို့ မိသားစုလေးရဲ့ ကုသိုလ်အလှူလေးကတော့ ပရိသတ်တွေကို ဝမ်းသာကြည်နူးမှုလေးတွေနဲ့အတူ ပီတိလေးတွေနဲ့ အပျော်လေးတွေ ကူးစက်စေပါတယ်နော်.
Hits: 726
ကိုရီးယားမင်းသား Ryu Sang Wook နဲ့အတူတူ ရုပ်ရှင်ရိုက်ကူးတော့မယ့် ဝတ်မှုံရွှေရည်
ဇော်ဂျီဖြင့် ဖတ်ရန်
ယူနီကုတ်ဖြင့်ဖတ်ရန်
နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်ဟာ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရော ကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်သူလေး ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာကြောင့် နိုင်ငံခြားဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အာရှနိုင်ငံတော်တော်များများကလည်း အားပေးလက်ခံခြင်း ခံရတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။
အခုလည်း ဝတ်မှုံရွှေရည်က ကိုရီးယားနိုင်ငံနဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝတ်မှုံရွှေရည်က ခေါင်းဆောင်မင်းသမီးအဖြစ် ကိုရီးယားမင်းသား Ryu Sang Wook နဲ့အတူတူ တွဲဖက်ပြီး သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။
ထိုရုပ်ရှင်ဇာတ်ကားကြီးကို Big 5 Production နှင့် JBJ Entertainment တို့ ပူးပေါင်းရိုက်ကူးမှာဖြစ်ပြီး ဒါရိုက်တာ ဇင်ယော်မောင်မောင်က ဦးစီးရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အမည်ကို “တိမ်တွေပေါ်ကပန်း” လို့ အမည်ပေးထားပြီး ဒီကနေ့ နံနက်ပိုင်းမှာတော့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်နဲ့တွဲမယ့် မင်းသား Ryu Sang Wook က တောင်ကိုရီးယားနိုင်ငံမှ နာမည်ကြီးမင်းသား တစ်လက်ဖြစ်ပြီး အသက်(၃၄)နှစ်အရွယ်ရှိသူ ဖြစ်ပါတယ်။
Ryu Sang Wook က ရုပ်ရှင်ဇာတ်ကားတွေနဲ့ TV series ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးခဲ့ပြီး မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဂန္တဝင်အချစ်နဲ့ တော်ဝင်စည်တော် (ဂျာမြောင်မင်းသမီး) ဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ကတော့ မြန်မာပရိသတ်တွေ ဂုဏ်ယူရအောင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အလုပ်တွေ လုပ်ကိုင်နေဆဲ ဖြစ်လို့ ဝတ်မှုံရွှေရည်ကို ချစ်တဲ့ ပရိသတ်တွေကတော့ တော်တော်လေး ဝမ်းသာနေကြမယ် ထင်ပါတယ်။
ဒီ”တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင်လည်း အားပေးကြဖို့ မမေ့ပါနဲ့နော် အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Hits: 412
လာဘ်ပွင့် အိမ်အေးအောင် ဒါတွေ လုပ်ပါ
Zawgyi
(၇) အိမ်ရှိ လှေကားများ ကျိုးပျက်နေသည်ကို ပြုပြင်ပါ လှေကားများ ကျိုးပျက်နေခြင်းက လာဘ်တိတ်စေသလို မကောင်းသော အန္တရာယ်များကို ဖိတ်ခေါ်စေပါတယ်….။
Unicode
(၁) ဘုရားပန်း နှင့် သောက်တော်ရေ ၊ဆွမ်း ၊ဆီမီး အမြဲကပ်ပါ။
ဘုရားပန်း မနွမ်းပါစေနဲ့၊ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့၊သောက်တော်ရေကို သတိရတိုင်းကပ်ပါ။
(၂)ဘုရားရှိခိုးလျင် အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းအတွင်းမှီတင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများမြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပါ။
(၃)အလွန် ကံညံ့ လာဘ်ပိတ်နေလျှင်ညသန်းခေါင် ပရိတ်ရွတ်ပါ၊ည (၁၂) နာရီနောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျင် ပို၍ ဆုတောင်းပြည့်စေပါတယ်။
(၄)အိမ်မှာ အဟောင်း အစုတ်တွေ မထားပါနဲ့ အချို့အိမ်တွေမှာ နှမြောပြီးထားတတ်ကြတာတွေ ရှိပါတယ်၊ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အဝတ်အစားအစုတ်တွေဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ တကယ်လိုအပ်တာတွေသာ အဓိက ထားပါ။
(၅)အိမ်ကို တံမြက်စည်းလှည်းလျှင် နံနက်လှည်းလျှင် အိမ်ရှေ့မှ အိမ်နောက်သို့လှည်းပါ၊ညနေနှင့်ညဘက် လှည်းလျင် အိမ်နောက်မှ အိမ်ရှေ့သို့လှည်းပါ။
(၆) မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့ ၊မကုန်မီ ကြိုတင်၍ ဝယ်ပါ။
(၇) အိမ်ရှိ လှေကားများ ကျိူးပျက်နေသည်ကို ပြုပြင်ပါ လှေကားများ ကျိုးပျက်နေခြင်းက လာဘ်တိတ်စေသလို မကောင်းသော အန္တရာယ်များကို ဖိတ်ခေါ်စေပါတယ်….။
Hits: 2994
အိမ်ထောင်ရေး သာယာလိုတဲ့ စုံတွဲတွေ လိုက်နာသင့်တဲ့ အချက်များ
Zawgyi
(2) အလုပ်တွေ မေ့ထားပါ
(4) ရင်ဖွင့်ပါ
(6) ကလေးတွေမပါပဲ အိပ်ပါ
Unicode
အိမ်ထောင်ရေး သာယာလိုသူ စုံတွဲတွေ မအိပ်ခင်မှာ လိုက်နာသင့်တဲ့ အချက်များ
နေ့စဉ်အလုပ်သွားနေရတဲ့ စုံတွဲများအတွက် အေးအေးဆေးဆေး တွေ့ရချိန်ဟာ အိပ်ခါနီး အချိန်ပဲ ရှိပါတယ် အိပ်ယာမဝင်ခင် ၁ နာရီ သို့ မိနစ် အနည်းငယ်လောက် ပျော်ရွှင် ကြည်နူးချိန်လေးဟာ လင်မယားကြား ဆက်ဆံရေးကို နွေးထွေးစေပါတယ်။
(1) ဖုန်းတွေကို silent လုပ်ထားပါ
ဆိုရှယ်မီဒီယာကို လွန်ကဲစွာ သုံးခြင်းက နှစ်ကိုယ်ကြား ချစ်ခင်ရင်းနှီးစေတဲ့ အောက်ဆီတိုဇင်ဟော်မုန်းကို အထွက်နည်း စေပါတယ် ဒါကြောင့်မို့ ည ၉ နာရီ ဆို ဖုန်းတွေ ပိတ်ပြီး နှစ်ကိုယ်ကြား အချိန်ပေးသင့်တယ်ပါတယ်။
(2) အလုပ်တွေ မေ့ထားပါ
အိပ်ခါနီးမှာ အလုပ်က ပို့တဲ့ မေးလ်တွေ မစစ်ပါနဲ့ နှစ်ကိုယ်တူ အချိန်သီးသန့် ပေးခြင်းဖြင့် နောက်နေ့ အတွက် စွမ်းအင်တွေ တိုးစေပါတယ်။
(3) တစ်ချိန်တည်း အိပ်ရာဝင်ပါ
သင်တို့ နှစ်ယောက် အချိန်တူ အိပ်ရာဝင်ခြင်းဖြင့် ပိုမို ရင်းနှီးစေပါတယ်။
(4) ရင်ဖွင့်ပါ
သူပြောတဲ့ စကားတွေကို ကြင်နာစွာ နားထောင်ပေးပါ ဝေဖန်ခြင်း ငြင်းခုန်ခြင်း မလုပ်ပဲ အားပေးပါ။
(5) ရန်ဖြစ်ခြင်း ရှောင်ပါ
ညမအိပ်ခင် ရန်ဖြစ်ခြင်းကြောင့် နှစ်ယောက်ကြားက ပြဿနဿာကို ပိုကြီးစေပါတယ် ထို့အပြင် အိပ်စက်ခြင်းကိုပါ နှောင့်နှေးစေပြီး နောက်နေ့အတွက် စိတ်ကိုလည်း ညစ်ညူးစေမှာပါ။
(6) ကလေးတွေမပါပဲ အိပ်ပါ
ကလေးတွေနဲ့ တစ်ခန်းတည်း မအိပ်ပဲ ခွဲအိပ်ပါ ဒါမှသာ လွတ်လပ်စွာ နေထိုင်နိုင်ပြီး နှစ်ဦးကြား ပိုမိုရင်းနှီးစေပါတယ်။
(7) ကြောင်တွေ ခွေးတွေနဲ့ တူတူ မအိပ်ပါနဲ့
ကျန်းမာရေးအတွက် မသင့်တော်တဲ့ အပြင် သင်တို့ကြားမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။
(8) အိပ်ခါနီး အရက်၊ ဆေးလိပ် သောက်တာ ရှောင်ပါ
အိပ်ရေးပျက်စေတတ်တဲ့ အပြင် သင်တို့ကြားမှာ ရင်းနှီးနွေးထွေးတဲ့ အချိန်လေးကို ထိခိုက်စေပါတယ်။
(9) တစ်ယောက်နဲ့ တစ်ယောက်နှိပ်ပေးပါ
အိပ်ခါနီး ညင်သာစွာ နှိပ်ပေးတာဟာ အကြောပြေ လျော့စေတဲ့အပြင် ချစ်ခင်မှုတိုးစေပါတယ်။
(10) ပွေ့ဖက်နမ်းရှုပ်ပါ
မအိပ်ခင် မိနစ်အနည်းငယ်ပေးပြီး တစ်ယောက်ကို တစ်ယောက် ဖက်ထားပေးပါ မအိပ်ခင် နှဖူးလေးကို နမ်းဖို့ မမေ့နဲ့နော် အိပ်နေစဉ် တစ်ယောက်ကို တစ်ယောက် ဖက်ထားတဲ့ အတွဲတွေဟာ ပိုခိုင်မာတယ်လို့ ဆိုပါတယ်။
Hits: 873
‘ ထီ ’ ထိုးမည် ဆိုပါလျှင်
Zawgyi
၂၈ – ၅- ၂၀၁၉
၂၉-၅-၂၀၁၉
၃၀-၅-၂၀၁၉
၃၁-၅-၂၀၁၉
၁-၆-၂၀၁၉
၂-၆-၂၀၁၉
၃-၆-၂၀၁၉
Unicode
( ၂၈.၅.၂၀၁၉ မှ ၃.၆.၂၀၁၉ ) များထဲကတစ်ရက်ရက်မှာ ထီထိုးမယ်လို့ ရည်ရွယ်ထားတယ်ဆိုရင် နေ့အလိုက် အကျိုးပေး ဂဏန်းလေးတွေ မှတ်သားသွားပြီးထိုးဖို့ အကြံပြုလိုက်ပါတယ်။
၂၈ – ၅- ၂၀၁၉
ကံကောင်းစေမယ့်အရောင် – အနီရောင်၊ ခရမ်းရောင်၊
ကံကောင်းစေမယ့်အလှူ – ကိတ်မုန့်နဲ့ကော်ဖီ ဆွမ်းတော်ကပ်လှူပါ။
ကံကောင်းစေမယ့်ဂဏန်း – ၉ ဂဏန်း၊ ၇ ဂဏန်းနဲ့ ၂ ဂဏန်းတွေကိုအားပြုပါ။
ကံကောင်းနိမိတ် – ပန်းကိုကြည့်ပြီး နိမိတ်ကောက်ယူပါ  ဒီနေ့ဟာအထင်အမြင်အလွဲခံရတတ်တဲ့နေ့ပါပဲ။
၂၉-၅-၂၀၁၉
ကံကောင်းစေမယ့်အရောင် – အဖြူရောင်၊ ရွှေရောင်၊ အဝါရောင်၊
ကံကောင်းစေမယ့်အလှူ – သစ်သီး ၆ လုံး လှူပါ။
ကံကောင်းစေမယ့်ဂဏန်း – ၁ ဂဏန်း၊ ၄ ဂဏန်းနဲ့ ၆ ဂဏန်းတွေကိုအားပြုပါ။
ကံကောင်းနိမိတ် – လက်မှတ်တစ်စောင်မှာ နိမိတ်ကောက်ယူပါ ဒီနေ့ဟာ သတင်းကောင်း၊ ဧည့်သည်ကောင်း ရောက်တတ်တဲ့နေ့ပါပဲ။
၃၀-၅-၂၀၁၉
ကံကောင်းစေမယ့်အရောင် – အဖြူရောင်၊ အစိမ်းရောင်၊ ငွေရောင်၊
ကံကောင်းစေမယ့်အလှူ – နှင်းဆီ ၉ ပွင့် ဘုရားမှာ လှူပါ။
ကံကောင်းစေမယ့်ဂဏန်း – ၂ ဂဏန်း၊ ၇ ဂဏန်းနဲ့ ၉ ဂဏန်းတွေကိုအားပြုပါ။
ကံကောင်းနိမိတ် – ဖိတ်စာပေါ်မှာ နိမိတ်ကောက်ယူပါ  ဒီနေ့ဟာ ငွေဟောင်း ပစ္စည်းဟောင်းတွေ ပြန်ပေါ်တတ်တဲ့နေ့ပါပဲ။
၃၁-၅-၂၀၁၉
ကံကောင်းစေမယ့်အရောင် – အနီရောင်၊ ခရမ်းရောင်၊ ကြက်သွေးရောင်၊
ကံကောင်းစေမယ့်အလှူ – ပိတောက် ၁၂ ညွန့် ဘုရားမှာ လှူပါ။
ကံကောင်းစေမယ့်ဂဏန်း – ၃ ဂဏန်း၊ ၅ ဂဏန်းနဲ့ ၇ ဂဏန်းတွေကိုအားပြုပါ။
ကံကောင်းနိမိတ် – ထီးဆောင်းလာသူကို နိမိတ်ကောက်ယူပါ  ဒီနေ့ဟာ ရပ်ဝေးပြည်ပ အကျိုးပေးတတ်တဲ့နေ့ပါပဲ။
၁-၆-၂၀၁၉
ကံကောင်းစေမယ့်အရောင် – အဖြူရောင်၊ အဝါရောင်၊ ရွှေရောင်၊
ကံကောင်းစေမယ့်ကုသိုလ် – ရှောက်သီးသုပ် ၄ ပန်းကန်ဆွမ်းတော်ကပ်လှူပါ။
ကံကောင်းစေမယ့်ဂဏန်း – ၁ ဂဏန်း၊ ၄ ဂဏန်းနဲ့ ၆ ဂဏန်းတွေကိုအားပြုပါ။
ကံကောင်းနိမိတ် – သီချင်းသံကို နိမိတ်ကောက်ယူပါ  ဒီနေ့ဟာ အစီအစဉ်အသစ်တွေ စသင့်တဲ့နေ့ပါပဲ။
၂-၆-၂၀၁၉
ကံကောင်းစေမယ့်အရောင် – အဖြူရောင်၊ အစိမ်းရောင်၊ ငွေရောင်၊
ကံကောင်းစေမယ့်အလှူ – နန်းကြီးသုပ် ၂ ပန်းကန် ဆွမ်းတော်ကပ်လှူပါ။
ကံကောင်းစေမယ့်ဂဏန်း – ၂ ဂဏန်း၊ ၇ ဂဏန်းနဲ့ ၉ ဂဏန်းတွေကိုအားပြုပါ။
ကံကောင်းနိမိတ် – အနီးဆုံး ကားနံပါတ်ကို နိမိတ်ကောက်ယူပါ  ဒီနေ့ဟာ ၂ ကြိမ် ၂ ဆင့်တွေ ကြုံရတတ်တဲ့နေ့ပါပဲ။
၃-၆-၂၀၁၉
ကံကောင်းစေမယ့်အရောင် – အနီရောင်၊ ခရမ်းရောင်၊ ကြက်သွေးရောင်၊
ကံကောင်းစေမယ့်အလှူ – ထောပတ် ထမင်း ဆွမ်းတော်ကပ်လှူပါ။
ကံကောင်းစေမယ့်ဂဏန်း – ၃ ဂဏန်း၊ ၅ ဂဏန်းနဲ့ ၇ ဂဏန်းတွေကို အားပြုပါ။
ကံကောင်းနိမိတ် – နာရီကိုကြည့်ပြီး နိမိတ်ကောက်ယူပါ  ဒီနေ့ဟာ စပ်တူရှယ်ယာအလုပ်အောင်မြင်နိုင်တဲ့နေ့ပါပဲ။
Hits: 1120
မြင့်မြတ် ရဲ့ ရိုးရှင်းတဲ့အလှူ
Zawgyi
အိန္ဒြာကျော်ဇင်ကိုတော့ ယောက်ျားလျာ ကိုတိုးဆိုတဲ့ ကျောင်းဆရာ ကာရိုက်တာနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။
Unicode
မြင့်မြတ်က ‘’ဇာတ်လိုက်’’ရုပ်ရှင်ဇတ်ကားရိုက်ကူးရေးလုပ်နေတဲ့ ပဲခူးရိုးမတောထဲက ဘုန်းကြီးကျောင်းမှာ ငွေကျပ် သိန်း ၃၀ အလှူပြုခဲ့တာကို တွေ့ရပါတယ်။
ဒီဇာတ်ကားထဲမှာတော့ ကျောင်းဆရာ ကာရိုက်တာနဲ့ မြင့်မြတ်ရဲ့ သရုပ်ဆောင်ချက်ကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။
အခုလက်ရှိ ပဲခူးရိုးမတောထဲမှာ ဇာတ်ကားရိုက်ကူးနေရင်းနဲ့ အလှူအတန်းဆိုရင် လက်မနှေးတဲ့ မြင့်မြတ်က အခုလည်း အလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။
‘’ ရိုးရှင်းသော သိန်း၃၀ အလှူလေးပါ’’ ဆိုပြီးတော့ လူကြမ်းသရုပ်ဆောင် စိုးကြီးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၂၉ ရက်နေ့ မနက် ၁၂ နာရီ ၂၆ မိနစ်က ရေးတင်ထားတာဖြစ်ပါတယ်။
အဲဒီနောက် မြင့်မြတ်ရဲ့ အလှူ အမှတ်တရ ဓာတ်ပုံလေးကိုလည်း တင်ခဲ့ပါသေးတယ် မြင့်မြတ်ကို ချစ်တဲ့ ပရိသတ်တွေကလည်း သာဓု သုံးကြိမ် ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာတော့ သူ့ကို ကျောင်းဆရာ ကိုတင်မောင်ဝင်း အဖြစ် မြင်တွေ့ရမှာပါ ကျောင်းဆရာ ကာရိုက်တာကလည်း မြင့်မြတ်အတွက် ပထမဆုံးအကြိမ် ရိုက်ကူးရတဲ့ ဇာတ်ရုပ်ဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒြာကျော်ဇင်ကိုတော့ ယောကျ်ားလျာ ကိုတိုးဆိုတဲ့ ကျောင်းဆရာ ကာရိုက်တာနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံကတော့သဘာဝဆန်ဆန် ဒရာမာ ဇာတ်ကားလေး တစ်ကားဖြစ်ပြီး ရိုးမပေါ်ကကျတဲ့ မျက်ရည်ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးနေတာဖြစ်ပါတယ် ။
အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ရွာမှာ ရိုက်ကူးနေတာဖြစ်တယ်လို့လည်း သိရပြီး ‘’ဇာတ်လိုက်’’ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။
အဓိက သရုပ်ဆောင်တွေ အနေနဲ့ အကယ်ဒမီမြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ လင်းအောင်ခေတ်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ခိုင်သင်းကြည် နဲ့ မေမြင့်မိုရ် တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
မြင့်မြတ်က လက်ရှိအနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ကာ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပါတယ်။
သူဟာ ၂၀၁၇ ခုနှစ်က အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’အမှောင်မှာရွာချတဲ့ မိုးတိမ်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။
Hits: 747