ေအာင္လအန္ဆန္း UFC မွာ သြားၿပိဳင္ဖို့ မျဖစ္နိုင္ေသး

Zawgyi

ေအာင္လအန္ဆန္ကို UFC မွာ ျမင္ခ်င္တယ္တို႔၊ ခါဘစ္နဲ႔ ထိုးေစခ်င္တယ္တို႔ ေျပာေနၾကတာေတြ ေတြ႕လို႔ ဒီၿပိဳင္ပြဲေတြရဲ႕ သေဘာ သဘာဝနဲ႔ ဝိတ္တန္းေတြ အေၾကာင္း နည္းနည္းေလာက္ ရွင္းျပခ်င္တယ္။

အရင္ဆုံး ေျပာျပ ခ်င္တာက UFC ဆိုတာ ဘာလဲ ဆိုတာပါ ေအာင္လတို႔ အခု ၿပိဳင္ေနတဲ့ အားကစားကို MMA (Mixed Martial Art) လို႔ ေခၚပါတယ္။

ျမန္မာလို ဆိုရင္ ကိုယ္ခံပညာ သိုင္းေပါင္းစုံ အားကစားေပါ့ အဲဒီ အားကစားကို ကမၻာ့ ႏိုင္ငံေပါင္းစုံက အဖြဲ႕အစည္း မ်ိဳးစုံ ကေန စီစဥ္က်င္းပ ေနပါတယ္။

အဲဒီထဲမွာ အေမရိကန္ အေျခစိုက္ UFC က ၿပိဳင္ဘက္မရွိ နံပါတ္တစ္ပါ ONE Championship ကေတာ့ ထိပ္ဆုံး ငါးခုေလာက္ အတြင္းမွာ ရွိပါတယ္။ရွိပါတယ္။

ေနာက္တစ္ခုက ေအာင္လအန္ဆန္ အခု ၿပိဳင္ေနတာ မစ္ဒယ္ဝိတ္ (၂၀၅ ေပါင္တန္း) နဲ႔ လိုက္ဟဲဗီးဝိတ္ (၂၂၅ ေပါင္တန္း) ျဖစ္ပါတယ္။

UFC မွာ နာမည္ႀကီးတဲ့ ခါဘစ္က လိုက္ဝိတ္ (၁၅၅ ေပါင္တန္း) ပါ ဝိတ္တန္း ၾကည့္ရင္ကို ျဖစ္ႏိုင္ မျဖစ္ႏိုင္ စဥ္းစားလို႔ ရပါတယ္။

သူတို႔လို အဆီပို နည္းတဲ့ အားကစား သမားေတြ အတြက္ ေပါင္ ၃၀-၄၀ အတင္အခ် လုပ္ဖို႔ ဆိုတာ အရမ္းခက္တဲ့ ကိစၥပါ တကယ္လို႔ ရတယ္ ဆိုရင္ေတာင္ သူတို႔ လက္ရွိ လက္စြမ္းမ်ိဳး မရွိေတာ့ပါဘူး။

ဝိတ္တင္တဲ့ သူက ေလးသြားမွာ ျဖစ္ၿပီး ဝိတ္ခ်တဲ့ သူက ပါဝါ က်သြားမွာပါ တကယ္လို႔ ေအာင္လ UFC ကို သြားရင္ သူနဲ႔ ဝိတ္တန္းတူတဲ့ ဂြၽန္ဂ်ဳံး (လိုက္ဟဲဗီးဝိတ္ ခ်န္ပီယံ)၊ အဒီဆန္ညာ (မစ္ဒယ္ဝိတ္ ခ်န္ပီယံ) ေတြနဲ႔ပဲ ယွဥ္ရမွာပါ။

ေအာင္လသာ အဲဒီၿပိဳင္ပြဲ ေရာက္ရင္ ထိပ္ဆုံး ၁၀ ဦး စာရင္းေလာက္ ဝင္ႏိုင္ေပမယ့္ ခ်န္ပီယံေတြနဲ႔ ယွဥ္ဖို႔ ကေတာ့ နည္းနည္း လိုအပ္ခ်က္ ရွိႏိုင္ပါ ေသးတယ္။

ဒါေပမယ့္လည္း မၾကာေသးမီက ONE championship နဲ႔ ၁၀ ပြဲ စာခ်ဳပ္သစ္ ခ်ဳပ္ထားတဲ့ အတြက္ သူ႔ကစားသမား ဘဝ ကုန္ဆုံးခ်ိန္ အထိ တျခား ၿပိဳင္ပြဲကို သြားၿပိဳင္ဖို႔ ဆိုတာ လုံးဝ မျဖစ္ႏိုင္ေတာ့ ပါဘူး။

သူ႔လို တန္းမ်ိဳးကလည္း တစ္ႏွစ္ကို အမ်ားဆုံး ၃ ပြဲေလာက္ပဲ ၿပိဳင္ရဖို႔ ရွိတာပါ ဒီၾကားထဲ လိုက္ဟဲဗီးဝိတ္ ခါးပတ္ကိုပါ စြန႔္လႊတ္ဖို႔ ရွိတယ္ ဆိုတဲ့အတြက္ အလြန္ဆုံး တျခား ၿပိဳင္ပြဲေတြက ခ်န္ပီယံ ေတြနဲ႔ crossover ၿပိဳင္တာေလာက္ပဲ ေတြ႕ရဖို႔ ရွိပါတယ္။

Unicode

အောင်လအန်ဆန်း UFC မှာ သွားပြိုင်ဖို့ မဖြစ်နိုင်သေး

အောင်လအန်ဆန်ကို UFC မှာ မြင်ချင်တယ်တို့၊ ခါဘစ်နဲ့ ထိုးစေချင်တယ်တို့ ပြောနေကြတာတွေ တွေ့လို့ ဒီပြိုင်ပွဲတွေရဲ့ သဘော သဘာဝနဲ့ ဝိတ်တန်းတွေ အကြောင်း နည်းနည်းလောက် ရှင်းပြချင်တယ်။

အရင်ဆုံး ပြောပြ ချင်တာက UFC ဆိုတာ ဘာလဲ ဆိုတာပါ အောင်လတို့ အခု ပြိုင်နေတဲ့ အားကစားကို MMA (Mixed Martial Art) လို့ ခေါ်ပါတယ်။

မြန်မာလို ဆိုရင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပေါ့ အဲဒီ အားကစားကို ကမ္ဘာ့ နိုင်ငံပေါင်းစုံက အဖွဲ့အစည်း မျိုးစုံ ကနေ စီစဉ်ကျင်းပ နေပါတယ်။

အဲဒီထဲမှာ အမေရိကန် အခြေစိုက် UFC က ပြိုင်ဘက်မရှိ နံပါတ်တစ်ပါ ONE Championship ကတော့ ထိပ်ဆုံး ငါးခုလောက် အတွင်းမှာ ရှိပါတယ်။ရှိပါတယ်။

နောက်တစ်ခုက အောင်လအန်ဆန် အခု ပြိုင်နေတာ မစ်ဒယ်ဝိတ် (၂၀၅ ပေါင်တန်း) နဲ့ လိုက်ဟဲဗီးဝိတ် (၂၂၅ ပေါင်တန်း) ဖြစ်ပါတယ်။

UFC မှာ နာမည်ကြီးတဲ့ ခါဘစ်က လိုက်ဝိတ် (၁၅၅ ပေါင်တန်း) ပါ ဝိတ်တန်း ကြည့်ရင်ကို ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရပါတယ်။

သူတို့လို အဆီပို နည်းတဲ့ အားကစား သမားတွေ အတွက် ပေါင် ၃၀-၄၀ အတင်အချ လုပ်ဖို့ ဆိုတာ အရမ်းခက်တဲ့ ကိစ္စပါ တကယ်လို့ ရတယ် ဆိုရင်တောင် သူတို့ လက်ရှိ လက်စွမ်းမျိုး မရှိတော့ပါဘူး။

ဝိတ်တင်တဲ့ သူက လေးသွားမှာ ဖြစ်ပြီး ဝိတ်ချတဲ့ သူက ပါဝါ ကျသွားမှာပါ တကယ်လို့ အောင်လ UFC ကို သွားရင် သူနဲ့ ဝိတ်တန်းတူတဲ့ ဂျွန်ဂျုံး (လိုက်ဟဲဗီးဝိတ် ချန်ပီယံ)၊ အဒီဆန်ညာ (မစ်ဒယ်ဝိတ် ချန်ပီယံ) တွေနဲ့ပဲ ယှဉ်ရမှာပါ။

အောင်လသာ အဲဒီပြိုင်ပွဲ ရောက်ရင် ထိပ်ဆုံး ၁၀ ဦး စာရင်းလောက် ဝင်နိုင်ပေမယ့် ချန်ပီယံတွေနဲ့ ယှဉ်ဖို့ ကတော့ နည်းနည်း လိုအပ်ချက် ရှိနိုင်ပါ သေးတယ်။

ဒါပေမယ့်လည်း မကြာသေးမီက ONE championship နဲ့ ၁၀ ပွဲ စာချုပ်သစ် ချုပ်ထားတဲ့ အတွက် သူ့ကစားသမား ဘဝ ကုန်ဆုံးချိန် အထိ တခြား ပြိုင်ပွဲကို သွားပြိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ ပါဘူး။

သူ့လို တန်းမျိုးကလည်း တစ်နှစ်ကို အများဆုံး ၃ ပွဲလောက်ပဲ ပြိုင်ရဖို့ ရှိတာပါ ဒီကြားထဲ လိုက်ဟဲဗီးဝိတ် ခါးပတ်ကိုပါ စွန့်လွှတ်ဖို့ ရှိတယ် ဆိုတဲ့အတွက် အလွန်ဆုံး တခြား ပြိုင်ပွဲတွေက ချန်ပီယံ တွေနဲ့ crossover ပြိုင်တာလောက်ပဲ တွေ့ရဖို့ ရှိပါတယ်။

Hits: 261

အိမ္ေျမႇာင္ေၾကာက္လို႔ အမ်ိဳးသမီးနွစ္ေယာက္ေခၚအိပ္တယ္ဆိုတ႔ဲ အမ်ိဳးသား

Zawgyi

ေရဆာလုိ႔ ဘီယာေသာက္၊ သရဲေၾကာက္ေတာ့ အေဖာ္ေခၚအိပ္ဆုိတဲ့ လူရႊင္ေတာ္ ျပက္လုံးေလးဟာ ကၽြန္ေတာ္တုိ႔ လူေနမႈ နယ္ပယ္မွာလည္း အေတာ္ေလးကို ေခတ္စားခဲ့ပါတယ္။

အခုလည္း မေလး အမ်ိဳးသားတစ္ေယာက္ဟာ သက္ဆုိင္ရာက သူေနထုိင္ရာကို မသကၤာလုိ႔ ဝင္ေရာက္ရွာေဖြစဥ္မွာ အျခားအမ်ိဳးသမီးငယ္ႏွစ္ဦးနဲ႔ အတူအိပ္ေနတာကို ေတြ႕ခဲ့ရတာပါ။

ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔ည စက္တင္ဘာ(၆)ရက္ ညပုိင္းမွာ ျဖစ္ခဲ့တာပါ အခင္းျဖစ္ခဲ့ရာေနရာကေတာ့ Perhentian ကၽြန္း၊ Besut မွာရွိတဲ့ အပန္းေျဖ အိမ္ကေလးတစ္လုံးမွာလုိ႔ သိရပါတယ္။

အဲဒီအိမ္ကုိ Terengganu Religious Affairs Department (JHEAT) အဖြဲ႕က မသကၤာလုိ႔ စစ္ေဆးစဥ္မွာ အတူ အိပ္ေနတဲ့ အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသမီးႏွစ္ဦးကုိ ေတြ႕ခဲ့ရပါတယ္။

အမ်ိဳးသားကေတာ့ အသက္(၂၀) ဝန္းက်င္ျဖစ္ၿပီး၊ ေကာင္မေလးႏွစ္ေယာက္မွာ အသက္(၂၀)နဲ႔(၃၀)အေတာအတြင္း အရြယ္ေကာင္း အမ်ိဳးသမီးေလးေတြလုိ႔ သိရပါတယ္။

ကာယကံရွင္အမ်ိဳးသားကို စစ္ေဆးစဥ္မွာ သူက သူ႕အခန္းထဲမွာ အိမ္ေျမႇာင္ႀကီးတစ္ေကာင္ (ေတာက္တဲ့ႀကီးကို ရည္ရြယ္ဟန္ွရွိ)က အလြန္ေၾကာက္စရာ ေကာင္းလုိ႔ အခုလုိ အေဖာ္ေခၚအိပ္တာပါတဲ့။

ေနာက္ထပ္ စစ္ေဆးမႈေတြမွာေတာ့ သူတုိ႔တစ္ေတြဟာ အပန္းေျဖအိမ္ႏွစ္ခု ေဘးခ်ဥ္းကပ္ ငွားရမ္းထားတာျဖစ္ၿပီး၊ အမ်ိဳးသမီးတစ္ဦးက ကာမပုိင္ေယာက္်ားရွိေနလုိ႔၊ ျပႆနာက ႐ုိး႐ုိးေလးမဟုတ္ေတာ့ပါဘူး။

ေနာက္ ေကာင္မေလးကေတာ့ ဒီအမ်ိဳသားရဲ႕ ခ်စ္သူျဖစ္ေၾကာင္း ေလာေလာဆယ္ သိရပါတယ္ ဒီအမ်ိဳးသားဟာ ကာမပိုင္အမ်ိဳးသမီးတစ္ေယာက္နဲ႔ ဆက္ႏြယ္ပတ္သက္ခဲ့လုိ႔ ေသခ်ာေပါက္ အေရးယူခံရဖုိ႔ ရွိေနပါတယ္။

ဒီေရွာင္တခင္ စစ္ေဆးမႈမွာ အသက္(၄၀)အရြယ္ အျခားအမ်ိဳးသားတစ္ဦးကိုလည္း အပန္းေျဖအိမ္ငယ္ေလးမွာ သူ႕ထက္ အသက္ထက္ဝက္ငယ္တဲ့ ေကာင္မေလးနဲ႔ ထပ္ၿပီး ဖမ္းမိခဲ့ျပန္ပါတယ္။

အဲဒီအမ်ိဳးသားကေတာ့ ပထမ အမ်ိဳးသားေပးထားတဲ့ ဆင္ေျခနဲ႔ တစ္ျခားစီပါ သူကေတာ့ ဒီေကာင္မေလးရဲ႕အခန္းထဲကို ပစၥည္းတစ္စုံတစ္ခုယူဖုိ႔ ဝင္ေရာက္လာစဥ္မွာ အိပ္ေမာက်သြားခဲ့တာျဖစ္ေၾကာင္း (ယုတၳိမတန္တဲ့)အေျဖကုိ ေပးခဲ့ပါတယ္။

(JHEAT) အဖြဲ႕ကေတာ့ သံသယရွိသူေတြကုိ စစ္ေဆးအေရးယူထားေၾကာင္း သိရပါတယ္။

Unicode

အိမ်မြှောင်ကြောက်လို့ အမျိုးသမီးနှစ်ယောက်ခေါ်အိပ်တယ်ဆိုတဲ့ အမျိုးသား

ရေဆာလို့ ဘီယာသောက်၊ သရဲကြောက်တော့ အဖော်ခေါ်အိပ်ဆိုတဲ့ လူရွှင်တော် ပြက်လုံးလေးဟာ ကျွန်တော်တို့ လူနေမှု နယ်ပယ်မှာလည်း အတော်လေးကို ခေတ်စားခဲ့ပါတယ်။

အခုလည်း မလေး အမျိုးသားတစ်ယောက်ဟာ သက်ဆိုင်ရာက သူနေထိုင်ရာကို မသင်္ကာလို့ ဝင်ရောက်ရှာဖွေစဉ်မှာ အခြားအမျိုးသမီးငယ်နှစ်ဦးနဲ့ အတူအိပ်နေတာကို တွေ့ခဲ့ရတာပါ။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ည စက်တင်ဘာ(၆)ရက် ညပိုင်းမှာ ဖြစ်ခဲ့တာပါ အခင်းဖြစ်ခဲ့ရာနေရာကတော့ Perhentian ကျွန်း၊ Besut မှာရှိတဲ့ အပန်းဖြေ အိမ်ကလေးတစ်လုံးမှာလို့ သိရပါတယ်။

အဲဒီအိမ်ကို Terengganu Religious Affairs Department (JHEAT) အဖွဲ့က မသင်္ကာလို့ စစ်ဆေးစဉ်မှာ အတူ အိပ်နေတဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးကို တွေ့ခဲ့ရပါတယ်။

အမျိုးသားကတော့ အသက်(၂၀) ဝန်းကျင်ဖြစ်ပြီး၊ ကောင်မလေးနှစ်ယောက်မှာ အသက်(၂၀)နဲ့(၃၀)အတောအတွင်း အရွယ်ကောင်း အမျိုးသမီးလေးတွေလို့ သိရပါတယ်။

ကာယကံရှင်အမျိုးသားကို စစ်ဆေးစဉ်မှာ သူက သူ့အခန်းထဲမှာ အိမ်မြှောင်ကြီးတစ်ကောင် (တောက်တဲ့ကြီးကို ရည်ရွယ်ဟန်ှရှိ)က အလွန်ကြောက်စရာ ကောင်းလို့ အခုလို အဖော်ခေါ်အိပ်တာပါတဲ့။

နောက်ထပ် စစ်ဆေးမှုတွေမှာတော့ သူတို့တစ်တွေဟာ အပန်းဖြေအိမ်နှစ်ခု ဘေးချဉ်းကပ် ငှားရမ်းထားတာဖြစ်ပြီး၊ အမျိုးသမီးတစ်ဦးက ကာမပိုင်ယောက်ျားရှိနေလို့၊ ပြဿနာက ရိုးရိုးလေးမဟုတ်တော့ပါဘူး။

နောက် ကောင်မလေးကတော့ ဒီအမျိုသားရဲ့ ချစ်သူဖြစ်ကြောင်း လောလောဆယ် သိရပါတယ် ဒီအမျိုးသားဟာ ကာမပိုင်အမျိုးသမီးတစ်ယောက်နဲ့ ဆက်နွယ်ပတ်သက်ခဲ့လို့ သေချာပေါက် အရေးယူခံရဖို့ ရှိနေပါတယ်။

ဒီရှောင်တခင် စစ်ဆေးမှုမှာ အသက်(၄၀)အရွယ် အခြားအမျိုးသားတစ်ဦးကိုလည်း အပန်းဖြေအိမ်ငယ်လေးမှာ သူ့ထက် အသက်ထက်ဝက်ငယ်တဲ့ ကောင်မလေးနဲ့ ထပ်ပြီး ဖမ်းမိခဲ့ပြန်ပါတယ်။

အဲဒီအမျိုးသားကတော့ ပထမ အမျိုးသားပေးထားတဲ့ ဆင်ခြေနဲ့ တစ်ခြားစီပါ သူကတော့ ဒီကောင်မလေးရဲ့အခန်းထဲကို ပစ္စည်းတစ်စုံတစ်ခုယူဖို့ ဝင်ရောက်လာစဉ်မှာ အိပ်မောကျသွားခဲ့တာဖြစ်ကြောင်း (ယုတ္ထိမတန်တဲ့)အဖြေကို ပေးခဲ့ပါတယ်။

(JHEAT) အဖွဲ့ကတော့ သံသယရှိသူတွေကို စစ်ဆေးအရေးယူထားကြောင်း သိရပါတယ်။

Hits: 228

ေအာင္လအတြက္ ေနာက္ထပ္ သတင္းေကာင္းတစ္ခု

Zawgyi

ေအာက္တိုဘာလ ၁၃ ရက္ေန႕က ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕မွာ One Championship ျပည့္အထိမ္းအမွတ္အျဖစ္ က်င္းပခဲ့ပါတယ္။

ဒီပြဲမွာ အဓိက ပြဲအျဖစ္ မစ္ဒယ္ဝိတ္တန္းနဲ႕လိုက္ဟဲဗီးဝိတ္တန္းမွာ ကမာၻ႔ခ်န္ပီယံခါးပတ္ ၂ ခု ရရွိထားတဲ့ ေအာင္လအန္ဆန္နဲ႕ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲအတြက္ စိန္ေခၚသူ ။

ဟဲဗီးဝိတ္တန္းခ်န္ပီယံ ဖိလစ္ပိုင္နိုင္ငံသား ဘရန္ဒါဗီရာနဲ႕ ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕မွာ ထိုးသတ္ခဲ့ပါတယ္ တစ္ကမာၻလုံးက ေစာင့္ၾကည့္ေနတဲ့ ပြဲေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။

အဆိုပါ ပြဲမွာ ေအာင္လအန္ဆန္းဟာ ၂ ခ်ီနဲ႕ ကမာၻ႔ခ်န္ပီယံ ခါးပတ္ကို ကာကြယ္နိုင္ခဲ့ပါတယ္ One Championship မွာ Burmese Python အျဖစ္နဲ႕ နာမည္ႀကီးေနတဲ့ ေအာင္လအန္ဆန္းဟာ ျမန္မာနိုင္ငံက ကခ်င္လူမ်ိဳးျဖစ္ပါတယ္။

သူဟာ ျမန္မာနိုင္ငံကို ခ်စ္ျမတ္နိုးသလို၊ ျမန္မာတစ္နိုင္ငံလုံးကလည္း သူကို ခ်စ္ျမတ္နိုးၾကပါတယ္ ကမာၻ႔အလယ္မွာ ျမန္မာေဟ့ ေႂကြးေၾကာ္နိုင္ေအာင္လည္း စြမ္းေဆာင္ထားသူျဖစ္ပါတယ္။

သူ႕မွာ သက္ထက္ဆုံး ခ်စ္ရတဲ့ ဇနီးနဲ႕ သားေလး တစ္ဦးရွိပါတယ္ မေန႕ညက သူ႕အတြက္ အေကာင္းဆုံနဲ႕ အေပ်ာ္႐ႊင္ရဆုံး အခ်ိန္ျဖစ္ပါလိမ့္မယ္။

ခ်န္ပီယံခါးပတ္ကို ကာကြယ္နိုင္ခဲ့သလို၊ ေနာက္ထပ္ ဝမ္းသာစရာ တစ္ခု ရွိခဲ့ပါေသးတယ္ အဆိုပါ သတင္းေလးကေတာ့ ေအာင္လအန္ဆန္းရဲ႕ဇနီးမွာ ေနာက္ထပ္ ရင္ေသြးေလး လြယ္ထားရတာပဲျဖစ္ပါတယ္။

ဒီအေၾကာင္းအရာကိုေတာ့ ေအာင္လအန္ဆန္းက သူ႕ရဲ႕ လူမႈကြန္ယက္မွာ Boy or Girl ဆိုၿပီး မွ်ေဝခဲ့ပါတယ္ ျမန္မာဂုဏ္ေဆာင္နိုင္တဲ့ ေအာင္လအန္ဆန္းတို႔ မိသားစုေလး ဒီထက္မက ေပ်ာ္႐ႊင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ ။

Unicode

အောင်လအတွက် သတင်းကောင်းတစ်ခု

အောက်တိုဘာလ ၁၃ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ One Championship ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ပါတယ်။

ဒီပွဲမှာ အဓိက ပွဲအဖြစ် မစ်ဒယ်ဝိတ်တန်းနဲ့လိုက်ဟဲဗီးဝိတ်တန်းမှာ ကမ္ဘာ့ချန်ပီယံခါးပတ် ၂ ခု ရရှိထားတဲ့ အောင်လအန်ဆန်နဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက် စိန်ခေါ်သူ ။

ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒါဗီရာနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ထိုးသတ်ခဲ့ပါတယ် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ ပွဲကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

အဆိုပါ ပွဲမှာ အောင်လအန်ဆန်းဟာ ၂ ချီနဲ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ် One Championship မှာ Burmese Python အဖြစ်နဲ့ နာမည်ကြီးနေတဲ့ အောင်လအန်ဆန်းဟာ မြန်မာနိုင်ငံက ကချင်လူမျိုးဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသလို၊ မြန်မာတစ်နိုင်ငံလုံးကလည်း သူကို ချစ်မြတ်နိုးကြပါတယ် ကမ္ဘာ့အလယ်မှာ မြန်မာဟေ့ ကြွေးကြော်နိုင်အောင်လည်း စွမ်းဆောင်ထားသူဖြစ်ပါတယ်။

သူ့မှာ သက်ထက်ဆုံး ချစ်ရတဲ့ ဇနီးနဲ့ သားလေး တစ်ဦးရှိပါတယ် မနေ့ညက သူ့အတွက် အကောင်းဆုံနဲ့ အပျော်ရွှင်ရဆုံး အချိန်ဖြစ်ပါလိမ့်မယ်။

ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သလို၊ နောက်ထပ် ဝမ်းသာစရာ တစ်ခု ရှိခဲ့ပါသေးတယ် အဆိုပါ သတင်းလေးကတော့ အောင်လအန်ဆန်းရဲ့ဇနီးမှာ နောက်ထပ် ရင်သွေးလေး လွယ်ထားရတာပဲဖြစ်ပါတယ်။

ဒီအကြောင်းအရာကိုတော့ အောင်လအန်ဆန်းက သူ့ရဲ့ လူမှုကွန်ယက်မှာ Boy or Girl ဆိုပြီး မျှဝေခဲ့ပါတယ် မြန်မာဂုဏ်ဆောင်နိုင်တဲ့ အောင်လအန်ဆန်းတို့ မိသားစုလေး ဒီထက်မက ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

Hits: 388

အဆုိေတာ္ ၿဖဳိးျပည့္စံု မူးယစ္ေဆးသံုးစြဲသည္ဟု သံသယရွိ၍ ေခၚယူ စစ္ေဆးခံေနရ

Zawgyi

အလြမ္းအေဆြး သီခ်င္းမ်ားနဲ႕ လူငယ္ေတြအၾကား ေရပန္းစား ေက်ာ္ၾကားေနတဲ့ လူငယ္ေတးသံရွင္တဦးလည္းျဖစ္၊ ဆရာဝန္တဦးလည္း ျဖစ္တဲ့ အဆိုေတာ္ ၿဖိဳးျပည့္စုံဟာ မူးယစ္ေဆးသံုးစြဲသည္ဟု သံသယရွိ၍ ေခၚယူ စစ္ေဆးခံေနရတယ္လို႔ သိရပါတယ္။

ေအာက္တိုဘာ၇။ အဆိုေတာ္ၿဖိဳးျပည့္စုံကို ယေန႕ညေန၆နာရီခန႔္က ျမန္မာပလာဇာတြင္ မႈးယစ္ေဆးဝါးသုံးစြဲသည္ဟု သံသယရွိ၍ အေပါင္းပါတစ္ဦးနွင့္အတူ ဖမ္းဆီးထိန္းသိမ္းခံ ထားေၾကာင္း ။

ရန္ကုန္တိုင္းေဒသႀကီး ျပည္ထဲေရးဝန္ႀကီးဌာန႐ုံးမွ တာဝန္ရွိသူတဦးမွ အတည္ျပဳ ေျပာၾကားေၾကာင္း ကနဦးသတင္းရရွိပါသည္။

ယခုေခတ္လို မူးယစ္ေဆးဝါးမ်ား အလြယ္တကူ ရရွိေနတဲ့ ေခတ္ႀကီးထဲမွာ အႏုပညာရွင္မ်ားအေနနဲ႕ မူးယစ္ေဆးရဲ႕ ဆြဲေဆာင္မႈကို လြတ္ေအာင္ ေရွာင္တိမ္းဖို႔ဆိုတာ အဓိကက်တဲ့ အခ်က္တခု ျဖစ္ပါတယ္။

အမွန္တကယ္ေတာ့ ကိုယ့္ရဲ႕ အႏုပညာ ဖန္တီးမႈဟာ ကိုယ့္အေပၚမွာပဲ မူတည္တာပါ ဘယ္မူးယစ္ေဆးဝါးကိုမွ မမွီခိုပါဘူး။

မူးယစ္ေဆးဝါးေၾကာင့္ အႏုပညာ ပိုဖန္တီးနိုင္တယ္ဆိုတဲ့ စကားဟာ ယုံတမ္း စကားပဲ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ လူငယ္မ်ားအေနနဲ႕ မူးယစ္ေဆးဝါးမ်ားကို အတတ္နိုင္ဆုံး ေရွာင္ရွားၾကပါလို႔ တိုက္တြန္းလိုက္ပါရေစ။

အဆိုေတာ္မိုးမိုးကလဲ သူ႔ရ႕ဲ လူမႈကြန္ယက္မွာ စိတ္မပူၾကဖို႔ သတင္းမ်ားမေသျခာပဲမေရးဖို႔ ေမတၱာရပ္ခံထားပါတယ္ ။

Unicode

အဆိုတော် ဖြိုးပြည့်စုံ မူးယစ်ဆေးသုံးစွဲသည်ဟု သံသယရှိ၍ ခေါ်ယူ စစ်ဆေးခံနေရ

အလွမ်းအဆွေး သီချင်းများနဲ့ လူငယ်တွေအကြား ရေပန်းစား ကျော်ကြားနေတဲ့ လူငယ်တေးသံရှင်တဦးလည်းဖြစ်၊ ဆရာဝန်တဦးလည်း ဖြစ်တဲ့ အဆိုတော် ဖြိုးပြည့်စုံဟာ မူးယစ်ဆေးသုံးစွဲသည်ဟု သံသယရှိ၍ ခေါ်ယူ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

အောက်တိုဘာ၇။ အဆိုတော်ဖြိုးပြည့်စုံကို ယနေ့ညနေ၆နာရီခန့်က မြန်မာပလာဇာတွင် မှုးယစ်ဆေးဝါးသုံးစွဲသည်ဟု သံသယရှိ၍ အပေါင်းပါတစ်ဦးနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံ ထားကြောင်း ။

ရန်ကုန်တိုင်းဒေသကြီး ပြည်ထဲရေးဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတဦးမှ အတည်ပြု ပြောကြားကြောင်း ကနဦးသတင်းရရှိပါသည်။

ယခုခေတ်လို မူးယစ်ဆေးဝါးများ အလွယ်တကူ ရရှိနေတဲ့ ခေတ်ကြီးထဲမှာ အနုပညာရှင်များအနေနဲ့ မူးယစ်ဆေးရဲ့ ဆွဲဆောင်မှုကို လွတ်အောင် ရှောင်တိမ်းဖို့ဆိုတာ အဓိကကျတဲ့ အချက်တခု ဖြစ်ပါတယ်။

အမှန်တကယ်တော့ ကိုယ့်ရဲ့ အနုပညာ ဖန်တီးမှုဟာ ကိုယ့်အပေါ်မှာပဲ မူတည်တာပါ ဘယ်မူးယစ်ဆေးဝါးကိုမှ မမှီခိုပါဘူး။

မူးယစ်ဆေးဝါးကြောင့် အနုပညာ ပိုဖန်တီးနိုင်တယ်ဆိုတဲ့ စကားဟာ ယုံတမ်း စကားပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် လူငယ်များအနေနဲ့ မူးယစ်ဆေးဝါးများကို အတတ်နိုင်ဆုံး ရှောင်ရှားကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

အဆိုတော်မိုးမိုးကလဲ သူ့ရဲ့ လူမှုကွန်ယက်မှာ စိတ်မပူကြဖို့ သတင်းများမသေခြာပဲမရေးဖို့ မေတ္တာရပ်ခံထားပါတယ် ။

Hits: 492

ဘတ္ ၆ သန္း ထီကံထူးသြားတ႔ဲ ျမန္မာလူမ်ိဳး ေရႊ႕ေျပာင္းလုပ္သား

Zawgyi

လဆန္းက ထြက္သြားတဲ့ ထိုင္းထီေပါက္စဥ္ ပထမဆု ၆၉၁,၁၉၇ ဂဏန္းကို ျမန္မာေ႐ြ႕ေျပာင္းအလုပ္သမား တဦးက ဆြတ္ခူးသြားၿပီး ဆုေငြ ဘတ္ ၆ သန္းရရွိသြားပါတယ္။

ထီေပါက္သူမွာ ထိုင္းနိုင္ငံ အေရွ႕ပိုင္း ပရက်င္းပူရီခရိုင္ ပရက်င္းပူရီၿမိဳ႕မွာ ေဆာက္လုပ္ေရး အလုပ္လာလုပ္ေနသူ ကိုစိုးႀကီးဆိုသူျဖစ္ၿပီး ထီေပါက္ေၾကာင္း ဖုန္းနဲ႕ အေၾကာင္းၾကားလာတဲ့ အတြက္ ။

အစအဆုံး ကူညီေဆာင္႐ြက္ေပးခဲ့တယ္လို႔ မဟာခ်ိဳင္အေျခစိုက္ ေအေအစီမဟာမိတ္ အလုပ္သမား ကူညီေစာင့္ေရွာက္ေရးအဖြဲ႕ ဒါရိုက္တာ ဦးခိုင္ႀကီးက ဒီဗြီဘီကို ေျပာပါတယ္။

“သူက ထီထြက္တဲ့ေန႕ ညေန ၄ နာရီေလာက္မွာ ထိုင္းထီ ၆ သန္းဖိုးေပါက္တယ္ဆိုၿပီး ဖုန္းဆက္လာတယ္ ဓာတ္ပုံေတြလည္း ပို႔လာတယ္ ။

အဲဒါနဲ႕ သူ႕ကိုအကူအညီေပးဖို႔ သူတို႔ေနရာကို ဒီကေန ၄ နာရီေလာက္ၾကာတဲ့ ခရီးကို သြားရတယ္ခင္ဗ်။ သူအလုပ္လုပ္ေနတာကေတာ့ ေတာ႐ြာ မွာပါ၊

ၿပီးေတာ့ သူ႕ကို သြားေခၚလာတယ္ လာၿပီး ခ်က္ခ်င္းဘဲ ေငြထုတ္ေငြလႊဲတာေတြ ကူလုပ္ေပး ခဲ့တယ္ ဒီဘက္မွာ လိုအပ္တာသုံးဖို႔ ၁ သိန္းခ်န္ၿပီး ။

က်န္တာ အားလုံး သူ႕အိမ္ကို လႊဲ ေပးလိုက္တာ ျမန္မာေငြ က်ပ္သိန္းေပါင္း ၂၈၀၀ ရပါတယ္ခင္ဗ်။ ၿပီးေတာ့ ေလယာဥ္လက္မွတ္ေတြ ဘာေတြ စီစဥ္ေပးၿပီး ။

ဒီက ေန႕မနက္ဘဲ ျမန္မာျပည္ျပန္သြားပါၿပီ။ အခု သူ႕အိမ္ျပန္ ေရာက္သြားပါၿပီ ”ထီေပါက္သူ ကိုစိုးႀကီးမွာ ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕နယ္ကျဖစ္ၿပီး ။

ဇနီးႏွင့္ သားသမီး ၂ ဦးရွိေၾကာင္း၊ ျမန္မာျပည္က မိသားစုေတြထားခဲ့ၿပီး အမ္အိုယူနဲ႕ ထိုင္းမွာ အလုပ္လာလုပ္ေနတာ ၂ ႏွစ္ေလာက္ရွိၿပီလို႔ ဆိုပါတယ္။

သူဟာ ထီကိုပုံမွန္ထိုးေလ့ရွိၿပီး အခုတေခါက္ ပထမဆုရေတာ့ အတိုင္းမသိဝမ္းသာေန ေၾကာင္း၊ အခုထီေပါက္ေတာ့ ဒုကၡေရာက္ေနတဲ့ အလုပ္သမားေတြကို လက္ခံကူညီေပးေနတဲ့ ေအေအစီေဂဟာအတြက္ ။

လိုအပ္သလိုအသုံးျပဳဖို႔ ဘတ္ေငြ ၅၀,၀၀၀ အလႉေငြထည့္ေပးခဲ့ တယ္လို႔ ဦးခိုင္ႀကီးက ေျပာပါတယ္။

ေအေအစီအေနနဲ႕ အလုပ္သမားေတြရဲ႕ သာေရး၊ နာေရးကိစၥေတြ ကူညီေဆာင္႐ြက္ေပး ေနတာမွာ ထီေပါက္တဲ့ ျမန္မာအလုပ္သမားေတြကို လိုက္လံကူညီေငြထုတ္ေပးခဲ့တာ ဒီတႀကိမ္ဆို ရင္ ၇ ႀကိမ္ရွိသြားၿပီလို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လကလည္း ေတာင္ငူကေန ထိုင္းမွာအလုပ္လာလုပ္တဲ့ အသက္ ၂၀ ႐ြယ္ လူငယ္အလုပ္သမား တဦး ဘတ္ ၆ သန္းဖိုးေပါက္ခဲ့ေသးေၾကာင္း ။

သူတို႔ သူငယ္ခ်င္း ၅ ေယာက္ တၿပိဳင္တည္း ထီဝယ္ထိုးကာ ေပါက္တဲ့လူက မေပါက္တဲ့လူေတြကို ဘတ္ ၁ သိန္းစီေပးရမယ္လို႔ ကတိျပဳခဲ့တာေၾကာင့္ ။

တကယ္ေပါက္ေတာ့ တကယ္ဘဲ က်န္တဲ့ သူငယ္ခ်င္း ၄ ေယာက္ကို ဘတ္ ၁ သိန္းစီေပးခဲ့ၿပီး ၁ ေယာက္ကို ဒုလႅဘရဟန္းခံေပးခဲ့တယ္လို႔ ဦးခိုင္ႀကီးက ေျပာသြားပါတယ္။

Unicode

ဘတ် ၆ သန်း ထီကံထူးသွားတဲ့ မြန်မာလူမျိုး ရွှေ့ပြောင်းလုပ်သား

လဆန်းက ထွက်သွားတဲ့ ထိုင်းထီပေါက်စဉ် ပထမဆု ၆၉၁,၁၉၇ ဂဏန်းကို မြန်မာရွေ့ပြောင်းအလုပ်သမား တဦးက ဆွတ်ခူးသွားပြီး ဆုငွေ ဘတ် ၆ သန်းရရှိသွားပါတယ်။

ထီပေါက်သူမှာ ထိုင်းနိုင်ငံ အရှေ့ပိုင်း ပရကျင်းပူရီခရိုင် ပရကျင်းပူရီမြို့မှာ ဆောက်လုပ်ရေး အလုပ်လာလုပ်နေသူ ကိုစိုးကြီးဆိုသူဖြစ်ပြီး ထီပေါက်ကြောင်း ဖုန်းနဲ့ အကြောင်းကြားလာတဲ့ အတွက် ။

အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ မဟာချိုင်အခြေစိုက် အေအေစီမဟာမိတ် အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

“သူက ထီထွက်တဲ့နေ့ ညနေ ၄ နာရီလောက်မှာ ထိုင်းထီ ၆ သန်းဖိုးပေါက်တယ်ဆိုပြီး ဖုန်းဆက်လာတယ် ဓာတ်ပုံတွေလည်း ပို့လာတယ် ။

အဲဒါနဲ့ သူ့ကိုအကူအညီပေးဖို့ သူတို့နေရာကို ဒီကနေ ၄ နာရီလောက်ကြာတဲ့ ခရီးကို သွားရတယ်ခင်ဗျ။ သူအလုပ်လုပ်နေတာကတော့ တောရွာ မှာပါ၊

ပြီးတော့ သူ့ကို သွားခေါ်လာတယ် လာပြီး ချက်ချင်းဘဲ ငွေထုတ်ငွေလွှဲတာတွေ ကူလုပ်ပေး ခဲ့တယ် ဒီဘက်မှာ လိုအပ်တာသုံးဖို့ ၁ သိန်းချန်ပြီး ။

ကျန်တာ အားလုံး သူ့အိမ်ကို လွှဲ ပေးလိုက်တာ မြန်မာငွေ ကျပ်သိန်းပေါင်း ၂၈၀၀ ရပါတယ်ခင်ဗျ။ ပြီးတော့ လေယာဉ်လက်မှတ်တွေ ဘာတွေ စီစဉ်ပေးပြီး ။

ဒီက နေ့မနက်ဘဲ မြန်မာပြည်ပြန်သွားပါပြီ။ အခု သူ့အိမ်ပြန် ရောက်သွားပါပြီ ”ထီပေါက်သူ ကိုစိုးကြီးမှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ကဖြစ်ပြီး ။

ဇနီးနှင့် သားသမီး ၂ ဦးရှိကြောင်း၊ မြန်မာပြည်က မိသားစုတွေထားခဲ့ပြီး အမ်အိုယူနဲ့ ထိုင်းမှာ အလုပ်လာလုပ်နေတာ ၂ နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။

သူဟာ ထီကိုပုံမှန်ထိုးလေ့ရှိပြီး အခုတခေါက် ပထမဆုရတော့ အတိုင်းမသိဝမ်းသာနေ ကြောင်း၊ အခုထီပေါက်တော့ ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေကို လက်ခံကူညီပေးနေတဲ့ အေအေစီဂေဟာအတွက် ။

လိုအပ်သလိုအသုံးပြုဖို့ ဘတ်ငွေ ၅၀,၀၀၀ အလှူငွေထည့်ပေးခဲ့ တယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

အေအေစီအနေနဲ့ အလုပ်သမားတွေရဲ့ သာရေး၊ နာရေးကိစ္စတွေ ကူညီဆောင်ရွက်ပေး နေတာမှာ ထီပေါက်တဲ့ မြန်မာအလုပ်သမားတွေကို လိုက်လံကူညီငွေထုတ်ပေးခဲ့တာ ဒီတကြိမ်ဆို ရင် ၇ ကြိမ်ရှိသွားပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကလည်း တောင်ငူကနေ ထိုင်းမှာအလုပ်လာလုပ်တဲ့ အသက် ၂၀ ရွယ် လူငယ်အလုပ်သမား တဦး ဘတ် ၆ သန်းဖိုးပေါက်ခဲ့သေးကြောင်း ။

သူတို့ သူငယ်ချင်း ၅ ယောက် တပြိုင်တည်း ထီဝယ်ထိုးကာ ပေါက်တဲ့လူက မပေါက်တဲ့လူတွေကို ဘတ် ၁ သိန်းစီပေးရမယ်လို့ ကတိပြုခဲ့တာကြောင့် ။

တကယ်ပေါက်တော့ တကယ်ဘဲ ကျန်တဲ့ သူငယ်ချင်း ၄ ယောက်ကို ဘတ် ၁ သိန်းစီပေးခဲ့ပြီး ၁ ယောက်ကို ဒုလ္လဘရဟန်းခံပေးခဲ့တယ်လို့ ဦးခိုင်ကြီးက ပြောသွားပါတယ်။

Hits: 147

ေလးႏွစ္အရြယ္န႔ဲ အဘိုးႀကီး႐ုပ္ေပါက္ေနသူ

Zawgyi

Bayzid ဆိုတဲ့ကေလးေလးဟာ အသက္၄ႏွစ္ပဲရွိေပမယ့္လည္း သူ႕ရဲ႕႐ုပ္ရည္ဟာ အဘိုးႀကီးတစ္ေယာက္လို ျဖစ္ေနတာပါ။

” ကြၽန္မတို႔လင္မယား သူ႕ကိုေဈးေခၚသြားတဲ့အခါ တစ္ခ်ိဳ႕ကေတာ့ အံ့ၾသဖြယ္ရာအေနနဲ႕ၾကည့္ၾကတယ္ ။

တခ်ိဳ႕ကေတာ့သနားၾကတယ္ အနီးနားကလူတစ္ခ်ိဳ႕ကေတာ့ ကစားစရာေတြဝယ္ေပးၾကတယ္” လို႔ Bayzid ရဲ႕မိခင္ကဆိုပါတယ္။

မိခင္ျဖစ္သူကေတာ့” Bayzid ကို ကြၽန္မတို႔တတ္နိုင္သမွ်ေပ်ာ္ေအာင္ထားတယ္ သူလုပ္ခ်င္တာဆို လုပ္ခြင့္ေပးထားတယ္ ။

သူဟာတျခားကေလးေတြနဲ႕ကြဲျပားေနေပမယ့္ သူကိုယ္တိုင္ေတာ့ အခုထိ နားမလည္ေသးပါဘူး “လို႔ ဆိုပါတယ္။

“ကြၽန္မတို႔ ဆရာဝန္ေတာ္ေတာ္မ်ားမ်ားနဲ႕ တိုင္ပင္ေဆြးေႏြးၾကည့္ပါတယ္ ဘယ္သူ႕မွ ဒီအေၾကာင္းအရင္းကိုမေျပာနိုင္ၾကပါဘူး ။

ကြၽန္မကေတာ့ သူ႕ကိုေမြးဖြားစဥ္က အားနည္းေနလို႔ျဖစ္မယ္ထင္ပါတယ္” လို႔လည္း ကေလးရဲ႕ေရာဂါျဖစ္စဥ္နဲ႕ပတ္သတ္ၿပီးဆိုပါတယ္။

ဖခင္ျဖစ္သူကေတာ့” အခုတေလာ ကေလးခဏခဏဖ်ားတယ္ သူ႕ေသြးေပါင္ခ်ိန္မွာလည္းျပႆနာရွိေနတယ္ ။

သူ႕အတြင္းကလီစာေတြကလည္း ေမြးကတည္းကေကာင္းစြာမဖြံ႕ၿဖိဳးလာဘူး သားရဲ႕ေဆးစရိတ္ကိုမတတ္နိုင္မွာ စိုးရိမ္ေနရတယ္”လို႔ ဆိုပါတယ္။

Unicode

လေးနှစ်အရွယ်နဲ့ အဘိုးကြီးရုပ်ပေါက်နေသူ

Bayzid ဆိုတဲ့ကလေးလေးဟာ အသက်၄နှစ်ပဲရှိပေမယ့်လည်း သူ့ရဲ့ရုပ်ရည်ဟာ အဘိုးကြီးတစ်ယောက်လို ဖြစ်နေတာပါ။

” ကျွန်မတို့လင်မယား သူ့ကိုဈေးခေါ်သွားတဲ့အခါ တစ်ချို့ကတော့ အံ့သြဖွယ်ရာအနေနဲ့ကြည့်ကြတယ် ။

တချို့ကတော့သနားကြတယ် အနီးနားကလူတစ်ချို့ကတော့ ကစားစရာတွေဝယ်ပေးကြတယ်” လို့ Bayzid ရဲ့မိခင်ကဆိုပါတယ်။

မိခင်ဖြစ်သူကတော့” Bayzid ကို ကျွန်မတို့တတ်နိုင်သမျှပျော်အောင်ထားတယ် သူလုပ်ချင်တာဆို လုပ်ခွင့်ပေးထားတယ် ။

သူဟာတခြားကလေးတွေနဲ့ကွဲပြားနေပေမယ့် သူကိုယ်တိုင်တော့ အခုထိ နားမလည်သေးပါဘူး “လို့ ဆိုပါတယ်။

“ကျွန်မတို့ ဆရာဝန်တော်တော်များများနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါတယ် ဘယ်သူ့မှ ဒီအကြောင်းအရင်းကိုမပြောနိုင်ကြပါဘူး ။

ကျွန်မကတော့ သူ့ကိုမွေးဖွားစဉ်က အားနည်းနေလို့ဖြစ်မယ်ထင်ပါတယ်” လို့လည်း ကလေးရဲ့ရောဂါဖြစ်စဉ်နဲ့ပတ်သတ်ပြီးဆိုပါတယ်။

ဖခင်ဖြစ်သူကတော့” အခုတလော ကလေးခဏခဏဖျားတယ် သူ့သွေးပေါင်ချိန်မှာလည်းပြဿနာရှိနေတယ် ။

သူ့အတွင်းကလီစာတွေကလည်း မွေးကတည်းကကောင်းစွာမဖွံ့ဖြိုးလာဘူး သားရဲ့ဆေးစရိတ်ကိုမတတ်နိုင်မှာ စိုးရိမ်နေရတယ်”လို့ ဆိုပါတယ်။

Hits: 145

၁၄ႏွစ္အရြယ္ေကာင္မေလးကို ၂၈၅ႀကိမ္အထိ ကာမလိမ္ယူခဲ့တဲ့ က်ဴရွင္ဆရာ

Zawgyi

မၾကာေသးမွီက ထိုင္ဝမ္ေတာင္ပိုင္းမွာ က်ဴရွင္ဆရာတစ္ဦးက အသက္မျပည့္ေသးတဲ့ ကေလးကို စုစုေပါင္း အႀကိမ္အေရအတြက္ ၂၈၅ႀကိမ္အထိ အဓမၼျပဳက်င့္ခဲ့တဲ့ ျဖစ္စဥ္ေပၚေပါက္ခဲ့ပါတယ္။

ETToday ရဲ့ အဆိုအရ Lan လို႔ အမည္ရတဲ့ေကာင္မေလးဟာ ၁၁ႏွစ္အရြယ္ကတည္းက အဆိုပါက်ဴရွင္ဆရာဆီမွာ က်ဴရွင္တက္ခဲ့တာပါ။ ၂၀၁၄ခုႏွစ္မွာ သူမအသက္က ၁၄ႏွစ္သာ ရွိပါေသးတယ္။

အဲ့ဒီေနာက္ သူ႔မ အသက္ ၁၈ႏွစ္ျပည့္ရင္ က်ဴရွင္ဆရာက လက္ထပ္ယူမယ္လို႔ ကတိေပးထားတဲ့အတြက္ သူရဲ့ ေတာင္းဆိုခ်က္ကို လိုက္ေလ်ာေပးခဲ့ပါတယ္။

အဆိုပါ က်ဴရွင္ဆရာဟာ ပထမ ၈လအတြင္း ၁၂၉ႀကိမ္၊ ဒုတိယ ၇လအတြင္း ၁၅၆ႀကိမ္၊ စုစုေပါင္း ၂၈၅ႀကိမ္တိတိ သူမနဲ႔အတူလိင္ဆက္ဆံခဲ့ဖူးပါတယ္။

အဲ့ဒီေနာက္ သူမအသက္ ၁၆ႏွစ္ေရာက္တဲ့အခါမွာေတာ့ က်ဴရွင္ဆရာက သူ႔တို႔ႏွစ္ဦးရဲ့ ဆက္ဆံေရးကို ရပ္တန္႔သင့္ေၾကာင္း၊ သူ႔မွာ အျခားအမ်ိဳးသမီးကို လက္ထပ္ဖို႔အစီစဥ္ရွိေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။

ဒီအခ်က္ဟာ က်ဴရွင္ဆရာအတြက္တကယ့္ကို အမွားႀကီး မွားတာပါပဲ ၂ႏွစ္နီးပါးေလာက္သူမနဲ႔အတူ ေနခဲ့ၿပီးမွ အခုလို လမ္းခြဲမယ္ဆိုတာေတာ့ ဘယ္မိန္းကေလးကမွ လက္ခံနိုင္ၾကမွာမဟုတ္ပါဘူး။

Lan ဟာ အဆိုပါ က်ဴရွင္ဆရာဖြင့္ထားတဲ့ သင္တန္းေက်ာင္းရဲ့ မေကာင္းေၾကာင္းကို အြန္လိုင္းေပၚတင္ၿပီး အရွက္ခြဲဖို႔ ႀကိဳးစားခဲ့ေပမဲ့ သူမတို႔ႏွစ္ဦးၾကားက ကိစၥကို အလုံးစုံ မသိတဲ့ မိခင္က တားျမစ္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ Lan ဟာ သူတို႔ႏွစ္ဦးရဲ့ အေၾကာင္းစုံကို မိခင္အားဖြင့္ေျပာခဲ့ပါတယ္ အေၾကာင္းစုံကို သိရတဲ့ အခ်ိန္မွာေတာ့ Lan ရဲ့ မိခင္လည္း အရမ္းကို ေဒါသထြက္ၿပီး အရမ္းလည္း ဝမ္းနည္းခဲ့ရပါတယ္။

အဲ့ဒါေၾကာင့္ သမီးျဖစ္သူအတြက္ မေကာင္းမွန္းသိေပမဲ့လည္း ေသြးေဆာင္ျဖာေယာင္းၿပီး တာဝန္ယူစိတ္မရွိတာေၾကာင့္ အဆိုပါ က်ဴရွင္ဆရာကို ရဲေတြဆီ အမူဖြင့္ တိုင္ၾကားခဲ့ပါတယ္။

သက္ေသအေနနဲ႔ ကံေကာင္းတာက သူမဆီမွာ ႏွစ္ဦးသားပတ္သက္ခဲ့သမၽွ အေၾကာင္းအရာေတြကို အေသးစိတ္မွတ္သားထားတဲ့ဒ႑ာရီစာအုပ္ေလးရွိပါတယ္။

အဆိုပါ စာအုပ္ထဲမွာေတာ့ သူမတို႔ အတူေနခဲ့ဖူးတဲ့ အႀကိမ္အေရအတြက္ကအစ အေသးစိတ္မွတ္သားထားတာပါ။

လက္ရွိမွာေတာ့ အသက္မျပည့္ေသးတဲ့ မိန္းကေလးကို အဓမၼျပဳက်င့္တဲ့ အမူနဲ႔ ေထာင္ဒဏ္ ၉ႏွစ္နဲ႔ ၆လ တရား႐ုံးက ခ်မွတ္ခဲ့ပါတယ္။

Unicode

၁၄နှစ်အရွယ်ကောင်မလေးကို ၂၈၅ကြိမ်အထိ ကာမလိမ်ယူခဲ့တဲ့ ကျူရှင်ဆရာ

မကြာသေးမှီက ထိုင်ဝမ်တောင်ပိုင်းမှာ ကျူရှင်ဆရာတစ်ဦးက အသက်မပြည့်သေးတဲ့ ကလေးကို စုစုပေါင်း အကြိမ်အရေအတွက် ၂၈၅ကြိမ်အထိ အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်ပေါ်ပေါက်ခဲ့ပါတယ်။

ETToday ရဲ့ အဆိုအရ Lan လို့ အမည်ရတဲ့ကောင်မလေးဟာ ၁၁နှစ်အရွယ်ကတည်းက အဆိုပါကျူရှင်ဆရာဆီမှာ ကျူရှင်တက်ခဲ့တာပါ။ ၂၀၁၄ခုနှစ်မှာ သူမအသက်က ၁၄နှစ်သာ ရှိပါသေးတယ်။

အဲ့ဒီနောက် သူ့မ အသက် ၁၈နှစ်ပြည့်ရင် ကျူရှင်ဆရာက လက်ထပ်ယူမယ်လို့ ကတိပေးထားတဲ့အတွက် သူရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးခဲ့ပါတယ်။

အဆိုပါ ကျူရှင်ဆရာဟာ ပထမ ၈လအတွင်း ၁၂၉ကြိမ်၊ ဒုတိယ ၇လအတွင်း ၁၅၆ကြိမ်၊ စုစုပေါင်း ၂၈၅ကြိမ်တိတိ သူမနဲ့အတူလိင်ဆက်ဆံခဲ့ဖူးပါတယ်။

အဲ့ဒီနောက် သူမအသက် ၁၆နှစ်ရောက်တဲ့အခါမှာတော့ ကျူရှင်ဆရာက သူ့တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ရပ်တန့်သင့်ကြောင်း၊ သူ့မှာ အခြားအမျိုးသမီးကို လက်ထပ်ဖို့အစီစဉ်ရှိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ဒီအချက်ဟာ ကျူရှင်ဆရာအတွက်တကယ့်ကို အမှားကြီး မှားတာပါပဲ ၂နှစ်နီးပါးလောက်သူမနဲ့အတူ နေခဲ့ပြီးမှ အခုလို လမ်းခွဲမယ်ဆိုတာတော့ ဘယ်မိန်းကလေးကမှ လက်ခံနိုင်ကြမှာမဟုတ်ပါဘူး။

Lan ဟာ အဆိုပါ ကျူရှင်ဆရာဖွင့်ထားတဲ့ သင်တန်းကျောင်းရဲ့ မကောင်းကြောင်းကို အွန်လိုင်းပေါ်တင်ပြီး အရှက်ခွဲဖို့ ကြိုးစားခဲ့ပေမဲ့ သူမတို့နှစ်ဦးကြားက ကိစ္စကို အလုံးစုံ မသိတဲ့ မိခင်က တားမြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Lan ဟာ သူတို့နှစ်ဦးရဲ့ အကြောင်းစုံကို မိခင်အားဖွင့်ပြောခဲ့ပါတယ် အကြောင်းစုံကို သိရတဲ့ အချိန်မှာတော့ Lan ရဲ့ မိခင်လည်း အရမ်းကို ဒေါသထွက်ပြီး အရမ်းလည်း ဝမ်းနည်းခဲ့ရပါတယ်။

အဲ့ဒါကြောင့် သမီးဖြစ်သူအတွက် မကောင်းမှန်းသိပေမဲ့လည်း သွေးဆောင်ဖြာယောင်းပြီး တာဝန်ယူစိတ်မရှိတာကြောင့် အဆိုပါ ကျူရှင်ဆရာကို ရဲတွေဆီ အမူဖွင့် တိုင်ကြားခဲ့ပါတယ်။

သက်သေအနေနဲ့ ကံကောင်းတာက သူမဆီမှာ နှစ်ဦးသားပတ်သက်ခဲ့သမျှ အကြောင်းအရာတွေကို အသေးစိတ်မှတ်သားထားတဲ့ဒဏ္ဍာရီစာအုပ်လေးရှိပါတယ်။

အဆိုပါ စာအုပ်ထဲမှာတော့ သူမတို့ အတူနေခဲ့ဖူးတဲ့ အကြိမ်အရေအတွက်ကအစ အသေးစိတ်မှတ်သားထားတာပါ။

လက်ရှိမှာတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးကို အဓမ္မပြုကျင့်တဲ့ အမူနဲ့ ထောင်ဒဏ် ၉နှစ်နဲ့ ၆လ တရားရုံးက ချမှတ်ခဲ့ပါတယ်။

Hits: 1029

အိမ္အကူ မိန္းကေလးငယ္ကို ႏွိပ္စက္သည့္ ဗီဒီယို သ႐ုပ္ေဆာင္ႏွင့္ ေမာ္ဒယ္လ္ လင္မယား

Zawgyi

အိမ္အကူ မိန္းကေလးငယ္ကို ႏွိပ္စက္သည့္ ဗီဒီယို သ႐ုပ္ေဆာင္ႏွင့္ ေမာ္ဒယ္လ္ သီရိကိုကိုနိုင္ႏွင့္ ခင္ပြန္းျဖစ္သူ ဦးၾကည္လွျမင့္ တို႔အား ။

ကေလးငယ္၏ မိဘမ်ားက ပုသိမ္ၿမိဳ႕ အမွတ္ ၂ ရဲစခန္းတြင္ အမႈဖြင့္ တရားစြဲဆို ထားေၾကာင္း သိရသည္။

အသက္ ၁၄ ႏွစ္ အ႐ြယ္ မထက္ထက္သည္ ရန္ကုန္ၿမိဳ႕ရွိ သ႐ုပ္ေဆာင္ သီရိကိုကိုနိုင္ ေနအိမ္တြင္ အိမ္အကူ အျဖစ္ လုပ္ကိုင္ေနစဥ္ အိမ္ရွင္မ်ား၏ ႏွိပ္စက္ခံရသျဖင့္ ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ။

လက္ရွိတြင္ ပုသိမ္ေဆး႐ုံ အေဆာင္အမွတ္ ၇ (အမ်ိဳးသမီးေဆာင္) ကုတင္အမွတ္ ၁၄ တြင္ မတ္ ၂၆ ရက္မွ စတင္ကာ ယခုအခ်ိန္ အထိ ေဆးကုသမႈ ခံယူေနရသည္။

လက္ေကာက္ဝတ္ ဘယ္ညာ ႏွစ္ဘက္စလုံးတြင္ အပူေလာင္ ဒဏ္ရာ၊ မ်က္ႏွာ၊ ဦးေခါင္း၊ ေက်ာကုန္းႏွင့္ နံေဘးတို႔တြင္ ပြန္းပဲ့ ျပတ္ရွ ဒဏ္ရာမ်ားျဖင့္ ေဆးကုသမႈ ခံယူေနသူ မထက္ထက္က

ဝက္သားဟင္း ခ်က္ရာတြင္ ဟင္းအိုး တူးခဲ့ျခင္း၊ ေနအိမ္တြင္ ေမြးထားသည့္ ေခြးမေလး ေသဆုံးခဲ့ျခင္းတို႔ေၾကာင့္ ႏွိပ္စက္ ခံခဲ့ရျခင္း ျဖစ္သည္ဟု ဧရာဝတီကို ေျပာသည္။

“သမီး ဝက္သားဟင္း ခ်က္တာ တူးသြားလို႔ တူးရမလားဆိုၿပီး အိမ္ရွင္ အစ္မႀကီးက သမီးလက္ကို ဆီပူအိုးထဲကို ႏွစ္တယ္၊ ေနာက္ၿပီးေတာ့ အိမ္မွာ ေမြးထားတဲ့ ေခြးကေလးက သူ႕ဘာသာ ေဆာ့ေနရင္းက ေသသြားတယ္၊

အဲဒါကို ေခြး ေသရမလားဆိုၿပီး အိမ္ရွင္ အစ္မႀကီးကေရာ၊ သူ႕ေယာက္်ားကေရာ ရိုက္တယ္၊ မ်က္ႏွာကို လက္သီးနဲ႕ ထိုးတယ္၊ တံမ်က္စည္းနဲ႕ ေခါင္းကို ရိုက္တယ္။

ပလာယာနဲ႕လည္း ညွပ္တယ္ ကပ္ေၾကးနဲ႕လည္း ထိုးတယ္” ဟု ၎က ေျပာသည္ အိမ္အကူ မထက္ထက္သည္ ေျမာင္းျမ ၿမိဳ႕နယ္၊ မဲေက်ာ္ ေက်း႐ြာအုပ္စု၊ ဝဲေဒါင့္ ေက်း႐ြာတြင္ ေနထိုင္သူ ျဖစ္ၿပီး ။

ရန္ကုန္ၿမိဳ႕ရွိ သ႐ုပ္ေဆာင္ သီရိကိုကိုနိုင္၏ ေနအိမ္သို႔ ၿပီးခဲ့သည့္ ၂၀၁၃ ခုႏွစ္ ဒီဇင္ဘာလက စတင္ ေရာက္ရွိကာ အိမ္အကူ အျဖစ္ တလလွ်င္ လခေငြေၾကး က်ပ္ ၂၅၀၀၀ ႏႈန္းျဖင့္ လုပ္ကိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ႏွိပ္စက္မႈမ်ားေၾကာင့္ ပြန္းပဲ့ ျပတ္ရွ ဒဏ္ရာမ်ားႏွင့္ အပူေလာင္ ဒဏ္ရာမ်ား ရရွိထားသူ မထက္ထက္အား သ႐ုပ္ေဆာင္ သီရိကိုကိုနိုင္ႏွင့္ ခင္ပြန္း ျဖစ္သူတို႔က ရန္ကုန္ၿမိဳ႕၌ ေဆးကုသ မေပးဘဲ ။

သီရိကိုကိုနိုင္၏ ဖခင္ျဖစ္သူ ေနထိုင္ရာ ပုသိမ္ၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း မထက္ထက္က ဆိုသည္။

တရားစြဲဆို

ယင္းသို႔ ႏွိပ္စက္မႈမ်ားအား အေရးယူေပးပါရန္ မထက္ထက္၏ မိခင္ျဖစ္သူ ေနာ္မိခ်ိဳက တရားလို ျပဳလုပ္ကာ ပုသိမ္ၿမိဳ႕ အမွတ္ (၂) ရဲစခန္းတြင္ အမႈဖြင့္ တရားစြဲဆိုခဲ့ျခင္း ျဖစ္ေၾကာင္း ။

အဆိုပါ အမႈအား လိုက္ပါ ကူညီေပးေနသည့္ ပုသိမ္ၿမိဳ႕ရွိ ကရင္ႏွစ္ျခင္း ခရစ္ယာန္ သာသနာျပဳအဖြဲ႕မွ အမ်ိဳးသမီးေရးရာ တာဝန္ခံ ေနာ္စိန္ခ်စ္က ဧရာဝတီကို ေျပာသည္။

“ကေလးက တအား ႏွိပ္စက္ ခံထားရတယ္ လက္ေတြမွာ ဆီပူ ေလာင္ထားတဲ့ ဒဏ္ရာေတြ ရွိတယ္။

လက္ဖဝါးေတြ အက္ကြဲ ေနတယ္။ မ်က္ႏွာေတြမွာလည္း လက္သီးနဲ႕ ထိုးထားလို႔ ဖူးေယာင္ေနတဲ့ ဒဏ္ရာေတြ ရွိတယ္။

ညာဘက္ မ်က္လုံးမွာ ဆိုရင္ လက္သီးနဲ႕ ထိုးတဲ့ ဒဏ္ေၾကာင့္ မ်က္စိ သူငယ္အိမ္ထဲမွာ ေသြးခ်ည္ေတာင္ ဥေနတယ္။

အခုလိုမ်ိဳး ႏွိပ္စက္ခံရလို႔ သူ႕အေမက မေက်နပ္လို႔ အိမ္ရွင္ လင္မယားကို အမႈဖြင့္ လိုက္တာ” ဟု ၎က ေျပာသည္။

သ႐ုပ္ေဆာင္ သီရိကိုကိုနိုင္၏ ဖခင္ျဖစ္သူ ဧရာဝတီတိုင္း ေဒသႀကီး ဆိပ္ကမ္း အာဏာပိုင္ အရာရွိ ဦးကိုကိုနိုင္က ဒဏ္ရာမ်ားျဖင့္ ေရာက္ရွိလာသည့္ မထက္ထက္အား ။

ပုသိမ္ၿမိဳ႕ရွိ “လမင္း” အထူးကု ေဆးခန္းတြင္ ေဆးကုသ ေပးရာတြင္ ထိုေဆးခန္းက ရဲမႈခင္း ျဖစ္ေနသည့္ အတြက္ လက္မခံေသာေၾကာင့္ ပုသိမ္ အေထြေထြေရာဂါကု ေဆး႐ုံႀကီးသို႔ တင္ပို႔ ကုသေပးျခင္း ျဖစ္ေၾကာင္း သိရသည္။

“ပထမ လမင္း ေဆးခန္းမွာ ေရေႏြး ပူေလာင္လို႔ ေဆးကုခ်င္လို႔ပါ ဆိုၿပီး လာတယ္ ကေလးမေလး ရတဲ့ ဒဏ္ရာေတြက အပူေလာင္တဲ့ ပုံစံ မဟုတ္ဘဲ ။

Police Case (ရဲမႈခင္းကိစၥ) ျဖစ္ေနတယ္ ဆိုတာ ဆရာဝန္ေတြက သိေနေတာ့ လက္မခံဘဲ ေဆး႐ုံႀကီးကို ၫႊန္လိုက္တယ္ ဦးကိုကိုနိုင္က လူနာရွင္ လုပ္ၿပီး ပုသိမ္ ေဆး႐ုံႀကီးမွာ တင္ၿပီး ကုတယ္။

ဒဏ္ရာ ရထားတဲ့ ကိစၥေတြ အတြက္ ဦးကိုကိုနိုင္ ကေရာ၊ ေဆး႐ုံ ကေရာ ရဲကို အေၾကာင္းၾကားတာ မရွိသလို သက္ဆိုင္ရာ မိဘထံကိုလည္း လုံး၀ အေၾကာင္းၾကားျခင္း မရွိဘူး” ဟု ေနာ္စိန္ခ်စ္က ေျပာသည္။

မထက္ထက္၏ မိခင္ျဖစ္သူ ေနာ္မိခ်ိဳ၏ တိုင္တန္းခ်က္ အရ ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္၊ ကမာၻေအး ဘုရားလမ္း၊ ကိုယ့္မင္းကိုယ့္ခ်င္း ရပ္ကြက္၊ အိမ္အမွတ္ – ၃၀ တြင္ ေနထိုင္သည့္ ။

ဗီဒီယို သ႐ုပ္ေဆာင္ သီရိကိုကိုနိုင္ႏွင့္ ခင္ပြန္း ျဖစ္သူ ဦးၾကည္လွျမင့္တို႔အား ပုသိမ္ၿမိဳ႕ အမွတ္ ၂ ရဲစခန္းက ျပစ္မႈနံပါတ္ ၅၁/၂၀၁၄၊ ျပစ္မႈဆိုင္ရာ ဥပေဒ ပုဒ္မ ၃၂၆/၃၂၅ (အျပင္းအထန္ နာက်င္ေစမႈ) တို႔ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

Unicode

အိမ်အကူ မိန်းကလေးငယ်ကို နှိပ်စက်သည့် ဗီဒီယို သရုပ်ဆောင်နှင့် မော်ဒယ်လ် လင်မယား

အိမ်အကူ မိန်းကလေးငယ်ကို နှိပ်စက်သည့် ဗီဒီယို သရုပ်ဆောင်နှင့် မော်ဒယ်လ် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူ ဦးကြည်လှမြင့် တို့အား ။

ကလေးငယ်၏ မိဘများက ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆို ထားကြောင်း သိရသည်။

အသက် ၁၄ နှစ် အရွယ် မထက်ထက်သည် ရန်ကုန်မြို့ရှိ သရုပ်ဆောင် သီရိကိုကိုနိုင် နေအိမ်တွင် အိမ်အကူ အဖြစ် လုပ်ကိုင်နေစဉ် အိမ်ရှင်များ၏ နှိပ်စက်ခံရသဖြင့် ဒဏ်ရာများ ရရှိခဲ့ပြီး ။

လက်ရှိတွင် ပုသိမ်ဆေးရုံ အဆောင်အမှတ် ၇ (အမျိုးသမီးဆောင်) ကုတင်အမှတ် ၁၄ တွင် မတ် ၂၆ ရက်မှ စတင်ကာ ယခုအချိန် အထိ ဆေးကုသမှု ခံယူနေရသည်။

လက်ကောက်ဝတ် ဘယ်ညာ နှစ်ဘက်စလုံးတွင် အပူလောင် ဒဏ်ရာ၊ မျက်နှာ၊ ဦးခေါင်း၊ ကျောကုန်းနှင့် နံဘေးတို့တွင် ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေသူ မထက်ထက်က

ဝက်သားဟင်း ချက်ရာတွင် ဟင်းအိုး တူးခဲ့ခြင်း၊ နေအိမ်တွင် မွေးထားသည့် ခွေးမလေး သေဆုံးခဲ့ခြင်းတို့ကြောင့် နှိပ်စက် ခံခဲ့ရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

“သမီး ဝက်သားဟင်း ချက်တာ တူးသွားလို့ တူးရမလားဆိုပြီး အိမ်ရှင် အစ်မကြီးက သမီးလက်ကို ဆီပူအိုးထဲကို နှစ်တယ်၊ နောက်ပြီးတော့ အိမ်မှာ မွေးထားတဲ့ ခွေးကလေးက သူ့ဘာသာ ဆော့နေရင်းက သေသွားတယ်၊

အဲဒါကို ခွေး သေရမလားဆိုပြီး အိမ်ရှင် အစ်မကြီးကရော၊ သူ့ယောက်ျားကရော ရိုက်တယ်၊ မျက်နှာကို လက်သီးနဲ့ ထိုးတယ်၊ တံမျက်စည်းနဲ့ ခေါင်းကို ရိုက်တယ်။

ပလာယာနဲ့လည်း ညှပ်တယ် ကပ်ကြေးနဲ့လည်း ထိုးတယ်” ဟု ၎င်းက ပြောသည် အိမ်အကူ မထက်ထက်သည် မြောင်းမြ မြို့နယ်၊ မဲကျော် ကျေးရွာအုပ်စု၊ ဝဲဒေါင့် ကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး ။

ရန်ကုန်မြို့ရှိ သရုပ်ဆောင် သီရိကိုကိုနိုင်၏ နေအိမ်သို့ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စတင် ရောက်ရှိကာ အိမ်အကူ အဖြစ် တလလျှင် လခငွေကြေး ကျပ် ၂၅၀၀၀ နှုန်းဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နှိပ်စက်မှုများကြောင့် ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာများနှင့် အပူလောင် ဒဏ်ရာများ ရရှိထားသူ မထက်ထက်အား သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူတို့က ရန်ကုန်မြို့၌ ဆေးကုသ မပေးဘဲ ။

သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ နေထိုင်ရာ ပုသိမ်မြို့သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မထက်ထက်က ဆိုသည်။

တရားစွဲဆို

ယင်းသို့ နှိပ်စက်မှုများအား အရေးယူပေးပါရန် မထက်ထက်၏ မိခင်ဖြစ်သူ နော်မိချိုက တရားလို ပြုလုပ်ကာ ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ။

အဆိုပါ အမှုအား လိုက်ပါ ကူညီပေးနေသည့် ပုသိမ်မြို့ရှိ ကရင်နှစ်ခြင်း ခရစ်ယာန် သာသနာပြုအဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံ နော်စိန်ချစ်က ဧရာဝတီကို ပြောသည်။

“ကလေးက တအား နှိပ်စက် ခံထားရတယ် လက်တွေမှာ ဆီပူ လောင်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်။

လက်ဖဝါးတွေ အက်ကွဲ နေတယ်။ မျက်နှာတွေမှာလည်း လက်သီးနဲ့ ထိုးထားလို့ ဖူးယောင်နေတဲ့ ဒဏ်ရာတွေ ရှိတယ်။

ညာဘက် မျက်လုံးမှာ ဆိုရင် လက်သီးနဲ့ ထိုးတဲ့ ဒဏ်ကြောင့် မျက်စိ သူငယ်အိမ်ထဲမှာ သွေးချည်တောင် ဥနေတယ်။

အခုလိုမျိုး နှိပ်စက်ခံရလို့ သူ့အမေက မကျေနပ်လို့ အိမ်ရှင် လင်မယားကို အမှုဖွင့် လိုက်တာ” ဟု ၎င်းက ပြောသည်။

သရုပ်ဆောင် သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ ဧရာဝတီတိုင်း ဒေသကြီး ဆိပ်ကမ်း အာဏာပိုင် အရာရှိ ဦးကိုကိုနိုင်က ဒဏ်ရာများဖြင့် ရောက်ရှိလာသည့် မထက်ထက်အား ။

ပုသိမ်မြို့ရှိ “လမင်း” အထူးကု ဆေးခန်းတွင် ဆေးကုသ ပေးရာတွင် ထိုဆေးခန်းက ရဲမှုခင်း ဖြစ်နေသည့် အတွက် လက်မခံသောကြောင့် ပုသိမ် အထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့ ကုသပေးခြင်း ဖြစ်ကြောင်း သိရသည်။

“ပထမ လမင်း ဆေးခန်းမှာ ရေနွေး ပူလောင်လို့ ဆေးကုချင်လို့ပါ ဆိုပြီး လာတယ် ကလေးမလေး ရတဲ့ ဒဏ်ရာတွေက အပူလောင်တဲ့ ပုံစံ မဟုတ်ဘဲ ။

Police Case (ရဲမှုခင်းကိစ္စ) ဖြစ်နေတယ် ဆိုတာ ဆရာဝန်တွေက သိနေတော့ လက်မခံဘဲ ဆေးရုံကြီးကို ညွှန်လိုက်တယ် ဦးကိုကိုနိုင်က လူနာရှင် လုပ်ပြီး ပုသိမ် ဆေးရုံကြီးမှာ တင်ပြီး ကုတယ်။

ဒဏ်ရာ ရထားတဲ့ ကိစ္စတွေ အတွက် ဦးကိုကိုနိုင် ကရော၊ ဆေးရုံ ကရော ရဲကို အကြောင်းကြားတာ မရှိသလို သက်ဆိုင်ရာ မိဘထံကိုလည်း လုံး၀ အကြောင်းကြားခြင်း မရှိဘူး” ဟု နော်စိန်ချစ်က ပြောသည်။

မထက်ထက်၏ မိခင်ဖြစ်သူ နော်မိချို၏ တိုင်တန်းချက် အရ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ကိုယ့်မင်းကိုယ့်ချင်း ရပ်ကွက်၊ အိမ်အမှတ် – ၃၀ တွင် နေထိုင်သည့် ။

ဗီဒီယို သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူ ဦးကြည်လှမြင့်တို့အား ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းက ပြစ်မှုနံပါတ် ၅၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၆/၃၂၅ (အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Hits: 2889

အမ်ိဳးသား ေပါင္း ၁ေသာင္းေက်ာ္နဲ႔ အိပ္ခဲ့တ့ဲ အေတြ႕အႀကံဳကို စာအုပ္ျပန္ေရးသူ

Zawgyi

Gwyneth Montenegro လို႔ အမည္ရတဲ့ ၾသစေတးလ် ႏိုင္ငံက အမ်ိဳးသမီး ဟာ အသက္ ၂၁ ႏွစ္မွာ Escort လို႔ေခၚတဲ့ ကာကြယ္ေစာင့္ေရွာင့္ေရး လံုျခံဳေရး လုပ္ငန္း တစ္ခုမွာ အမ်ိဳးသား ေတြနဲ႔ တန္းတူ လုပ္ကိုင္ ပါတယ္။

အဲ့ဒီ အခ်ိန္ကေန စလို႔ Prostitution ကိုပါ လုပ္လို႔လုပ္မွန္း မသိ လုပ္မိလာခဲ့ ပါတယ္ ၁၀ ႏွစ္ေက်ာ္ ၾကာသြားတဲ့ အခ်ိန္ ေလယာဥ္ေမာင္း လိုင္စင္ ရလို႔ ပိုင္းေလာ့ စလုပ္ေပမယ့္ တစ္ႏွစ္ အတြင္းမွာပဲ ေက်ာက္ ကပ္ ေရာဂါ ေၾကာင့္ အနားယူရ ျပန္ ပါတယ္။

ဒီေတာ့ Prostitution ဘက္ ကိုပဲ ျပန္ေရာက္ ပါတယ္ ၁၅ ႏွစ္ ေက်ာ္ ၾကာ လုပ္ကိုင္ခဲ့တဲ့ အဲ့ဒီ နယ္ပယ္မွာေတာ့ သူဟာ အင္မတန္ ထူးခြ်န္ ပါတယ္။

အမ်ိဳးသားေပါင္း ၁၀၀၉၁ (တစ္ေသာင္းေက်ာ္) နဲ႔ တစ္သက္ တစ္ေလွ်ာက္ အိပ္ခဲ့ ဖူးျပီး တစ္ရက္ကို ၁.၈ ေယာက္ နဲ႔ အိပ္ေၾကာင္း သခၤ်ာနည္းက်က် တြက္ခ်က္လို႔ ရ ပါတယ္။

တစ္လကို ၅၆ ဦးနဲ႔ အိပ္စက္ျခင္းလည္း ျဖစ္ပါတယ္ ဒါေၾကာ င့္မို႔ Ms Montenegro ဟာ ေယာကၤ်ား အေၾကာင္း ေနာေၾက သြားသူ ျဖစ္ပါတယ္။

ဒီေတာ့ 10,000 Men And Counting လို႔ အမည္ရတဲ့ စာအုပ္ကို သူမ ကိုယ္တိုင္ ေရးသား ထုတ္ေဝ လိုက္ပါတယ္။

သက္တမ္း တစ္ေလွ်ာက္ သူမ နဲ႔ အိပ္စက္ ခဲ့တဲ့ အမ်ိဳးသား အေရ အတြက္ ကိုလည္း တိတိက်က် မွတ္တမ္း တင္ခဲ့သူ ျဖစ္ပါတယ္။

သူမဟာ ရုပ္ရည္ နဲ႔ ပညာ အရည္အခ်င္း အရလည္း ေခသူ မဟုတ္သလို အဲ့ဒီ အလုပ္မွာ ပေရာ္ဖက္ ရွင္နယ္ ျဖစ္ခဲ့သူသာ ျဖစ္ပါတယ္။

10,000 Men And Counting လို႔ အမည္ရတဲ့ စာအုပ္ကို အြန္လိုင္းကေနေရာ၊ စာအုပ္ဆိုင္ေတြမွာေကာ ဥေရာပ နဲ႔ အေမရိက တို႔မွာ စတင္ ေရာင္းခ် ေနျပီ ျဖစ္ေၾကာင္း သိရ ပါတယ္။

Unicode

အမျိုးသား ပေါင်း ၁သောင်းကျော်နဲ့ အိပ်ခဲ့တဲ့ အတွေ့အကြုံကို  စာအုပ်ပြန်ရေးသူ

Gwyneth Montenegro လို့ အမည်ရတဲ့ သြစတေးလျ နိုင်ငံက အမျိုးသမီး ဟာ အသက် ၂၁ နှစ်မှာ Escort လို့ခေါ်တဲ့ ကာကွယ်စောင့်ရှောင့်ရေး လုံခြုံရေး လုပ်ငန်း တစ်ခုမှာ အမျိုးသား တွေနဲ့ တန်းတူ လုပ်ကိုင် ပါတယ်။

အဲ့ဒီ အချိန်ကနေ စလို့ Prostitution ကိုပါ လုပ်လို့လုပ်မှန်း မသိ လုပ်မိလာခဲ့ ပါတယ် ၁၀ နှစ်ကျော် ကြာသွားတဲ့ အချိန် လေယာဉ်မောင်း လိုင်စင် ရလို့ ပိုင်းလော့ စလုပ်ပေမယ့် တစ်နှစ် အတွင်းမှာပဲ ကျောက် ကပ် ရောဂါ ကြောင့် အနားယူရ ပြန် ပါတယ်။

ဒီတော့ Prostitution ဘက် ကိုပဲ ပြန်ရောက် ပါတယ် ၁၅ နှစ် ကျော် ကြာ လုပ်ကိုင်ခဲ့တဲ့ အဲ့ဒီ နယ်ပယ်မှာတော့ သူဟာ အင်မတန် ထူးချွန် ပါတယ်။

အမျိုးသားပေါင်း ၁၀၀၉၁ (တစ်သောင်းကျော်) နဲ့ တစ်သက် တစ်လျှောက် အိပ်ခဲ့ ဖူးပြီး တစ်ရက်ကို ၁.၈ ယောက် နဲ့ အိပ်ကြောင်း သင်္ချာနည်းကျကျ တွက်ချက်လို့ ရ ပါတယ်။

တစ်လကို ၅၆ ဦးနဲ့ အိပ်စက်ခြင်းလည်း ဖြစ်ပါတယ် ဒါကြော င့်မို့ Ms Montenegro ဟာ ယောင်္ကျား အကြောင်း နောကြေ သွားသူ ဖြစ်ပါတယ်။

ဒီတော့ 10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို သူမ ကိုယ်တိုင် ရေးသား ထုတ်ဝေ လိုက်ပါတယ်။

သက်တမ်း တစ်လျှောက် သူမ နဲ့ အိပ်စက် ခဲ့တဲ့ အမျိုးသား အရေ အတွက် ကိုလည်း တိတိကျကျ မှတ်တမ်း တင်ခဲ့သူ ဖြစ်ပါတယ်။

သူမဟာ ရုပ်ရည် နဲ့ ပညာ အရည်အချင်း အရလည်း ခေသူ မဟုတ်သလို အဲ့ဒီ အလုပ်မှာ ပရော်ဖက် ရှင်နယ် ဖြစ်ခဲ့သူသာ ဖြစ်ပါတယ်။

10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို အွန်လိုင်းကနေရော၊ စာအုပ်ဆိုင်တွေမှာကော ဥရောပ နဲ့ အမေရိက တို့မှာ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။

Hits: 753

မိသားစု (၆) ဦးစလံုး အဆ္ပ္ေသာက္ သတ္ေသမႈျဖစ္ပြား

Zawgyi

တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕တြင္္ အဆိပ္ရည္ ေသာက္ကာ ေသေၾကာင္းႀကံသည့္ မိသားစု (၆)ဦး အနက္ (၄) ဦး ေသဆုံး

ရွမ္းျပည္နယ္(္အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕ရွိ ေဈးတန္း (ကြက္သစ္) ရပ္ကြက္တြြင္ အဆိပ္ေသာက္ကာ ေသေၾကာင္းႀကံသည့္ မိသားစု (၆) ဦးအနက္ (၄)ဦး ေသဆုံးမွု ၂၀၁၉ခုႏွစ္ စက္တင္ဘာလ (၁၃) ရက္ေန႔ အကူးတြင္္ ျဖစ္ပြားေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕၊ ေဈးတန္း(ကြက္သစ္)ရပ္ကြက္အတြင္းရွိ ဦးအားျမႇာေနအိမ္တြင္ မိသားစု (၄)ဦး အဆိပ္ေသာက္ ေသဆုံးေၾကာင္း သတင္းအရ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္္ဖြဲ႕ဝင္မ်ားႏွင့္ ရပ္ကြက္တာဝန္ရွိသူမ်ားမွ သြားေရာက္ၾကည့္ရွု စစ္ေဆးရာ

အိမ္အတြင္း၌ ဦးအားျမႇာ (၄၆) ႏွစ္ရွိ  ေဒၚအီနား၊ (၄၈) ႏွစ္  ေမာင္ေထာေမ (၁၅) ႏွစ္ႏွင့္ ေမာင္ေနလင္းထြန္း (၈) ႏွစ္ရွိ တို႔ (၄) ဦးမွာ ႏွာေခါင္းႏွင့္ ပါးစပ္မ်ား တြင္ အျမႇုပ္ ႏွင့္ ေသြးမ်ား ထြက္၍ ေသဆုံးေနသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။

အဆိုပါ ေနအိမ္တြင္္ မိသားစု (၆) ရွိရာ (၆) ဦး လုံးမွာ အဆိပ္ရည္မ်ား ေသာက္ေသာ္လည္း (၄) ဦးသာ ေသဆုံးၿပီး အသက္ (၁၃) ႏွစ္ရွိ မေနာမိႏွင့္ အသက္ (၉) ႏွစ္ရွိ ေမာင္ဆီလွ တို႔မွ မစိုးရိမ္ရ ေၾကာင္း သိရသည္။

“က်န္တဲ့ဲ လူနာႏွစ္ေယာက္ကေတာ့ အေျခအေန ေကာင္းပါတယ္ စိုးရိမ္စရာ မရွိပါဘူး”ဟု မိုင္းျဖတ္ၿမိဳ႕မစခန္းမွူး ဒုရဲမွူး ျမတ္မိုးက တာခ်ီလိိတ္ သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ (၁၂) ရက္ေန႔ ည(၉)နာရီ ဝန္းက်င္ အခ်ိ္န္က မိဘႏွစ္ဦးျဖစ္သူ ဦးအားျမႇာ ႏွင့္ ေဒၚအီနား တို႔သည္ အဆိပ္ပင္၏ အျမစ္ႏွင့္ အရြက္တို႔အား ေရေႏြးခရားအိုးျဖင့္ က်ိဳခ်က္ၿပီး ။

သားသမီး (၄) ဦးအား ဦးစြာ တိုက္ေကၽြးၿပီးေနာက္ ၎တို႔ (၂) ဦးမွာ ေနာက္ဆုံးမွ ေသာက္ကာ အိပ္ယာဝင္ခဲ့ေၾကာင္း၊သားသမီး (၄) ဦးတြင္ အသက္ (၁၃) ႏွစ္ရွိ မေနာမိႏွင့္ အသက္ (၉) ႏွစ္ရွိ ေမာင္ဆီလွတို႔မွာ ။

ခဏအၾကာတြင္ ေအာ့အန္ၿပီး ျပန္အိပ္ ခဲ့ေၾကာင္း ႏွင့္ ေအာအန္သည့္ ကေလးႏွစ္ဦးသည္ နံနက္ (၇) နာရီဝန္းက်င္တြင္ အိပ္ယာမွ နိုး၍ ေဘးသို႔ ၾကည့္လိုက္ရာ ။

မိဘမ်ား အပါအဝင္ (၄) ဦးမွာ ေသဆုံးေနသည္ကို ေတြ႕ရ၍ ေဘးအိမ္သို႔ သြားေရာက္ အသိေပး ေျပာၾကားျဖစ္ေၾကာင္း သိရသည္။

အသက္မေသဘဲ က်န္ရွိသည္္႔ မေနာမိ၏ ေျပာျပခ်က္အရ ၎၏ မိဘမ်ားမွာ စားဝတ္ေနေရး အဆင္မေျပသည့္ က္ိိစၥႏွင့္ ပတ္သက္၍ မၾကာခဏ ညည္းတြား သည္ကို ၾကားသိရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႕မွ စစ္ေဆးမွုမ်ား ျပဳလုပ္ၿပီး ဥပေဒအရ မိုင္းျဖတ္ၿမိဳ႕ရဲဲစခန္းတြင္ ေသမွုေသခင္း အမွတ္စဥ္ ၄/ ၂၀၁၉ ျဖင့္ အမွုဖြင့္ ထားေၾကာင္း သိရသည္။

Unicode

မိသားစု (၆) ဦးစလုံး အဆ်ပ်သောက် သတ်သေမှုဖြစ်ပွား

တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့တွင် အဆိပ်ရည် သောက်ကာ သေကြောင်းကြံသည့် မိသားစု (၆)ဦး အနက် (၄) ဦး သေဆုံး

ရှမ်းပြည်နယ်(်အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ ဈေးတန်း (ကွက်သစ်) ရပ်ကွက်တွင် အဆိပ်သောက်ကာ သေကြောင်းကြံသည့် မိသားစု (၆) ဦးအနက် (၄)ဦး သေဆုံးမှု ၂၀၁၉ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့ အကူးတွင် ဖြစ်ပွားကြောင်း သိရသည်။

မိုင်းဖြတ်မြို့၊ ဈေးတန်း(ကွက်သစ်)ရပ်ကွက်အတွင်းရှိ ဦးအားမြှာနေအိမ်တွင် မိသားစု (၄)ဦး အဆိပ်သောက် သေဆုံးကြောင်း သတင်းအရ မိုင်းဖြတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု စစ်ဆေးရာ

အိမ်အတွင်း၌ ဦးအားမြှာ (၄၆) နှစ်ရှိ  ဒေါ်အီနား၊ (၄၈) နှစ်  မောင်ထောမေ (၁၅) နှစ်နှင့် မောင်နေလင်းထွန်း (၈) နှစ်ရှိ တို့ (၄) ဦးမှာ နှာခေါင်းနှင့် ပါးစပ်များ တွင် အမြှုပ် နှင့် သွေးများ ထွက်၍ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင် မိသားစု (၆) ရှိရာ (၆) ဦး လုံးမှာ အဆိပ်ရည်များ သောက်သော်လည်း (၄) ဦးသာ သေဆုံးပြီး အသက် (၁၃) နှစ်ရှိ မနောမိနှင့် အသက် (၉) နှစ်ရှိ မောင်ဆီလှ တို့မှ မစိုးရိမ်ရ ကြောင်း သိရသည်။

“ကျန်တဲ့ဲ လူနာနှစ်ယောက်ကတော့ အခြေအနေ ကောင်းပါတယ် စိုးရိမ်စရာ မရှိပါဘူး”ဟု မိုင်းဖြတ်မြို့မစခန်းမှူး ဒုရဲမှူး မြတ်မိုးက တာချီလိတ် သတင်း အေဂျင်စီသို့ ပြောသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ (၁၂) ရက်နေ့ ည(၉)နာရီ ဝန်းကျင် အချိန်က မိဘနှစ်ဦးဖြစ်သူ ဦးအားမြှာ နှင့် ဒေါ်အီနား တို့သည် အဆိပ်ပင်၏ အမြစ်နှင့် အရွက်တို့အား ရေနွေးခရားအိုးဖြင့် ကျိုချက်ပြီး ။

သားသမီး (၄) ဦးအား ဦးစွာ တိုက်ကျွေးပြီးနောက် ၎င်းတို့ (၂) ဦးမှာ နောက်ဆုံးမှ သောက်ကာ အိပ်ယာဝင်ခဲ့ကြောင်း၊သားသမီး (၄) ဦးတွင် အသက် (၁၃) နှစ်ရှိ မနောမိနှင့် အသက် (၉) နှစ်ရှိ မောင်ဆီလှတို့မှာ ။

ခဏအကြာတွင် အော့အန်ပြီး ပြန်အိပ် ခဲ့ကြောင်း နှင့် အောအန်သည့် ကလေးနှစ်ဦးသည် နံနက် (၇) နာရီဝန်းကျင်တွင် အိပ်ယာမှ နိုး၍ ဘေးသို့ ကြည့်လိုက်ရာ ။

မိဘများ အပါအဝင် (၄) ဦးမှာ သေဆုံးနေသည်ကို တွေ့ရ၍ ဘေးအိမ်သို့ သွားရောက် အသိပေး ပြောကြားဖြစ်ကြောင်း သိရသည်။

အသက်မသေဘဲ ကျန်ရှိသည့်် မနောမိ၏ ပြောပြချက်အရ ၎င်း၏ မိဘများမှာ စားဝတ်နေရေး အဆင်မပြေသည့် ကိစ္စနှင့် ပတ်သက်၍ မကြာခဏ ညည်းတွား သည်ကို ကြားသိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ပြီး ဥပဒေအရ မိုင်းဖြတ်မြို့ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၉ ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

Hits: 741