
Zawgyi













Unicode

ကြာသပတေးနေ့ဖွားများအတွက် သုံးလစာ ဟောကိန်း

သင်သည်ယခုနှစ်အတွင် အလုပ်နေရာ အိမ်နေရာအသစ်ရခြင်၊နေရာထိုင်ခြင်း၊မွမ်းမံရခြင်း၊ပြောင်းရွှေရခြင်းများကြူံ ရတတ်၏ ခရီးတို၊ခရီးရှည်များ သွားနေရလိမ့်မည်။

ထိုခရီးများသည်လဲ သင့်အတွက်အကျိုးထူးစေပါလိမ့်မည် မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း၊သင်တန်းတစ်ခုတက်ရခြင်းများပြုရတတ်၏။

မရည်ရွယ်ဘဲ မြေဝင်တတ်၏ အလုပ်အကိုင်၌ ထိခိုက်တတ်၏။ပြသနာကြီးစွာဖြေရှင်းရတတ်၏ ရုံးပြင်ကန္နား၊အမှုအခင်းများနှင့်ပတ်သက်ရတတ်၏။

မိမိနှင့်တကွ မိသားစုပါ ကျန်းမာရေးညံ့တက်၏။ဆေးရုံ၊ဆေးခန်းရောက်ရတတ်၏ မီး၊လျှပ်စစ် ဒုက္ခပေးတတ်၏ အထူးသတိပြုပါ။လူမျိုးခြား ဒုက္ခပေးတတ်၏။

ရွေနှင့်ရတနာပစ္စည်းများ ထွက်ခြင်း၊ပေါင်နှံရခြင်းများ ကြုံရတတ်၏ သားသမီးလက်အောက်ငယ်သားနှင့် ပက်သတ်ပြီး စိတ်ညစ်စရာ ကြုံရမည် စက်ပစ္စည်း ဒုက္ခပေးတတ်၏။

ငွေဒလဟော ထွက်ခြင်း၊ငွေအတွက်ပြောဆိုဖြေရှင်းရခြင်းများ ကြုံရမည် မထင်မှတ်သော ဆွေမျိုးသားချင်းကအကူအညီကောင်းပေးလာလိမ့်မည်။

သစ်၊သံ၊သွပ်ကိစ္စများ၊ရေတွက်ကုန်ပစ္စည်းကိစ္စများ အောင်မြင်အကျိုးပေးလိမ့်မည် ဌာနဆိုင်ရာ အကြီးအကဲ၊ဆွေမျိုးအကြီးအကဲတို့က အကူအညီကောင်းပေးလိမ့်မည်။

ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်၏ ခြေထောက်တွင် အန ္တရာယ်ဖြစ်တတ်၏။

လုပ်ငန်းအသစ်၊အစီအစဉ်အသစ်များ ပေါ်ပေါက်တတ်၏ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်၏။

လောကဓံ တရား၏မတရားညင်းပန်း နှိပ်စက်မှုကိုခံရပီး မမျော်လင့်ပဲ သံဝေဂ တရားရလိမ့်မည် အစိုးရနှင့်ပတ်သက်သော အမှူဖြစ်တတ်၏။

အစစ်အဆေး အမေးအမြန်းခံရတတ်၏ သောကြာသမီးတစ်ဦး ညအိမ်လာမှ သင်၏ဒုက္ခများ လွတ်ကင်းလိမ့်မည်။

“ယတြာ” စနေနေ့ညတွင် အဝတ်ဟောင်းဝတ်အိပ်၍ညမနက်တွင်ရေမျှောပါ အုန်းကိုအချောသပ်၍ ထုံးဖြင့်”ဥုမ်”အက္ခရာရေးပြီး မီးထွန်းပါ။

Hits: 290

ဆယ့်ငါးရက်စာ သဗ္ဗမင်္ဂလာ ဟောကိန်း

မိတ်ဆွေခုနှစ်နေ့ဖွား သားသမီးများအတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ( 3 ) ရက်မှ အောက်တိုဘာလ ( 17 )ရက်အထိ ( ဆောင်ရန် ရှောင် သတိပြုရန်နှင့် ယတြာ ) ဆယ့်ငါးရက်စာ သဗ္ဗမင်္ဂလာ ဟောကိန်း


1 , 9 , 5 အကျိုးပေးမည် အဆိုးအကောင်းမှနေမည် အိမ်ဘုရားမှာ မုန့်ဟင်းခါးဆွမ်းကပ်၍ လိုရာဆုကိုတောင်းပါလေ

တနင်္လာ သားသမီးများ

4 , 9 , 8 အကျိုးပေးမည် ကံအသင့်အတင်ကောင်းမည် မွေးနံထောင့်မှာ တံခွန်ခုနှစ်လုံး လှူ၍ လိုရာဆုကိုတောင်းပါလေ

အင်္ဂါ သားသမီးများ

1 , 3 , 6 အကျိုးပေးမည် စိတ်မအေးရတတ်ပါ ဘုရားကိုရေသပ္ပါယ် ပူဇော်၍ လိုရာဆုကိုတောင်းပါလေ

ဗုဒ္ဓဟူး သားသမီးများ

2 , 4 , 6 အကျိုးပေးမည် အလုပ်ရှုပ်နေ၍ ကျန်းမာရေးညံ့မည် အိမ်ဘုရားမှာ ပန်းအဖြူငါးပွင့် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ

ကြာသပတေး သားသမီးများ

2 , 6 , 5 အကျိုးပေးမည် ကံကောင်းမည် ကလေးများကို စာရေးကိရိယာ လှူဒါန်း ၍ လိုရာဆုကိုတောင်းပါလေ

သောကြာ သားသမီးများ

0 , 7 , 3 အကျိုးပေးမည် စိတ်ချမ်းမြေ့စရာများမည် အိမ်စောင့်နတ် ခြံစောင့်နတ်များကို မေတ္တာပို့၍ လိုရာဆုကိုတောင်းပါလေ

စနေ သားသမီးများ

0 , 9 , 8 အကျိုးပေးမည် အိမ်ဘုရားစင်ကို သန့်ရှင်းပေးလုပ်၍ လိုရာဆုကိုတောင်းပါလေ

ခုနှစ်ရက်သားသမီးများ ကံ ဥာဏ် ဝီရိယ သုံးချက်လုံး အားကောင်း၍ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေသောဝ်

Hits: 814


Zawgyi







အိမ်တွင် ကိုယ်ဝန်ဆောင်ရှိက ဆေးရုံသို့ပို့ပါ အိမ်၌မီးဖွားလျှင် အဆင်မပြေဖြစ်တတ်၏ဟအိမ်ထောင်ရေး အဆင်မပြေမှုများ တန်းစီနေတတ်၏။

အလှူရက်မင်္ဂလာရက် ရက်ရွှေခြင်းကြုံရတတ်၏ လူငယ် လူရွယ်များမိန်းမခိုးခြင်း ယောက်ျား နောက်လိုက်ခြင်းများလုပ်လျှင် ဆွေပျက်မျိုးပျက်ဖြစ်ကုန်တတ်သောကာလဖြစ်ပါသည်။




Sayar Thu Kha Main

Unicode

ဗုဒ္ဓဟူး နေ့ဖွား သားသမီးအတွက် သုံးလစာ ဟောကိန်း

သင်သည် ယခုနှစ်အတွင်း သင်တန်းတစ်ခုခုတက်ရခြင်း အဖွဲအစည်းတစ်ခုအတွင်း ဝင်ရောက်ရခြင်းများ ကြုံရတတ်၏။

နားချိန်မရလောက်အောင် အလုပ်ရှုပ်နေလိမ့်မည် လွန်စွာပင်ပန်းလိမ့်မည် ကျန်းမာရေး ဂရုစိုက်သင့်သောကာလဖြစ်သည် မည်သည့် အစားအသောက်ပဲ စားစားအရသာမရှိဘဲဖြစ်နေတတ်၏။

ဤကာလတွင် အမွေရခြင်း(သို)အမွေကဲ့သို့သော အမွေများ ပစ္စည်းများရခြင်းကြုံရတက်၏ ဤကာလအတွင်း လက်ခံလိုက်လျှင် အလဟသ ကုန်သွားတက်၏။

အထက်လူကြီး ကြီးကဲသူတို့က ကူညီမစ လိမ့်မည်။ဘာသာရေးနှင့် ပတ်သက်သော ပုံတော်များဝင်လာလိမ့်မည် ပဉ္ဇင်းခံရတတ်ခြင်း၊သီလရှင်ဝတ်ရခြင်းများ ကြုံရတတ်၏။

အလုပ်တွင် မပျော်ပိုက်ဘဲ ဖြစ်နေတတ်၏ ပြောင်းရန်စိတ်မကူးပါနှင့်ဦး ပြောင်းလျှင်လဲအဆင်မပြေနိုင်ပါ ငွေဆုံးခြင်းပျောက်ခြင်းများကြုံရတက်၏။

သူခိုးခိုးခံရတတ်၏ ရှိသောပစ္စည်းများကို ထုခွဲရောင်းချ၍ ငွေအကုန်အကျ များတတ်၏ ပြဿနာဟောင်းများ ရောဂါဟောင်းများပြန်ပေါ်ပေါက်တက်၏ ဆွေမျိုးသားချင်းထဲမှ နာရေးကြုံရတတ်၏။

အိမ်တွင် ကိုယ်ဝန်ဆောင်ရှိက ဆေးရုံသို့ပို့ပါ အိမ်၌မီးဖွားလျျှင် အဆင်မပြေဖြစ်တတ်၏ဟအိမ်ထောင်ရေး အဆင်မပြေမှုများ တန်းစီနေတတ်၏။

အလှူရက်မင်္ဂလာရက် ရက်ရွှေခြင်းကြုံရတတ်၏ လူငယ် လူရွယ်များမိန်းမခိုးခြင်း ယောကျ်ား နောက်လိုက်ခြင်းများလုပ်လျှင် ဆွေပျက်မျိုးပျက်ဖြစ်ကုန်တတ်သောကာလဖြစ်ပါသည်။

နိုင်ငံရပ်ခြားနှင့်ဆက်သွယ်သောကိစ္စများ လူမျိုးခြားင့်တွဲပီးလုပ်ရသော အလုပ်များ အောင်မြင်လိမ့်မည် ၊သွေးအားနည်းခြင်း၊စိတ်ဓာတ် ကျခြင်း၊ခြေထောက်၊ခါး၊ကျန်းမာရေးညံ့ခြင်းများ ကြုံရတတ်၏။

မကောင်းသော အတတ်များနှင့် နှောက်ယှက်ခြင်းခံရတတ်၏။ရွှေဝင်ခြင်း ထွက်နေသော ရတနာပစ္စည်းများပြန်ဝင်ခြင်းများကြုံရမည် ရောဂါ ဖြစ်တတ်၏။စိတ်ထောင်းကိုယ်ကျေ ဖြစ်နေလိမ့်မည်။

” ယတြာ ”တန်ခိုးကြီးဘုရားတွင် ထီးဖြူကြီး လှူရင်း လိုရာဆုတောင်းပါ ကံကော်ညွန့်၊သပြေညွန့်၊ ခြေရင်းထားအိပ်၍ ရေမျောပါ

Sayar Thu Kha Main

Hits: 332

တစ်ပတ်စာ တဲရော့ ဟောကိန်း

မိတ်ဆွေခုနှစ်နေ့ဖွား သားသမီးများအတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ( 3 ) ရက်မှ အောက်တိုဘာလ ( 9)ရက်အထိ ( ဆောင်ရန် ရှောင် သတိပြုရန်နှင့် ယတြာ ) တစ်ပတ်စာ တဲရော့ ဟောကိန်း


ဗုဒ္ဓရုပ်ပွားတော်၏ ၀မ်းဗိုက်တွင် ရွှေသင်္ကန်း ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ

တနင်္လာ သားသမီးများ

မိတ်ဆွေများကို ဆီထမင်း ဒါနပြု ၍ လိုရာဆုကိုတောင်းပါလေ

အင်္ဂါ သားသမီးများ

သက်သတ်လွတ်စားတဲ့ အဓိဌာန် ဝင်နိုင်သမှဝင်၍ လိုရာဆုကိုတောင်းပါလေ

ဗုဒ္ဓဟူး သားသမီးများ

မြတ်စွာဘုရားကို နံသာရေဖြင့် သပ္ပါယ်၍ လိုရာဆုကိုတောင်းပါလေ

ကြာသပတေး သားသမီးများ

ဆွမ်းခံရဟန်းတစ်ပါးကို ဒန်ပေါက် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ

သောကြာ သားသမီးများ

လမ်းချိုင့်ခွက်များကို ဖာထေးတဲ့ လုပ်အားဒါနပြု ၍ လိုရာဆုကိုတောင်းပါလေ

စနေ သားသမီးများ

နွမ်းပါးသူများကို ဆေးဝါးဓာတ်စာ လှူဒါန်း၍ လိုရာဆုကိုတောင်းပါလေ

ခုနှစ်ရက်သားသမီးများ ကံ ဥာဏ် ဝီရိယ သုံးချက်လုံး အားကောင်း၍ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေသောဝ်

Hits: 912

အောင်လအန်ဆန်းကိုယ်တိုင်ပြောပြတဲ့ သူ့ ကိုစိန်ခေါ်လာနိုင်တဲ့ MMA Fighter နှစ် ဦး ပုံကိုနှိပ်ဖတ်ပါရန်

Zawgyi









Unicode

အောင်လအန်ဆန်းကိုယ်တိုင်ပြောပြတဲ့ သူ့ ကိုစိန်ခေါ်လာနိုင်တဲ့ MMA Fighter နှစ် ဦး

ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ One Championship ရဲ့ Century ပွဲမှာ စိန်ခေါ်သူဗီရာ နဲ့ မြန်မာ့စပါအုံး အောင်လအန်ဆန်တို့ရဲ့ ယှဉ်ပြိုင်မှုမှာ

အောင်လအန်ဆန်ဟာ စိန်ခေါ်သူ ဗီရာ ကိုဒုတိယအချီမှာတင် ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပြီးတော့ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီပွဲကို ကမ္ဘာ့နိုင်ငံပေါင်း ၁၅၄ နိုင်ငံမှာ အခမဲ့ပြသခဲ့ပြီးတော့ ဒီအချိန်မှာ အောင်ပွဲရခဲ့တဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်ရဲ့ အောင်နိုင်ပွဲဟာ ကမ္ဘာကပင်သိသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီအတွက် ဘီဘီစီ သတင်းဌာနက အောင်လအန်ဆန်ကို စိန်ခေါ်လာနိုင်တဲ့သူတွေ ရှိသေးလားလို့ မေးမြန်းချက်မှာတော့ အောင်လအန်ဆန်က စိန်ခေါ်လာနိုင်တဲ့ သူတွေကို အခုလိုပဲ ပြောပြလာပါတယ်။

ယခုလရဲ့ လာမည့် ၂၅ ရက်နေ့မှာ Vitaly Bigdash နဲ့ Leando တို့ ထိုးသတ်ဖို့ရှိနေပြီးတော့ အဲ့ဒီပွဲမှာ အနိုင်ရသူက ချန်ပီယံခါးပတ်ကို စိန်ခေါ်လာနိုင်တယ်လို့ သူက ခန့်မှန်းထားပါတယ်။

နောက်ထပ် Reinier Re Ridder အမည်ရတဲ့ နယ်သာလန်က ကစားသမားတစ်ဦးဟာ ၁၁ ပွဲ ကစား ၁၁ ပွဲနိုင်ပြီး ရှုံးပွဲမရှိသူမို့ သူ့အနေနဲ့လည်း စိန်ခေါ်လာနိုင်ကြောင်းကို သူက ပြောဆိုပါတယ်။

ဒီအထဲမှာမှ Vitaly Bigdash ဟာ အောင်လအန်ဆန်ရဲ့ ပြိုင်ဘက်ဟောင်းဖြစ်ပြီးတော့ မစ်ဒယ်ဝိတ်တန်းခါးပတ်လုပွဲမှာ ၂ ပွဲယှဉ်ပြိုင်ခဲ့ဖူးပြီးတော့

ပထမပွဲမှာ အောင်လအန်ဆန်ကရှုံးနိမ့်ခဲ့ပြီးတော့ ဒုတိယပွဲမှာတော့ အမှတ်နဲ့ အောင်လအန်ဆန်က အနိုင်ရပြီးခါးပတ်ကို ရရှိခဲ့တာဖြစ်ပါတယ်။

Hits: 4562


Zawgyi





တနင်္လာသားသမီးများ


အင်္ဂါသားသမီးများ


ဗုဒ္ဓဟူးသားသမီးများ


ကြာသပတေးသားသမီးများ


သောကြာသားသမီးများ


စနေသားသမီးများ


ခုနှစ်ရက်သားသမီးများ ကံ ဥာဏ် ဝီရိယ သုံးချက်လုံး အားကောင်း၍ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေသောဝ်

ဆရာသုခမိန်

Unicode

ဝင်ငွေတိုးလျက် စီးပွားတက်

သင့်အတွက် ငွေကံမြင့်နေစေရန် တစ်သက်တာပတ်လုံးအတွက် စီရင်ထားလို့ရတဲ့ ဓါတ်ယတြာအနေနဲ့ တင်ပြပေးလိုက်ပါတယ်…

ဝင်ငွေတိုးတက်လိုသူများ၊ ငွေကြေးစီးပွားဖြစ်ထွန်းလိုသူများ၊ ငွေကြေးနဲ့ပတ်သက်ပြီး ကံကောင်းလိုသူများအတွက် အဓိက ရည်ရွယ်ပါတယ်…

တနင်္ဂနွေသားသမီးများ

အင်ကြင်းသားကို အပြားငယ် ပြုလုပ်၍ နေအိမ် ဘုရားစင်မှာ တနင်္ဂနွေနေ့ မနက် ၉ ၃၀ မှာ ဆင်းတုတော် အောက်ခံအဖြစ်ထား၍ ပူဇော်ပါ အင်ကြင်းသားကို ပလ္လင်အဖြစ် ပူဇော်နိုင်ပါက ပိုကောင်းပါသည်။

တနင်္လာသားသမီးများ

ကံကော်သားကို အပြားငယ် ပြုလုပ်၍ နေအိမ်ဘုရားစင်၌ ပင် တနင်္လာနေ့မနက် ၉ ၃၀ တွင် ဆင်းတုတော် အောက်ခံအဖြစ်ပူဇော်ပါ ကံကော်သားကို ပလ္လင်အဖြစ်ပူဇော်နိုင်ပါက ပို၍ ကောင်းပါသည်။

အင်္ဂါသားသမီးများ

ဇလပ်သားကို စနေနေ့ မနက် ၈ ၃၀ နာရီတွင် နေအိမ် ဘုရားဆင်းတုတော် အောက်ခံအဖြစ် ပူဇော်ပါ ဇလပ်သား ပလ္လင်ပြုလုပ်နိုင်ပါက ပို၍ ကောင်းပါသည်။

ဗုဒ္ဓဟူးသားသမီးများ

လိန်သား/လွန်းသားအား အပြားငယ်ပြုလုပ်၍ စနေနေ့ ၈ ၃၀ တွင် နေအိမ် ဘုရားဆင်းတု အောက်ခံအဖြစ် ကပ်လှူပူဇော်ပါ လိန်/လင်းလွန်း ပလ္လင်ပြုလုပ်နိုင်ပါက ပို၍ ကောင်းပါသည်။

ကြာသပတေးသားသမီးများ

ပေါက်သား/ပျဉ်းမာသားကို အပြားငယ် ပြုလုပ်၍ ကြာသပတေးနေ့ မနက် ၉ ၁၅ တွင် နေအိမ်ဘုရား ဆင်းတုတော် အောက်ခံအဖြစ်ကပ်လှူပူဇော်ပါ ပေါက်သားပလ္လင် လှူတန်းပူဇော်ပါက ပို၍ ကောင်းပါသည်။

သောကြာသားသမီးများ

လင်းလွန်းသား/လိန်သား အား အပြားငယ်ပြုလုပ်၍ ဗုဒ္ဓဟူးနေ့မနက် ၉ ၁၅ တွင် နေအိမ်ဘုရား အောက်ခံအဖြစ်ကပ်လှူပူဇော်ပါ လင်းလွန်းသား ပလ္လင်ပူဇော်နိုင်ပါက ပို၍ ကောင်းပါသည်။

စနေသားသမီးများ

ကတတ်သားအား အပြားငယ်ပြုလုပ်၍ စနေနေ့ မနက် ၉ ၁၅ တွင် နေအိမ်ဘုရား အောက်ခံအဖြစ် ကပ်လှူပူဇော်ပါ ကတတ် သား ပလ္လင် ပူဇော်ပါက ပို၍ ကောင်းပါသည်။

ခုနှစ်ရက်သားသမီးများ ကံ ဉာဏ် ဝီရိယ သုံးချက်လုံး အားကောင်း၍ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေသောဝ်

ဆရာသုခမိန်

Hits: 960

မနောမယ ဟောစာတမ်း

မိတ်ဆွေခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် အာက်တိုဘာလ( 1 ) ရက်မှ အောက်တိုဘာလ ( 7 )ရက်အထိ ( ဆောင်ရန် ရှောင် သတိပြုရန်နှင့် ယတြာ ) မနောမယ ဟောစာတမ်း


ဂုဏ်တော်ကိုးပါးကို နှစ်ဆယ့်ခုနှစ်ပတ် နှစ်ရက်စိပ်တဲ့ အဓိဌာန်ဝင်၍ လိုရာဆုကိုတောင်းပါလေ၍ လိုရာဆုကိုတောင်းပါလေ

တနင်္လာ သားသမီးများ

အခိုက်အညံ့တွေပျောက်ပြီး ကံကောင်းသည်ထက်ကောင်းလာအောင် အိမ်ဘုရားမှာ သစ်သီးငါးလုံး ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ၍

အင်္ဂါ သားသမီးများ

အခိုက်အညံ့တွေပျောက်ပြီး ကံကောင်းသည်ထက်ကောင်းလာအောင် သက်ကြီးရွယ်အိုတစ်ဦးကို အကြောပြေလိမ်းဆေး လှူဒါန်း၍ လိုရာဆုကိုတောင်းပါလေ

ဗုဒ္ဓဟူး သားသမီးများ

အိမ်ဘုရားမှာ သောက်တော်ရေငါးခွက် ဖယေညင်းတိုင်ငါးတိုင် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ

ကြာသပတေး သားသမီးများ

မနက်ခုနှစ်နာရီငါးမိနစ်တိတိတွင် အိမ်ဘုရားမှာ နှင်းဆီသုံးပွင့် ပေါင်မုန့်ငါးချပ် ကပ်လှူ ၍ လိုရာဆုကိုတောင်းပါလေ

သောကြာ သားသမီးများ

အခိုက်အညံ့တွေပျောက်ပြီး ကံကောင်းသည်ထက်ကောင်းလာအောင် အိမ်ဘုရားမှာ လက်ဘက်ရည်သုံးခွက် ကိတ်မုန့်သုံးချပ် ဖယောင်းတိုင်သုံးတိုင် လှူဒါန်း၍ လိုရာဆုကိုတောင်းပါလေ

စနေ သားသမီးများ

အခိုက်အညံ့တွေပျောက်ပြီး ကံကောင်းသည်ထက်ကောင်းလာအောင် ဆရာသမားတစ်ဦးကို ဆပ်ပြာအမွှေးခဲ လှူဒါန်း၍ လိုရာဆုကိုတောင်းပါလေ

ခုနှစ်ရက်သားသမီးများ ကံ ဥာဏ် ဝီရိယ သုံးချက်လုံး အားကောင်း၍ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေသောဝ်

Hits: 2523