Zawgyi
Unicode
ဘယ်နေရာရောက်ရောက် ဘုရားတရား မမေ့တဲ့ သင်ဇာဝင့်ကျော်
မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ပါ။
အနုပညာ  လောကမှာ ရပ်တည်လာတဲ့ နှစ်ပေါင်းကတော့ မနည်းတော့ပါဘူး ဟိုးအရင် စပေါ်ခါစ အချိန်တည်းက အရမ်းကို လှတဲ့ မင်းသမီးလေး အဖြစ်နဲ့ ပရိသတ်တွေ ကသတိထားမိခဲ့တာပါ။
ဘယ်လို ဖက်ရှင်မျိုးနဲ့ မဆို လိုက်ဖက်တဲ့ သူမဟာ  များသောအားဖြင့်  Sexy ကျကျ ဖက်ရှင်မျိုးကိုပဲ ရွေးချယ်ဝတ်ဆင်တတ်သူပါ။
သင်ဇာကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားထက် ပွဲတက်နဲ့ ကြော်ငြာတွေ ဘက်ကိုပဲ ဦးစားပေးဖြစ်တာ များ နေပါတယ်။
ပွဲတွေ ကတော့ တောက်လျောက် မနားမနေကို တက်ရောက်နေတာပါ သင်ဇာတက်တဲ့ ပွဲတိုင်းကလ ည်း အမြဲတမ်းပရိသတ်တွေရော မီဒီယာတွေရဲ့ အထူးစိတ်ဝင်စားမှုကို ရခဲ့၊ရဆဲ ပါ။
ဒါကြောင့်လည်း လုပ်ငန်းရှင် တွေ က သင်ဇာ့ကို ပွဲ တက်အတွက် ပိုပြီး ရွေးချယ်ဖြစ်ကြပုံရပါတယ် သင်ဇာကတော့ ဘာသာရေးတရားကိုလဲ လိုက်စားတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။
ဘယ်နေရာကိုပဲ ရောက် ရောက် ဘုရားတရားမမေ့တတ်တဲ့ သင်ဇာရဲ့ အပြုအမူလေးကြောင့် အခုဆိုရင် သင်ဇာ့အပေါ် ပရိသတ်တွေ က ပိုပြီး အချစ်ပိုနေကြပါတယ်။
သင်ဇာနဲ့ အမြဲလက်တွဲ အလုပ်လုပ်ဖြစ်နေတဲ့ ဓါတ်ပုံဆရာ နေမင်းထွန်းက သူ့ရဲ့ အ ကောင့်မှာ ဗီဒီယိုဖိုင်လေးတင်ပေးလိုက်ပြီး ဒီလိုေုပါခဲ့ပါတယ် ။
“သင်ဇာ့ကို ချစ်တုာ အ့ကြောင့်လဲပါတယ်
သင်ဇာနဲ့ ကိုနေ ခရီးတွေ သွားခဲ့တာ မနည်းတော့ဘူး ကိုနေကြည့်နေတာ ခရီးတခုမသွားခင်ဘဲ ဖြစ်ဖြစ် အပြန်ခရီးဖြစ်ဖြစ် ။
သူလေးနဲ့ အမြဲတမ်းခရီးအတူသွားတိုင်း ခုလိုတွေ ဘုရားစာတွေကို အမြဲ သူရွတ်ဖတ်နေတတ်တယ် ခုတော့ ကိုနေ ချစ်လွန်းလို့ ဒီ videoလေးကို တင်လိုက်ပါတယ် ။
သင်ဇာ့ရဲ့ အချစ်တော်တွေလဲ သူမ ခရီးတခုသွားတိုင်း စိတ်ပူနေတဲ့ သူတွေလဲ ရှိမှာဘဲ စိတ်မပူပါနဲ့လို့……………………” ဆိုပြီး ဘုရားစာရွတ်နေတဲ့ သင်ဇာရဲ့ ပုံလေးကို FB ပေါ်မှာ တင်ခဲ့ပါတယ်။
Hits: 112
Zawgyi
Unicode
ShweFMရဲ့ ၂၀၁၉ခုနှစ်အတွက် ဆုရရှိသွားတဲ့ အဆိုတော်(၇)ဦး
ShweFMရဲ့ ၁၀နှစ်ပြည့် နှစ်ပတ်လည်ပွဲကြီးကို 14.9.2019 ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာပါ နှစ်တိုင်း မှာ လည်းကျင်းပပြုလုပ်ခဲ့ပါတယ် ။
ထုံစံအတိုင်း ShweFM က တေးသံရှင်များကို ဆုချီးမြင့်ပေးတဲ့ ပွဲကြီးလည်း ဖြစ်ပါတယ် ဒီနှစ် ၂၀၁၉ ခုနှစ်အတွက်လည်း ဆုရရှိသွားတဲ့ အဆိုတော်များကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
၁၀နှစ်ပြည့် နှစ်ပတ်လည်ပွဲကြီးနဲ့အတူ ShweFM ရဲ့ ယခုနှစ်အတွက် ဆုရရှိသွားတဲ့ အဆိုတော်(၇)ဦးပေါ်ထွက်လာခဲ့ပါတယ်။
ဆုရရှိသူတွေကတော့.အဆိုတော် မနော၊ ဖြိုးမြတ်အောင်၊ အိုင်းရင်း ဇင်မာမြင့် ၊ ကောင်းကောင်း၊ ချယ်ရီသင်း နဲ့ အုတ်စိုးခန့် တို့ ဖြစ်ကြပါတယ်။
မြန်မာသံ သီချင်းအတောင်းခံရဆုံးဆု တေးသံရှင် မနော က “ချမ်းမြေ့ပါစေအမေ” သီချင်းနဲ့ရရှိသွားပါတယ်။
တစ်နှစ်တာ သီချင်းအတောင်းခံရဆုံး အမျိုးသားတေးသံရှင်ဆု ကို ဖြိုးမြတ်အောင် က ” သင့်အတွက် မနက်ဖြန် သီချင်းနဲ့ ရရှိသွားတာပါ။
အတောင်းခံရဆုံး အမျိုးသမီးတေးသံရှင်ဆု အိုင်းရင်းဇင်မာမြင့်က ရင်ဘတ်ထဲက လူနှစ်ယောက် သီချင်းနဲ့ ဆုရရှိသွားခဲ့တာပါ။
ရွှေပရိတ်သက်အကြိုက်ဆုံး ( Popular Online Single Song Award ) တီကော်နီ ဆေး
အတောင်းခံရဆုံး အမျိုးသားတေးသံရှင်ဆု ကောင်းကောင်း ပျော်နေပါ
facebook page အတောင်းခံရဆုံး အမျိုးသမီးတေးသံရှင်ဆု ချယ်ရီသင်း ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်
New Comer Artist Award မျက်နှစ်သစ်အနုပညာရှင်ဆု ကို အုပ်စိုးခန့် ရရှိသွားပါတယ်။
ရွှေFM ဆယ်နှစ်ပြည့် နှစ်ပတ်လည်ပွဲကြီးနဲ့အတူ ShweFMရဲ့ ၂၀၁၉ခုနှစ်အတွက် ဆုရရှိသွားတဲ့ အဆိုတော်(၇)ဦးအတွက် ပရိသတ်ကြီးက ဂုဏ်ပြုပေးလိုက်ဦးနော်။
Hits: 940
Zawgyi
ကျော်ျေကျာ်နန္ဒအကောင့်ကို ဟက်ရတဲ့ ရည်ရွယ်ချက်ကတော့ “အလကားအာယားပြီ hack တာမဟုပ်ဘူး သူများတွေ လောင်ကြေးကြောင့် ပိုပေးနိုင်ပြန်ပေးမယ် ok” လို့ပြောဆိုထားသလို ။
Unicode
ဆယ်လီမူးလဲ ကျော်ကျော်နန္ဒရဲ့ အကောင့်ကို ဟက်ကာများက တိုက်ခိုက်သိမ်းယူ
ပရိသတ်တွေကို မျက်စိနောက်စရာ ဖက်ရှင်တွေ ၊ ဧရာမဝဲဂယက် ရိုက်ခတ်မှုတွေနဲ့ တနေ့ တမျိုးမရိုးရအောင် ဖန်တီးပေးသူတွေထဲမှာ အဆိုတော် ကျော်ကျော်နန္ဒလည်း ထိပ်ဆုံးကပါဝင်ပါလိမ့်မယ် ။
ကျော်ကျော်နန္ဒကို အာရုံနောက်နေကြသူတွေ အားရဝမ်းသာ ဖြစ်စေတဲ့ ဖြစ်ရပ်တစ်ခု ဒီမနက်မှာ ဖြစ်ပွားခဲ့ပါပြီ ။
ကျော်ကျော်နန္ဒရဲ့ အကောင့်ကို ဟက်ကာတွေက တိုက်ခိုက် သိမ်းယူလိုက်တယ်လို့သိရပါတယ် ။
စိတ်မကောင်းစရာ နောက်တစ်ခုကတော့ ကျော်ကျော်နန္ဒ အကောင့်ကို ဟက်တဲ့သူတွေက ဗမာစာလုံးပေါင်း မမှန်တဲ့အတွက် ကျော်ကျော်နန္ဒကိုယ်တိုင် လုပ်ဇာတ်ခင်းတာလားလို့ ပရိသတ်တွေက ထောက်ပြနေကြပါတယ် ။
ကျော်ေျကျာ်နန္ဒအကောင့်ကို ဟက်ရတဲ့ ရည်ရွယ်ချက်ကတော့ “အလကားအာယားပြီ hack တာမဟုပ်ဘူး သူများတွေ လောင်ကြေးကြောင့် ပိုပေးနိုင်ပြန်ပေးမယ် ok” လို့ပြောဆိုထားသလို ။
ကျော်ကျော်နန္ဒအကောင့်ကို နေ့လည် (၁၂း၀၀) နာရီမတိုင်ခင် ဖျက်ပစ်မယ်လို့လည်း ပြောဆိုထားပါတယ် ကျော်ကျော်နန္ဒအတွက် မှတ်ချက်ကနေ အားပေးစကားလေး တစ်ခုလောက်ပြောခဲ့ကြပါဦး ။
Hits: 291
Zawgyi
Unicode
မို့မို့မြင့်အောင်ရဲ့ အနုပညာနဲ့ပါတ်သက်ပြီး ချီးကျူ း လိုက်တဲ့ ရန်အောင်
အကယ်ဒမီများရှင် ရန်အောင်က အကယ်ဒမီဆုတွေများစွာ ရထားပေမယ့်လည်း မို့မို့မြင့်အောင်ဆီကနေ ပညာတွေယူနေရတုန်းပဲလို့ ဆိုပါတယ် ။
အနုပညာနဲ့ ပတ်သက်တဲ့ ဆရာတွေထဲမှာ မို့မို့မြင့်အောင်လည်း ပါတယ်လို့ဆိုပါတယ် စီနီယာ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ မို့မို့မြင့်အောင်ဆီကနေ အခုချိန်ထိ သရုပ်ဆောင်အတတ်ပညာကို သင်နေရတုန်းပဲလို့ ဆိုပါတယ် ။
မြင်ဆရာတွေထဲမှာလည်း မို့မို့မြင့်အောင်က တစ်ယောက်အပါအဝင်ပါလို့ မီဒီယာအင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ် ။
‘’ မမို့က ကျွန်တော်မင်းသား မဖြစ်ခင်ကတည်းက မမို့ရဲ့ အိုက်တင်တွေကို ကြည့်ပြီးတော့ မြင်ဆရာဖြစ်ခဲ့တာပေါ့နော် သင်လည်း သင်ပေးပါတယ် အစ်ကိုတို့ကို အများကြီး သင်ပေးခဲ့ဖူးပါတယ် ။
အခုလည်း သင်ပေးနေတုန်းပဲ အစ်ကိုတို့ကလည်း ဘာမှ တတ်သွားရတယ်လို့ မရှိဘူး အခုချိန်ထိ လေ့လာနေရတုန်းပဲ’’ လို့ သူကဆိုပါတယ် ။
မို့မို့မြင့်အောင်နဲ့ ရန်အောင်တို့ အနုပညာမောင်နှမ နှစ်ယောက်ကတော့ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာ ၊ ဗီဒီယို ဇာတ်ကားပေါင်းများစွာ တီဗီကြော်ငြာပေါင်းများစွာတို့ကို အတူတူ ရိုက်ကူးခဲ့ကြသူ ဖြစ်ပါတယ် ။
အလုပ်အတူတူ လုပ်တဲ့အခါမှာလည်း အစစ အရာရာ ပိုအဆင်ပြေတယ်လို့ ရန်အောင်က ပြောပါတယ် ။
‘’ အစ်မက အလုပ်နဲ့ ပတ်သက်လာရင်လည်း ညှိလို့ သိပ်ကောင်းတဲ့သူပါ လိုတိုး ပိုလျှော့ အမြဲတမ်းလုပ်ပေးတယ် မမို့ရဲ့ အားသာချက်က အရမ်းပါးနပ်တယ် တစ်ခုခုဆိုရင် ချက်ချင်းသိတယ် ။
ကျွန်တော်တို့လည်း အဲဒီလိုဖြစ်အောင် ကြိုးစားတယ် ဒါပေမယ့်လည်း မမို့က ကျွန်တော်တို့ သိထားတာထက် ပိုမြန်တယ် သဘောပေါက် ပိုမြန်တယ်’’ ဆိုပြီးတော့ ။
စက်တင်ဘာလ ၅ ရက်နေ့က တန်ဖိုး ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာ ဖြဝ်ပါတယ်။
မမို့က အနုပညာနဲ့ ပတ်သက်လာရင် အရည်အချင်းကောင်းတွေ အများကြီးရှိတယ်လို့ ရန်အောင်က ပြောပါတယ် သူကိုယ်တိုင်ကလည်း မမို့လိုဖြစ်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ် ။
‘’ မမို့က တကယ့်ကို ဆရာကောင်းတွေနဲ့တွေ့ခဲ့တာပါ ကျွန်တော်တို့တွေလည်း ဆရာကောင်းတွေနဲ့ တွေ့ခဲ့ပါတယ် ။
ဒါပေမယ့် ကျွန်တော်တို့က ဆရာကောင်းတွေ ဆီကနေ ရလိုက်တဲ့ ပညာက တစ်မတ်ဖိုးလောက်ပဲ ရမယ်ပေါ့နော် မမို့ကကျတော့ တစ်ကျပ်ဖိုး မပြည့်ရင်တောင်မှ ၃ မတ်ဖိုးလောက်ကတော့ ရလိုက်တယ်ခင်ဗျ ။
အဲဒါတွေတော့ ကွာတယ်’’ လို့ သူကဆိုပါတယ် ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့် သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ် ။
၁၉၉၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊ ၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊ ၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊ ၁၉၉၈ ခုနှစ်က ညမင်းသား ၊
၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင် အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ် ။
Hits: 55
Zawgyi
နေတိုးဟာ မွေးနေ့မှာ အမေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ အမေဆီက ရရှိထားတဲ့ တန်ဖိုးရှိတဲ့ အရာတွေအကြောင်းကိုလဲ ပြောပြခဲ့ပါတယ်။
Unicode
သူ့ရဲ့ အမေနဲ့ ပရိတ်သတ်အပေါ် ထားရှိတဲ့ ခံစားချက်တွေကို ပြောပြလိုက်တဲ့ နေတိုး
We love တွေနဲ့ အတူ ပရိသတ်တွေရဲ့ အချစ်တော် အကယ်ဒမီ၊သရုပ်ဆောင် နေတိုးဟာ သူ့ရဲ့မွေးနေ့မှာ သူ့ရဲ့ အလှူအတန်းတွေပြုလုပ်ခဲ့တဲ့နေတိုး ။
နေတိုးဟာ မွေးနေ့မှာ အမေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ အမေဆီက ရရိှိထားတဲ့ တန်ဖိုးရှိတဲ့ အရာတွေအကြောင်းကိုလဲ ပြောပြခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ပရိသတ်တွေက ပေးတဲ့ မွေးနေ့ ကိတ်က သူ့ရဲ့ ငယ်ဘဝကို ပြန်မှတ်မိစေခဲ့တာဖြစ်ပြီး ပရိသတ်ကြီး ကို ကျေးဇူးအထူးတင်ရှိကြောင်း တွေကို ပြောပြခဲ့ပါတယ်။
“ ဒီနေ့ကတော့ ရုပ်ရှင်အစည်းအရုံးမှာ ကိုလူချောအဖွဲ့ ကိုလှူဒါန်းတာပေါ့ လှူဒါန်းတယ်ဆိုတာ We Love အဖွဲ့ ပရိသတ်တွေနဲ့ အတူ မွေးနေ့အလှူလေးလုပ်ဖြစ်တာပေါ့နော်။
အမေနဲ့ ကျွန်တော့်ကြားထဲမှာတော့ နေ့စဉ်နေ့တိုင်း ကအမှတ်တရကြီးပါဘဲ ဘာလို့လဲ ဆိုတော့ အမေနဲ့ ကျွန်တော်နဲ့က အမြဲတမ်း အနီးကပ်လဲ ရှိတယ် အနုပညာသက်တမ်းတစ်လျှောက်လုံးမှာလဲ အမေနဲ့ အမြဲရှိနေတာမို့ ပါ ။
တကယ်တော့ အမေဆီကနေ သက်သက်ကြီး မွေးနေ့လက်ဆောင်ဆိုပြီး ယူစရာမလို ပေးစရာမလို တဲ့ တန်ဖိုးတစ်ခုက ကျွန်တော့်ဆီမှာရှိနေတဲ့အတွက် အမေ့ကိုလဲ ဒီကနေ ကန်တော့ပါတယ် ကျေးဇူးလဲ အများကြီးတင်ပါတယ်”
“ တကယ့်ကို အနန္တော အနန္တ ငါးပါးဂိုဏ်းဝင်တစ်ယောက်အနေနဲ့လဲ စိတ်ထဲမှာ ထားပြီး လေးလေးစားစား ဦးညွှတ်နေပါမယ်လို့ ပြောချင်ပါတယ်။
အမေ့ရဲ့ ပုံစံကကြတော့လေ စကားနဲ့ ပြောပြီး အားပေးတာမျိုး မဟုတ်ဘူးလေ အမြဲတမ်းအပြုအမူလေးတွေနဲ့ဘဲ လုပ်တက်တာဆိုတော့ ကျွန်တော့အတွက်တော့ အမေ့ရဲ့ အားပေးမှုဆိုတာ ။
အမေ့ရဲ့မျက်နှာပေါ်မှာဘဲ မြင်ရတယ်ပေါ့နော် စကားလုံးတွေနဲ့ အရတော့ ပြောဖို့က ခဲယဉ်းပါတယ် စဉ်းစားကြည့်ရမယ် ဆိုရင် ဒီအနုပညာကို ကျွန်တော်က မျိုးရိုးမရှိဘဲ လုပ်လာတာဖြစ်လို့ မိဘရဲ့တွန်းအား တွေပါတယ် ။
ပရိသတ်ရဲ့ လက်ခံအားပေးမှုတွေ ပါတယ် ဆိုတော့ ဒီနှစ်ခုနဲ့ဘဲ ကျွန်တော်ဘဝကို ရပ်တည်နေရတာဘဲ ဆိုတော့ အဲ့ဒီအတွက် လဲ မိဘအသိုင်းအဝိုင်းဆွေမျိုးတွေ ပရိသတ် တွေအတွက် ဦးစားပေးပြီး ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်”
“ ငယ်ငယ်တုန်းက အနုပညာရှင် ဖြစ်ရမယ်လို့တော့ မတွေးဘူး အနုပညာနဲ့ဘဲ ရှင်သန်ချင်တယ် ဆိုတဲ့ စိတ်တော့ရှိခဲ့တယ် ပေါ့နော်။
ဘာမဆို အနုပညာဝါသနာပါပြီး အနုပညာနဲ့ ရှင်သန်ဖို့အတွက် မွေးရာပါ ဗီဇလေးတစ်ခုပါလာတယ်လို့တော့ မြင်ပါတယ် ဒါကြောင့်မို့လို့ အနုပညာမျိုးစုံ ကိုလဲ လုပ်ဖြစ်တယ် ။
ရူးအောင်ချစ်မယ့်သူဇာတ်ကားထဲမှာလဲ တော်တော်များများလိုအပ်ချက်ပိုင်းဆိုင်ရာ၊ သရုပ်ဆောင် မဟုတ်တဲ့ တခြား အနုပညာပိုင်း ဆိုင်ရာလေးတွေမှာလဲ လုပ်ပေးဖြစ်ပါတယ်။
ပန်ချီရေးတာတို့ သီချင်းဆိုတာ တို့ပေါ့နော် အနုပညာနဲ့ ရှင်သန်ဖို့ ပါရမီ ပါလာတဲ့ လူတစ်ယောက်လို့တော့ သုံးသပ်မိပါတယ်” ဆိုကာ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ဖြတ်သန်းလာမှုတွေကို ပြောပြခဲ့ပါတယ်။
အဲ့ဒီနောက် ပရိသတ်တွေက လုပ်ပေးတဲ့ မွေးနေ့ ကိတ်လေးနဲ့ ပတ်သက်ပြီး “ မွေးနေ့ ကိတ်လေးကိုစစခြင်းမြင်တော့ ချက်ချင်းငယ်ဘဝကို သတိရမိသွားတယ် ။
ငယ်ငယ်ကပြိုင်ပွဲဝင်ခဲ့တဲ့ ရွှံ့ ပန်းပုရုပ်လေးနှစ်ခုကို ကိတ်လေးလုပ်ထားတယ် မွေးဖွားကြီးပြင်းခဲ့တဲ့ အိမ်လေးပုံစံလေးပေါ့နော် idea လေးလဲ အရမ်းကောင်းပါတယ်။
ဒီလိုအတွေးအခေါ်လေးနဲ့ မွေးနေ့ ကိတ်လေးလုပ်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ် ပရိသတ်တွေက အသေးစိတ်လေးကအစ ကျွန်တော်ကိုမှတ်ထား ပေးတယ်။
ဖေ့စ်ဘုတ်မှာလဲ တစ်ချို့ဇာတ်ကားတွေ ဇာတ်ဝင်ခန်းတွေ ဆိုရင် ကျွန်တော်ထက်ပရိသတ်က ပိုပြီးအမှတ်ရနေတာတွေရှိတယ်”
“ ကိုယ်ကြိုးစားအားထုတ်ခဲ့တဲ့ တန်ဖိုးကို ပရိသတ်ကတန်ဖိုးထားတဲ့ အတွက် အရမ်းပီတိဖြစ်မိပါတယ် ။
အနယ်နယ် အရပ်ရပ် က ဆုတောင်းပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော် အနုပညာအလုပ်တွေကို အခုထက်ပိုပြီး လုပ်ဆောင်သွားမယ်လို့ ကတိပေးပါတယ်” ဆိုပြီးလဲ နေတိုးက ပြောခဲ့ပါတယ်။
Hits: 167
Zawgyi
Unicode
ရိုက်ကွင်းပေါ်မှာ အရေးပေါ်အခြေအနေဖြစ်ခဲ့ရတဲ့ မင်းသန့်မောင်မောင်
ဒါရိုက်တာ ဇင်ရော်မောင်မောင်နဲ့ အကယ်ဒမီများရှင် မေသန်းနုတို့ရဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်က မိခင်နဲ့ဖခင်ရဲ့ အနုပညာသွေး အပြည့်အဝ ဆက်ခံထားရသူ တစ်ဦး လို့ဆိုရမှာပဲဖြစ်ပါတယ် ။
မင်းးသန့်မောင်မောင်က အမေရိကားမှာ အနုပညာကျောင်းကို တက်ရောက်ခဲ့ပြီး အခုဆို မြန်မာနိုင်ငံမှာ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။
မင်းသန့်မောင်မောင်က လက်ရှိမှာတော့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို သူ့ရဲ့ဖခင် ဒါရိုက်တာ ဇင်ရော်မောင်မောင်နဲ့ အတူတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။
“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးက ကိုရိးယားနဲ့ မြန်မာနှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးတာဖြစ်ပြီး နေ့ရောညပါ မနားတမ်း ရိုက်ကူးနေရတာမို့ သရုပ်ဆောင်တွေသာမကစက်အဖွဲ့သားတွေပါ ပင်ပန်းနေကြတာပဲ ဖြစ်ပါတယ် ။
စက်တင်ဘာလ (၃) ရက်နေ့မှာတော့ မင်းသန့်မောင်မောင်”တိမ်တွေပေါ်ကပန်း” ရုပ်ရှင် ရိုက်ကွင်းပေါ်မှာ လဲကျသွားလို့ အရေးပေါ်ကားကို ခေါ်ယူခဲ့ရတယ်လို့ သိရပါတယ်။
ဇင်ရော်မောင်မောင်က “မနေ့က “တိမ်တွေပေါ်ကပန်”း ရိုက်ကူးနေတုန်း သားသား shooting ကလည်းသူမပါရင် မဖြစ်ပါဘူး Grandhanthar home service car ချက်ချင်းရောက်လာတယ်။
အမြန်ဆုံး နေကောင်းသွားအောင် ကုူညီခဲ့တဲ့ grand hanthar ကို ကျေးဇူးအရမ်းတင်ပါတယ်။ သားသားအတွက်လည်း အရမ်းစိတ်ပူရတာ စိတ်အေးသွားပါတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။
အခုဆိုရင် စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်တော့ပေမယ့် ဆက်လက်ကုသမှုခံယူရအုန်းမှာဖြစ်လို့ အမြန်ဆုံးသက်သာလာဖို့ ဆုတောင်းပေးကြပါဦးနော်။
Hits: 703
Zawgyi
အားလုံးတန်ကြေး သိန်းသုံးရာ့ခြောက်ဆယ်လောက်ရှိတယ်ပေါ့နော် ကိုယ့်ဟာနဲ့ကိုယ်လုပ်ရမယ်ဆိုရင်တော့ တစ်ခုပြီးတစ်ခုစုပြီးမှ လုပ်ဖြစ်မှာပေါ့နော်။
ခွဲစိတ်ပြုပြင်လိုက်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာတယ်လို့ နန်းခင်က “confident တော့ပိုရှိလာတယ်ပေါ့နော် အရင်ကဆို မိတ်ကပ်တွေ မျက်တောင်တုတွေတပ်ပြီးမှ အပြင်သွားရတယ်။
Unicode
နန်းခင်ဇေယျာ ပြောပြတဲ့ မျက်နှာကို ခွဲစိတ်ပြု ပြင်ဖြစ်ရတဲ့အကြောင်းရင်းနဲ့ ကောင်းကျိုး
နန်းခင်ဇေယျာ လို့ဆိုလိုက်တာနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပရိသတ်အားပေးမှုကိုရရှိနေခဲ့တဲ့ မော်ဒယ် အနုပညာရှင်တစ်ဦးဖြစ်တယ်ဆိုတာ အထူးပြောနေစရာမလိုလောင်ပါဘူး ။
ရုပ်ရှင်တွေ video တွေမှာသရုပ်ဆောင် တစ်ဦးအဖြစ် အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ် မကြာသေးမီက မျက်နှာကိုခွဲစိတ်ပြုပြင်လိုက်တာကြောင့် ။
ကိုရီးယားမလေးတွေလိုလှပသွားပြီး လူမှားလောက်အောင်ဖြစ်သွားရတယ်ဆိုတဲ့ ချီးကျူးအားကျမှုတွေကို ရရှိထားတာလည်းဖြစ်ပါတယ်။
နန်းခင်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာခွဲစိတ်ပြုပြင်တာနဲ့ပတ်သက်ပြီးတော့ ကုန်ကျစားရိတ်တွေအကြောင်းပြောပြပေးသွားပါတယ်။
နန်းခင်က ခွဲစိတ်တဲ့ကုန်ကျ စရိတ်ကို ပရိသတ်တွေကိုပြောပြလိုက်တာက “နန်းခင်လုပ်တဲ့ဥစ္စာက ဘယ်လောက်ဈေးနှုန်းမှာ ကွာလတီဘယ်လောက်ဆိုတာကအစ ပြောပြချင်တာ။
သူတို့ဘက်ကလည်း နန်းခင်ကိုဘယ်လောက်တောင်သုံးထားပေးတယ်ပေါ့နော် အချို့သူတွေက ခွဲသာခွဲစိတ်ချင်တယ် ခွဲစိတ်ရင်ဘယ်လောက်ကုန်တယ်ဆိုတာမသိဘူး အဲဒါကြောင့်လည်းနန်းခင်က ပြောပြချင်ပေးချင်တာပါ”လို့ ပြောပြထားပါတယ်။
နန်းခင်က ခွဲစိတ်ပြုပြင်မှုအားလုံးအတွက် ကုန်ကျစားရိတ်ကိုလည်း “သုံးထားတာတော့မဟုတ်ဘူး ဟိုဘက်ကနေ နန်းခင်ကို sponsor ပေးလို့နန်းခင်လုပ်ဖြစ်သွားတာပါ။
အားလုံးတန်ကြေး သိန်းသုံးရာ့ခြောက်ဆယ်လောက်ရှိတယ်ပေါ့နော် ကိုယ့်ဟာနဲ့ကိုယ်လုပ်ရမယ်ဆိုရင်တော့ တစ်ခုပြီးတစ်ခုစုပြီးမှ လုပ်ဖြစ်မှာပေ့ါနော်။
ဟိုဘက်ဆေးရုံကနန်းခင်ကို sponsor ပေးတဲ့အတွက် နန်းခင်လုပ်ဖြစ်သွားတာ နန်းခင်က ဒီဘက်မှာပြန်ပြီးကြော်ငြာပေးတယ်။
သူတို့မှာအခုဆိုရင် Customer တွေလည်းအများကြီးရတယ် အဲ့လိုမျိုးပေါ့ Win Win Situation ပေါ့”လို့ပြောပြထားပါတယ်။
ခွဲစိတ်တာမကောင်းဘူးလို့ ဝေဖန်တာတွေနဲ့ပတ်သက်ပြီးတော့လည်း နန်းခင်က “နန်းခင်က အဓိကကတော့ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့လိုတယ်။
ရှေ့ဆက်လျှောက်မယ့်လမ်းမှာကိုယ့်အလှကိုယ်ယုံကြည်မှုရှိဖို့လိုတယ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိမှ ရှေ့ဆက်ရမယ့်လမ်းမှာ ယုံယုံကြည်ကြည်နဲ့ရှေ့ဆက်လှမ်းနိုင်မယ်။
အခုခေတ်မှာ surgery လုပ်တာမကောင်းဘူးမြင်တဲ့လူတော့ရှိမယ် ကိုယ့်အလှကိုယ်ယုံကြည်ဖို့အဓိကပါပဲ”လို့ဖြေကြားထားပါတယ်။
ခွဲစိတ်ပြုပြင်လိုက်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာတယ်လို့ နန်းခင်က “confident တော့ပိုရှိလာတယ်ပေ့ါနော် အရင်ကဆို မိတ်ကပ်တွေ မျက်တောင်တုတွေတပ်ပြီးမှ အပြင်သွားရတယ်။
အခုဆိုရင်မျက်တောင်တုတွေ တပ်စရာမလို မိတ်ကပ်လည်းပါးပါးလေးပဲလိမ်းပြီး အပြင်ထွက်ပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာတယ်ပေါ့နော်”လို့ ပြောပြထားပါတယ်။
Hits: 512
Zawgyi
Unicode
အမေဇုန်မိုးသစ်တောကို ကာကွယ်ဖို့ ကန်ဒေါ်လာ ၅ သန်းလှူဒါန်းမယ့် လီယိုနာဒို
ပရဟိတအရေး လက်မနှေးတတ်တဲ့ ကမ္ဘာကျော်မင်းသား လီယိုနာဒိုဒီကာပရီယိုကတော့ အမေဇုန်မိုးသစ်တောက တောမီးလောင်ကျွမ်းမှုတွေကို ငြှိမ်းသတ်ရာမှာ ကူညီဖို့အတွက် အမေရိကန်ဒေါ်လာ ၅ သန်းလှူဒါန်းတော့မယ်လို့ ဆိုပါတယ်။
လီယိုနာဒို တည်ထောင်ထားတဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်း(Earth Alliance)က အမေဇုန်မိုးသစ်တောကို ကာကွယ်ဖို့ ဆောင်ရွက်နေတဲ့ ဒေသခံအဖွဲ့တွေ၊ တိုင်းရင်းသားအသင်းအဖွဲ့တွေကို ငွေလှူဒါန်းသွားမှာပါ။
ဘရာဇီးနိုင်ငံ အာကာသသုတေသနဆိုင်ရာ အမျိုးသားသိပ္ပံဌာနရဲ့ ထုတ်ပြန်ချက်အရ အခုနှစ်အတွင်း အမေဇုန်မိုးသစ်တောမှာ မီးလောင်ကျွမ်းမှု ၇၂၀၀၀ ကျော် ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။
ဒါဟာ အရင်နှစ် အလားတူကာလကထက် မီးလောင်ကျွမ်းမှု ၄၀၀၀၀ ပိုများလာတာပါ ”အမေဇုန်မိုးသစ်တော ပျက်စီးမှုကြောင့် ကမ္ဘာ့လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေ မြန်မြန်ဆန်ဆန် ထုတ်လွှတ်နေပါတယ်။
နှစ်စဉ်နှစ်တိုင်း ကာဗွန်ထုတ်လွှတ်မှု တန်ပေါင်းသန်းချီ စုပ်ယူပေးနေတဲ့ ဂေဟစနစ်ကို ပျက်စီးစေပါတယ်။
အမေဇုန်မိုးသစ်တောဟာ ရာသီဥတုကပ်ဘေးဆိုက်မှုကို ဆန့်ကျင်တွန်းလှန်ရာမှာ ကမ္ဘာကြီးရဲ့ အကောင်းဆုံးခံတပ်တစ်ခု ဖြစ်ပါတယ်”လို့ Earth Alliance ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အမေဇုန်မိုးသစ်တောမှာ တောမီးလောင်ကျွမ်းမှု မြင့်တက်လာတာနဲ့ပတ်သက်ပြီး ဝေဖန်ရေးသမားတွေကတော့ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
သူ့လက်ထက်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်သူတွေကို ပြစ်ဒဏ်ချမှတ်မှု လျော့နည်းလာတာနဲ့ အမေဇုန်မိုးသစ်တောက မီးလောင်ကျွမ်းမှု မြင့်တက်လာတာကလည်း တိုက်ဆိုင်နေပါတယ်။
လီယိုနာဒိုဟာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး လူတွေ သတိထားမိလာစေဖို့ 11th Hour ဇာတ်ကားအပါအဝင် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကား တော်တော်များမျာ းရိုက်ကူးခဲ့ဖူးပါတယ်။
အမေဇုန်မိုးသစ်တောကို ကာကွယ်ပေးဖို့အတွက် ဗြိတိန်နိုင်ငံက ပေါင် ၁၀ သန်းထောက်ပံ့ပေးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ပြောခဲ့ပါတယ်။
Hits: 239
Zawgyi
Unicode
ချက်စ် နိုင်ငံသား ဦးဇင်းလေးကို အိမ်အရောက်ပင့်ဆောင်ပြီး အာဟာရဒါန ပြုခဲ့တဲ့ ပိုပို
ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ ကြိုးစားပြီး အောင်မြင်မှုတွေကို ရရှိလာတဲ့ အဆိုတော်မလေး ပိုပိုကတော့ အခုဆိုရင် သူမရဲ့လုပ်အားခတွေနဲ့ အိမ်ကောင်းကောင်းတစ်လုံး ဆောက်နိုင်တဲ့အထိကို စုဆောင်း ခြွေတာသူတစ်ဦးပဲ ဖြစ်ပါတယ်။
အဆိုတော် ပိုပိုက ချက်စ် နိုင်ငံသား ဘုန်းတော်ကြီးကို သူမရဲ့အိမ်အသစ်သို့ ပင့်ဆောင်ပြီး ပီဇာကပ်လှူပူဇော်ခဲ့တဲ့အကြောင်း မုဒိတာပွားနိုင်ကြစေဖို့ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ် ။
မနက်ခင်းစောစောမှာ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့တဲ့ ပိုပိုရဲ့အလှူကတော့ တကယ့်ကို ကြည်နူးပီတိဖြစ်စရာကောင်းလှပါတယ်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ အဆိုတော်မလေး ပိုပိုရဲ့အလှူလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပိုပိုမှ “ချက်စ် နိုင်ငံသား ဘုန်းဘုန်းကို အိမ်မှာ ပီဇာကပ်လှူပါတယ် Million Dreams Studio မှာလဲ ဗုဒ္ဓတရားတော်တွေ ကို အသံသွင်းဖို့ လှူပါတယ် လူတိုင်း လူတိုင်း ကုသိုလ် အမျှ ရကြပါစေ popo” လို့ ။
သူမရဲ့အလှူလေးအကြောင်းကို ဝေမျှပေးထားတာပါ ပိုပိုကတော့ သူမရဲ့ အိမ်အသစ်ကြီးထဲက စတူဒီယိုထဲမှာလည်း ဗုဒ္ဓတရားတော်တွေကို အသံသွင်းချင်ရင် လှူဒါန်းမယ်ဆိုတဲ့ အကြောင်းကိုလည်း ထည့်ရေးထားပါသေးတယ်။
လတ်တလောမှာတော့ ပိုပိုက သူမရဲ့အိမ်အသစ်ကြီးကို အသေးစိတ် ပြင်ဆင်ပြီးသွားပြီမို့ သီချင်းဘက်ကိုပဲ အာရုံစိုက်ဖို့ ကြိုးစားနေတာပါ။
ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ ချစ်စရာကောင်မလေး ပိုပိုရဲ့အချစ်ရေးကတော့ အခုအချိန်အထိ တစ်ကိုယ်တည်းပါပဲတဲ့နော် ချစ်ပရိသတ်တွေလည်း အရမ်းကိုကြည်နူးဖို့ကောင်းတဲ့ ပိုပိုရဲ့အလှူလေးကိုသဘောကျရင် သာဓုခေါ် သွားကြဖို့ မမေ့ပါနဲ့နော်။
Hits: 287
Zawgyi
Unicode
စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့တဲ့ နေမင်း
သရုပ်ဆောင် နေမင်းက မွေးနေ့လေးမှာ အလှူအတန်းတွေ များစွာ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းမှာ ရှိတဲ့ မိသားစုဝင်များကိုလည်း စားနပ်ရိက္ခာများ လှူဒါန်းခဲ့ပါသေးတယ်။
နေမင်းဟာ သြဂုတ်လ(၆) ရက်နေ့က အသက်(၃၆)နှစ်ပြည့်သွားခဲ့ပါပြီ သူ့ရဲ့ အသက်(၃၆)နှစ်ပြည့် မွေးနေ့မင်္ဂလာကိုလည်း မြိုင်ကြီးငူအထူးဒေသရှိ အေးလင်းသာ ယာကွင်း၊ အေးလင်းမြရှင်၊ ဂန္ဓကုဋိကျောင်းပေါ်မှာ သွားရောက်ပြုလုပ်ခဲ့ ပါတယ်။
မွေးနေ့အလှူအဖြစ် မြိုင်ကြီးငူ နန်းဦးဘေးမဲ့ေ တာရေ ကျာင်းတိုက်မှာ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ပြီး စစ်ဘေးရှာင်မိသားစုတွေအတွက် စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။
စစ်ဘေးရှောင်ကလေးလေးတွေနဲ့အတူ မွေးနေ့ကိတ်များ ခွဲခဲ့ပြီး မွေးနေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ အလှူပုံရိပ်များကိုလည်း မြိုင်ကြီးငူဆရာတော် သာသနာပြုလုပ်ငန်း ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၆) ရက်နေ့က တင်ထားခဲ့ပါတယ်။
မွေးနေ့လေးမှာ သူ့ရဲ့ ပရိသတ်တွေ အနုပညာမောင်နှမတွေက မွေးနေ့ဆုတောင်းများစွာ တောင်းပေးထားကြတာလည်း တွေ့ရပါတယ်။
မကြာမှီ ဒါရိုက်တာ ညိုမင်းလွင်နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ဖို့ ရှိပြီး အဲဒီကားမှာ နေမင်းနဲ့အတူ ခင်ဝင့်ဝါတို့ ပါဝင်မှာ ဖြစ်ပြီး ဇာတ်ကားနာမည်က “နတ်ဖွက်ထားတဲ့ည” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလို့ ပေးထားပါတယ်။
မိသားစု စီးပွားရေးဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအပြင် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း တာဝန်ယူ ဆောင်ရွက် နေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဆောက်လုပ်ရေး လုပ်ငန်းဘက်မှာ ပိုပြီးတော့ တာဝန်ယူဆောင်ရွက်နေတယ်လို့ ဆက်လက်ပြောပြ ထားပါတယ် ”ကျွန်တော်တို့ မိသားစုက ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေး ၂ ခုရှိတာဆိုတော့။
ဆောက်လုပ်ရေးဘက်မှာ အချိန်ဖြုန်းနေတာများပါတယ်” ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့ က ၅၅ ကြိမ်မြောက် မြန်မာနိုင်ငံ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအခမ်းအနားမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် သရုပ်ဆောင်နေမင်းကို ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။
သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါဖြစ်တဲ့အလျောကိ စစ်ဗိုလ်ကာရိုက်တာကို သရုပ်ဆောင်ရတာကိုလည်း နှစ်သက်တယ်လို့ ဆိုပါတယ်။
Hits: 326