တစ္ရက္မွာ တစ္နာရီေလာက္အခ်ိန္ေပးလိုက္ပါ

Zawgyi

အလုပ္ျပီးခ်ိန္ ညခင္းေတြမွာ မင္းဘာလုပ္လဲ ဆိုတာက မင္းရဲ႕ အနာဂတ္ကို ဆံုးျဖတ္ေပးလိမ့္မယ္ တစ္ေန႔ကို တစ္နာရီေလာက္ ဒါေတြလုပ္ဖို႔ အခ်ိန္ေပးလိုက္ပါ။

မင္းဘဝေျပာင္းလဲပါလိမ့္မယ္ မင္းရဲ႕ အလုပ္ခ်ိန္ ညေန 6 နာရီမွာ ျပီးျပီးေတာ့ မင္းက ည သန္းေခါင္ 12 နာရီမွ အိပ္ရာဝင္တယ္ဆိုပါစို႔။

ဒီႀကားထဲက 6 နာရီကို မင္းဘယ္လို အသံုးခ်ပါသလဲ? TV ႀကည့္တာလား? တကယ္ေတာ့ ဒီအခ်ိန္ကို မင္းဘယ္လိုအသံုးခ်တယ္ဆိုတာက မင္းထင္တာထက္ ပိုအေရးႀကီးပါတယ္။

လူေတာ္ေတာ္မ်ားမ်ား ထင္ေနတာက က်ြန္ေတာ္တို႔ career ကို တိုးတတ္ဖို႔ အလုပ္ခ်ိန္အတြင္းမွာ က်ြန္ေတာ္တို႔ ႀကိဳးစားအားထုတ္ရမယ္လို႔ပဲ ထင္ေနႀကတယ္။

က်ြန္ေတာ္တို႔ အနာဂတ္နဲ႔ အလုပ္အကိုင္ေတြဟာ က်ြန္ေတာ္တို႔ အလုပ္လုပ္ေနတဲ႔ ကုမၸဏီနဲ႔ ေခါင္းေဆာင္အေပၚပဲ မူတည္ေနတယ္လို႔ ထင္ေနႀကတယ္။

တကယ္လို႔ မင္း ကိုယ့္ကိုယ္ကို ဘဝမွာ တိုးတတ္မႈမေတြ႔ဘူးဆိုရင္ေတာ့ မင္းရဲ႕ အလုပ္နဲ႔ မင္းရဲ႕ အလုပ္ရွင္ေတြကို မင္းအေပၚ ေျမေတာင္ေျမွာက္မေပးလို႔ဆိုျပီး အျပစ္တင္လို႔မရပါဘူး။

ကိုယ့္ကိုယ္ကို တိုးတတ္ေအာင္ ပ်ိဳးေထာင္ဖို႔ဆိုတာ မင္းရဲ႕ တာဝန္ပါ မင္းဟာ မင္းရဲ႕ ညခင္းအခ်ိန္ေတြကို ဘယ္လိုအသံုးခ်လဲဆိုတာဟာ အလြန္အေရးႀကီးပါတယ္။

၁။ စာဖတ္ပါ

ဘဝမွာ မင္းလိုခ်င္တာရဖို႔ knowledge က အေရးႀကီးပါတယ္ ဗဟုသုတေတြ စုေဆာင္းရပါမယ္။ ဒီလို ဗဟုသုတေတြကို မင္းရဲ႕ အလုပ္မွာ မင္းရဲ႕ ဘဝမွာ ျပန္လည္အသံုးခ်ရပါမယ္။

တကယ္လို႔ မင္းက စာဖတ္သန္တယ္ဆိုရင္ မင္းဗဟုသုတေတြ ျပည့္ျပီး မင္းရဲ႕ စကားေျပာတဲ႔ ေခါင္းစဥ္ေတြ အေႀကာင္းအရာေတြ ပိုျပီးစိတ္ဝင္စားစရာေကာင္းလာပါလိမ့္မယ္။

Anthony Robbins က ေျပာပါတယ္ တကယ္လို႔ မင္းဟာ တစ္ေန႔ကို တစ္နာရီအခ်ိန္ေပးျပီး အေႀကာင္းအရာတစ္ခုကို ေလ့လာမယ္ဆိုရင္ တစ္ႏွစ္ႀကာတဲ႔အခါမွာ မင္းရမဲ႔ knowledge ေတြက ကမၻာ့လူေတြရဲ႕ 99.999 % ေလာက္ထိျဖစ္ပါလိမ့္မယ္တဲ႔။

တစ္ေန႔ကို အခ်ိန္ သံုးဆယ္မိနစ္ေလာက္ပဲ စာဖတ္ခ်ိန္ေပးႏိုင္ရင္ေတာင္ တစ္ေန႔တစ္ေန႔ knowledge ေတြ အမ်ားႀကီးရမွာပါ။

မင္း expert မျဖစ္ဘူးဆိုရင္ေတာင္ မင္းရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြထက္ ပိုျပီး ဗဟုသုတမ်ားလာမယ္ဆိုတာ အာမခံႏိုင္ပါတယ္ ။

တကယ္လို႔ မင္းရဲ႕ လက္ရွိအလုပ္က မင္းတကယ္စိတ္ဝင္စားတဲ႔အလုပ္မဟုတ္ဘူးဆိုရင္ မင္းဟာ ဒီအခ်ိန္ေတြမွာ မင္းတကယ္ စိတ္ဝင္စားတဲ႔အရာေတြ ေလ့လာလို႔ရပါတယ္။

ဒီလို ရတဲ႔အခ်ိန္မွာ စိတ္ဝင္စားတဲ႔အရာေတြ ေလ့လာျပီး အခ်ိန္တစ္ခုေရာက္တဲ႔အခါမွာ မင္းရဲ႕ career ကို ေျပာင္းလိုက္လို႔ရပါလိမ့္မယ္။ start up တစ္ခု စလိုက္လို႔ ရပါတယ္။

၂။ Project ေတြ လုပ္ေဆာင္ပါ မင္းရဲ႕ ဗဟုသုတေတြ စိတ္ကူးေတြကို ပံုေဖာ္ဖို႔ မင္းအလုပ္က အခြင့္အေရးမေပးရင္ မင္းကိုယ္တိုင္ ရွာေဖြလုပ္ေဆာင္ပါ။

volunteer project ေတြ လုပ္ႏိုင္ပါတယ္ ကိုယ္နဲ႔ ဝါသနာတူေတြနဲ႔ ေပါင္းျပီး အဖြဲ႔လိုက္ ပူးေပါင္းလုပ္ေဆာင္ႀကည့္ပါ စမ္းသပ္ႀကည့္ပါ ကိုယ္စိတ္ဝင္စားတဲ႔အရာေတြ ေလ့လာပါ လက္ေတြ႔ လုပ္ေဆာင္ႀကည့္ပါ။

၃။ Network တည္ေဆာက္ပါ

မင္းရဲ႕ အလုပ္လမ္းေႀကာင္းမွာ ေျဖာင့္ျဖဴးဖို႔ strong connection network တစ္ခု ရွိေနဖို႔ လိုပါတယ္။ ဒီလိုမ်ိဳးမရွိဘူးဆိုရင္ေတာ့ မင္းရဲ႕ အခ်ိန္ထဲက ဖဲ႔ျပီး လုပ္ေဆာင္ရပါလိမ့္မယ္။

အေတာ္ဆံုး မိတ္ေဆြေတြကို ဆက္သြယ္ျပီး သူတို႔ရဲ႕ အႀကံဥာဏ္ေတြ ရယူတာေတြ သတင္းေတြ အခ်က္အလက္ေတြ ဗဟုသုတေတြ ရေအာင္လုပ္ပါ professional life ထဲက ဆရာႀကီးေတြဆီက ေလ့လာသင္ယူပါ။

အလုပ္က အိမ္ျပန္ေရာက္လို႔ ဒီလို ညခ်မ္းေတြမွာ အနားယူတယ္ဆိုျပီး movie ႀကည့္တာ tv ႀကည့္တာ game ကစားတာ ။

social media ေပၚမွာ သူမ်ားေတ အေႀကာင္း လိုက္စပ္စုေနတာ အတင္းေျပာေနတာ ဒါေတြနဲ႔ အခ်ိန္ကုန္ဆံုးရတာ အရမ္းေပ်ာ္စရာေကာင္းမွာပါ။

ဒါေပမဲ႔ ဒါေတြက မင္းရဲ႕ အနာဂတ္ကို ေကာင္းမြန္ေအာင္ လုပ္ေပးႏိုင္မွာ မဟုတ္ပါဘူး မင္းဘဝရဲ႕ အေျပာင္းအလဲက ဒီေန႔ညက စပါျပီ။ 6 နာရီကေန ည ၁၂ နာရီထိပါ။

အလုပ္ျပီးလို႔ မင္းအိမ္ျပန္တယ္ မင္းဟာ တစ္ျခားသူေတြ ခိုင္းတဲ႔အရာေတြကို လုပ္စရာမလိုတဲ႔အခ်ိန္ပါ မင္းရဲ႕ အားလပ္ခ်ိန္ပါ ဒါကို မင္းဘယ္လို အသံုးခ်မလဲ ။

Unicode

တစ်ရက်မှာ တစ်နာရီလောက်အချိန်ပေးလိုက်ပါ

အလုပ်ပြီးချိန် ညခင်းတွေမှာ မင်းဘာလုပ်လဲ ဆိုတာက မင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ် တစ်နေ့ကို တစ်နာရီလောက် ဒါတွေလုပ်ဖို့ အချိန်ပေးလိုက်ပါ။

မင်းဘဝပြောင်းလဲပါလိမ့်မယ် မင်းရဲ့ အလုပ်ချိန် ညနေ 6 နာရီမှာ ပြီးပြီးတော့ မင်းက ည သန်းခေါင် 12 နာရီမှ အိပ်ရာဝင်တယ်ဆိုပါစို့။

ဒီကြားထဲက 6 နာရီကို မင်းဘယ်လို အသုံးချပါသလဲ? TV ကြည့်တာလား? တကယ်တော့ ဒီအချိန်ကို မင်းဘယ်လိုအသုံးချတယ်ဆိုတာက မင်းထင်တာထက် ပိုအရေးကြီးပါတယ်။

လူတော်တော်များများ ထင်နေတာက ကျွန်တော်တို့ career ကို တိုးတတ်ဖို့ အလုပ်ချိန်အတွင်းမှာ ကျွန်တော်တို့ ကြိုးစားအားထုတ်ရမယ်လို့ပဲ ထင်နေကြတယ်။

ကျွန်တော်တို့ အနာဂတ်နဲ့ အလုပ်အကိုင်တွေဟာ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ ခေါင်းဆောင်အပေါ်ပဲ မူတည်နေတယ်လို့ ထင်နေကြတယ်။

တကယ်လို့ မင်း ကိုယ့်ကိုယ်ကို ဘဝမှာ တိုးတတ်မှုမတွေ့ဘူးဆိုရင်တော့ မင်းရဲ့ အလုပ်နဲ့ မင်းရဲ့ အလုပ်ရှင်တွေကို မင်းအပေါ် မြေတောင်မြှောက်မပေးလို့ဆိုပြီး အပြစ်တင်လို့မရပါဘူး။

ကိုယ့်ကိုယ်ကို တိုးတတ်အောင် ပျိုးထောင်ဖို့ဆိုတာ မင်းရဲ့ တာဝန်ပါ မင်းဟာ မင်းရဲ့ ညခင်းအချိန်တွေကို ဘယ်လိုအသုံးချလဲဆိုတာဟာ အလွန်အရေးကြီးပါတယ်။

၁။ စာဖတ်ပါ

ဘဝမှာ မင်းလိုချင်တာရဖို့ knowledge က အရေးကြီးပါတယ် ဗဟုသုတတွေ စုဆောင်းရပါမယ်။ ဒီလို ဗဟုသုတတွေကို မင်းရဲ့ အလုပ်မှာ မင်းရဲ့ ဘဝမှာ ပြန်လည်အသုံးချရပါမယ်။

တကယ်လို့ မင်းက စာဖတ်သန်တယ်ဆိုရင် မင်းဗဟုသုတတွေ ပြည့်ပြီး မင်းရဲ့ စကားပြောတဲ့ ခေါင်းစဉ်တွေ အကြောင်းအရာတွေ ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါလိမ့်မယ်။

Anthony Robbins က ပြောပါတယ် တကယ်လို့ မင်းဟာ တစ်နေ့ကို တစ်နာရီအချိန်ပေးပြီး အကြောင်းအရာတစ်ခုကို လေ့လာမယ်ဆိုရင် တစ်နှစ်ကြာတဲ့အခါမှာ မင်းရမဲ့ knowledge တွေက ကမ္ဘာ့လူတွေရဲ့ 99.999 % လောက်ထိဖြစ်ပါလိမ့်မယ်တဲ့။

တစ်နေ့ကို အချိန် သုံးဆယ်မိနစ်လောက်ပဲ စာဖတ်ချိန်ပေးနိုင်ရင်တောင် တစ်နေ့တစ်နေ့ knowledge တွေ အများကြီးရမှာပါ။

မင်း expert မဖြစ်ဘူးဆိုရင်တောင် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေထက် ပိုပြီး ဗဟုသုတများလာမယ်ဆိုတာ အာမခံနိုင်ပါတယ် ။

တကယ်လို့ မင်းရဲ့ လက်ရှိအလုပ်က မင်းတကယ်စိတ်ဝင်စားတဲ့အလုပ်မဟုတ်ဘူးဆိုရင် မင်းဟာ ဒီအချိန်တွေမှာ မင်းတကယ် စိတ်ဝင်စားတဲ့အရာတွေ လေ့လာလို့ရပါတယ်။

ဒီလို ရတဲ့အချိန်မှာ စိတ်ဝင်စားတဲ့အရာတွေ လေ့လာပြီး အချိန်တစ်ခုရောက်တဲ့အခါမှာ မင်းရဲ့ career ကို ပြောင်းလိုက်လို့ရပါလိမ့်မယ်။ start up တစ်ခု စလိုက်လို့ ရပါတယ်။

၂။ Project တွေ လုပ်ဆောင်ပါ မင်းရဲ့ ဗဟုသုတတွေ စိတ်ကူးတွေကို ပုံဖော်ဖို့ မင်းအလုပ်က အခွင့်အရေးမပေးရင် မင်းကိုယ်တိုင် ရှာဖွေလုပ်ဆောင်ပါ။

volunteer project တွေ လုပ်နိုင်ပါတယ် ကိုယ်နဲ့ ဝါသနာတူတွေနဲ့ ပေါင်းပြီး အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ကြည့်ပါ စမ်းသပ်ကြည့်ပါ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ လေ့လာပါ လက်တွေ့ လုပ်ဆောင်ကြည့်ပါ။

၃။ Network တည်ဆောက်ပါ

မင်းရဲ့ အလုပ်လမ်းကြောင်းမှာ ဖြောင့်ဖြူးဖို့ strong connection network တစ်ခု ရှိနေဖို့ လိုပါတယ်။ ဒီလိုမျိုးမရှိဘူးဆိုရင်တော့ မင်းရဲ့ အချိန်ထဲက ဖဲ့ပြီး လုပ်ဆောင်ရပါလိမ့်မယ်။

အတော်ဆုံး မိတ်ဆွေတွေကို ဆက်သွယ်ပြီး သူတို့ရဲ့ အကြံဉာဏ်တွေ ရယူတာတွေ သတင်းတွေ အချက်အလက်တွေ ဗဟုသုတတွေ ရအောင်လုပ်ပါ professional life ထဲက ဆရာကြီးတွေဆီက လေ့လာသင်ယူပါ။

အလုပ်က အိမ်ပြန်ရောက်လို့ ဒီလို ညချမ်းတွေမှာ အနားယူတယ်ဆိုပြီး movie ကြည့်တာ tv ကြည့်တာ game ကစားတာ ။

social media ပေါ်မှာ သူများတေ အကြောင်း လိုက်စပ်စုနေတာ အတင်းပြောနေတာ ဒါတွေနဲ့ အချိန်ကုန်ဆုံးရတာ အရမ်းပျော်စရာကောင်းမှာပါ။

ဒါပေမဲ့ ဒါတွေက မင်းရဲ့ အနာဂတ်ကို ကောင်းမွန်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး မင်းဘဝရဲ့ အပြောင်းအလဲက ဒီနေ့ညက စပါပြီ 6 နာရီကနေ ည ၁၂ နာရီထိပါ။

အလုပ်ပြီးလို့ မင်းအိမ်ပြန်တယ် မင်းဟာ တစ်ခြားသူတွေ ခိုင်းတဲ့အရာတွေကို လုပ်စရာမလိုတဲ့အချိန်ပါ မင်းရဲ့ အားလပ်ချိန်ပါ ဒါကို မင်းဘယ်လို အသုံးချမလဲ ။

Hits: 635

ေမြးရာပါဉာဏ္ရည္ျမင့္ၿပီး ထက္ျမက္တဲ့သူေတြမွာသာ ရွိတဲ့ အမူအက်င့္ (၈)မ်ိဳး

Zawgyi

လူေတြထဲက လူတခ်ိဳ႕က ကံေကာင္းလြန္္းစြာနဲ႕ ေမြးလာကတည္းက ျမင့္မားတဲ့ ဉာဏ္ရည္ကို ပိုင္ဆိုင္ထားၾကပါတယ္ ထက္ျမက္တယ္ဆိုတာကေတာ့ ေမြးရာပါလည္းျဖစ္နိုင္သလို ေလ့က်င့္ယူလို႕လည္း ရပါတယ္။

တကယ္ေတာ့ ဉာဏ္ရည္ျမင့္တဲ့သူ၊ ထက္ျမက္တဲ့သူေတြဟာ အခုေဖာ္ျပမယ့္ အေလ့အထေတြကို လုပ္ေလ့ရွိပါတယ္ ။

(၁) ကိုယ့္ကိုယ္ကိုပဲ စိတ္ဝင္စားတယ္

ဉာဏ္ထက္တဲ့သူေတြဟာ တျခားလူေတြအေၾကာင္း၊ တျခားလူေတြနဲ႕ပတ္သက္တာေတြထက္ ကိုယ့္ကိုယ္ကိုပဲ ပိုစိတ္ဝင္စားေလ့ရွိၾကတယ္။

(၂) ဟာသဉာဏ္ေကာင္းတယ္၊ေပ်ာ္ေပ်ာ္ေနတတ္တယ္

ဉာဏ္ေကာင္းတဲ့သူေတြဟာ ဘယ္အေျခအေနမွာမဆို ေကာင္းတဲ့ အခ်က္ေလးေတြကိုျမင္ေအာင္ ၾကည့္တတ္ျပီး ဟာသနိုင္တယ္၊ ေပ်ာ္ေပ်ာ္ေနတတ္တယ္၊

(၃) တစ္ေယာက္တည္းစကားေျပာတတ္တယ္

တစ္ေယာက္တည္း ရွိတဲ့အခ်ိန္မွာ ကိုယ့္ကိုယ္ကို စကားျပန္ေျပာေနတာမ်ိဳး၊ တစ္ကိုယ္တည္းၾကားေအာင္ ေရရြတ္ေနတဲ့အျပဳအမူမ်ိဳးေတြကို ဉာဏ္ရည္ထက္ျမက္တဲ့သူေတြကပဲ လုပ္ၾကတာပါ။

(၄) သီခ်င္းတစ္ပုဒ္တည္းကို ပဲစြဲျပီးနားေထာင္တာမ်ိဳးလုပ္တတ္တယ္

တစ္ေနကုန္ ကိုယ္ၾကိဳက္တဲ့ သီခ်င္းတစ္ပုဒ္တည္းကိုပဲ ထပ္ခါတလဲလဲ နားေထာင္ေနတာမ်ိဳး၊ သီခ်င္းစာသား ဒါမွမဟုတ္ သံစဥ္ေတြကို ခံစားျပီး နားေထာင္ေနတာမ်ိဳး လုပ္တတ္ပါတယ္။

(၅) အလုပ္အရမ္းၾကိဳးစားတဲ့အထဲမွာမပါဘူး

အလုပ္တစ္ခုကို ခက္ခက္ခဲခဲၾကိဳးစားေနတာမ်ိဳးကို မလုပ္တတ္ပါဘူး အလုပ္အရမ္းၾကိဳးစားတဲ့ထဲ မပါေပမယ့္ ရလဒ္ေကာင္းရေအာင္ဘယ္လိုလုပ္ရမလဲ ေကာင္းေကာင္းသိတဲ့သူေတြပါ။

(၆) သူတို႕မွားရင္ မွားေနမွန္းသိတယ္

ကိုယ္လုပ္တာ၊ေတြးတာ၊ ေျပာတာမွန္သမွ်အရာအားလံုးကို မွန္တယ္လုိ႕ထင္ေနတာမ်ိဳးမရွိဘူး။

ကိုယ့္ရဲ႕ အယူအဆေတြ၊ အေတြးအျမင္ေတြ၊ အျပဳအမူေတြ မွားသြားရင္ ကိုယ္မွားေနမွန္း သိတယ္ ျပီးေတာ့ မွန္ေအာင္ ျပဳျပင္ဖို႕ ဝန္မေလးဘူး။

(၇) စကားေတြအမ်ားၾကီးမေျပာဘူး

ဉာဏ္ရည္ျမင့္တဲ့သူေတြက စကားေတြ အမ်ားၾကီးေျပာေနတာမ်ိဳး မလုပ္တတ္ဘဲ မ်ားမ်ားနားေထာင္တတ္တဲ့သူေတြျဖစ္ပါတယ္ မ်ားမ်ားနားေထာင္၊ နည္းနည္းေျပာတတ္တဲ့ အက်င့္ရွိသူေတြေပါ့။

(၈) အျမဲအေျဖရွာေနတတ္တယ္

စူးစမ္းေလ့လာခ်င္စိတ္မ်ားတယ္၊ သိခ်င္စိတ္ရွိတယ္၊ အရာရာအတြက္ေမးခြန္းေတြရွိေနတတ္တယ္ အေၾကာင္းအရာတစ္ခုကို ရႈေထာင့္ေပါင္းစံုကေတြးျပီး အေျဖရွာေနတတ္ တယ္။

Unicode

မွေးရာပါဉာဏ်ရည်မြင့်ပြီး ထက်မြက်တဲ့သူတွေမှာသာ ရှိတဲ့ အမူအကျင့် (၈)မျိုး

လူတွေထဲက လူတချို့က ကံကောင်းလွန်းစွာနဲ့ မွေးလာကတည်းက မြင့်မားတဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားကြပါတယ် ထက်မြက်တယ်ဆိုတာကတော့ မွေးရာပါလည်းဖြစ်နိုင်သလို လေ့ကျင့်ယူလို့လည်း ရပါတယ်။

တကယ်တော့ ဉာဏ်ရည်မြင့်တဲ့သူ၊ ထက်မြက်တဲ့သူတွေဟာ အခုဖော်ပြမယ့် အလေ့အထတွေကို လုပ်လေ့ရှိပါတယ် ။

(၁) ကိုယ့်ကိုယ်ကိုပဲ စိတ်ဝင်စားတယ်

ဉာဏ်ထက်တဲ့သူတွေဟာ တခြားလူတွေအကြောင်း၊ တခြားလူတွေနဲ့ပတ်သက်တာတွေထက် ကိုယ့်ကိုယ်ကိုပဲ ပိုစိတ်ဝင်စားလေ့ရှိကြတယ်။

(၂) ဟာသဉာဏ်ကောင်းတယ်၊ပျော်ပျော်နေတတ်တယ်

ဉာဏ်ကောင်းတဲ့သူတွေဟာ ဘယ်အခြေအနေမှာမဆို ကောင်းတဲ့ အချက်လေးတွေကိုမြင်အောင် ကြည့်တတ်ပြီး ဟာသနိုင်တယ်၊ ပျော်ပျော်နေတတ်တယ်၊

(၃) တစ်ယောက်တည်းစကားပြောတတ်တယ်

တစ်ယောက်တည်း ရှိတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို စကားပြန်ပြောနေတာမျိုး၊ တစ်ကိုယ်တည်းကြားအောင် ရေရွတ်နေတဲ့အပြုအမူမျိုးတွေကို ဉာဏ်ရည်ထက်မြက်တဲ့သူတွေကပဲ လုပ်ကြတာပါ။

(၄) သီချင်းတစ်ပုဒ်တည်းကို ပဲစွဲပြီးနားထောင်တာမျိုးလုပ်တတ်တယ်

တစ်နေကုန် ကိုယ်ကြိုက်တဲ့ သီချင်းတစ်ပုဒ်တည်းကိုပဲ ထပ်ခါတလဲလဲ နားထောင်နေတာမျိုး၊ သီချင်းစာသား ဒါမှမဟုတ် သံစဉ်တွေကို ခံစားပြီး နားထောင်နေတာမျိုး လုပ်တတ်ပါတယ်။

(၅) အလုပ်အရမ်းကြိုးစားတဲ့အထဲမှာမပါဘူး

အလုပ်တစ်ခုကို ခက်ခက်ခဲခဲကြိုးစားနေတာမျိုးကို မလုပ်တတ်ပါဘူး အလုပ်အရမ်းကြိုးစားတဲ့ထဲ မပါပေမယ့် ရလဒ်ကောင်းရအောင်ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိတဲ့သူတွေပါ။

(၆) သူတို့မှားရင် မှားနေမှန်းသိတယ်

ကိုယ်လုပ်တာ၊တွေးတာ၊ ပြောတာမှန်သမျှအရာအားလုံးကို မှန်တယ်လို့ထင်နေတာမျိုးမရှိဘူး။

ကိုယ့်ရဲ့ အယူအဆတွေ၊ အတွေးအမြင်တွေ၊ အပြုအမူတွေ မှားသွားရင် ကိုယ်မှားနေမှန်း သိတယ် ပြီးတော့ မှန်အောင် ပြုပြင်ဖို့ ဝန်မလေးဘူး။

(၇) စကားတွေအများကြီးမပြောဘူး

ဉာဏ်ရည်မြင့်တဲ့သူတွေက စကားတွေ အများကြီးပြောနေတာမျိုး မလုပ်တတ်ဘဲ များများနားထောင်တတ်တဲ့သူတွေဖြစ်ပါတယ် များများနားထောင်၊ နည်းနည်းပြောတတ်တဲ့ အကျင့်ရှိသူတွေပေါ့။

(၈) အမြဲအဖြေရှာနေတတ်တယ်

စူးစမ်းလေ့လာချင်စိတ်များတယ်၊ သိချင်စိတ်ရှိတယ်၊ အရာရာအတွက်မေးခွန်းတွေရှိနေတတ်တယ် အကြောင်းအရာတစ်ခုကို ရှုထောင့်ပေါင်းစုံကတွေးပြီး အဖြေရှာနေတတ် တယ်။

Hits: 369

ေငြေၾကးကံေကာင္းေစျပီး ပိုက္ဆံမ်ားမ်ားဝင္ေစမည့္ နည္းလမ္း(၅)ခု

Zawgyi

ဝင္ေငြမ်ားမ်ားရွိေအာင္ အလုပ္မ်ားမ်ားလုပ္ဖို႕လိုပါတယ္ အလုပ္မလုပ္ဘဲနဲ႕ေတာ့ ပိုက္ဆံကဝင္မွာမဟုတ္ပါဘူး ပိုက္ဆံမ်ားမ်ားပိုလိုခ်င္ရင္ အလုပ္ပိိုၾကိဳးစားဖို႕၊ ပိုျပီးေတာ့ ရင္းႏွီးျမွဳပ္ႏွံဖို႕လိုပါတယ္။

ဒါေပမယ့္ အလုပ္ၾကိဳးစားေပမယ့္ ဝင္ေငြနည္း ေနတယ္၊ ပိုက္ဆံလည္းမစုမိဘူးဆိုရင္ ေငြေၾကးကံေကာင္းေအာင္ ဒီအခ်က္ေလးေတြကိုလုပ္ၾကည့္လိုက္ပါ။

(၁) ေစတနာအျပည့္အဝထားပါ

ကိုယ္လုပ္လိုက္တဲ့အရာ၊ ကိုယ္ေပးလိုက္တဲ့အရာမွာ ေစတနာအျပည့္အဝထားျခင္းအားျဖင့္ အဲ့ဒါက သင့္ကိုေငြေၾကးကံေကာင္းေစပါတယ္ ဒါက ဟာသလံုးဝမဟုတ္ပါဘူး၊ တကယ္ပါ၊ မယံုရင္စမ္းၾကည့္ပါ။

(၂) ေငြေၾကာင့္စိုးရိမ္ေနတာကိုရပ္ပါ

ပိုက္ဆံနဲ႕ပတ္သက္လို႕ စိုးရိမ္ေၾကာင့္ၾကေနတာက သင့္ရဲ႕စိတ္ကိုေလးလံထိုင္းမိႈင္းေစျပီး အလုပ္နဲ႕ပတ္သက္တဲ့ စိတ္ကူးအၾကံဉာဏ္ေတြကို တံုးေစပါတယ္။

ဒါ့အျပင္ ကိုယ့္အနားမွာ negative energy ေတြဖံုးလႊမ္းေနေစျပီး အဲ့ဒါကပိုက္ဆံရမယ့္ အခြင့္အလမ္းေတြကို တားထားသလိုျဖစ္ေနပါတယ္။

ဒါေၾကာင့္ ေငြေၾကာင့္ စိုးရိမ္ေနတာကိုရပ္ျပီး တဆင့္ခ်င္းေျဖရွင္းပါ ဒါဆို ေငြေၾကးအခက္အခဲေတြ တျဖည္းျဖည္းေျပလည္လာပါလိမ့္မယ္။

(၃) အရည္အခ်င္းမွာရင္းႏွီးျမွဳပ္ႏွံပါ

လူအထင္ၾကီးေအာင္ ေစ်းၾကီးပစၥည္းေတြဝယ္သံုးတာ၊ ရသမွ်ပိုက္ဆံေတြအားလံုးကို ပစၥည္းေတြဝယ္သံုးတာက အကုန္အက်လည္းမ်ား အက်ိဳးအျမတ္လည္းနည္းပါတယ္။

ဒါေၾကာင့္ တတ္နိုင္သေလာက္ တတ္နိုင္သေလာက္ ပစၥည္းေတြဝယ္သံုးတာကိုေလွ်ာ့ျပီး အရည္အခ်င္းတိုးတက္ေစမယ့္ သင္တန္းတက္တာမ်ိဳး၊ ဘာသာစကားေလ့လာတာမ်ိဳးေတြမွာ ရင္းႏွီးျမွဳပ္ႏွံပါ။

(၄) ပိုက္ဆံကိုေလးစားပါ

ပိုက္ဆံမ်ားမ်ားဝင္ခ်င္ရင္ ပိုက္ဆံကိုေလးစားဖို႕လိုပါတယ္။ ၁၀၀ ၊ ၂၀၀ ပဲဆိုျပီး မသိမ္းဘဲထားတာမ်ိဳး၊ ပစ္လိုက္တာမ်ိဳး၊ မလိုအပ္တာေတြမွာ တေဖ်ာေဖ်ာသံုးတာမ်ိဳးမလုပ္မိပါေစနဲ႕။

အတိုင္းအတာနဲ႕တေလးတစားသံုးစြဲပါ ကိုယ္ကပိုက္ဆံကိုေလးစားရင္ ပိုက္ဆံကလည္း ကိုယ့္ဆီေရာက္လာပါလိမ့္မယ္။

(၅) စိတ္ၾကည္လင္ေအာင္ေနပါ

စိတ္ညစ္ႏြမ္းေနရင္ ကိုယ့္အနားမွာ negative energy ေတြျခံဳလႊမ္းေနျပီး ေငြေၾကးကံမွမဟုတ္၊ ဘယ္ကံမွေကာင္းမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ တတ္နိုင္သေလာက္စိတ္ၾကည္လင္ေအာင္ေနပါ။

စိတ္ၾကည္လင္ေနတဲ့အခါ positive energy ေတြလႊမ္းျခံဳေနမယ္၊ အေတြးေကာင္းေလးေတြေတြးမယ္၊ အဲဒါေၾကာင့္ ဆံုးျဖတ္ခ်က္ေတြမွန္မယ္၊

ေကာင္းတဲ့ကံေတြျဖစ္လာပါလိမ့္မယ္ ဒါေၾကာင့္ ဘယ္လိုအေၾကာင္းရင္းေၾကာင့္မွ စိတ္မညစ္ပါေစနဲ႕၊ ကိုယ့္ကိုယ္ကိုအၾကည္ဓာတ္ေလးရေအာင္ ၾကိဳးစားျပီးေနပါ

Unicode

ငွေကြေးကံကောင်းစေပြီး ပိုက်ဆံများများဝင်စေမည့် နည်းလမ်း(၅)ခု

ဝင်ငွေများများရှိအောင် အလုပ်များများလုပ်ဖို့လိုပါတယ် အလုပ်မလုပ်ဘဲနဲ့တော့ ပိုက်ဆံကဝင်မှာမဟုတ်ပါဘူး ပိုက်ဆံများများပိုလိုချင်ရင် အလုပ်ပိုကြိုးစားဖို့၊ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံဖို့လိုပါတယ်။

ဒါပေမယ့် အလုပ်ကြိုးစားပေမယ့် ဝင်ငွေနည်း နေတယ်၊ ပိုက်ဆံလည်းမစုမိဘူးဆိုရင် ငွေကြေးကံကောင်းအောင် ဒီအချက်လေးတွေကိုလုပ်ကြည့်လိုက်ပါ။

(၁) စေတနာအပြည့်အဝထားပါ

ကိုယ်လုပ်လိုက်တဲ့အရာ၊ ကိုယ်ပေးလိုက်တဲ့အရာမှာ စေတနာအပြည့်အဝထားခြင်းအားဖြင့် အဲ့ဒါက သင့်ကိုငွေကြေးကံကောင်းစေပါတယ် ဒါက ဟာသလုံးဝမဟုတ်ပါဘူး၊ တကယ်ပါ၊ မယုံရင်စမ်းကြည့်ပါ။

(၂) ငွေကြောင့်စိုးရိမ်နေတာကိုရပ်ပါ

ပိုက်ဆံနဲ့ပတ်သက်လို့ စိုးရိမ်ကြောင့်ကြနေတာက သင့်ရဲ့စိတ်ကိုလေးလံထိုင်းမှိုင်းစေပြီး အလုပ်နဲ့ပတ်သက်တဲ့ စိတ်ကူးအကြံဉာဏ်တွေကို တုံးစေပါတယ်။

ဒါ့အပြင် ကိုယ့်အနားမှာ negative energy တွေဖုံးလွှမ်းနေစေပြီး အဲ့ဒါကပိုက်ဆံရမယ့် အခွင့်အလမ်းတွေကို တားထားသလိုဖြစ်နေပါတယ်။

ဒါကြောင့် ငွေကြောင့် စိုးရိမ်နေတာကိုရပ်ပြီး တဆင့်ချင်းဖြေရှင်းပါ ဒါဆို ငွေကြေးအခက်အခဲတွေ တဖြည်းဖြည်းပြေလည်လာပါလိမ့်မယ်။

(၃) အရည်အချင်းမှာရင်းနှီးမြှုပ်နှံပါ

လူအထင်ကြီးအောင် ဈေးကြီးပစ္စည်းတွေဝယ်သုံးတာ၊ ရသမျှပိုက်ဆံတွေအားလုံးကို ပစ္စည်းတွေဝယ်သုံးတာက အကုန်အကျလည်းများ အကျိုးအမြတ်လည်းနည်းပါတယ်။

ဒါကြောင့် တတ်နိုင်သလောက် တတ်နိုင်သလောက် ပစ္စည်းတွေဝယ်သုံးတာကိုလျှော့ပြီး အရည်အချင်းတိုးတက်စေမယ့် သင်တန်းတက်တာမျိုး၊ ဘာသာစကားလေ့လာတာမျိုးတွေမှာ ရင်းနှီးမြှုပ်နှံပါ။

(၄) ပိုက်ဆံကိုလေးစားပါ

ပိုက်ဆံများများဝင်ချင်ရင် ပိုက်ဆံကိုလေးစားဖို့လိုပါတယ်။ ၁၀၀ ၊ ၂၀၀ ပဲဆိုပြီး မသိမ်းဘဲထားတာမျိုး၊ ပစ်လိုက်တာမျိုး၊ မလိုအပ်တာတွေမှာ တဖျောဖျောသုံးတာမျိုးမလုပ်မိပါစေနဲ့။

အတိုင်းအတာနဲ့တလေးတစားသုံးစွဲပါ ကိုယ်ကပိုက်ဆံကိုလေးစားရင် ပိုက်ဆံကလည်း ကိုယ့်ဆီရောက်လာပါလိမ့်မယ်။

(၅) စိတ်ကြည်လင်အောင်နေပါ

စိတ်ညစ်နွမ်းနေရင် ကိုယ့်အနားမှာ negative energy တွေခြုံလွှမ်းနေပြီး ငွေကြေးကံမှမဟုတ်၊ ဘယ်ကံမှကောင်းမှာမဟုတ်ပါဘူး။ ဒါကြောင့် တတ်နိုင်သလောက်စိတ်ကြည်လင်အောင်နေပါ။

စိတ်ကြည်လင်နေတဲ့အခါ positive energy တွေလွှမ်းခြုံနေမယ်၊ အတွေးကောင်းလေးတွေတွေးမယ်၊ အဲဒါကြောင့် ဆုံးဖြတ်ချက်တွေမှန်မယ်၊

ကောင်းတဲ့ကံတွေဖြစ်လာပါလိမ့်မယ် ဒါကြောင့် ဘယ်လိုအကြောင်းရင်းကြောင့်မှ စိတ်မညစ်ပါစေနဲ့၊ ကိုယ့်ကိုယ်ကိုအကြည်ဓာတ်လေးရအောင် ကြိုးစားပြီးနေပါ

Hits: 376

အိမ္မက္ အေၾကာင္း တစ္ေစ့တစ္ေစာင္း

Zawgyi

အိပ္မက္ကို လူတိုင္းမက္ဖူးၾကသည္ သို႔ေသာ္ မိမိတို႔ အိပ္မက္၏ေကာင္းက်ိဳး ဆိုး က်ိဳးကို ၾကိဳတင္၍ သတိမထားသည့္အတြက္ အကိ်ဳးခံစားသင့္ေသာ အရာ မ်ားလြဲေခ်ာ္သြားသည္လည္း ရွိေပသည္။

မေကာင္းက်ိဳးကို မခံစားရမီ ၾကိဳတင္၍ နိမိတ္အေနအထားအားျဖင့္ အိပ္မက္ျမင္မက္သည္ျဖစ္လ်က္ မိမိတို႔၏ အိပ္မက္ကို သတိမမူ၍ ျဖစ္ေစ၊ အဓိပၸာယ္ကို နားမလည္၍ျဖစ္ေစ အမႈမဲ့ အမွတ္မဲ့ေနသည့္အတြက္ ဒုကၡမေတြ႔သင့္ပဲႏွင့္ ေတြ႔ရတတ္သည္။

ဓာတ္ေလေခ်ာက္ခ်ား၍ ျမင္မက္ျခင္းသည္လည္း ရွိတတ္၏ ထိုအိပ္မက္ကို အမွန္မယူႏုိင္ပါ။အကယ္၍ ပုဗၺနိမိတ္အျဖစ္ျဖင့္ ျမင္မက္သည္ဟု ယူဆမိလွ်င္ မိမိျမင္မက္ေသာ အိပ္မက္၏ ေကာင္းက်ိဳး ဆိုးျပစ္ကို ေဝဖန္တတ္သူကို ရွာ၍ ထိုသူအား ေျပာျပရမည္။

သို႔မဟုတ္ အိပ္မက္ဆိုင္ရာ က်မ္းစာအုပ္ တို႔ကုိ ဖတ္၍ ေဝဖန္ေကာက္ခ်က္ခ်ျပီးလွ်င္ ေကာင္းက်ိဳးေပးမည့္အိပ္မက္ျဖစ္က ေပး ရန္ အခ်ိန္ကာလကို ေစာင့္ဆိုင္းလ်က္အထူး သတိႏွင့္ ေနရမည္။

ဆုိးက်ိဳးေပးမည့္ အိပ္မက္ျဖစ္က ထိုေပးလတၱံ႔ေသာ အကိ်ဳးကို မေပးရန္ အေဟာသိ ကံ ျဖစ္သြားေအာင္ ရတနာသံုးပါး၊ ဆရာသမား၊ ဘိုးဘြားမိဘတို႔ကိုကိုုးကြယ္ ဆည္းကပ္၍ ယၾတာမ်ားဆင္ရေပမည္။

ဤသို႔ ညႊန္ျပအပ္သည့္အတိုင္း အိပ္မက္ျမင္မက္တိုင္း ဂရုျပဳရန္ သတိရွိၾကေစလိုသည္ ဤသို႔ က်မ္း အေစာင္ေစာင္တို႔ အဆိုမတူညီၾကေသာ္လည္း အိပ္မက္မေကာင္း ထင္ျမင္လ်က္

မက္သည့္အခ်ိန္အခါ ေန႔၌ မက္ေသာ အိပ္မက္ျဖစ္ေစ ‘ယၾတာေကာင္းက မင္းေလာင္းေပ်ာ္က’ ဆိုသကဲ့သို႔ ေဆးရွစ္ပါးျဖင့္ ေခါင္းေ ဆးျခင္းကိုလည္းေကာင္း၊ ဘုရားပုထို္းရွိခိုးျခင္း၊ နံ႔သာပန္းတို႔ျဖင့္ သက္ေစ့ပူေဇာ္ျခင္း၊

ၾတိရန္း, စတုန္ရန္း, နံ႔သင့္သစ္သား တို႔ကို ေအာက္ ခံျပဳ၍ ေခါင္းေဆးျခင္းကိုလည္းေကာင္း ဤသို႔ စေသာ ေလာက ဓမၼယၾတာ ကို ျပဳျခင္းေၾကာင့္ လြန္သည္မရွိ ကင္းေပ်ာက္ကုန္၏။

“ငါ့အား အ,ကုသိုလ္ ကံအက်ိဳးေပးလို၍ မေကာင္းေသာအိပ္မက္ စသည္တို႔ ျမင္လာကုန္သည္ ကုသိုလ္ကံအက်ိဳးေပးလို၍ ေကာင္းေသာ အိပ္မက္ စသည္တို႔ ျမင္လာ ကုန္သည္။

ဤသို႔ ပုဗၺနိမိတ္အျဖစ္ျဖင့္ ကံကို အရင္းထား၍ ယံုၾကည္ရ မည္”ဟု ပညာရွိတို႔ မိန္႔ေတာ္မူၾက၏။

ထို႔ေၾကာင့္ အိပ္မက္မ်ားအားကံကို အရင္းထား၍ ယံုၾကည္ၾကသည္ရွိေသာအခါေကာင္းက်ိဳးနိမိတ္မ်ားျဖစ္ပါကကိုယ္တိုင္သာခံစားရေပမည္။

အိပ္မက္ျခင္း ေျခာက္ပါး

ျမင္ဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။

ၾကားဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။

ခံစားဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။

ၾကံဳဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။

ျဖစ္ဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။

ဓာတ္ေခ်ာက္ခ်ား၍မက္မူ အက်ိဳးအျပစ္မရွိ။

အိပ္မက္ေသာ အခါငါးပါး

ေန႔အခါမက္မူ အက်ိဳးအျပစ္မေပး။

ပထမယံမက္မူ အက်ိဳးအျပစ္မေပး။

သန္းေခါင္ယံမက္မူ အက်ိုဳးအျပစ္ေပးအံ့။

မိုးေသာက္ယံမက္မူ အက်ိဳးအျပစ္ေပးအံ့။

အ႐ုဏ္တက္ မက္မူ အက်ိဳးအျပစ္ေပးအံ့။

ညဘက္အိပ္မက္ေသာ အခါငါးပါး

ပထမယံမက္မူ တစ္ႏွစ္အတြင္း အက်ိဳးေပးအံ့။

ဒုတိယံမက္မူ ေျခာက္လအတြင္း အက်ိဳးအျပစ္ေပးအံ့။

တတိယံမက္မူ သံုးလအတြင္း အက်ိဳးအျပစ္ေပးအံ့။

စတုတၳယံမက္မူ ဆယ္ရက္အတြင္း အက်ိဳးအျပစ္ေပးအံ့။

အ႐ုဏ္တက္ မက္မူ ဆယ္ရက္အတြင္း အက်ိဳးအျပစ္ေပးအံ့။

အိပ္မက္ေသာ ေန႔အလိုက္

တနဂၤေႏြမက္မူ မယားအတြက္ မက္သည္။

တနလၤာေန႔မက္မူ ေဆြမ်ိဳးအတြက္ မက္သည္။

အဂၤါေန႔မက္မူ မိဘ၊ ဆရာသမားအတြက္ မက္သည္။

ဗုဒၶဟူးေန႔မက္မူ သားသမီးအတြက္ မက္သည္။

ၾကာသပေတးေန႔မက္မူ အေဆြခင္ပြန္းအတြက္ မက္သည္။

ေသာၾကာေန႔မက္မူ ကၽြန္၊ ကၽြဲ၊ ႏြားအတြက္ မက္သည္။

စေနေန႔မက္မူ ကို္ယ့္အတြက္ မက္သည္။

အိပ္မက္မေကာင္း ေပ်ာက္ေအာင္ ကုနည္း

အိပ္မက္ေကာင္းသည္ ျဖစ္ေစ၊ မေကာင္းသည္ျဖစ္ေစ နံနက္အခါ ေျမာ္ျမင္တတ္သူထံ ျပန္ၾကားရာ၏။

အိပ္မက္ေကာင္းမူဘုရားကို မီးပူေဇာ္၍ အိပ္မက္ကို ေရြးရာ၏။ အသက္ရွည္၍ ဘုန္းႀကီးၿပီး စည္းစိမ္ဥစၥာႏွင့္ ျပည့္စံုလိုပါ၏ဟုဆုေတာင္းရာ၏။

အိပ္မက္ေကာင္းမက္မူ ဆရာသမားတို႔ကို ပူေဇာ္၍ ျပန္ၾကားရာ၏။မေကာင္းမက္မူ ထမင္းတစ္ဆုပ္၊ ေရတစ္မႈတ္ႏွင့္ သစ္ငုတ္တိုတြင္ တင္ခဲ့၍ေကာင္းေသာအရသာ တစ္ပါးပါးစား၍ ျပန္ရာ၏။

အိပ္မက္မေကာင္းေသာ သူသည္ ပရိတ္ေတာ္ေရ ခံ၍ ေခါင္းေဆးရာ၏။ သစ္ငုတ္၊ ေရခ်မ္း၊ ထီး၊ တံခြန္၊ ပန္းတုိ႔ျဖင့္ ဘုရားပုထိုးကို ပူေဇာ္ရာ၏ ေဗာဓိေညာင္ကို ေထာက္ရာ၏။

အိပ္မက္မေကာင္းလွ်င္ ယၾတာျပဳျခင္း

အကၤုရ ရေသ့ တိတံၳဳက်မ္း၌ မေကာင္းေသာအိပ္မက္တို႔ကို ျမင္မက္ခဲ့လွ်င္ ရတနာသံုးပါး မိဘ, ဆရာသမားတို႔အား ပူေဇာ္ကန္ေတာ့ျခင္း၊ ဥပုသ္သီလေဆာက္တည္ရသည္ ။

Unicode

အိမ်မက် အကြောင်း တစ်စေ့တစ်စောင်း

အိပ်မက်ကို လူတိုင်းမက်ဖူးကြသည် သို့သော် မိမိတို့ အိပ်မက်၏ကောင်းကျိုး ဆိုး ကျိုးကို ကြိုတင်၍ သတိမထားသည့်အတွက် အကျိုးခံစားသင့်သော အရာ များလွဲချော်သွားသည်လည်း ရှိပေသည်။

မကောင်းကျိုးကို မခံစားရမီ ကြိုတင်၍ နိမိတ်အနေအထားအားဖြင့် အိပ်မက်မြင်မက်သည်ဖြစ်လျက် မိမိတို့၏ အိပ်မက်ကို သတိမမူ၍ ဖြစ်စေ၊ အဓိပ္ပာယ်ကို နားမလည်၍ဖြစ်စေ အမှုမဲ့ အမှတ်မဲ့နေသည့်အတွက် ဒုက္ခမတွေ့သင့်ပဲနှင့် တွေ့ရတတ်သည်။

ဓာတ်လေချောက်ချား၍ မြင်မက်ခြင်းသည်လည်း ရှိတတ်၏ ထိုအိပ်မက်ကို အမှန်မယူနိုင်ပါ။အကယ်၍ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် မြင်မက်သည်ဟု ယူဆမိလျှင် မိမိမြင်မက်သော အိပ်မက်၏ ကောင်းကျိုး ဆိုးပြစ်ကို ဝေဖန်တတ်သူကို ရှာ၍ ထိုသူအား ပြောပြရမည်။

သို့မဟုတ် အိပ်မက်ဆိုင်ရာ ကျမ်းစာအုပ် တို့ကို ဖတ်၍ ဝေဖန်ကောက်ချက်ချပြီးလျှင် ကောင်းကျိုးပေးမည့်အိပ်မက်ဖြစ်က ပေး ရန် အချိန်ကာလကို စောင့်ဆိုင်းလျက်အထူး သတိနှင့် နေရမည်။

ဆိုးကျိုးပေးမည့် အိပ်မက်ဖြစ်က ထိုပေးလတ္တံ့သော အကျိုးကို မပေးရန် အဟောသိ ကံ ဖြစ်သွားအောင် ရတနာသုံးပါး၊ ဆရာသမား၊ ဘိုးဘွားမိဘတို့ကိုကိုုးကွယ် ဆည်းကပ်၍ ယတြာများဆင်ရပေမည်။

ဤသို့ ညွှန်ပြအပ်သည့်အတိုင်း အိပ်မက်မြင်မက်တိုင်း ဂရုပြုရန် သတိရှိကြစေလိုသည် ဤသို့ ကျမ်း အစောင်စောင်တို့ အဆိုမတူညီကြသော်လည်း အိပ်မက်မကောင်း ထင်မြင်လျက်

မက်သည့်အချိန်အခါ နေ့၌ မက်သော အိပ်မက်ဖြစ်စေ ‘ယတြာကောင်းက မင်းလောင်းပျော်က’ ဆိုသကဲ့သို့ ဆေးရှစ်ပါးဖြင့် ခေါင်းေ ဆးခြင်းကိုလည်းကောင်း၊ ဘုရားပုထိုးရှိခိုးခြင်း၊ နံ့သာပန်းတို့ဖြင့် သက်စေ့ပူဇော်ခြင်း၊

တြိရန်း, စတုန်ရန်း, နံ့သင့်သစ်သား တို့ကို အောက် ခံပြု၍ ခေါင်းဆေးခြင်းကိုလည်းကောင်း ဤသို့ စသော လောက ဓမ္မယတြာ ကို ပြုခြင်းကြောင့် လွန်သည်မရှိ ကင်းပျောက်ကုန်၏။

“ငါ့အား အ,ကုသိုလ် ကံအကျိုးပေးလို၍ မကောင်းသောအိပ်မက် စသည်တို့ မြင်လာကုန်သည် ကုသိုလ်ကံအကျိုးပေးလို၍ ကောင်းသော အိပ်မက် စသည်တို့ မြင်လာ ကုန်သည်။

ဤသို့ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် ကံကို အရင်းထား၍ ယုံကြည်ရ မည်”ဟု ပညာရှိတို့ မိန့်တော်မူကြ၏။

ထို့ကြောင့် အိပ်မက်များအားကံကို အရင်းထား၍ ယုံကြည်ကြသည်ရှိသောအခါကောင်းကျိုးနိမိတ်များဖြစ်ပါကကိုယ်တိုင်သာခံစားရပေမည်။

အိပ်မက်ခြင်း ခြောက်ပါး

မြင်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

ကြားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

ခံစားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

ကြုံဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

ဖြစ်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

ဓာတ်ချောက်ချား၍မက်မူ အကျိုးအပြစ်မရှိ။

အိပ်မက်သော အခါငါးပါး

နေ့အခါမက်မူ အကျိုးအပြစ်မပေး။

ပထမယံမက်မူ အကျိုးအပြစ်မပေး။

သန်းခေါင်ယံမက်မူ အကျိုုးအပြစ်ပေးအံ့။

မိုးသောက်ယံမက်မူ အကျိုးအပြစ်ပေးအံ့။

အရုဏ်တက် မက်မူ အကျိုးအပြစ်ပေးအံ့။

ညဘက်အိပ်မက်သော အခါငါးပါး

ပထမယံမက်မူ တစ်နှစ်အတွင်း အကျိုးပေးအံ့။

ဒုတိယံမက်မူ ခြောက်လအတွင်း အကျိုးအပြစ်ပေးအံ့။

တတိယံမက်မူ သုံးလအတွင်း အကျိုးအပြစ်ပေးအံ့။

စတုတ္ထယံမက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။

အရုဏ်တက် မက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော နေ့အလိုက်

တနင်္ဂနွေမက်မူ မယားအတွက် မက်သည်။

တနင်္လာနေ့မက်မူ ဆွေမျိုးအတွက် မက်သည်။

အင်္ဂါနေ့မက်မူ မိဘ၊ ဆရာသမားအတွက် မက်သည်။

ဗုဒ္ဓဟူးနေ့မက်မူ သားသမီးအတွက် မက်သည်။

ကြာသပတေးနေ့မက်မူ အဆွေခင်ပွန်းအတွက် မက်သည်။

သောကြာနေ့မက်မူ ကျွန်၊ ကျွဲ၊ နွားအတွက် မက်သည်။

စနေနေ့မက်မူ ကိုယ့်အတွက် မက်သည်။

အိပ်မက်မကောင်း ပျောက်အောင် ကုနည်း

အိပ်မက်ကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နံနက်အခါ မြော်မြင်တတ်သူထံ ပြန်ကြားရာ၏။

အိပ်မက်ကောင်းမူဘုရားကို မီးပူဇော်၍ အိပ်မက်ကို ရွေးရာ၏။ အသက်ရှည်၍ ဘုန်းကြီးပြီး စည်းစိမ်ဥစ္စာနှင့် ပြည့်စုံလိုပါ၏ဟုဆုတောင်းရာ၏။

အိပ်မက်ကောင်းမက်မူ ဆရာသမားတို့ကို ပူဇော်၍ ပြန်ကြားရာ၏။မကောင်းမက်မူ ထမင်းတစ်ဆုပ်၊ ရေတစ်မှုတ်နှင့် သစ်ငုတ်တိုတွင် တင်ခဲ့၍ကောင်းသောအရသာ တစ်ပါးပါးစား၍ ပြန်ရာ၏။

အိပ်မက်မကောင်းသော သူသည် ပရိတ်တော်ရေ ခံ၍ ခေါင်းဆေးရာ၏။ သစ်ငုတ်၊ ရေချမ်း၊ ထီး၊ တံခွန်၊ ပန်းတို့ဖြင့် ဘုရားပုထိုးကို ပူဇော်ရာ၏ ဗောဓိညောင်ကို ထောက်ရာ၏။

အိပ်မက်မကောင်းလျှင် ယတြာပြုခြင်း

အင်္ကုရ ရသေ့ တိတ္ထံုကျမ်း၌ မကောင်းသောအိပ်မက်တို့ကို မြင်မက်ခဲ့လျှင် ရတနာသုံးပါး မိဘ, ဆရာသမားတို့အား ပူဇော်ကန်တော့ခြင်း၊ ဥပုသ်သီလဆောက်တည်ရသည် ။

Hits: 291

ေန႕နံအလိုက္ မတူညီျကတဲ့ အသြင္အျပင္နဲ႕ အမူအက်င့္မ်ား

Zawgyi

လူေတာ္ေတာ္မ်ားမ်ားက တစ္ေယာက္ေယာက္ကို ေတြ႕တဲ့အခါ စကားမ်ားလုိက္တာ ေသာၾကာလား၊ ေဒါသၾကီးတယ္ စေနလား စသျဖင့္ ေမးတတ္ၾကပါတယ္။

အဲ့ဒီလို အသြင္အျပင္၊ အမူအက်င့္ေလးေတြကိုၾကည့္ျပီး ကိုယ္ေမြးတဲ့ေန႕ကို တကယ္ခန္႕မွန္းလို႕ရနိုင္သလား ဆိုတာ ေသခ်ာသိရေအာင္ ေမြးတဲ့ေန႕နံအလိုက္ ရွိေနၾကတဲ့ အသြင္အျပင္နဲ႕ အမူအက်င့္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

1 ~ တနဂၤေႏြ ေန႔ဖြား

ကံေကာင္းတဲ့သူေလးေတြ၊ လူေတြအလယ္ ထင္ရွားေနတတ္တဲ့သူေလးေတြကေတာ့ တနဂၤေႏြသားသမီးေလးေတြပါ။

ဖန္တီးနိုင္စြမ္း အရမ္းေကာင္းတယ္၊ အသင္းအဖြဲ႕တစ္ခုရဲ႕ ဦးေဆာင္သူတစ္ေယာက္၊ ေခါင္းေဆာင္ေကာငး္တစ္ေယာက္လည္းျဖစ္ျပီး လမ္းမွားေရာက္ေနတဲ့သူေတြကိို လမ္းမွန္ေရာက္ေအာင္ ျပန္ျပီးတြန္းပို႕ေပးနိုင္တဲ့ သူေလးေတြလည္း ျဖစ္ပါတယ္ ။

2 ~ တနလၤာ ေန႔ဖြား

တနလၤာေန႕မွာ ေမြးတဲ့သူေလးေတြက ၾကင္နာတတ္တယ္၊ လူၾကီးဆန္တယ္၊ ရုပ္ရည္သြင္ျပင္က ဘာမွေထြေထြထူးထူးျပင္ဆင္မထားတာေတာင္ ဆြဲေဆာင္မႈရွိေနတဲ့သူေလးေတြေပါ့။

တည္ျငိမ္ျပီး လူၾကီးဆန္တဲ့ ၊ ေႏြးေထြးတဲ့ တနလၤာသားသမီးေလးေတြဟာ ဘယ္ပဲသြားသြား လူခ်စ္လူခင္လည္းမ်ားတဲ့သူေလးေတြျဖစ္ပါတယ္္။

3 ~ အဂၤါ ေန႔ဖြား

ရဲရင့္ျပီး ေၾကာက္စိတ္မရွိတဲ့၊ စိတ္မရွည္တတ္တဲ့၊ တဲ့တိုးစကားေတြပဲေျပာတတ္တဲ့၊ အျမဲလိုလို တက္ၾကြျပီး အရာရာကိုရင္ဆိုင္နိုင္တဲ့သူေလးေတြပါ။

သူတို႕ကိုၾကည့္လိုက္ရင္ ေအးေအးေဆးေဆးနဲ႕ ဘာကိုမွ ဂရုမစိုက္တတ္တဲ့ပံုစံမ်ိဳးျဖစ္ပါတယ္။

4 ~ ဗုဒၶဟူး ေန႔ဖြား

ေပါင္းသင္းဆက္ဆံေရး အရမ္းေကာင္းျပီး လူတုိင္းနဲ႕ တည့္ေအာင္ေပါင္းနိုင္တဲ့သူ၊ သူငယ္ခ်င္းေတြအေပၚမွာ စိတ္ရွည္ျပီး ကိုယ္ခ်င္းစာစိတ္အျပည့္ရွိတဲ့သူ ။

ကိုယ့္စိတ္ထဲမွာ ရွိတဲ့အတိုင္း ေနတတ္တဲ့သူေလးေတြကေတာ့ ဗုဒၶဟူးေန႕မွာ ေမြးတဲ့သူေလးေတြပါ။

5 ~ ၾကာသပေတး ေန႔ဖြား

ၾကာသပေတးေန႕မွာ ေမြးတဲ့သူေလးေတြက ေပ်ာ္ေပ်ာ္ေနတတ္တယ္၊ ပူပင္ေသာကေတြကို ေခါင္းထဲသိပ္မထည့္တတ္ဘူး၊ တစ္ေယာက္တည္းေနရတာထက္ သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႕ သိုက္သိုက္၀န္း၀န္း ေနရတာ ပိုၾကိဳက္တဲ့သူေတြျဖစ္ပါတယ္။

ကိုယ္ေရာက္ေနတဲ့ေနရာမွာ ရပ္တန္႕မေနဘဲ အျမဲတမ္းတိုးတက္ေအာင္ ၾကိဳးစားခ်င္စိတ္ ရွိၾကသူေလးေတြပါ။

6 ~ ေသာၾကာ ေန႔ဖြား

ေသာၾကာေတြက ခ်စ္တတ္တယ္၊ မွ်ေ၀တတ္တယ္၊ အလွအပအရမ္းၾကိဳက္တယ္၊ စိတ္ကူးယဥ္ဆန္တယ္၊ အထက္တန္းက်တဲ့ ပံုစံမ်ိဳးေနခ်င္တယ္၊ စိတ္ခ်မ္းသာဖို႕ ဦးစားေပးတတ္တယ္။

အနုပညာအျမင္ ရွိျပီး လူခ်စ္လူခင္မ်ားတဲ့သူေလးေတြ၊ အတၱၾကီးတဲ့ တစ္ကိိုယ္ေကာင္းသမားေတြကိုေတာင္ ေျပာင္းလဲလာေအာင္ လုပ္နိုင္စြမ္းရွိတဲ့သူေတြဆိုလည္း မမွားပါဘူး။

7 ~ စေန ေန႔ဖြား

စေနေန႕မွာေမြးတဲ့သူေတြက လြတ္လပ္မႈကိုျမတ္နိုးတယ္၊ အဆင္မေျပမႈေတြၾကံဳလာရင္လည္း ခဏပဲ၊ ျပန္အဆင္ေျပသြားတယ္၊ အပင္စိုက္ရတာကို သေဘာက်တယ္၊

သူမ်ားထက္ ေအာက္က်ေနာက္က်နိုင္တဲ့ ဘ၀မ်ိဳးမလိုခ်င္လို႕ အျမဲလိုလို ၾကိဳးစားေနတတ္ၾကတယ္၊ ပညာေလ့လာဆည္းပူးတဲ့ေနရာမွာ စိတ္အားထက္သန္တဲ့သူေလးေတြ ဘ၀ ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းေနတဲ့သူေတြပါ။

Unicode

နေ့နံအလိုက် မတူညီကြတဲ့ အသွင်အပြင်နဲ့ အမူအကျင့်များ

လူတော်တော်များများက တစ်ယောက်ယောက်ကို တွေ့တဲ့အခါ စကားများလိုက်တာ သောကြာလား၊ ဒေါသကြီးတယ် စနေလား စသဖြင့် မေးတတ်ကြပါတယ်။

အဲ့ဒီလို အသွင်အပြင်၊ အမူအကျင့်လေးတွေကိုကြည့်ပြီး ကိုယ်မွေးတဲ့နေ့ကို တကယ်ခန့်မှန်းလို့ရနိုင်သလား ဆိုတာ သေချာသိရအောင် မွေးတဲ့နေ့နံအလိုက် ရှိနေကြတဲ့ အသွင်အပြင်နဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

1 ~ တနင်္ဂနွေ နေ့ဖွား

ကံကောင်းတဲ့သူလေးတွေ၊ လူတွေအလယ် ထင်ရှားနေတတ်တဲ့သူလေးတွေကတော့ တနင်္ဂနွေသားသမီးလေးတွေပါ။

ဖန်တီးနိုင်စွမ်း အရမ်းကောင်းတယ်၊ အသင်းအဖွဲ့တစ်ခုရဲ့ ဦးဆောင်သူတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်လည်းဖြစ်ပြီး လမ်းမှားရောက်နေတဲ့သူတွေကို လမ်းမှန်ရောက်အောင် ပြန်ပြီးတွန်းပို့ပေးနိုင်တဲ့ သူလေးတွေလည်း ဖြစ်ပါတယ် ။

2 ~ တနင်္လာ နေ့ဖွား

တနင်္လာနေ့မှာ မွေးတဲ့သူလေးတွေက ကြင်နာတတ်တယ်၊ လူကြီးဆန်တယ်၊ ရုပ်ရည်သွင်ပြင်က ဘာမှထွေထွေထူးထူးပြင်ဆင်မထားတာတောင် ဆွဲဆောင်မှုရှိနေတဲ့သူလေးတွေပေါ့။

တည်ငြိမ်ပြီး လူကြီးဆန်တဲ့ ၊ နွေးထွေးတဲ့ တနင်္လာသားသမီးလေးတွေဟာ ဘယ်ပဲသွားသွား လူချစ်လူခင်လည်းများတဲ့သူလေးတွေဖြစ်ပါတယ်။

3 ~ အင်္ဂါ နေ့ဖွား

ရဲရင့်ပြီး ကြောက်စိတ်မရှိတဲ့၊ စိတ်မရှည်တတ်တဲ့၊ တဲ့တိုးစကားတွေပဲပြောတတ်တဲ့၊ အမြဲလိုလို တက်ကြွပြီး အရာရာကိုရင်ဆိုင်နိုင်တဲ့သူလေးတွေပါ။

သူတို့ကိုကြည့်လိုက်ရင် အေးအေးဆေးဆေးနဲ့ ဘာကိုမှ ဂရုမစိုက်တတ်တဲ့ပုံစံမျိုးဖြစ်ပါတယ်။

4 ~ ဗုဒ္ဓဟူး နေ့ဖွား

ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းပြီး လူတိုင်းနဲ့ တည့်အောင်ပေါင်းနိုင်တဲ့သူ၊ သူငယ်ချင်းတွေအပေါ်မှာ စိတ်ရှည်ပြီး ကိုယ်ချင်းစာစိတ်အပြည့်ရှိတဲ့သူ ။

ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း နေတတ်တဲ့သူလေးတွေကတော့ ဗုဒ္ဓဟူးနေ့မှာ မွေးတဲ့သူလေးတွေပါ။

5 ~ ကြာသပတေး နေ့ဖွား

ကြာသပတေးနေ့မှာ မွေးတဲ့သူလေးတွေက ပျော်ပျော်နေတတ်တယ်၊ ပူပင်သောကတွေကို ခေါင်းထဲသိပ်မထည့်တတ်ဘူး၊ တစ်ယောက်တည်းနေရတာထက် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေရတာ ပိုကြိုက်တဲ့သူတွေဖြစ်ပါတယ်။

ကိုယ်ရောက်နေတဲ့နေရာမှာ ရပ်တန့်မနေဘဲ အမြဲတမ်းတိုးတက်အောင် ကြိုးစားချင်စိတ် ရှိကြသူလေးတွေပါ။

6 ~ သောကြာ နေ့ဖွား

သောကြာတွေက ချစ်တတ်တယ်၊ မျှဝေတတ်တယ်၊ အလှအပအရမ်းကြိုက်တယ်၊ စိတ်ကူးယဉ်ဆန်တယ်၊ အထက်တန်းကျတဲ့ ပုံစံမျိုးနေချင်တယ်၊ စိတ်ချမ်းသာဖို့ ဦးစားပေးတတ်တယ်။

အနုပညာအမြင် ရှိပြီး လူချစ်လူခင်များတဲ့သူလေးတွေ၊ အတ္တကြီးတဲ့ တစ်ကိုယ်ကောင်းသမားတွေကိုတောင် ပြောင်းလဲလာအောင် လုပ်နိုင်စွမ်းရှိတဲ့သူတွေဆိုလည်း မမှားပါဘူး။

7 ~ စနေ နေ့ဖွား

စနေနေ့မှာမွေးတဲ့သူတွေက လွတ်လပ်မှုကိုမြတ်နိုးတယ်၊ အဆင်မပြေမှုတွေကြုံလာရင်လည်း ခဏပဲ၊ ပြန်အဆင်ပြေသွားတယ်၊ အပင်စိုက်ရတာကို သဘောကျတယ်၊

သူများထက် အောက်ကျနောက်ကျနိုင်တဲ့ ဘဝမျိုးမလိုချင်လို့ အမြဲလိုလို ကြိုးစားနေတတ်ကြတယ်၊ ပညာလေ့လာဆည်းပူးတဲ့နေရာမှာ စိတ်အားထက်သန်တဲ့သူလေးတွေ ဘ၀ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့သူတွေပါ။

Hits: 244

ရဟန္းေတာ္ေပါင္း ၂ သိန္းေက်ာ္ရ႕ဲ ရုပ္အေလာင္းကို ျမဳပ္ႏွံထားတ့ဲ သခၤ်ိဳင္း

Zawgyi

သခၤ်ိဳင္းကေတာ့ ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕ရဲ႕ေတာင္ပိုင္းက ဝါကာယမစီရင္စုထဲမွာ တည္ရွိတဲ့ အိုကူနိုအင္ (Okunoin) သခၤ်ိဳင္းျဖစ္ပါတယ္။

Koya ၿမိဳ႕အနီး ေတာင္ေပၚက ေတာအုပ္ထဲမွာ ရွိေနၿပီး ဒီေနရာမွာ ဘုရားေက်ာင္းေတြအျဖစ္ စတင္တည္ေထာင္ခဲ့သူကေတာ့ ရွင္ဂြန္ဗုဒၶဘာသာ တည္ေထာင္သူ ဘုန္းေတာ္ႀကီး ကိုဗိုဒါရွီ ျဖစ္ပါတယ္။

ဘုန္းေတာ္ႀကီး ကိုဗိုဒါရွီဟာ Koyasan နယ္ေျမကို ရွင္ဂြန္းဗုဒၶဘာသာ စတင္ခဲ့ရာေနရာအျဖစ္ ေအဒီ ၈၁၆ခုႏွစ္ကတည္းက စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္ အဲဒီေနရာမွာ ေရွးေဟာင္း ဘုရားေက်ာင္းေဆာင္ေပါင္း ၁၂၀ ခန႔္ရွိေနပါတယ္ ။

ေအဒီ ၈၃၅ မွာ ပ်ံလြန္ေတာ္မႈခဲ့တဲ့ ဘုန္းေတာ္ႀကီး ကိုဗိုဒါရွီက စလို႔ အစဥ္အဆက္ ဘုန္းေတာ္ႀကီးေတြ ျမဳပ္ႏွံခဲ့ရာ အိုကူနိုအင္ သခၤ်ိဳင္းဟာ ဂ်ပန္နိုင္ငံရဲ႕ ေရွးအက်ဆဳံး နဲ႕ အႀကီးဆုံး သခၤ်ိဳင္းလည္း ျဖစ္ပါတယ္။

ဒီသခၤ်ိဳင္းမွာ ရဟန္းေတာ္ေပါင္း ၂ သိန္းေက်ာ္ကို ျမဳပ္ႏွံထားၿပီး ဘယ္ေလာက္ႀကီးသလဲဆိုရင္ သခၤ်ိဳင္းေလွ်ာက္လမ္းရဲ႕ အရွည္တင္ ၂ကီလိုမီတာ ေက်ာ္ေက်ာ္ရွိေနပါတယ္။

တိတ္ဆိတ္လွတဲ့ ဒီေနရာဟာ သက္တမ္းရာခ်ီေနၿပီျဖစ္တဲ့ သစ္ကတိုးပင္ေတြၾကားထဲမွာ ရွိေနတာေၾကာင့္ ၿငိမ္းခ်မ္းဖြယ္ရွိေပမယ့္ ။

မ်က္စိတဆုံး ထိုးထိုးေထာင္ေထာင္ျဖစ္ေနတဲ့ သခၤ်ိဳင္း ကဗၸည္းေက်ာက္တိုင္ေတြ၊ ႐ုပ္တုေတြေၾကာင့္ အနည္းငယ္ ထိတ္လန႔္စရာ ေတာ့ေကာင္းပါတယ္။

ေလွ်ာက္လမ္းရဲ႕ အဆုံးမွာေတာ့ ဘုန္းေတာ္ႀကီး ကိုဗိုဒါရွီ ရဲ႕ ဂူဗိမာန္ရွိေနပါတယ္ ရွင္ဂြန္ဘာသာရဲ႕ အယူအဆအရ ဘုန္းေတာ္ႀကီး ကိုဗိုဒါရွီ နဲ႕ အတူ ဘုန္းေတာ္ႀကီးေပါင္းမ်ားစြာဟာ ေသဆုံးသြားျခင္းမဟုတ္ပဲ ။

ေနာင္ပြင့္မယ့္ အရိေမတၱယ်ဘဳရားကို တရားအားထုတ္ရင္း ေစာင့္ေမွ်ာ္ေနတယ္လို႔ ယုံၾကည္ၾကပါတယ္။

ဘုန္းေတာ္ႀကီး ကိုဗိုဒါရွီ ရဲ႕ ဂူဗိမာန္ေရွ႕မွာေတာ့ Torodo ဆိုတဲ့ ခန္းမတစ္ခု ရွိေနပါတယ္ အဲဒီခန္းမထဲမွာေတာ့ အလႉရွင္ေတြလႉဒါန္းထားတဲ့ မီးအိမ္ေပါင္း ၁ေသာင္းေက်ာ္ ရွိေနပါတယ္။

မီးအိမ္ေတြကို ေန႕ညမျပတ္ထြန္းထားတာျဖစ္ၿပီး ဒီအထဲက မီးအိမ္ ၂ ခု ဆိုရင္ ဆက္တိုက္ထြန္းညွိခဲ့တာ ေအဒီ ၁၁ရာစုကတည္းကလို႔ အစဥ္အဆက္ေျပာဆိုေလ့ ရွိၾကပါတယ္။

ဒီသခၤ်ိဳင္းကို သြားေရာက္လည္ပတ္မယ္ဆိုရင္ သခၤ်ိဳင္းရဲ႕အဝမွာရွိတဲ့ Ichinohashi တံတားကို မျဖတ္ခင္ အရိုအေသေပးတဲ့ အေနနဲ႕ ဦးၫႊတ္ရမွာျဖစ္ပါတယ္။

အဲဒီေနာက္ေတာ့ အရွည္ ၂ကီလိုမီတာ ရွည္တဲ့ ေလွ်ာက္လမ္းကေန သခၤ်ိဳင္းကို ျဖတ္ရမွာျဖစ္ၿပီး မ်ားျပားလြန္းတဲ့ သခၤ်ိဳင္းဂူေတြကို ပုံစံအမ်ိဳးမ်ိဳးနဲ႕ ေတြ႕ရမွာ ျဖစ္ပါတယ္။

လူစည္ကားတဲ့ေနရာျဖစ္ေပမယ့္ ဆူညံမႈကို တားျမစ္ထားတာေၾကာင့္ ေက်းငွက္ျမည္သံေတြကိုပဲ ၾကားရမွာပါ။

ေလွ်ာက္လမ္းရဲ႕အဆုံးမွာေတာ့ ဘုန္းေတာ္ႀကီး ကိုဗိုဒါရွီ ရဲ႕ ဂူဗိမာန္ ကို မဝင္ခင္ Gobyobashi ဆိုတဲ့ တံတားေနာက္ထပ္ တစ္စင္းရွိေနပါေသးတယ္။

ယင္းတံတားကို မျဖတ္မီမွာ အဲဒီမွာရွိတဲ့ ဗုဒၶဆင္းတုေတြကို ေရသပၸါယ္ရပါတယ္ ဒါမွသာ ဂူဗိမာန္ထဲကို ဝင္ေရာက္နိုင္မွာပါ အဲဒီေနရာမွာေတာ အစားအစာ ေရ တို႔ကို ယူေဆာင္လာျခင္း ဓာတ္ပုံရိုက္ျခင္းေတြကို တားျမစ္ထားပါတယ္။

ဂူဗိမာန္အတြင္းမွာေတာ့ ရွင္ဂြန္ဗုဒၶဘာသာဆိုင္ရာ ႐ုပ္တုေတြရွိေနပါတယ္ ဒီ အိုကူနိုအင္ သခၤ်ိဳင္းဟာ Kii Mountain ထဲက ကမာၻ႔အေမြအႏွစ္ေနရာအျဖစ္ သတ္မွတ္ခံထားတဲ့ ေနရာေတြထဲမွာ တစ္ခုအပါအဝင္လည္းျဖစ္ပါတယ္။

သခၤ်ိဳင္းတစ္ခုျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ လာေရာက္လည္ပတ္သူခရီးသြားေတြ၊ ဘုရားဖူးေတြနဲ႕ အၿမဲမျပတ္စည္ကား လွ်က္ရွိပါတယ္။

Unicode

ရဟန်းတော်ပေါင်း ၂ သိန်းကျော်ရဲ့ ရုပ်အလောင်းကို မြုပ်နှံထားတဲ့ သင်္ချိုင်း

သင်္ချိုင်းကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့တောင်ပိုင်းက ဝါကာယမစီရင်စုထဲမှာ တည်ရှိတဲ့ အိုကူနိုအင် (Okunoin) သင်္ချိုင်းဖြစ်ပါတယ်။

Koya မြို့အနီး တောင်ပေါ်က တောအုပ်ထဲမှာ ရှိနေပြီး ဒီနေရာမှာ ဘုရားကျောင်းတွေအဖြစ် စတင်တည်ထောင်ခဲ့သူကတော့ ရှင်ဂွန်ဗုဒ္ဓဘာသာ တည်ထောင်သူ ဘုန်းတော်ကြီး ကိုဗိုဒါရှီ ဖြစ်ပါတယ်။

ဘုန်းတော်ကြီး ကိုဗိုဒါရှီဟာ Koyasan နယ်မြေကို ရှင်ဂွန်းဗုဒ္ဓဘာသာ စတင်ခဲ့ရာနေရာအဖြစ် အေဒီ ၈၁၆ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ် အဲဒီနေရာမှာ ရှေးဟောင်း ဘုရားကျောင်းဆောင်ပေါင်း ၁၂၀ ခန့်ရှိနေပါတယ် ။

အေဒီ ၈၃၅ မှာ ပျံလွန်တော်မှုခဲ့တဲ့ ဘုန်းတော်ကြီး ကိုဗိုဒါရှီက စလို့ အစဉ်အဆက် ဘုန်းတော်ကြီးတွေ မြုပ်နှံခဲ့ရာ အိုကူနိုအင် သင်္ချိုင်းဟာ ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံး နဲ့ အကြီးဆုံး သင်္ချိုင်းလည်း ဖြစ်ပါတယ်။

ဒီသင်္ချိုင်းမှာ ရဟန်းတော်ပေါင်း ၂ သိန်းကျော်ကို မြုပ်နှံထားပြီး ဘယ်လောက်ကြီးသလဲဆိုရင် သင်္ချိုင်းလျှောက်လမ်းရဲ့ အရှည်တင် ၂ကီလိုမီတာ ကျော်ကျော်ရှိနေပါတယ်။

တိတ်ဆိတ်လှတဲ့ ဒီနေရာဟာ သက်တမ်းရာချီနေပြီဖြစ်တဲ့ သစ်ကတိုးပင်တွေကြားထဲမှာ ရှိနေတာကြောင့် ငြိမ်းချမ်းဖွယ်ရှိပေမယ့် ။

မျက်စိတဆုံး ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ သင်္ချိုင်း ကဗ္ပည်းကျောက်တိုင်တွေ၊ ရုပ်တုတွေကြောင့် အနည်းငယ် ထိတ်လန့်စရာ တော့ကောင်းပါတယ်။

လျှောက်လမ်းရဲ့ အဆုံးမှာတော့ ဘုန်းတော်ကြီး ကိုဗိုဒါရှီ ရဲ့ ဂူဗိမာန်ရှိနေပါတယ် ရှင်ဂွန်ဘာသာရဲ့ အယူအဆအရ ဘုန်းတော်ကြီး ကိုဗိုဒါရှီ နဲ့ အတူ ဘုန်းတော်ကြီးပေါင်းများစွာဟာ သေဆုံးသွားခြင်းမဟုတ်ပဲ ။

နောင်ပွင့်မယ့် အရိမေတ္တယျဘုရားကို တရားအားထုတ်ရင်း စောင့်မျှော်နေတယ်လို့ ယုံကြည်ကြပါတယ်။

ဘုန်းတော်ကြီး ကိုဗိုဒါရှီ ရဲ့ ဂူဗိမာန်ရှေ့မှာတော့ Torodo ဆိုတဲ့ ခန်းမတစ်ခု ရှိနေပါတယ် အဲဒီခန်းမထဲမှာတော့ အလှူရှင်တွေလှူဒါန်းထားတဲ့ မီးအိမ်ပေါင်း ၁သောင်းကျော် ရှိနေပါတယ်။

မီးအိမ်တွေကို နေ့ညမပြတ်ထွန်းထားတာဖြစ်ပြီး ဒီအထဲက မီးအိမ် ၂ ခု ဆိုရင် ဆက်တိုက်ထွန်းညှိခဲ့တာ အေဒီ ၁၁ရာစုကတည်းကလို့ အစဉ်အဆက်ပြောဆိုလေ့ ရှိကြပါတယ်။

ဒီသင်္ချိုင်းကို သွားရောက်လည်ပတ်မယ်ဆိုရင် သင်္ချိုင်းရဲ့အဝမှာရှိတဲ့ Ichinohashi တံတားကို မဖြတ်ခင် အရိုအသေပေးတဲ့ အနေနဲ့ ဦးညွှတ်ရမှာဖြစ်ပါတယ်။

အဲဒီနောက်တော့ အရှည် ၂ကီလိုမီတာ ရှည်တဲ့ လျှောက်လမ်းကနေ သင်္ချိုင်းကို ဖြတ်ရမှာဖြစ်ပြီး များပြားလွန်းတဲ့ သင်္ချိုင်းဂူတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

လူစည်ကားတဲ့နေရာဖြစ်ပေမယ့် ဆူညံမှုကို တားမြစ်ထားတာကြောင့် ကျေးငှက်မြည်သံတွေကိုပဲ ကြားရမှာပါ။

လျှောက်လမ်းရဲ့အဆုံးမှာတော့ ဘုန်းတော်ကြီး ကိုဗိုဒါရှီ ရဲ့ ဂူဗိမာန် ကို မဝင်ခင် Gobyobashi ဆိုတဲ့ တံတားနောက်ထပ် တစ်စင်းရှိနေပါသေးတယ်။

ယင်းတံတားကို မဖြတ်မီမှာ အဲဒီမှာရှိတဲ့ ဗုဒ္ဓဆင်းတုတွေကို ရေသပ္ပါယ်ရပါတယ် ဒါမှသာ ဂူဗိမာန်ထဲကို ဝင်ရောက်နိုင်မှာပါ အဲဒီနေရာမှာတော အစားအစာ ရေ တို့ကို ယူဆောင်လာခြင်း ဓာတ်ပုံရိုက်ခြင်းတွေကို တားမြစ်ထားပါတယ်။

ဂူဗိမာန်အတွင်းမှာတော့ ရှင်ဂွန်ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်တုတွေရှိနေပါတယ် ဒီ အိုကူနိုအင် သင်္ချိုင်းဟာ Kii Mountain ထဲက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံထားတဲ့ နေရာတွေထဲမှာ တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။

သင်္ချိုင်းတစ်ခုဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ လာရောက်လည်ပတ်သူခရီးသွားတွေ၊ ဘုရားဖူးတွေနဲ့ အမြဲမပြတ်စည်ကား လျှက်ရှိပါတယ်။

Hits: 199

အိမ္္မွာ ၾကြက္္ေသာင္းက်န္္းေနရင္္ ဒီလိုလုပ္ၾကည္႔ေနာ္္

Zawgyi

အစားအစာရွိိတဲ့ေနရာမွာ ၾကြက္္ေတြ ေပ်ာ္ၾကပါတယ္ အထူးသျဖင့္ ၎တုိ႔အတြက္ အစား အစာ လြယ္ကူတဲ့ေနရာမ်ိဳးဆုိ မိသားစုလုိက္ အုပ္လုိက္က်င္းလုိက္ ေနတတ္္ပါတယ္။

ၾကြြက္က လူေတြအတြက္ က်န္းမာေရးကို ထိခုိက္ေစႏုိင္တယ္ဆုိတာ အားလုံး သိၿပီးသားပါ တစ္ခ်ိဳ႕က ၾကြက္ကုိ ေထာင္ေျခာက္နဲ႔ဖမ္းၿပီး သတ္ၾကပါတယ္။

ဒါကေတာ့ အကုသုိလ္မ်ားတဲ့ နည္းေပါ့ အကုသုိလ္ကင္းကင္းနဲ႔ အိမ္မွာ ၾကြက္မေနႏုိင္ေအာင္ လုပ္ဖုိ႔ Shwemom က အလြယ္ဆုံးနည္းေတြကို ေဖာ္ျပေပးထားပါတယ္။

(၁) ငရုတ္ဆီ+ဂြမ္္း

ဂြမ္းစေတြကိို အလုံးကေလးေတြ လုံးၿပီး င႐ုတ္ဆီနဲ႔ ဆြတ္ကာ ၾကြက္ေတြ ၾကင္လည္ရာ ေနရာတစ္ေလွ်ာက္မွာ ခ်ထားလုိိက္ပါ ၾကြက္ ေတြက င႐ုတ္ဆီိကုိ ေၾကာက္ၾကပါတယ္။

(၂) ေလညႇင္းဆီ+ေလညႇင္းပြင့္္

ၾကြက္ေတြ မခံႏုိင္တဲ့ အနံ႔ထဲမွာေတာ့ ေလညႇင္းနံ႔လည္း ပါ၀င္ပါတယ္ ေလညႇင္းနံ႔ နံတဲ့ေနရာဆုိရင္ ၾကြက္ေတြက ေနာက္တစ္ႀကိမ္ ထပ္မလာေတာ့ဘူးလုိ႔ေတာင္ သိရပါတယ္္။

ေလညႇင္းပြင့္ ေလညႇင္းဆီကေတာ့ အိမ္အတြက္ အေကာင္းဆုံးျဖစ္ပါတယ္ အိမ္လည္္း ေပက်န္မႈ မျဖစ္တဲ့အျပင္၊ လူေတြ ကိုင္မိရင္လည္း ပူေလာင္ျခင္္း စသည္တုိ႔ မျဖစ္ေစပါဘူး။

(၃) ပ႐ုတ္လုံးံ

ပ႐ုတ္လုံးထည့္တဲ့ဲ ေသတၱာေလးထဲမွာ ၾကြက္ေနတတ္တဲ့ေနရာနဲ႔ ၾကြက္ေရာက္တတ္တဲ့ ေနရာေတြမွာ ခ်ထားလုိက္ပါ။

ၾကြက္ေတြ အိိမ္ဘက္ကိုေတာင္ ေျခဦးမလွည့္ေစေတာ့တဲ့အထိ ပရုတ္လုံးက စြမ္းပါတယ္။

(၄) ဆပ္ျပာမႈန္႔္+ငရုတ္ဆီ

ဆပ္ျပာမႈန္႔ကုိ ေရနဲ႔ႏွစ္ဆတစ္ဆ ေရာစပ္ၿပီး ေဖ်ာ္လုိက္ပါ ငရုတ္ဆီအနည္းငယ္ထည့္ၿပီး Spray ဘူးထဲကို ထည့္ၿပီး ၾကြက္္ေရာက္ႏုိင္တဲ့ ေနရာေတြမွာ ျဖန္းေပးပါ။

သုံးေလးရက္ တစ္ခါေလာက္မွ ဒီနည္းကုိ သုံးလုိ႔ရပါတယ္ ဆပ္ျပာမႈန္႔က င႐ုတ္ဆီရဲ႕ အရည္အေသြးကို သုံးေလးရက္ေလာက္္ ထိန္းေပးထားႏုိင္လုိ႔ စာရိတ္သက္သာတဲ့ နည္းလမ္းတစ္ခု ျဖစ္ပါတယ္ ။

Unicode

အိမ်မှာ ကြွက်သောင်းကျန်းနေရင် ဒီလိုလုပ်ကြည့်နော်

အစားအစာရှိတဲ့နေရာမှာ ကြွက်တွေ ပျော်ကြပါတယ် အထူးသဖြင့် ၎င်းတို့အတွက် အစား အစာ လွယ်ကူတဲ့နေရာမျိုးဆို မိသားစုလိုက် အုပ်လိုက်ကျင်းလိုက် နေတတ်ပါတယ်။

ကြွက်က လူတွေအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ အားလုံး သိပြီးသားပါ တစ်ချို့က ကြွက်ကို ထောင်ခြောက်နဲ့ဖမ်းပြီး သတ်ကြပါတယ်။

ဒါကတော့ အကုသိုလ်များတဲ့ နည်းပေါ့ အကုသိုလ်ကင်းကင်းနဲ့ အိမ်မှာ ကြွက်မနေနိုင်အောင် လုပ်ဖို့ Shwemom က အလွယ်ဆုံးနည်းတွေကို ဖော်ပြပေးထားပါတယ်။

(၁) ငရုတ်ဆီ+ဂွမ်း

ဂွမ်းစတွေကို အလုံးကလေးတွေ လုံးပြီး ငရုတ်ဆီနဲ့ ဆွတ်ကာ ကြွက်တွေ ကြင်လည်ရာ နေရာတစ်လျှောက်မှာ ချထားလိိုက်ပါ ကြွက် တွေက ငရုတ်ဆီကို ကြောက်ကြပါတယ်။

(၂) လေညှင်းဆီ+လေညှင်းပွင့်

ကြွက်တွေ မခံနိုင်တဲ့ အနံ့ထဲမှာတော့ လေညှင်းနံ့လည်း ပါဝင်ပါတယ် လေညှင်းနံ့ နံတဲ့နေရာဆိုရင် ကြွက်တွေက နောက်တစ်ကြိမ် ထပ်မလာတော့ဘူးလို့တောင် သိရပါတယ်။

လေညှင်းပွင့် လေညှင်းဆီကတော့ အိမ်အတွက် အကောင်းဆုံးဖြစ်ပါတယ် အိမ်လည်း ပေကျန်မှု မဖြစ်တဲ့အပြင်၊ လူတွေ ကိုင်မိရင်လည်း ပူလောင်ခြင်း စသည်တို့ မဖြစ်စေပါဘူး။

(၃) ပရုတ်လုံးံ

ပရုတ်လုံးထည့်တဲ့ဲ သေတ္တာလေးထဲမှာ ကြွက်နေတတ်တဲ့နေရာနဲ့ ကြွက်ရောက်တတ်တဲ့ နေရာတွေမှာ ချထားလိုက်ပါ။

ကြွက်တွေ အိမ်ဘက်ကိုတောင် ခြေဦးမလှည့်စေတော့တဲ့အထိ ပရုတ်လုံးက စွမ်းပါတယ်။

(၄) ဆပ်ပြာမှုန့်+ငရုတ်ဆီ

ဆပ်ပြာမှုန့်ကို ရေနဲ့နှစ်ဆတစ်ဆ ရောစပ်ပြီး ဖျော်လိုက်ပါ ငရုတ်ဆီအနည်းငယ်ထည့်ပြီး Spray ဘူးထဲကို ထည့်ပြီး ကြွက်ရောက်နိုင်တဲ့ နေရာတွေမှာ ဖြန်းပေးပါ။

သုံးလေးရက် တစ်ခါလောက်မှ ဒီနည်းကို သုံးလို့ရပါတယ် ဆပ်ပြာမှုန့်က ငရုတ်ဆီရဲ့ အရည်အသွေးကို သုံးလေးရက်လောက် ထိန်းပေးထားနိုင်လို့ စာရိတ်သက်သာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ် ။

Hits: 2113

သကၤန္းဟာ ျမင့္ျမတ္ပါသလား ဘုရား?

Zawgyi

” နိမ့္တယ္ထင္ရင္ နိမ့္ပါတယ္၊ မနိမ့္ဘူးထင္ရင္ မနိမ့္ပါဘူး ” ဘာေႀကာင့္လဲဆုိေတာ့ ထဘီေႀကာင့္ နိမ့္တာမဟုတ္ပဲ ” ထင္ ” ဆုိတဲ့ ဥပါဒါန္ေႀကာင့္သာ နိမ့္သြားတယ္လုိ႔ ထင္တာပါ။

ပိတ္စတစ္ခုပဲျဖစ္တဲ့ ထဘီလုိ ႏူးညံ့တဲ့ ပိတ္စတစ္ခုဟာ သင့္ကုိ ဘယ္လုိမ်ား ဒုကၡေရာက္ေစမလဲ။

ဘုန္းနိမ့္တယ္ဆုိတာက သင္ထင္သလုိ မဟုတ္ျပန္ဘူး ‘ဘုန္းနိမ့္ျပီဟဲ့ ဆုိတဲ့ သင့္ရဲ့ ခံစားခ်က္ဟာ negative feeling ဘက္ကုိ ေရာက္သြားတယ္။

စိတ္ အလုိမက် ျဖစ္ေစတယ္ စိတ္ကုိ ေနာက္က်ိေစတယ္ အဲဒါဟာ စိတ္ပုိင္းဆုိင္ရာ အရည္အေသြး က်ဆင္းျခင္း စိတ္ပုိင္းဆုိင္ရာ ဘုန္းနိမ့္ျခင္းပါပဲ ..။

ဒါဆုိ အရွင္ဘုရားအေနနဲ႕ ဝင္ခဲ့မိရင္ေရာ နိမ့္မွာလား ?

”အဓိပၸာယ္မဲ့ ထဘီတန္းေအာက္ ဝင္ဖုိ ့ေတာ့ စိတ္ကူး မရွိဘူး လုိအပ္ခဲ့လုိ ့ ဝင္ရျပီဆုိလည္း ဘုန္းနိမ့္တယ္လုိ ့ မယူဆပါဘူး။

ရဟန္းတစ္ပါးရဲ့ အစြမ္းအစျဖစ္တဲ့ သီလ , သမာဓိ , ပညာဟာ ဒီ ထဘီတန္းေႀကာင့္ က်ဆင္းစရာ မရွိပါဘူး ”

သကၤန္းဟာ ျမင့္ျမတ္ပါသလား ဘုရား ?

” သကၤန္းက ျမင့္ျမတ္တာ မဟုတ္ပဲ သကၤန္းဝတ္ဆင္ရျခင္း ရည္ရြယ္ခ်က္က ျမင့္ျမတ္ေနတာပါ -ဒကာ။

‘ဘာရည္ရြယ္ခ်က္မုိ႔လုိ႔လဲ ဘုရား ‘

” ေရာင့္ရဲ ျခိဳးျခံလုိျခင္း ”

”တပည့္ေတာ္ ႀကားဖူးတာက မိန္းမဟာ ဘုန္းကံနိမ့္တဲ့အတြက္ မိန္းမေအာက္ပုိင္းဝတ္တဲ့ ထဘီတန္းေအာက္ဝင္ရင္ ဘုန္းနိမ့္တယ္လုိ ့ ၾကားဘူးထားပါတယ္ဘုရား”

”ဘုန္းဆုိတာကုိ ရွင္းမွ ရေတာ့မယ္ ဒကာ ဘုန္းဆုိတာ အက်ဳိးသေဘာတရားပါ အစြမ္းအစလည္း ျဖစ္တယ္ အားသာခ်က္လည္း ျဖစ္တယ္ ဒကာ အက်ဳိးသေဘာတရားေပါ့။

ဒါဟာ အေႀကာင္းတရားလုပ္ေဆာင္ခ်က္ကုိ မူတည္ျပီး အက်ဳိးတရား ဘုန္းကံရယ္လုိ ့ ျဖစ္လာတယ္။

အေလးမျခင္း အေႀကာင္းဟာ သန္မာျခင္းအက်ဳိးကုိ ရမယ္ သန္မာျခင္းဟာ ဘုန္းပဲ ေဖာ္ေရြပ်ဴ ငွာျခင္းအေႀကာင္းဟာ လူခ်စ္လူခင္မ်ားျခင္း အက်ဳိးကုိ.ရမယ္ ဒီ လူခ်စ္လူခင္ မ်ားျခင္းဟာ ဘုန္းပဲ။

ထဘီတန္းေအာက္ဝင္ျခင္း အေႀကာင္းေႀကာင့္ ဘယ္အက်ဳိးမ်ား ထိခုိက္ေစသလဲ ဒကာ ေတြးႀကည့္ပါ ရက္ႀကာႀကာဝတ္ျပီး မေလွ်ာ္ရေသးတဲ့ ထဘီဆုိရင္ေတာ့ အနံ ့အသက္ဆုိးတဲ့ ေဝဒနာကုိ ရခ်င္ရမွာေပါ့”

ဘုန္းဘုန္း ခုနက ေျပာတယ္ နိမ့္တယ္ထင္ရင္ နိမ့္တယ္ဆုိ ‘?

”ဒါဟာ ထဘီတန္းေအာက္ဝင္ျခင္းေႀကာင့္ နိမ့္တာမဟုတ္ဘူး နိမ့္တယ္လုိ ့ ထင္မိတဲ့ ဥပါဒါန္အေႀကာင္းေႀကာင့္ပဲ။

စိတ္မသက္မသာ ခံစားရတယ္ မဟုတ္လား. ဒါ သက္ေတာင့္သက္သာစိတ္ ပ်က္ စီးသြားျခင္းေပါ့ စိတ္သက္ေတာင့္သက္သာ ျဖစ္တာ မေကာင္းဘူးလား ။

”ေကာင္းပါတယ္ဘုရား”

”မိမိပုိင္ဆ္ုိင္ထားေသာ ေကာင္းေသာအရာတစ္ခု ပ်က္စီးယုတ္ေလ်ာ့ျခင္းဟာ ဘုန္းနိမ့္ျခင္းပါပဲ ”

ေရွးအဆက္ဆက္က ဒီလုိပဲေျပာလာႀကတာ ဘုရား အရွင္ဘုရားလည္းသိမွာပါ ထဘီ တန္းေအာက္ဝင္ရင္ ဘုန္းနိမ့္တယ္ဆုိတာ ေရွးကတည္းက အယူအဆပါ”

”ဗုဒၶက ကာလာမသုတ္ကုိ ေဟာတယ္ ေရွးကေျပာတဲ့စကားမုိ႔လုိ႔လည္း အမွန္ မယူေလနဲ ့တဲ့”

ေရွးထုံးက ပယ္သင့္သလား ဘုရား ❓

”ပယ္သင့္ျခင္း မပယ္သင့္ျခင္းဟာ ေရွးထုံးေတြ ဒီေန ့ေခတ္ထုံးေတြေပၚမွာ မမူတည္ပါဘူး အမွန္ အမွားေပၚသာ မူတည္ပါတယ္ မွန္ရင္ ယူမယ္ မွားရင္ ပယ္မယ္ ..။

အမွန္အမွားကုိ ခြဲျခားဖုိ ့ သင့္မွာ ဥာဏ္ရည္ရွိတယ္ ဆင္ျခင္ႏုိင္စြမ္းလည္း ရွိတယ္ သင္ – ေတြးႀကည့္ပါ ထဘီေအာက္ဝင္ရင္ ဘယ္လုိ အစြမ္းအစမ်ဳိး က်ဆင္းႏုိင္ပါသလဲ ။

Unicode

သင်္ကန်းဟာ မြင့်မြတ်ပါသလား ဘုရား?

” နိမ့်တယ်ထင်ရင် နိမ့်ပါတယ်၊ မနိမ့်ဘူးထင်ရင် မနိမ့်ပါဘူး ” ဘာကြောင့်လဲဆိုတော့ ထဘီကြောင့် နိမ့်တာမဟုတ်ပဲ ” ထင် ” ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်သွားတယ်လို့ ထင်တာပါ။

ပိတ်စတစ်ခုပဲဖြစ်တဲ့ ထဘီလို နူးညံ့တဲ့ ပိတ်စတစ်ခုဟာ သင့်ကို ဘယ်လိုများ ဒုက္ခရောက်စေမလဲ။

ဘုန်းနိမ့်တယ်ဆိုတာက သင်ထင်သလို မဟုတ်ပြန်ဘူး ‘ဘုန်းနိမ့်ပြီဟဲ့ ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feeling ဘက်ကို ရောက်သွားတယ်။

စိတ် အလိုမကျ ဖြစ်စေတယ် စိတ်ကို နောက်ကျိစေတယ် အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ ..။

ဒါဆို အရှင်ဘုရားအနေနဲ့ ဝင်ခဲ့မိရင်ရော နိမ့်မှာလား ?

”အဓိပ္ပာယ်မဲ့ ထဘီတန်းအောက် ဝင်ဖို့တော့ စိတ်ကူး မရှိဘူး လိုအပ်ခဲ့လို့ ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို့ မယူဆပါဘူး။

ရဟန်းတစ်ပါးရဲ့ အစွမ်းအစဖြစ်တဲ့ သီလ , သမာဓိ , ပညာဟာ ဒီ ထဘီတန်းကြောင့် ကျဆင်းစရာ မရှိပါဘူး ”

သင်္ကန်းဟာ မြင့်မြတ်ပါသလား ဘုရား ?

” သင်္ကန်းက မြင့်မြတ်တာ မဟုတ်ပဲ သင်္ကန်းဝတ်ဆင်ရခြင်း ရည်ရွယ်ချက်က မြင့်မြတ်နေတာပါ -ဒကာ။

‘ဘာရည်ရွယ်ချက်မို့လို့လဲ ဘုရား ‘

” ရောင့်ရဲ ခြိုးခြံလိုခြင်း ”

”တပည့်တော် ကြားဖူးတာက မိန်းမဟာ ဘုန်းကံနိမ့်တဲ့အတွက် မိန်းမအောက်ပိုင်းဝတ်တဲ့ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်လို့ ကြားဘူးထားပါတယ်ဘုရား”

”ဘုန်းဆိုတာကို ရှင်းမှ ရတော့မယ် ဒကာ ဘုန်းဆိုတာ အကျိုးသဘောတရားပါ အစွမ်းအစလည်း ဖြစ်တယ် အားသာချက်လည်း ဖြစ်တယ် ဒကာ အကျိုးသဘောတရားပေါ့။

ဒါဟာ အကြောင်းတရားလုပ်ဆောင်ချက်ကို မူတည်ပြီး အကျိုးတရား ဘုန်းကံရယ်လို့ ဖြစ်လာတယ်။

အလေးမခြင်း အကြောင်းဟာ သန်မာခြင်းအကျိုးကို ရမယ် သန်မာခြင်းဟာ ဘုန်းပဲ ဖော်ရွေပျူ ငှာခြင်းအကြောင်းဟာ လူချစ်လူခင်များခြင်း အကျိုးကို.ရမယ် ဒီ လူချစ်လူခင် များခြင်းဟာ ဘုန်းပဲ။

ထဘီတန်းအောက်ဝင်ခြင်း အကြောင်းကြောင့် ဘယ်အကျိုးများ ထိခိုက်စေသလဲ ဒကာ တွေးကြည့်ပါ ရက်ကြာကြာဝတ်ပြီး မလျှော်ရသေးတဲ့ ထဘီဆိုရင်တော့ အနံ့အသက်ဆိုးတဲ့ ဝေဒနာကို ရချင်ရမှာပေါ့”

ဘုန်းဘုန်း ခုနက ပြောတယ် နိမ့်တယ်ထင်ရင် နိမ့်တယ်ဆို ‘?

”ဒါဟာ ထဘီတန်းအောက်ဝင်ခြင်းကြောင့် နိမ့်တာမဟုတ်ဘူး နိမ့်တယ်လို့ ထင်မိတဲ့ ဥပါဒါန်အကြောင်းကြောင့်ပဲ။

စိတ်မသက်မသာ ခံစားရတယ် မဟုတ်လား. ဒါ သက်တောင့်သက်သာစိတ် ပျက် စီးသွားခြင်းပေါ့ စိတ်သက်တောင့်သက်သာ ဖြစ်တာ မကောင်းဘူးလား ။

”ကောင်းပါတယ်ဘုရား”

”မိမိပိုင်ဆိုင်ထားသော ကောင်းသောအရာတစ်ခု ပျက်စီးယုတ်လျော့ခြင်းဟာ ဘုန်းနိမ့်ခြင်းပါပဲ ”

ရှေးအဆက်ဆက်က ဒီလိုပဲပြောလာကြတာ ဘုရား အရှင်ဘုရားလည်းသိမှာပါ ထဘီ တန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာ ရှေးကတည်းက အယူအဆပါ”

”ဗုဒ္ဓက ကာလာမသုတ်ကို ဟောတယ် ရှေးကပြောတဲ့စကားမို့လို့လည်း အမှန် မယူလေနဲ့တဲ့”

ရှေးထုံးက ပယ်သင့်သလား ဘုရား ❓

”ပယ်သင့်ခြင်း မပယ်သင့်ခြင်းဟာ ရှေးထုံးတွေ ဒီနေ့ခေတ်ထုံးတွေပေါ်မှာ မမူတည်ပါဘူး အမှန် အမှားပေါ်သာ မူတည်ပါတယ် မှန်ရင် ယူမယ် မှားရင် ပယ်မယ် ..။

အမှန်အမှားကို ခွဲခြားဖို့ သင့်မှာ ဉာဏ်ရည်ရှိတယ် ဆင်ခြင်နိုင်စွမ်းလည်း ရှိတယ် သင် – တွေးကြည့်ပါ ထဘီအောက်ဝင်ရင် ဘယ်လို အစွမ်းအစမျိုး ကျဆင်းနိုင်ပါသလဲ ။

Hits: 229

ဘုရား ေစတီပုထိုးေပၚ အမ်ိဳးသမီးတက္ရင္ ငရဲႀကီးမွာလား ?

Zawgyi

ေမး ~ အ႐ွင္ဘုရား တပည့္ေတာ္သည္ မြန္ျပည္နယ္ ျမိဳ႕တစ္ၿမိဳ႕မွ တန္ခိုးႀကီး ဘုရားတစ္ဆူအား သြားေရာက္ဖူးေျမာ္ခဲ့ပါသည္။

မတ္ေစာက္ေသာ ေတာင္ကိုခဲယဥ္းစြာ တက္ခဲ့ရ၍ ေတာင္ေပၚ ေရာက္ေသာအခါ ေမာေမာႏွင့္ထိုင္လိုက္ျပီး အားရပါးရ ဖူးေျမာ္လိုက္ပါသည္။

ညီမျဖစ္သူက မိန္းမ မတက္ရလို႔ စာေရးထားတယ္ေျပာမွ ၾကည့္မိၿပီး ဝမ္းနည္းရပါသည္ တမင္တကာ ထိုင္ျခင္းမဟုတ္ဘဲ မသ္ိ၍ထိုင္ခဲ့မိေသာ္လည္း အျပစ္က်ေရာက္မည္ကို လြန္စြာ စိုးရိမ္မိပါသည္။

ထို႔အတြက္ တပည့္ေတာ္ အျပစ္ျဖစ္ပါသလားဘုရား ေျဖၾကားေပးပါရန္ ေလ်ွာက္ထားပါသည္ ဘုရား။

ေျဖ ~ ႏိုင္ငံတိုင္းတြင္ လူမ်ိဳးဓေလ့အရ တားျမစ္ခ်က္မ်ား ရိွၾကပါသည္ ဘာသာေရးဆိုင္ရာတို႔တြင္လည္း တစ္ေက်ာင္းတစ္ ဂါထာ တစ္ရြာ တစ္ပုဒ္ဆန္းဆိုသလို တားျမစ္ခ်က္ ပညတ္ခ်က္မ်ား ရိွတတ္ၾကပါသည္။

ျမန္မာႏိုင္ငံတြင္လည္း ထို႔အတူ ရိွၾကရာ သိမ္အတြင္း ဘုရားခန္းေဆာင္အတြင္း ဘုးရားဝတ္ေက်ာင္း ပရိဝုဏ္အေပၚစသည္ မိန္းမ မဝင္ရ,မတက္ရဟူေသာ တားျမစ္ခ်က္မ်ားကို ေတြ႕ရတတ္ပါသည္။

အထူးအားျဖင့္ မြန္ျပည္နယ္တြင္ ထိုအေလ့အထမ်ားကို ေနရာမ်ားစြာ၌ ေတြ႕ရေလ့ရိွပါသည္ လူမ်ိဳးဓေလ့အယူအဆမ်ိဳးသာျဖစ္ရာ ဘာသာေရး ပညတ္ခ်က္မ်ား မဟုတ္ပါ။

ထိုမဝင္ရဆိုေသာ သိမ္ေက်ာင္း တန္းေဆာင္းမ်ားအတြင့္သို႔ မိန္းမမ်ား ဝင္ေရာက္၍ ပန္း ဆီမီး ေရကပ္လႉျခင္းဘုရားရွိခိုး တရားထိုင္ျခင္း စသည္တို႔အတြက္ ဘာသာေရး တားျမစ္ခ်က္မရိွ၍ အျပစ္ျဖစ္သည္ဟုကား မဆိုႏိုင္ပါ။

ဆိုစရာလည္း အေၾကာင္းမရိွပါ သို႔ေသာ္ ရပ္ရြာဓေလ့ လူမ်ိဳးအယူအဆပိုင္းဆိုင္ရာ တားျမစ္ခ်က္မ်ားျဖစ္၍ လိုက္နာေ႐ွာင္ၾကဥ္ျခင္းျဖင့္ အပန္းမႀကီး ။

အမ်ားႏွင့္ မဆန္႔က်င္သျဖင့္ ေယာနိေသာ မနသိကာရ ထား၍ အၾကာင္းအားေလ်ာ္စြာ လိုက္နာသင့္သည္ ဟုသာ အေျဖေပးလိုပါသည္။

Unicode

ဘုရား စေတီပုထိုးပေါ် အမျိုးသမီးတက်ရင် ငရဲကြီးမှာလား ?

မေး ~ အရှင်ဘုရား တပည့်တော်သည် မွန်ပြည်နယ် မြို့တစ်မြို့မှ တန်ခိုးကြီး ဘုရားတစ်ဆူအား သွားရောက်ဖူးမြော်ခဲ့ပါသည်။

မတ်စောက်သော တောင်ကိုခဲယဉ်းစွာ တက်ခဲ့ရ၍ တောင်ပေါ် ရောက်သောအခါ မောမောနှင့်ထိုင်လိုက်ပြီး အားရပါးရ ဖူးမြော်လိုက်ပါသည်။

ညီမဖြစ်သူက မိန်းမ မတက်ရလို့ စာရေးထားတယ်ပြောမှ ကြည့်မိပြီး ဝမ်းနည်းရပါသည် တမင်တကာ ထိုင်ခြင်းမဟုတ်ဘဲ မသိ၍ထိုင်ခဲ့မိသော်လည်း အပြစ်ကျရောက်မည်ကို လွန်စွာ စိုးရိမ်မိပါသည်။

ထို့အတွက် တပည့်တော် အပြစ်ဖြစ်ပါသလားဘုရား ဖြေကြားပေးပါရန် လျှောက်ထားပါသည် ဘုရား။

ဖြေ ~ နိုင်ငံတိုင်းတွင် လူမျိုးဓလေ့အရ တားမြစ်ချက်များ ရှိကြပါသည် ဘာသာရေးဆိုင်ရာတို့တွင်လည်း တစ်ကျောင်းတစ် ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို တားမြစ်ချက် ပညတ်ချက်များ ရှိတတ်ကြပါသည်။

မြန်မာနိုင်ငံတွင်လည်း ထို့အတူ ရှိကြရာ သိမ်အတွင်း ဘုရားခန်းဆောင်အတွင်း ဘုးရားဝတ်ကျောင်း ပရိဝုဏ်အပေါ်စသည် မိန်းမ မဝင်ရ,မတက်ရဟူသော တားမြစ်ချက်များကို တွေ့ရတတ်ပါသည်။

အထူးအားဖြင့် မွန်ပြည်နယ်တွင် ထိုအလေ့အထများကို နေရာများစွာ၌ တွေ့ရလေ့ရှိပါသည် လူမျိုးဓလေ့အယူအဆမျိုးသာဖြစ်ရာ ဘာသာရေး ပညတ်ချက်များ မဟုတ်ပါ။

ထိုမဝင်ရဆိုသော သိမ်ကျောင်း တန်းဆောင်းများအတွင့်သို့ မိန်းမများ ဝင်ရောက်၍ ပန်း ဆီမီး ရေကပ်လှူခြင်းဘုရားရှိခိုး တရားထိုင်ခြင်း စသည်တို့အတွက် ဘာသာရေး တားမြစ်ချက်မရှိ၍ အပြစ်ဖြစ်သည်ဟုကား မဆိုနိုင်ပါ။

ဆိုစရာလည်း အကြောင်းမရှိပါ သို့သော် ရပ်ရွာဓလေ့ လူမျိုးအယူအဆပိုင်းဆိုင်ရာ တားမြစ်ချက်များဖြစ်၍ လိုက်နာရှောင်ကြဉ်ခြင်းဖြင့် အပန်းမကြီး ။

အများနှင့် မဆန့်ကျင်သဖြင့် ယောနိသော မနသိကာရ ထား၍ အကြာင်းအားလျော်စွာ လိုက်နာသင့်သည် ဟုသာ အဖြေပေးလိုပါသည်။

Hits: 41

လူထြက္ခိုင္းရင္ သတ္ေသမယ္ဆိုတ႔ဲ ကိုရင္ေလး

Zawgyi

ထားဝယ္သားေလးေမာင္သက္ၿဖိဳးေအာင္သည္ အသက္(၈)ႏွစ္အရြယ္၌ သူငယ္ခ်င္းမ်ား ကိုရင္ဝတ္ တာကိုျမင္၍ သူလည္း ကိုရင္ဝတ္ခ်င္ေသာေၾကာင့္  မိဘမ်ားကို ခြင့္ေတာင္း၍ ကိုရင္ဝတ္ခဲ့ပါသည္။

(၁၅) ရက္ခန္႔ၾကာေသာအခါ အျခားသူမ်ား လူထြက္ၾကကုန္ေသာ္လည္း သူသည္ ကိုရင္ဘဝ၌ ေပ်ာ္ပိုက္လ်က္ပင္ ရွိသည္။

သူ႔၏အေမက အတန္းေက်ာင္းတက္ရမွာ ျဖစ္၍ လူထြက္ဖို႔ရန္ အတင္းေျပာဆိုၿပီး ထြက္ခိုင္းသည့္အတြက္ ငိုယိုၿပီး လူထြက္လိုက္ရေလသည္။

ေက်ာင္းေနရေသာ္လည္း ေပ်ာ္ရႊင္မႈမရွိ ကိုရင္ဘဝကိုသာ အၿမဲေတာင္းတလ်က္ရွိသည္ အသက္(၁၃)ႏွစ္အရြယ္၌ ကိုရင္ဝတ္ခ်င္လြန္း၍ ေက်ာင္းစာမလုပ္ဘဲ ေက်ာင္းေျပးမႈမ်ားလာပါသည္။

သူ၏အေမက ဘယ္လိုပင္ေျပာေျပာ စာမက်က္ေတာ့ပါ ေက်ာင္းထြက္ရန္သာ မၾကာခဏေျပာေလသည္ ေနာက္ဆံုးသူ၏အေမသည္ ေက်ာင္းထြက္ခြင့္ျပဳလိုက္ရပါသည္။

သို႔ေသာ္ကိုရင္ေတာ့ ဝတ္ခြင့္မေပးပါ သူသည္ ကိုရင္ဝတ္ခြင့္မရဘဲ အလုပ္ကို (၆)လၾကာေအာင္ မိဘကို ဝိုင္းကူလုပ္ေပးခဲ့ရသည္ ကိုရင္ဝတ္ခ်င္လြန္း၍ သူသည္ မိဘကို ခြင့္ေတာင္း ျပန္ေလသည္။

“သားကိုရင္ဝတ္ခ်င္တာ အလုပ္လုပ္ပ်င္းလို႔ မဟုတ္ဘူးအေမ ကိုရင္ဘဝမွာေပ်ာ္လို႔ပါအေမ၊သားကို ကိုရင္ ဝတ္ခြင့္ေပးေနာ္အေမ”ဟု အႀကိမ္ႀကိမ္ခြင့္ေတာင္း လာေတာ့ သူ၏အေမက (၃)လဝတ္ခြင့္ျပဳလိုက္ပါသည္။

သူသည္ ကိုရင္ဝတ္ခြင့္ရ၍ အလြန္ေပ်ာ္ရႊင္သြား ေလသည္ တျဖည္းျဖည္းႏွင့္ (၃)လအခ်ိန္ျပည့္ခါနီးေသာအခါ လူထြက္ရမွာေၾကာက္၍ မေပ်ာ္ရႊင္ေတာ့ပါ။

ထို႔ေၾကာင့္သူသည္ ဆရာေတာ္မသိေအာင္ အျခားရြာသို႔ ထြက္ေျပး၍ သြားေရာက္ ေနထိုင္ေလသည္ သူ၏အေမလည္း (၃)လျပည့္ေသာအခါ သားကို လူဝတ္လဲရန္ ေက်ာင္းသို႔ ေရာက္လာ၏။

သို႔ေသာ္ သူ႔၏သားကို မေတြ႕ေတာ့ပါ ရြာေက်ာင္းဆရာေတာ္ကို ေလွ်ာက္ထားေတာ့အျခားရြာကို ထြက္ေျပးသြားမွန္း သိရ၍ ထိုရြာေက်ာင္းသို႔လိုက္ကာ ေခၚေဆာင္ေလေတာ့သည္။

မိမိတို႔ရြာေက်ာင္းျပန္ေရာက္လာေသာအခါ သူ၏သားကိုရင္ကို လူထြက္ရန္ ေျပာဆိုပါသည္ ထိုအခ်ိန္၌ ကိုရင္သည္ ျပတ္သားေသာဆံုးျဖတ္ခ်က္ တစ္ခုကို ခ်ထားခဲ့ေလသည္။

သူ၏အေမက လူထြက္ရန္ေျပာေသာအခါ “သားလူမထြက္ေတာ့ဘူး၊ လူထြက္ခိုင္းရင္ သတ္ေသေတာ့မယ္”ဟု ျပန္ေျပာေလသည္ သူ႔အေမက သတ္ေသလည္းသတ္ေသေပါ့၊

အခုလူထြက္ရမယ္ဟု ေျပာလာေသာအခါ၌ ကိုရင္သည္ သူ၏လက္ကို ဓားျဖင့္လွီးျဖတ္ေလေတာ့သည္ ေသြးမ်ား ျဖာထြက္လာမွ သူ၏ အေမသည္ စိုးရိမ္၍ ကိုရင္၏ လက္ကိုကိုင္မည္လုပ္ရာ ။

ကိုရင္က ” မကိုင္နဲ႔၊ လူထြက္ခိုင္းရင္ သတ္ေသလိုက္ ေတာ့မယ္”ဟု ျပန္ေျပာသည့္အခါမွ သူ၏အေမသည္  ပို၍စိုးရိမ္ထိတ္လန္႔၍ လက္ေလွ်ာ့ကာ ခြင့္ျပဳလိုက္ရေလသည္။

ယခုအခ်ိန္၌ကား ေမာင္သက္ၿဖိဳးေအာင္သည္ ကိုရင္ေသာဘနအမည္ျဖင့္ သူအသက္တမွ်  ခ်စ္ျမတ္ႏိုးေသာ သာသနာေတာ္ျမတ္ႀကီး၌ (၃)ဝါရေသာသာမေဏတစ္ပါးပင္ ျဖစ္၍ေနပါသည္။

သူသည္ ေတာရဝိနည္းစာသင္တိုက္တစ္ခု၌ ဝိနည္းသီလကို အထူးေလးစား၍ ပရိယတၱိစာေပမ်ားကို ႀကိဳးစားအားထုတ္လ်က္ရွိပါသည္။

သူ၏ထူးျခားခ်က္ကား ဝိနည္းသီလကို အထူးေလးစားရံုမွ်မက က်င့္ႏိုင္ခဲေသာ နိသဇၨိဓုတင္အစရွိေသာ အက်င့္ျမတ္မ်ားကိုလည္း က်င့္သံုးေနျခင္းပင္ျဖစ္သည္။

ထို႔ျပင္ ငယ္ရြယ္စဥ္ ကေလးဘဝမွစ၍ သူျမတ္ႏိုးေတာင္းတခဲ့ေသာ သာသနာ့ဝန္ထမ္း ရွင္ရဟန္းဘဝ၌ အသက္ထက္ဆံုးတိုင္ ေနထိုင္ၿပီး သာသနာျပဳရန္စိတ္ဓာတ္သည္ကား မေျပာင္းလဲသည့္အျပင္ ။

ဗုဒၶစာေပမ်ားကိုေန႔စဥ္ သင္ယူရ၍ ပို၍ပို၍ သဒၶါတရားႀကီးမားလာကာ ခိုင္မာေသာ သႏၶိ႒ာန္ခ်က္အျဖစ္ ေက်ာက္ေတာင္ပမာဆက္လက္တည္ရွိေနေလေတာ့၏။ရႊင္လန္းခ်မ္းေျမ႕ၾကပါေစ။

Unicode

လူထွက်ခိုင်းရင် သတ်သေမယ်ဆိုတဲ့ ကိုရင်လေး

ထားဝယ်သားလေးမောင်သက်ဖြိုးအောင်သည် အသက်(၈)နှစ်အရွယ်၌ သူငယ်ချင်းများ ကိုရင်ဝတ် တာကိုမြင်၍ သူလည်း ကိုရင်ဝတ်ချင်သောကြောင့်  မိဘများကို ခွင့်တောင်း၍ ကိုရင်ဝတ်ခဲ့ပါသည်။

(၁၅) ရက်ခန့်ကြာသောအခါ အခြားသူများ လူထွက်ကြကုန်သော်လည်း သူသည် ကိုရင်ဘဝ၌ ပျော်ပိုက်လျက်ပင် ရှိသည်။

သူ့၏အမေက အတန်းကျောင်းတက်ရမှာ ဖြစ်၍ လူထွက်ဖို့ရန် အတင်းပြောဆိုပြီး ထွက်ခိုင်းသည့်အတွက် ငိုယိုပြီး လူထွက်လိုက်ရလေသည်။

ကျောင်းနေရသော်လည်း ပျော်ရွှင်မှုမရှိ ကိုရင်ဘဝကိုသာ အမြဲတောင်းတလျက်ရှိသည် အသက်(၁၃)နှစ်အရွယ်၌ ကိုရင်ဝတ်ချင်လွန်း၍ ကျောင်းစာမလုပ်ဘဲ ကျောင်းပြေးမှုများလာပါသည်။

သူ၏အမေက ဘယ်လိုပင်ပြောပြော စာမကျက်တော့ပါ ကျောင်းထွက်ရန်သာ မကြာခဏပြောလေသည် နောက်ဆုံးသူ၏အမေသည် ကျောင်းထွက်ခွင့်ပြုလိုက်ရပါသည်။

သို့သော်ကိုရင်တော့ ဝတ်ခွင့်မပေးပါ သူသည် ကိုရင်ဝတ်ခွင့်မရဘဲ အလုပ်ကို (၆)လကြာအောင် မိဘကို ဝိုင်းကူလုပ်ပေးခဲ့ရသည် ကိုရင်ဝတ်ချင်လွန်း၍ သူသည် မိဘကို ခွင့်တောင်း ပြန်လေသည်။

“သားကိုရင်ဝတ်ချင်တာ အလုပ်လုပ်ပျင်းလို့ မဟုတ်ဘူးအမေ ကိုရင်ဘဝမှာပျော်လို့ပါအမေ၊သားကို ကိုရင် ဝတ်ခွင့်ပေးနော်အမေ”ဟု အကြိမ်ကြိမ်ခွင့်တောင်း လာတော့ သူ၏အမေက (၃)လဝတ်ခွင့်ပြုလိုက်ပါသည်။

သူသည် ကိုရင်ဝတ်ခွင့်ရ၍ အလွန်ပျော်ရွှင်သွား လေသည် တဖြည်းဖြည်းနှင့် (၃)လအချိန်ပြည့်ခါနီးသောအခါ လူထွက်ရမှာကြောက်၍ မပျော်ရွှင်တော့ပါ။

ထို့ကြောင့်သူသည် ဆရာတော်မသိအောင် အခြားရွာသို့ ထွက်ပြေး၍ သွားရောက် နေထိုင်လေသည် သူ၏အမေလည်း (၃)လပြည့်သောအခါ သားကို လူဝတ်လဲရန် ကျောင်းသို့ ရောက်လာ၏။

သို့သော် သူ့၏သားကို မတွေ့တော့ပါ ရွာကျောင်းဆရာတော်ကို လျှောက်ထားတော့အခြားရွာကို ထွက်ပြေးသွားမှန်း သိရ၍ ထိုရွာကျောင်းသို့လိုက်ကာ ခေါ်ဆောင်လေတော့သည်။

မိမိတို့ရွာကျောင်းပြန်ရောက်လာသောအခါ သူ၏သားကိုရင်ကို လူထွက်ရန် ပြောဆိုပါသည် ထိုအချိန်၌ ကိုရင်သည် ပြတ်သားသောဆုံးဖြတ်ချက် တစ်ခုကို ချထားခဲ့လေသည်။

သူ၏အမေက လူထွက်ရန်ပြောသောအခါ “သားလူမထွက်တော့ဘူး၊ လူထွက်ခိုင်းရင် သတ်သေတော့မယ်”ဟု ပြန်ပြောလေသည် သူ့အမေက သတ်သေလည်းသတ်သေပေါ့၊

အခုလူထွက်ရမယ်ဟု ပြောလာသောအခါ၌ ကိုရင်သည် သူ၏လက်ကို ဓားဖြင့်လှီးဖြတ်လေတော့သည် သွေးများ ဖြာထွက်လာမှ သူ၏ အမေသည် စိုးရိမ်၍ ကိုရင်၏ လက်ကိုကိုင်မည်လုပ်ရာ ။

ကိုရင်က ” မကိုင်နဲ့၊ လူထွက်ခိုင်းရင် သတ်သေလိုက် တော့မယ်”ဟု ပြန်ပြောသည့်အခါမှ သူ၏အမေသည်  ပို၍စိုးရိမ်ထိတ်လန့်၍ လက်လျှော့ကာ ခွင့်ပြုလိုက်ရလေသည်။

ယခုအချိန်၌ကား မောင်သက်ဖြိုးအောင်သည် ကိုရင်သောဘနအမည်ဖြင့် သူအသက်တမျှ  ချစ်မြတ်နိုးသော သာသနာတော်မြတ်ကြီး၌ (၃)ဝါရသောသာမဏေတစ်ပါးပင် ဖြစ်၍နေပါသည်။

သူသည် တောရဝိနည်းစာသင်တိုက်တစ်ခု၌ ဝိနည်းသီလကို အထူးလေးစား၍ ပရိယတ္တိစာပေများကို ကြိုးစားအားထုတ်လျက်ရှိပါသည်။

သူ၏ထူးခြားချက်ကား ဝိနည်းသီလကို အထူးလေးစားရုံမျှမက ကျင့်နိုင်ခဲသော နိသဇ္ဇိဓုတင်အစရှိသော အကျင့်မြတ်များကိုလည်း ကျင့်သုံးနေခြင်းပင်ဖြစ်သည်။

ထို့ပြင် ငယ်ရွယ်စဉ် ကလေးဘဝမှစ၍ သူမြတ်နိုးတောင်းတခဲ့သော သာသနာ့ဝန်ထမ်း ရှင်ရဟန်းဘဝ၌ အသက်ထက်ဆုံးတိုင် နေထိုင်ပြီး သာသနာပြုရန်စိတ်ဓာတ်သည်ကား မပြောင်းလဲသည့်အပြင် ။

ဗုဒ္ဓစာပေများကိုနေ့စဉ် သင်ယူရ၍ ပို၍ပို၍ သဒ္ဓါတရားကြီးမားလာကာ ခိုင်မာသော သန္ဓိဋ္ဌာန်ချက်အဖြစ် ကျောက်တောင်ပမာဆက်လက်တည်ရှိနေလေတော့၏။ရွှင်လန်းချမ်းမြေ့ကြပါစေ။

Hits: 306