စစ်သားအချင်းချင်း ပ-စ်-ခ-တ်မှုဖြစ်ပြီး ၇ ဦး‌ေ-သဆုံးကာ ပ-စ်ခ-တ်သည့် စစ်သား ၂ ဦး လ-က်န-က်ဖြင့် လွတ်မြောက်သွား၊

စစ်သားအချင်းချင်း ပ-စ်-ခ-တ်မှုဖြစ်ပြီး ၇ ဦး‌ေ-သဆုံးကာ ပ-စ်ခ-တ်သည့် စစ်သား ၂ ဦး လ-က်န-က်ဖြင့် လွတ်မြောက်သွား၊

Breaking News- သန်လျင်တွင် စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၇ ဦးသေဆုံးကာ

ပစ်ခတ်သည့် စစ်သား ၂ ဦး လက်နက်ဖြင့် လွတ်မြောက်သွား၊ သန်လျင်တံတားကို ပိတ်ဆို့ပြီး လူတစ်ဦးချင်းစီကို စိစစ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာတွင် လုံခြုံရေးတာဝန်ချထားသည့် စစ်ကောင်စီတပ်သား

၂ ဦးက အချင်းချင်း ပြန်လည် ပစ်ခတ်သဖြင့် ၇ ဦးသေဆုံးသွားခဲ့ပြီး ပစ်ခတ်သော စစ်သား ၂ ဦး

ဖမ်းဆီးရမိခြင်းမရှိသဖြင့် ယနေ့ သန်လျင်တစ်မြို့လုံးကို ပိတ်ဆို့စစ်ဆေးနေကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမျ သိရှိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး စစ်သား

၂ ဦးက အခြား စစ်သားနှင့်မိသားစုဝင် ၇ ဦးကို ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊

ပစ်ခတ်သော စစ်သား ၂ ဦးမှာလည်း လက်နက်ဖြင့် လွတ်မြောက်သွားကြောင်း၊ လုံခြုံရေး

ကင်းစောင့်သည့်ကိစ္စ ရန်ဖြစ်ရာမှ စကားများကြပြီး အချင်းချင်း ပြန်လည်ပစ်ခတ်ကြခြင်းဖြစ်သည်ဟု

လတ်တလော သိရှိထားကြောင်း စစ်တပ် သတင်းရင်းမြစ်က ပြောသည်။

“သန်လျင်မြို့နယ်၊စစ်ပင်ကွင်းမှာ စစ်သား အချင်းချင်း ရန်ဖြစ်ရင်း ပစ်တာ ၇ ယောက်သေပြီး

၁ ဦး ဒဏ်ရာရတယ်။ ပစ်ပြီး ထွက်ပြေးတဲ့ စစ်သား ၂ ဦးကို မမိသေးလို့ လိုက်ရှာ နေကြတယ်။

တစ်မြို့လုံးပိတ်ဆို့ပြီး ရှာနေတာ။ မြစ်ထဲမှာလည်း လှေတွေ သင်္ဘောတွေ အကုန်စစ်တယ်။

ကုန်းလမ်းမှာလည်း သန်လျင်တံတား၊ ကုလားဝဲတံတားအကုန်ပိတ်ဆို့ စစ်တာ။ သန်လျင်က

ပစ်ခတ်သွားတဲ့ စစ်သား ထွက်မရသေးဘူးလို့ ယူဆလို့ထင်ပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် သန်လျင်တံတားလည်း ပိတ်ဆို့နေပြီး ကားများ ရှေ့ဆက်သွားမရကြောင်း၊လူတစ်ဦးချင်းစီ

လမ်း လျှောက် ရပြီး Mask ချွတ်ပြသရကြောင်း ဒေသခံများက ဆိုကြသည်။

“သန်လျင်တံတားအဆင်း..တိုင်းရေးသားကျေးရွာရှေ့ ခွေးတွေ ကားပေါ်က ဆင်းခိုင်းပြီး လွယ်အိတ်

ကအစ စစ်ဆေးနေတယ်။ယောကျာ်းလေးတွေဆို maskတွေပါချွတ်ခိုင်းတာ”ဟု ပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် သန်လျင်မြို့နယ် ရပ်ကွက်တချို့ကိုလည်း ရဲကားနှင့်စစ်ကားတချို့ လှည့်လည် ရှာဖွေမှုများရှိနေသည်ဟု သိရှိရသည်။

ဓာတ်ပုံ- သန်လျင်တံတားအဆင်း(မြို့ထဲဘက်တွင်) ပုံမှန် သံဆူးကြိုး ဘယ်ရီရာများ ချထားစဉ်။ (ပုံအဟောင်းဖြစ်သည်)

Photo- CJ ။


Leave a Reply

Your email address will not be published.