
admin | November 12, 2019 | 0 | Celebreties

Zawgyi







Unicode

ပွဲမှာပရိသတ်တွေနဲ့ အပျော်လွန်ပြီးခုန်ခဲ့လို့ ပြုတ်ကျသွားတဲ့ မိစန္ဒီ

တေးစီးရီးအယ်ဘမ်တွေ ထွက်ရှိအောင်မြင်ထားသူတစ်ယောက်ဖြစ်တဲ့ မိစန္ဒီကတော့ လတ်တလောမှာ ဈေဗန်းဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိနေသူလည်းဖြစ်ပါတယ်။

သူကတော့ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့၊နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ဖျော်ဖြေခဲ့တဲ့ “ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ပွဲတော်” မှာ ပရိသတ်တွေနဲ့ အပျော်လွန်ပြီးခုန်ခဲ့လို့ ဝိတ်ကျသွားတဲ့အကြောင်းကို

“လပြည့် မတိုင်ခင် တရက်- ရန်ကုန် တန်ဆောင်တိုင် မှာပေါ့နော်..ပရိတ်သတ်တွေ အများကြီးနဲ့ အရမ်းကို ခုန်ခဲ့ ပျော်ခဲ့..ဝိတ်တောင် ကျသွားသလိုလို ပုံတွေ အများကြီး ကျန်သေးတယ်..

နောက်မှ ထပ်တင်တော့မယ်နော်.. mwahh” လို့ သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

သူဟာ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို ရေးစပ်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ တခါမှ မရေးဖူးတဲ့ ပုံစံနဲ့လည်း သီချင်းတွေကို ရေးစပ်နေပြီလို့ သိရပါတယ်။

မိစန္ဒီဟာ ကိုယ်ပိုင်သီချင်းတွေကို ကိုယ်တိုင်ရေးဖွဲလေ့ရှိတဲ့ သူတစ်ယောက်ဖြစ်သလို နီနီခင်ဇော်နဲ့ဖြူဖြူကျော်သိန်း စတဲ့ တခြားသောအနုပညာရှင်တွေအတွက်လည်း သီချင်းတွေ ရေးစပ်ပေးလေ့ရှိတဲ့ တေးရေးဆရာမလေး လည်းဖြစ်ပါတယ်။

Related Posts

အိမ့်ချစ်ကို တောင်းပန်လိုက်ရတဲ့ အကြောင်း ပြောလာတဲ့ ခိုင်သင်းကြည်

admin | December 13, 2019 | 0

Zawgyi လတ်တလော မြန်မာနိုင်ငံမှာ Myanmar Idol နဲ့ အပြိုင် ရေပန်းစားနေတဲ့ တီဗွီအစီအစဉ်တစ်ခုဖြစ်တဲ့ The Mask Singer Myanmar ဟာဆိုရင် ပရိသတ်တွေ နှစ်သက်တဲ့ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဒိုင်ဖစ်သူများကလည်းပရိတ်သတ်ရဲ့ အချစ်တော်တွေဖြစ်တဲ့ ထွန်းထွန်း ၊ ခိုင်သင်းကြည် ၊ အရိုင်း တို့ပဲ မဟုတ်ပါလား။ သူတို့ အားလုံးဟာ စနောက်တတ်တဲ့…

အောက်လမ်းနဲ့ အစိမ်းတိုက် ခံခဲ့ရတဲ့ ဝေဠုကျော်

admin | December 12, 2019 | 0

Zawgyi သရုပ်ဆောင်ဝေဠုကျော်ဟာဆိုရင် လက်ရှိမှာ အနုပညာအလုပ်ထက် ပရဟိတအလုပ်ကို ဦးစားပေးလုပ်နေပြီး အများပြည်သူချစ်တဲ့ မင်းသားတစ်ဦး ဖြစ်ပါတယ်။ သူ့အိမ်မှာ ထူးခြားမှုအနေနဲ့ လွန်ခဲ့တဲ့တစ်ပတ်ကျော်ကစပြီး ထူးခြားတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဝေဠုကျော်ရဲ့နေအိမ်အတွင်းမှာ ပုလင်းများ၊ ပုဂံများ နေရာရွေ့ကျကွဲခြင်း၊ လူကိုပစ်ပေါက်ခြင်း၊ မီးပူများကို ခလုတ်ဖွင့်၊ မီးခလုတ်တပ်နံပါတ်ကုန်လှည့်ပြီး ကျွမ်းအောင်တိုက်ထားခြင်း၊ ကြက်သားအစိမ်းများနဲ့ ဟင်းများကြမ်းပြင်ပေါ်ကို ရောက်နေခြင်း၊မုန့်များ၊ အသီးများ နေရာရွေ့ကာကြမ်းပြင်သို့ရောက်နေခြင်းနဲ့…

Recent Posts

Archives

Meta