
admin | November 12, 2019 | 0 | Celebreties

Zawgyi











Unicode

နေတိုးအတွက် သတို့သား အရံလုပ်ဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ ထွန်းထွန်း

နေတိုး တစ်ယောက် အချစ်ရေးမှာ လေးနက်တဲ့ အချိန်အခါတစ်ခုရောက်နေပါပြီလို့ ဖွင့်ပြောပြီးတဲ့ နောက်မှာတော့ သတို့သားအရံလုပ်ပေး မယ့် သူကလည်း အသင့်စောင့်နေပါတယ်။

သူကတော့ တခြားသူ မဟုတ်ပါဘူး နှင်းဆီအဖွဲ့ဝင် ထွန်းထွန်းပါ နှင်းဆီ အဖွဲ့သားတွေရဲ့ အစအနောက်ခံ လူပျိုကြီး တစ်ယောက် single ဘဝကကျွတ်လွတ်တော့မယ်ဆိုရင် အဖွဲ့သားတွေကဝမ်းသာမှာလား ဒါမှမဟုတ် စိတ်မကောင်းဖြစ်မှာလား။

ဒီမေးခွန်းရဲ့ အဖြေကိုတော့ နေတိုးနဲ့ ခင်လာတာ ဆယ်စုနှစ် တစ်ခုကျော်ရှိနေပြီဖြစ်တဲ့ ထွန်းထွန်းက ဖြေပေးသွားမှာပါ နေတိုးရဲ့ မင်္ဂလာ သတင်း နဲ့ ပတ်သက်ပြီး ထွန်းထွန်း ဘယ်လို ဖြေကြားမလဲ ကြည့်ရအောင်။

“ မင်္ဂလာ ရှိတဲ့ အရာအားလုံးက မင်္ဂလာ တစ်ပါးပဲဆိုတော့ ညီအစ်ကိုလိုလည်း လက်တွဲလာတာကြာပြီ။ သူက အနေအထိုင် လျှို့ဝှက် သိုသိပ်တယ်။အလုပ်ကိုပဲကြိုးစားတယ် ။

အခုလည်း သူစီစဉ်ထားတာတွေက ဘာဆိုတာ ကျွန်တော် မသိနိုင် မမြင်နိုင်ဘူး ကျွန်တော်ကတော့ သူတို့ မိသားစုနဲ့ထပ်တူ အရာအားလုံးဝမ်းသာပေးဖို့ရယ်ဒီပဲ ” လို့ဆိုပါတယ်။

မင်္ဂလာ ပွဲမှာ သတို့သားအရံလုပ်ပေးဖို့ ထွန်းထွန်းတစ်ယောက် ဘယ်လိုတောင် တက်ကြွနေလဲဆိုတော့ –“ကိုယ့်အကိုလိုမျိုး ပြောရမယ်ဆိုရင်တော့ ဖြစ်စေချင်တယ်။

သူအလုပ်တွေ အရမ်းကြိုးစားလုပ်သလိုပဲ သူ့ အိမ်ထောင်ရေးကိုလည်း အကောင်းဆုံး ဖြစ်အောင် သူဖန်တီးနေတယ်ထင်တယ်။

ပရိသတ်နဲ့ထပ်တူကျတဲ့ အိမ်ထောင်ရေးကို သူ ဖန်တီးကြိုးစားတည်ဆောက် နေတယ်ဆိုတော့ ကျွန်တော့် အနေနဲ့ကတော့ အရှေ့ကနေ အရံ အဖြစ်ဘယ်အချိန် လမ်းလျှောက်ပေးရမလည်းပဲ မေးထားတာ ” ဆိုပြီး ဖြေကြားပါတယ်။

“ကို နေတိုးချစ်ရတဲ့ ကောင်မလေးကကို နေတိုးအလုပ်တွေကို နားလည်ပြီး ပံ့ပိုးပေးနိုင်မယ် ၊ ပါရမီ ဖြည့်ပေးနိုင်မယ့် မိန်းကလေးတစ်ယောက်ဆိုရပါပြီ။

ကို နေတိုး သာ အိမ်ထောင် ကျသွားခဲ့ရင် နှင်းဆီ အဖွဲ့မှာ စနောက်ရမယ့် သူ မရှိတော့ ဘူး” လို့လည်း ရယ်ကျဲကျဲ နဲ့ ဖြေသွားပါသေးတယ်။မင်းသားချော နေတိုးရဲ့ မင်္ဂလာ ပွဲကတော့ မကြာမီ လာမည်မျှော် ဆိုသလိုပဲ ပရိသတ်တွေ စောင့် မျှော်ရဦးမှာပါ။

Related Posts

အိမ့်ချစ်ကို တောင်းပန်လိုက်ရတဲ့ အကြောင်း ပြောလာတဲ့ ခိုင်သင်းကြည်

admin | December 13, 2019 | 0

Zawgyi လတ်တလော မြန်မာနိုင်ငံမှာ Myanmar Idol နဲ့ အပြိုင် ရေပန်းစားနေတဲ့ တီဗွီအစီအစဉ်တစ်ခုဖြစ်တဲ့ The Mask Singer Myanmar ဟာဆိုရင် ပရိသတ်တွေ နှစ်သက်တဲ့ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဒိုင်ဖစ်သူများကလည်းပရိတ်သတ်ရဲ့ အချစ်တော်တွေဖြစ်တဲ့ ထွန်းထွန်း ၊ ခိုင်သင်းကြည် ၊ အရိုင်း တို့ပဲ မဟုတ်ပါလား။ သူတို့ အားလုံးဟာ စနောက်တတ်တဲ့…

အောက်လမ်းနဲ့ အစိမ်းတိုက် ခံခဲ့ရတဲ့ ဝေဠုကျော်

admin | December 12, 2019 | 0

Zawgyi သရုပ်ဆောင်ဝေဠုကျော်ဟာဆိုရင် လက်ရှိမှာ အနုပညာအလုပ်ထက် ပရဟိတအလုပ်ကို ဦးစားပေးလုပ်နေပြီး အများပြည်သူချစ်တဲ့ မင်းသားတစ်ဦး ဖြစ်ပါတယ်။ သူ့အိမ်မှာ ထူးခြားမှုအနေနဲ့ လွန်ခဲ့တဲ့တစ်ပတ်ကျော်ကစပြီး ထူးခြားတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဝေဠုကျော်ရဲ့နေအိမ်အတွင်းမှာ ပုလင်းများ၊ ပုဂံများ နေရာရွေ့ကျကွဲခြင်း၊ လူကိုပစ်ပေါက်ခြင်း၊ မီးပူများကို ခလုတ်ဖွင့်၊ မီးခလုတ်တပ်နံပါတ်ကုန်လှည့်ပြီး ကျွမ်းအောင်တိုက်ထားခြင်း၊ ကြက်သားအစိမ်းများနဲ့ ဟင်းများကြမ်းပြင်ပေါ်ကို ရောက်နေခြင်း၊မုန့်များ၊ အသီးများ နေရာရွေ့ကာကြမ်းပြင်သို့ရောက်နေခြင်းနဲ့…

Recent Posts

Archives

Meta