
admin | November 11, 2019 | 0 | Celebreties

Zawgyi







Unicode

ပိုင်ဖြိုးသုကို အားပေးဝန်းရံခဲ့ကြတဲ့ အနုပညာ ရှင်များ

လူငယ်ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ သုံးကားမြောက် ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့ ထာဝရနှောင်ကြိုး (Now Ever) ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရေးတွေ ပြုလုပ်စဉ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတာ ဖြစ်ပါတယ်။

ထာဝရနှောင်ကြိုး (Now Ever) ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ (၃၁) ရက်နေ့မှာ စတင်ပြသခဲ့ပြီး လာရောက် ကြည့်ရှုအားပေးတဲ့ ပရိသတ်တွေ ကြိတ်ကြိတ်တိုး စည်ကားခဲ့ပါတယ်။

နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ ဝတ်မှုံရွှေရည်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ရန်အောင်၊ ရဲအောင်၊ မင်းဦး၊ ရတနာဗိုလ်၊ ရွှေသမီးတို့ကလည်း “ထာဝရနှောင်ကြိုး” အဖွဲ့သားတွေနဲ့အတူတူ မင်းသမီးချောလေး ပိုင်ဖြိုးသုကို အားပေးဝန်းရံခဲ့ကြတာကို တွေ့ရပါတယ်။

ပရိသတ်တွေအတွက် ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီးကို လူစုံတက်စုံနဲ့ ကြည့်ရှုခဲ့ကြတဲ့ အနုပညာရှင်များရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ် ။

ပိုင်ဖြိုးသုကလည်း သူမကို အားပေးချစ်ခင်ကြတဲ့ စီနီယာ အစ်ကို၊ အစ်မတွေနဲ့ ဂျူနီယာ ညီမလေးတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့တာကို ကြည်နူးစရာကောင်းလှပါတယ်။

“ထာဝရနှောင်ကြိုး” (Now Ever) ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာရောက်ကြည့်ရှုအားပေးတဲ့ ဝါရင့် အနုပညာရှင်တွေကိုယ်တိုင်က အရမ်းကောင်းတယ်လို့ ညွှန်းထားကြတဲ့အတွက် ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲနော်။

Related Posts

အိမ့်ချစ်ကို တောင်းပန်လိုက်ရတဲ့ အကြောင်း ပြောလာတဲ့ ခိုင်သင်းကြည်

admin | December 13, 2019 | 0

Zawgyi လတ်တလော မြန်မာနိုင်ငံမှာ Myanmar Idol နဲ့ အပြိုင် ရေပန်းစားနေတဲ့ တီဗွီအစီအစဉ်တစ်ခုဖြစ်တဲ့ The Mask Singer Myanmar ဟာဆိုရင် ပရိသတ်တွေ နှစ်သက်တဲ့ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဒိုင်ဖစ်သူများကလည်းပရိတ်သတ်ရဲ့ အချစ်တော်တွေဖြစ်တဲ့ ထွန်းထွန်း ၊ ခိုင်သင်းကြည် ၊ အရိုင်း တို့ပဲ မဟုတ်ပါလား။ သူတို့ အားလုံးဟာ စနောက်တတ်တဲ့…

အောက်လမ်းနဲ့ အစိမ်းတိုက် ခံခဲ့ရတဲ့ ဝေဠုကျော်

admin | December 12, 2019 | 0

Zawgyi သရုပ်ဆောင်ဝေဠုကျော်ဟာဆိုရင် လက်ရှိမှာ အနုပညာအလုပ်ထက် ပရဟိတအလုပ်ကို ဦးစားပေးလုပ်နေပြီး အများပြည်သူချစ်တဲ့ မင်းသားတစ်ဦး ဖြစ်ပါတယ်။ သူ့အိမ်မှာ ထူးခြားမှုအနေနဲ့ လွန်ခဲ့တဲ့တစ်ပတ်ကျော်ကစပြီး ထူးခြားတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဝေဠုကျော်ရဲ့နေအိမ်အတွင်းမှာ ပုလင်းများ၊ ပုဂံများ နေရာရွေ့ကျကွဲခြင်း၊ လူကိုပစ်ပေါက်ခြင်း၊ မီးပူများကို ခလုတ်ဖွင့်၊ မီးခလုတ်တပ်နံပါတ်ကုန်လှည့်ပြီး ကျွမ်းအောင်တိုက်ထားခြင်း၊ ကြက်သားအစိမ်းများနဲ့ ဟင်းများကြမ်းပြင်ပေါ်ကို ရောက်နေခြင်း၊မုန့်များ၊ အသီးများ နေရာရွေ့ကာကြမ်းပြင်သို့ရောက်နေခြင်းနဲ့…

Recent Posts

Archives

Meta