admin | November 11, 2019 | 0 | Celebreties
Zawgyi
UnIcode
ရွာဓလေ့အတိုင်း မြတ်စွာဘုရားကို ကြာဆီမီးတွေနဲ့ ပူဇော်ခဲ့တဲ့ ခိုင်နှင်းဝေ
ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေက အနုပညာလောကမှာ နာမည်ကောင်းနဲ့ ကျော်ကြားသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။
ခိုင်နှင်းဝေက ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်ရင်း နိုင်ငံတော်ကပေးအပ်တဲ့ ဆုတံဆိပ်တွေကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
အဆင်းရော၊ အချင်းပါ ပြည့်စုံတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကို ပရိသတ်တွေကလည်း တစ်နေ့တစ်ခြား ချစ်လာကြတာ တွေ့ရပါတယ်။
ခိုင်နှင်းဝေက လက်ရှိမှာတော့ သူမတို့ မိသားစုလေးရဲ့ ကထိန်ခင်းအလှူလေးကို ကျင်းပဖို့အတွက် နေပြည်တော်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ခိုင်နှင်းဝေက သူမရဲ့ အလှူဝင်ညလေးရဲ့ အမှတ်တရတွေကို အခုလိုပဲ ပြောပြလာပါတယ်။
“မနက်ဖြန် လပြည့်နေ့မှာ ပြုလုပ်မယ့် ကထိန်အလှူပွဲမတိုင်ခင် အလှူအဝင်နေ့မှာ မြတ်စွာဘုရားကို ကြာဆီမီးပူဇော်ပွဲကျင်းပခဲ့ပါတယ်။”
“ကျွန်မလာတဲ့အချိန် အကတွေရော,အဆိုတွေရောနဲ့ ရွာကပြည်သူတွေက ချစ်ချစ်ခင်ခင်ကြိုဆိုကြတဲ့အတွက် အတိုင်းမသိဝမ်းသာရပါတယ်ရှင်🙏🏻🙏🏻🙏🏻” ဆိုပြီး ပြောထားပါတယ်။
ပရိသတ်ကို ချစ်တဲ့ မင်းသမီးနဲ့ မင်းသမီးကချစ်တဲ့ ပရိသတ်တွေရဲ့ မြင်ကွင်းလေးက တကယ့်ကို ကြည်နူးစရာပါပဲ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ် ။
Related Posts
အိမ့်ချစ်ကို တောင်းပန်လိုက်ရတဲ့ အကြောင်း ပြောလာတဲ့ ခိုင်သင်းကြည်
admin | December 13, 2019 | 0
Zawgyi လတ်တလော မြန်မာနိုင်ငံမှာ Myanmar Idol နဲ့ အပြိုင် ရေပန်းစားနေတဲ့ တီဗွီအစီအစဉ်တစ်ခုဖြစ်တဲ့ The Mask Singer Myanmar ဟာဆိုရင် ပရိသတ်တွေ နှစ်သက်တဲ့ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဒိုင်ဖစ်သူများကလည်းပရိတ်သတ်ရဲ့ အချစ်တော်တွေဖြစ်တဲ့ ထွန်းထွန်း ၊ ခိုင်သင်းကြည် ၊ အရိုင်း တို့ပဲ မဟုတ်ပါလား။ သူတို့ အားလုံးဟာ စနောက်တတ်တဲ့…
အောက်လမ်းနဲ့ အစိမ်းတိုက် ခံခဲ့ရတဲ့ ဝေဠုကျော်
admin | December 12, 2019 | 0
Zawgyi သရုပ်ဆောင်ဝေဠုကျော်ဟာဆိုရင် လက်ရှိမှာ အနုပညာအလုပ်ထက် ပရဟိတအလုပ်ကို ဦးစားပေးလုပ်နေပြီး အများပြည်သူချစ်တဲ့ မင်းသားတစ်ဦး ဖြစ်ပါတယ်။ သူ့အိမ်မှာ ထူးခြားမှုအနေနဲ့ လွန်ခဲ့တဲ့တစ်ပတ်ကျော်ကစပြီး ထူးခြားတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဝေဠုကျော်ရဲ့နေအိမ်အတွင်းမှာ ပုလင်းများ၊ ပုဂံများ နေရာရွေ့ကျကွဲခြင်း၊ လူကိုပစ်ပေါက်ခြင်း၊ မီးပူများကို ခလုတ်ဖွင့်၊ မီးခလုတ်တပ်နံပါတ်ကုန်လှည့်ပြီး ကျွမ်းအောင်တိုက်ထားခြင်း၊ ကြက်သားအစိမ်းများနဲ့ ဟင်းများကြမ်းပြင်ပေါ်ကို ရောက်နေခြင်း၊မုန့်များ၊ အသီးများ နေရာရွေ့ကာကြမ်းပြင်သို့ရောက်နေခြင်းနဲ့…
Recent Posts
Archives
Meta