သီခ်င္းအသစ္ေတြ ထြက္ဖို႔ ျပင္ဆင္ေနတဲ့ No အဖြဲ႕

admin | November 11, 2019 | 0 | Celebreties

Zawgyi

90 Born ေတြရဲ႕ အသည္းစြဲ မိန္းကေလး Girls Band တစ္ခုျဖစ္တဲ့ No အဖြဲ႕ကေတာ့ မၾကာခင္မွာ ပရိသတ္ေတြကို ခံစားမႈ ရသအသစ္ေတြ ေပးစြမ္းႏိုင္ေအာင္ ျပင္ဆင္လို႔ေနပါတယ္။

ပရိသတ္ေတြရဲ႕ အားေပးမႈကို ယေန႔ထက္ထိ ပိုင္ဆိုင္ထားႏိုင္တဲ့ No အဖြဲ႕ကေတာ့ သီခ်င္းအသစ္ေတြ ထြက္ႏိုင္ေအာင္ ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။

“လတ္တေလာအေနနဲ႔ေတာ့ သီခ်င္းေတြ ဆက္ဆိုဖို႔ ရွိပါတယ္ လုပ္ထားၿပီးသားေတြလည္း ရွိပါတယ္ အသစ္ေတြ လုပ္ဖို႔ အစီအစဥ္ရွိပါတယ္။

အေဟာင္းေတြဆိုရင္လည္း ပရိသတ္ေတြအရမ္းအားေပးခဲ့တဲ့ သီခ်င္းေတြဆိုရင္ ဗားရွင္း အသစ္ေလးေတြနဲ႔ေတာ့ ျပန္လုပ္ခ်င္တယ္” လို႔ အဖြဲ႕ဝင္တ၀္ဦးျဖစ္တ့ဲ ရည္မြန္က ဆိုပါတယ္။

ပရိသတ္ေတြနဲ႔ အဆက္အသြယ္ျပတ္ေနသလို ျဖစ္တဲ့ သူတို႔ဟာ အခုမွ သီခ်င္းသစ္ေတြ ျပန္လုပ္ရတဲ့ ခံစားခ်က္ကိုလည္း ယခုလို ေျပာျပခဲ့ပါေသးတယ္။

“အရမ္းၾကာသြားၿပီးမွ ျပန္လုပ္ေတာ့ ဟိုးအရင္တုန္းကလို ပထမဆုံးအေခြလုပ္ခဲ့သလိုမ်ိဳးပဲ စိတ္လႈပ္ရွားတယ္ အဲတုန္းက ႀကိဳးစားခဲ့တဲ့ ႀကိဳးစားမႈေလးေတြနဲ႔ ႀကိဳးစားခ်င္တယ္။

သီခ်င္းကေတာ့ အမတို႔အဖြဲ႕ဆိုေနက် အတိုင္းေလးပဲ ဆိုဖို႔ ရွိမွာပါ” လို႔ သူမက ဆက္လက္ေျပာျပခဲ့ပါတယ္။

ယေန႔အခ်ိန္ထိ No အဖြဲ႕ကို သီခ်င္းေတြ ဆိုေစခ်င္ၾကတဲ့ ပရိသတ္ေတြ ရွိေနေသးလို႔လည္း အရမ္းကို ေက်းဇူးတင္တယ္လို႔ အဖြဲ႕ဝင္ ရတနာက ေျပာပါတယ္။

“ဒီအခ်ိန္ထိ No အဖြဲ႕ကို သီခ်င္းေတြဆိုေစခ်င္ၾကတယ္ စာေတြလည္း ပို႔ၾကတယ္ ႏွေျမာက်တယ္ဆိုေတာ့ေလ အားလည္းနာတယ္ သီခ်င္းေတြလည္း လုပ္ျဖစ္မွာပါ။

အခုခ်ိန္ထိ အားေပးတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္” လို႔ ဆိုပါတယ္။No အဖြဲ႕ဟာ 90 Born ေတြ အရမ္းကို ႀကိဳက္ခဲ့တဲ့ မိန္းကေလး အဆိုေတာ္အဖြဲ႕တစ္ဖြဲ႕ျဖစ္ပါတယ္။

Unicode

သီချင်းအသစ်တွေ ထွက်ဖို့ ပြင်ဆင်နေတဲ့ No အဖွဲ့

90 Born တွေရဲ့ အသည်းစွဲ မိန်းကလေး Girls Band တစ်ခုဖြစ်တဲ့ No အဖွဲ့ကတော့ မကြာခင်မှာ ပရိသတ်တွေကို ခံစားမှု ရသအသစ်တွေ ပေးစွမ်းနိုင်အောင် ပြင်ဆင်လို့နေပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုကို ယနေ့ထက်ထိ ပိုင်ဆိုင်ထားနိုင်တဲ့ No အဖွဲ့ကတော့ သီချင်းအသစ်တွေ ထွက်နိုင်အောင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“လတ်တလောအနေနဲ့တော့ သီချင်းတွေ ဆက်ဆိုဖို့ ရှိပါတယ် လုပ်ထားပြီးသားတွေလည်း ရှိပါတယ် အသစ်တွေ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။

အဟောင်းတွေဆိုရင်လည်း ပရိသတ်တွေအရမ်းအားပေးခဲ့တဲ့ သီချင်းတွေဆိုရင် ဗားရှင်း အသစ်လေးတွေနဲ့တော့ ပြန်လုပ်ချင်တယ်” လို့ အဖွဲ့ဝင်တဝ်ဦးဖြစ်တဲ့ ရည်မွန်က ဆိုပါတယ်။

ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေသလို ဖြစ်တဲ့ သူတို့ဟာ အခုမှ သီချင်းသစ်တွေ ပြန်လုပ်ရတဲ့ ခံစားချက်ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

“အရမ်းကြာသွားပြီးမှ ပြန်လုပ်တော့ ဟိုးအရင်တုန်းကလို ပထမဆုံးအခွေလုပ်ခဲ့သလိုမျိုးပဲ စိတ်လှုပ်ရှားတယ် အဲတုန်းက ကြိုးစားခဲ့တဲ့ ကြိုးစားမှုလေးတွေနဲ့ ကြိုးစားချင်တယ်။

သီချင်းကတော့ အမတို့အဖွဲ့ဆိုနေကျ အတိုင်းလေးပဲ ဆိုဖို့ ရှိမှာပါ” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

ယနေ့အချိန်ထိ No အဖွဲ့ကို သီချင်းတွေ ဆိုစေချင်ကြတဲ့ ပရိသတ်တွေ ရှိနေသေးလို့လည်း အရမ်းကို ကျေးဇူးတင်တယ်လို့ အဖွဲ့ဝင် ရတနာက ပြောပါတယ်။

“ဒီအချိန်ထိ No အဖွဲ့ကို သီချင်းတွေဆိုစေချင်ကြတယ် စာတွေလည်း ပို့ကြတယ် နှမြောကျတယ်ဆိုတော့လေ အားလည်းနာတယ် သီချင်းတွေလည်း လုပ်ဖြစ်မှာပါ။

အခုချိန်ထိ အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။No အဖွဲ့ဟာ 90 Born တွေ အရမ်းကို ကြိုက်ခဲ့တဲ့ မိန်းကလေး အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

Related Posts

အိမ့္ခ်စ္ကို ေတာင္းပန္လိုက္ရတဲ့ အေၾကာင္း ေျပာလာတဲ့ ခိုင္သင္းၾကည္

admin | December 13, 2019 | 0

Zawgyi လတ္တေလာ ျမန္မာနိုင္ငံမွာ Myanmar Idol နဲ႕ အၿပိဳင္ ေရပန္းစားေနတဲ့ တီဗြီအစီအစဥ္တစ္ခုျဖစ္တဲ့ The Mask Singer Myanmar ဟာဆိုရင္ ပရိသတ္ေတြ ႏွစ္သက္တဲ့ အစီအစဥ္တစ္ခုလည္းျဖစ္ပါတယ္။ ဒီအစီအစဥ္မွာ ဒိုင္ဖစ္သူမ်ားကလည္းပရိတ္သတ္ရဲ႕ အခ်စ္ေတာ္ေတြျဖစ္တဲ့ ထြန္းထြန္း ၊ ခိုင္သင္းၾကည္ ၊ အရိုင္း တို႔ပဲ မဟုတ္ပါလား။ သူတို႔ အားလုံးဟာ စေနာက္တတ္တဲ့…

ေအာက္လမ္းနဲ့ အစိမ္းတိုက္ ခံခ့ဲရတဲ့ ေ၀ဠဳေက်ာ္

admin | December 12, 2019 | 0

Zawgyi သရုပ္ေဆာင္ေ၀ဠဳေက်ာ္ဟာဆိုရင္ လက္ရွိမွာ အႏုပညာအလုပ္ထက္ ပရဟိတအလုပ္ကို ဦးစားေပးလုပ္ေနျပီး အမ်ားျပည္သူခ်စ္တဲ့ မင္းသားတစ္ဦး ျဖစ္ပါတယ္။ သူ႕အိမ္မွာ ထူးျခားမႈအေနနဲ႔ လြန္ခဲ့တဲ့တစ္ပတ္ေက်ာ္ကစၿပီး ထူးျခားတဲ့ ျဖစ္စဥ္ေတြ ဆက္တိုက္ ျဖစ္ေပၚခဲ့ပါတယ္။ ေ၀ဠဳေက်ာ္ရဲ႕ေနအိမ္အတြင္းမွာ ပုလင္းမ်ား၊ ပုဂံမ်ား ေနရာေရြ႕က်ကြဲျခင္း၊ လူကိုပစ္ေပါက္ျခင္း၊ မီးပူမ်ားကို ခလုတ္ဖြင့္၊ မီးခလုတ္တပ္နံပါတ္ကုန္လွည့္ၿပီး ကၽြမ္းေအာင္တိုက္ထားျခင္း၊ ၾကက္သားအစိမ္းမ်ားနဲ႔ ဟင္းမ်ားၾကမ္းျပင္ေပၚကို ေရာက္ေနျခင္း၊မုန္႔မ်ား၊ အသီးမ်ား ေနရာေရြ႕ကာၾကမ္းျပင္သို႔ေရာက္ေနျခင္းနဲ႔…

Recent Posts

Archives

Meta