
Zawgyi














Unicode

သီချင်းကိုအဆင့်တန်းမမီသလို အပြစ်မပြောဖို့ Myanmar Idol ကို သတိပေးလိုက်တဲ့ ရေမွန်

လူငယ်တွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ Idiots Band ကတော့ ဆယ်ကျော်သက် လူငယ်ပရိသတ်တွေကြားမှာတော့ ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားနေတဲ့ Band တစ်ခုပဲ ဖြစ်ပါတယ်။

Idiots Band ရဲ့ ပင်တိုင်အဆိုတော် တေးသံရှင်ရေမွှန်ဟာလည်း နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်နေသလို ယောက်ျားလေး ပရိသတ်တွေလည်း ကြွေနေရတဲ့ အဆိုကျော်တစ်ဦးပဲ ဖြစ်ပါတယ်။

ခံစားချက်တွေပြင်းထန်ပေါက်ကွဲ စေတဲ့ ခမ်းကြမ်းကြမ်း သီချင်း ပုံစံတွေနဲ့ ပရိသတ်တွေ ရူးသွပ်စွာအားပေးခဲ့ကြရသလို

ဆယ်ကျော်သက်တွေရဲ့နှလုံးသားရေးနဲ့ ပတ်သတ်တဲ့ ခံစားချက်သီချင်းလေးတွေကလည်း ပရိသတ်တွေရင်ကိုထိစေခဲ့တဲ့ Rock အဆိုတော်တစ်ယောက်ဖြစ်ပါတယ် ။

လတ်တလော ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ TV Program တစ်ခုဖြစ်တဲ့ Myamar Idol သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Rock တေးသီချင်းတွေနဲ့သီဆိုယှဉ်ပြိုင်ရတဲ့ week မှာတော့

ပြိုင်ပွဲဝင် Yaw Key က ရေမွန်ရဲ့ သီချင်းဖြစ်တဲ့ ” ဝမ်းနည်းတတ်တဲ့ချစ်သူ ” သီချင်းနဲ့သီဆိုယှဉ်ပြိုင်ခဲ့ပါတယ် ။

ဒီသီချင်းအတွက် ဒိုင်တွေ ပေးတဲ့မှတ်ချက်နဲ့ပတ်သတ်ပြီး ” ဝမ်းနည်းတတ်တဲ့ချစ်သူ “သီချင်းက Low (Bass) ကိုအသားပေးဆိုရတဲ့သီချင်းပါ ။

Bass အသံကိုပေါ်လွှင်အောင်မဆိုတတ်လို့ သီချင်းနဲ့လိုက်ဖက်မှုမရှိတိုင်း သီချင်းကိုချည်း (အဆင့်အတန်းမမှီသလို) အပြစ်ပုံချလို့ မရပါဘူး ကိုယ့်ဆရာတို့ ။

MMID Fan တစ်ယောက်မဟုတ်သလို ဘယ်ပြိုင်ပွဲမှလည်းမကြည့်ဖြစ်ပါဘူး ( အဆိုတော်တွေကို စက်နဲ့ Season အလိုက်ရိုက်ထုတ်နေတယ်လို့ခံစားရလို့ပါ ) ။

အခုကျွန်တော့်သီချင်းနဲ့ပြိုင်တယ်ဆိုလို့တချက် ဝင်လေ့ကြည့်တာပါ YAW KEY ရေညီလေး Bravo ပါ ပြိုင်ပွဲမှာဆုရဖို့ထက် တကယ့်လက်တွေ့ မှာဆုရဖို့ကပိုအရေးကြီးပါတယ် ။ Vocal အ Fine ကြီးပဲ ကြိုးစားထား ”

ဆိုတဲ့စာသားနဲ့ သတိပေးစကားရေးသားပြီး လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကိုမျှဝေပေးထားပါတယ် ။

ရေမွန်ရဲ့ ပရိသတ်အချို့ကလည်း ” အခြားသူ သီချင်းကို ပြန်ဆိုတယ် ဆိုတာ သီချင်းပိုင်ရှင် ကို respect ရှိရမယ်. မူရင်း သီချင်းကို အပြစ်ပြောတယ်ဆိုတာ pro မပီသလို့ဘဲ ထင်တယ်.

We r idiots. I love this band so much ” ဆိုပြီးမှတ်ချက်တွေရေးသားထားကြတာတွေ့ရပါတယ် ပြိုင်ပွဲဝင်ထက် သီချင်းကိုအပြစ်ပြောဝေဖန်ခဲ့တဲ့အတွက် သီချင်းပိုင်ရှင်ဖြစ်သူ ရေမွန်က ပေါက်ကွဲခဲ့ဟန်တူပါတယ် ပရိသတ်ကြီးရေ ..။

Hits: 1455