Zawgyi
မိဿရာသီ (Aries)
ပြိဿရာသီ (Taurus)
မေထုန်ရာသီ (Gemini)
ကရကဋ်ရာသီ (Cancer)
သိဟ်ရာသီ (Leo)
ကန်ရာသီ (Virgo)
တူရာသီ (Libra)
ဗိစ္ဆာရာသီ (Scorpis)
ဓနုရာသီ (Sagittarius)
မကာရရာသီ (Capricorn)
ကုမ်ရာသီ (Aquarius)
မိန်ရာသီ (Pisces)
Unicode
ရာသီခွင်အလိုက် စိတ်ဖိစီးမှုကို ဖြေရှင်းနည်း
အလုပ်တွေများနေချိန်မှာ စိတ်ဖိစီးမှုတွေများလာပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာကို မသိသူများပါလိမ့်မယ် စိတ်ဖိစီးမှုတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
မိဿရာသီ (Aries)
အားကုန်ရေခန်းသည်အထိ အလုပ်ကိုလုပ်သူဖြစ်ပါလိမ့်မယ် အလုပ်တွေပင်ပန်းပြီး နေမကောင်းဖြစ်မှသာလျှင် စိတ်ဖိစီးမှုဒဏ်တွေဆိုတာကို သိလာပါလိမ့်မယ်။မှတ်ထားပါ။
သင်ဟာ လူစွမ်းကောင်းမဟုတ်ပါ ကမ္ဘာကြီးမှာ ကိုယ်တစ်ယောက်တည်းရှိတယ်လို့ မတွေးပါနဲ့။
ပြိဿရာသီ (Taurus)
ဘာလုပ်လုပ် ပထမရမှ ကျေနပ်သူပါ။ ဒါကြောင့်လည်း စိတ်ညစ်စရာတွေများတာပါ။ စိတ်ဖိစီးမှုရဲ့အဓိက အကြောင်းရင်းကတော့ အမှားလုပ်မိလို့ပါ။မှားတယ်ဆိုတာကို အကောင်းဘက်ကတွေးရင်တော့ ဘဝအတွက် ကောင်းသော သင်ခန်းစာ ဖြစ်ပါလိမ့်မယ်။
မေထုန်ရာသီ (Gemini)
လူမှုဆက်ဆံရေးကောင်းတာကြောင့် ဘာကိုမှ ပြသာနာရယ်လို့ မထင်ပင်မဲ့လည်း သူပတ်ဝန်းကျင်မှာရှိတဲ့သူတွေထဲမှာ အမှားတွေကိုပဲလုပ်နေတဲ့သူရှိရင်တော့ ဒေါသတွေထွက်နေတတ်တယ်။
ဒီဒေါသတွေကြောင့် စိတ်ဖိစီးမှုတွေများလာမှာပါ စိတ်ကို နည်းနည်းလေးလျော့ပြီး တရားမှတ်ပါ။
ကရကဋ်ရာသီ (Cancer)
အနာဂတ်အတွက် တွေးပြီးပူတတ်တာက သူပါပဲ တခုခု ဆုံးရှုံးမှုတွေရှိလာရင် ချက်ချင်းဆိုသလို စိတ်ဓါတ်ကျလာတတ်တယ် စိတ်အလိုမလိုက်ပဲ အကောင်းဘက်မှတွေးပါ။သင်က စိတ်မာသောသူပါ စိတ်မပူပါနဲ့။
သိဟ်ရာသီ (Leo)
စိတ်ကို မထိန်းနိုင်တာက သူပါပဲ အကြောင်းတခုခုကြောင့် ဆုံးရှုံးမှုတွေရှိလာရင်တော့ သူ့ရဲ့ဒေါသက နားထင်ရောက်နေပါပြီ။အဆင်မပြေမှုတွေရှိကောင်းရှိပါလိမ့်မယ် ဒါတွေကို တရားနဲ့ဖြေတတ်ပါစေ။
ကန်ရာသီ (Virgo)
စိတ်မဆိုးတတ်ပေမဲ့လည်း ဘာမဆို စဉ်းစားလွန်တတ်သူပါ စိတ်ပင်ပန်းတဲ့အထိ စဉ်းစားလွန်နေရင်တော့ မကောင်းပါ စိတ်ရှုပ်နေတဲ့အကြောင်းကို စာရွက်တစ်ရွက်မှာ ချပြီးရေးလိုက်ရင်တော့ စိတ်သက်သာသွားမှာပါ။
တူရာသီ (Libra)
လူအားလုံး တန်းတူညီတူ ဆက်ဆံစေချင်သူပါ အဆင့်အတန်းခွဲခြားသူကိုတွေ့ရင် သူ့စိတ်ထဲမှာ ဘယ်လိုမှ မခံစားနိုင်သူပါ ဒေါသတွေကို ရှေ့ထားရင် အမှားတွေပါတတ်ပါတယ် သတိထားပါ။
ဗိစ္ဆာရာသီ (Scorpis)
သူ့ကိုကြည့်ရင် အမြဲကြောက်စရာကောင်းနေပင်မဲ့လည်း တကယ်တည်း အသည်းငယ်နေသူပါ တစ်ယောက်တည်းနေတဲ့အချိန်ကို ရအောင်လုပ်ပါ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားသင့်တဲ့အချိန်ကို ယူထားသင့်ပါတယ်။
ဓနုရာသီ (Sagittarius)
အမြဲတမ်း သွားလာလှုပ်ရှားနေရမှ အဆင်ပြေသူပါ ငြိမ်ငြိမ်လေးနေနေရင်တော့ ဟိုစဉ်းစားဒီစဉ်းစားနဲ့ သောကရောက်တတ်ပါတယ် မလုပ်ဖူးသောအလုပ် မသွားဖူးသောနေရာကိုသွားပြီး အနားယူလိုက်ပါ။
မကာရရာသီ (Capricorn)
ကိုယ့်ကိုကိုယ် အရမ်းနှိပ်စက်တတ်သူပါ မအောင်မြင်ရင် ကိုယ့်ကိုကိုယ်ပဲ အပြစ်တွေတင်ပြီးနေပါတော့တယ် အဲဒါတွေကို ခဏမေ့ထားလိုက်ပါ။
ကုမ်ရာသီ (Aquarius)
ဖြစ်ချင်တာတွေ မဖြစ်လာရင် စိတ်တွေတိုလာပြီး လူတွေကိုလည်း ပြသာနာရှာတတ်ပါတယ် အသက်ကို ပြင်းပြင်းရှုပြီး စိတ်အေးအေးထားပြီး ဆုံးဖြတ်ကြည့်ပါ။
မိန်ရာသီ (Pisces)
ကိုယ်အချိန်နဲ့ကိုယ့်နေရာမှာ နေရတာကို တန်ဖိုးထားသူဖြစ်တာကြောင့် ပတ်ဝန်းကျင် ရဲ့ နှောက်ယှက်မှုတွေနဲ့ကြုံရင် စိတ်ညစ်လာတတ်တယ်။
Hits: 506