ခုႏွစ္ေန႔ဖြား သားသမီးမ်ားအတြက္ ေဟာစာတမ္း

Zawgyi

မိတ္ေဆြခုႏွစ္ေန႔ဖြား သားသမီးမ်ား တစ္ပါတ္စာ( ေဆာင္ရန္ ေရွာင္ရန္ သတိျပဳရန္ႏွင့္ ယၾတာ ) ထီကံစမ္းရန္အတြက္ ၂၀၁၉ ခုႏွစ္ နိုဝင္ဘာလ( 8 ) ရက္ မွ နိုဝင္ဘာလ( 15 ) ရက္အထိ

တနဂၤေႏြ

မိခင္၊ အေဒၚ၊ ေယာကၡမတို႔၏ အကူအညီျဖင့္ အရာရာတြင္ အဆင္ေျပကံေကာင္းမႈ ျဖစ္ေစရပါလိမ့္မည္ အကူအညီေပးသူမ်ား၏ အလႊမ္းမိုးခံ၊ အႏိုင္ခံျဖစ္ရတတ္ပါသည္။

မိတ္ေဆြအေပါင္းအသင္းမ်ားစြာႏွင့္ ရင္းႏွီးခ်စ္ခင္မႈရရွိပါလိမ့္မည္ ဝင္ေငြလာဘ္လာဘ အထူးေကာင္းမြန္ေစေသာ ကာလျဖစ္ပါသည္ စိတ္ခ်မ္းသာ ေပ်ာ္႐ႊင္မႈမ်ားလည္း ႀကဳံရပါလိမ့္မည္။

အလုပ္မ်ားလြန္း၍ စိတ္အေႏွာင့္အယွက္ ျဖစ္ရတတ္ပါသည္ ေရခ်ိဳးမွား၍ ဖ်ားနာရတတ္ပါသည္။

အခ်စ္ေရးတြင္ စိတ္ဆိုးစိတ္ေကာက္ျပဳမူ တတ္ပါေသာ ခ်စ္သူအား ခြင့္လႊတ္ေသာ ခ်စ္ျခင္းမ်ားျဖင့္ အျပစ္ကင္းစကားေျပာဆို၍ မိမိဘက္သို႔ပါလာေစရန္ စည္း႐ုံးသင့္ပါသည္။

လမ္း၊ တံတားျပဳျပင္ရာတြင္ ကုသိုလ္ပါဝင္ လႉဒါန္းေပးပါ။

တနလၤာ

လုပ္ငန္းအသစ္၊ စီးပြားအသစ္မ်ား ေျပာင္းလဲလုပ္ကိုင္ရန္ အခ်ိန္ေကာင္းျဖစ္ပါသည္ ပုံမွန္စီးပြားေရးလုပ္ငန္းမ်ားမွလည္း အက်ိဳးအျမတ္မ်ားစြာ ရရွိပါလိမ့္မည္။

မိမိ၏လိုက္ေလ်ာမႈ၊ ပံ့ပိုးကူညီမႈ စိတ္ေစတနာ စစ္မွန္ျခင္းအေပၚတြင္ ေက်းဇူးဆပ္လိုသူမ်ားလည္း ေပၚလာပါလိမ့္မည္ သူတစ္ပါး၏ကိစၥမ်ားတြင္ လိုအပ္သည္ထက္ပို၍ စပ္စုခ်င္ေသာစိတ္ကို ထိန္းသိမ္းပါ။

ေတာင္အရပ္သို႔ ခရီးသြားလာျခင္းမ်ားမွ အက်ိဳးေက်းဇူးခံစားရပါလိမ့္မည္ အိမ္အေဟာင္း၊ အလုပ္အေဟာင္း၊ အေႂကြးေဟာင္းမ်ားႏွင့္ ပတ္သက္၍ အက်ိဳးခံစားခြင့္ႀကဳံရပါလိမ့္မည္။

အခ်စ္ေရးတြင္ မိမိအေနျဖင့္ အႀကိဳက္သေဘာအလိုက် မည္မၽွပင္ေဆာင္႐ြက္ေပးခဲ့ပါေသာ္လည္း ဗိုလ္က်အႏိုင္ယူ၍ လိုသမၽွအပိုင္ခ်ဴ လွည့္စားတတ္သူမ်ိဳးႏွင့္ ခ်စ္သူျဖစ္ရတတ္ပါသည္။

ေမြးေန႔တြင္ သစ္သီး ၃ မ်ိဳး ကပ္လႉေပးပါ။

အဂၤါ

မိမိ၏စီးပြားေရးကိစၥမ်ားတြင္ အတားအဆီး၊ အေႏွာင့္အယွက္မ်ားစြာ ႀကဳံေတြ႕ရင္ဆိုင္မႈ ျဖစ္ရတတ္ပါသည္ အမွားမကင္းပါေသာ စကားမ်ားစြာေျပာဆိုမႈ ျပဳမိတတ္ပါသည္။

မည္သည့္ကိစၥတြင္မဆို မလုပ္ကိုင္မီ ေသခ်ာစဥ္းစားၿပီးမွသာ စနစ္တက်ျဖင့္ စီစဥ္ေဆာင္႐ြက္သင့္ပါသည္။

မေတြးသင့္ေသာ အေတြးမ်ားႏွင့္ မေပးသင့္ေသာ အေႂကြးမ်ားေၾကာင့္ စိတ္ေထာင္းကိုယ္ေၾကျဖစ္ေနရျခင္းမ်ိဳး ႀကဳံရပါလိမ့္မည္ အိမ္ေထာင္ဖက္၏ က်န္းမာေရး ဂ႐ုစိုက္သင့္ပါသည္ အေနာက္အရပ္သို႔ ခရီးထြက္ရန္မသင့္ပါ။

အခ်စ္ေရးတြင္ ခ်စ္သူ၏ ရန္ရွာမုန္းတီးေနတတ္ပါေသာ ျဖစ္ရပ္မ်ားေၾကာင့္ သံသရာအဆုံး ခရီးထြက္ခြာ၍ အမုန္းႀကီးရက္ၾကာျဖင့္ ေနသြားလိုစိတ္မ်ားသာ ျဖစ္ေပၚေနရပါလိမ့္မည္။

မိတ္ေဆြတစ္ဦးအား ထီးတစ္ေခ်ာင္း လက္ေဆာင္ေပးလိုက္ပါ။

ဗုဒၶဟူး

စီးပြားေရးလုပ္ငန္းမ်ားတြင္ ေအာင္ျမင္မႈမ်ား၊ အက်ိဳးအျမတ္မ်ား ရရွိခံစားရပါလိမ့္မည္ ဥစၥာပစၥည္းတိုးတက္မႈမ်ားလည္း သိသာေစရပါလိမ့္မည္ သားသမီးမ်ားႏွင့္ဆိုင္ေသာ အ႐ႈပ္အေထြးကိစၥမ်ား ေျဖရွင္းမႈျပဳရပါလိမ့္မည္။

တိုးတက္လိုစိတ္ျဖင့္ ပညာရပ္ဆိုင္ရာကိစၥမ်ားတြင္ ႀကိဳးပမ္းအားထုတ္မႈျပဳေနမိပါလိမ့္မည္ အေမြအႏွစ္မ်ား၊ အဖိုးတန္လက္ဝတ္ရတနာမ်ား လက္ခံရရွိေစတတ္ပါသည္။

လူမႈေရးျပႆနာမ်ား ေပၚလာတတ္ပါသျဖင့္ သတိျပဳဆင္ျခင္ရန္လိုအပ္ပါသည္ အခ်စ္ေရးတြင္ ခ်စ္မိသူသည္ စာနာမႈမရွိ ၾကင္နာမႈမဲ့စြာျဖင့္ ေျပာဆိုတတ္သူျဖစ္ေနသည္ဆိုပါလၽွင္ အမုန္းႏွင့္ အလၽွင္စ႐ိုက္မပါသည့္ အၿပဳံးႏွင့္ ျငင္းလိုက္ပါ။

မိတ္ေဆြတစ္ဦးအား ပဲနံျပားတစ္ပြဲ ဒါနျပဳလိုက္ပါ။

ၾကာသပေတး

ယခုကာလအတြင္း စိတ္ေရာကိုယ္ပါ အလုပ္မ်ားစြာ လုပ္ကိုင္ေနမိပါလိမ့္မည္ ထင္ထားမိသေလာက္ ေအာင္ျမင္မႈမရႏိုင္ေသးေသာ္လည္း စိတ္ေက်နပ္မႈ ျဖစ္ေစရပါလိမ့္မည္။

ပညာရွိသူမ်ား၊ အေတြးအေခၚေကာင္းသူမ်ားက ကူညီေစာင့္ေရွာက္မႈ ျပဳေပးၾကပါလိမ့္မည္ ေရွးေဟာင္းပစၥည္းမ်ား လက္ခံရရွိပါလိမ့္မည္ လုပ္ငန္းမ်ားတြင္ တိုးတက္မႈရွိၿပီး အတည္တက်ျဖစ္လာပါလိမ့္မည္။

ဝန္ထမ္းမ်ား ရာထူးတိုးခံစားရပါလိမ့္မည္ အတြင္းမေနာကံစိတ္ျဖင့္ အိမ္ေထာင္ဖက္အေပၚတြင္ ေစာ္ကားမိတတ္ပါသည္ အခ်စ္ေရးတြင္ ခ်စ္သူႏွင့္နီးစပ္ႏိုင္ေစရန္ မေရမရာရွိ ေနပါေသာ္လည္း ေစတနာလက္ေဆာင္ေကာင္းမ်ား မၾကာခဏရရွိေနရပါလိမ့္မည္။

ကေလးတစ္ဦးအား ဦးထုပ္တစ္လုံး လက္ေဆာင္ေပးလိုက္ပါ။

ေသာၾကာ

သူတစ္ပါး၏ကိစၥမ်ားတြင္ ဝင္ေရာက္စြက္ဖက္မိျခင္းေၾကာင့္ ေနာင္တရစရာမ်ား ျဖစ္ေပၚခံစားရပါလိမ့္မည္ ဖခင္ႏွင့္ပတ္သက္၍ စကားအေခ် အတင္ေျပာဆိုမႈ ျပဳရေစတတ္ပါသည္။

အတူေနထိုင္ၾကသူအခ်င္းခ်င္း အထင္အျမင္လြဲမွားမႈ၊ အထင္အျမင္ေသးသိမ္မႈမ်ား ခံစားရပါလိမ့္မည္ ေဒါသတရားႏွင့္ ေသာကအမွား ကင္းေစရန္ ပုတီးမ်ားမ်ားစိပ္ေပးပါ။

စာေမးပြဲကိစၥမ်ားတြင္ တစ္ပါးသူအား ယုံစားျခင္းထက္ မိမိကိုယ္မိမိ အားကိုးျခင္းသည္သာ ေအာင္ျမင္မႈရေစရန္ ပိုမို၍ေသခ်ာပါလိမ့္မည္။

အခ်စ္ေရးတြင္ အၿပဳံးစကားျဖင့္ ဝင္လာသူအတြက္ ႏွလုံးသားႏွင့္ အၾကင္နာမူလ်က္ တစ္ဖက္လူ၏ သေဘာအလိုမသိသမၽွ အေျပာအဆို သတိမကၽြံ ကတိမလြန္မိေစရန္ ေစာင့္ထိန္းဖို႔ လိုအပ္ပါလိမ့္မည္။

ေနအိမ္ပတ္ဝန္းက်င္တြင္ ျမက္ သို႔မဟုတ္ အမႈိက္မ်ား ရွင္းေပးပါ။

စေန

မိတ္ေဆြအသစ္မ်ားက စီးပြားေရးေလာကတြင္းသို႔ လက္တြဲေခၚေဆာင္မႈ ျပဳၾကပါလိမ့္မည္ မိမိ၏ေျပာဆိုစကားဟူသမၽွသည္ အေရးပါ၍ အရာေရာက္ေစရပါလိမ့္မည္။

ဆုံး႐ႈံးခဲ့ေသာ၊ ပ်က္စီးေပ်ာက္ဆုံးခဲ့ပါေသာအရာမ်ား အစားထိုး ျပန္လည္ရရွိပါလိမ့္မည္ ဝန္ထမ္းမ်ား ရာထူးတိုးခံစားရပါလိမ့္မည္ တနဂၤေႏြ၊ ၾကာသာပေတးသားသမီးမ်ားေၾကာင့္ စိတ္ခ်မ္းေျမ႕ေျပလည္မႈမ်ား ရရွိပါလိမ့္မည္။

ပညာေရးကိစၥမ်ားတြင္ အားမလိုအားမရျဖစ္ေနရတတ္ပါသည္ မိမိအတြက္ မဂၤလာရွိေသာ သတင္းေကာင္းမ်ား ၾကားသိရပါလိမ့္မည္။

အခ်စ္ေရးႏွင့္ပတ္သက္ပါလၽွင္ အေပးအယူမမၽွ ေဘးလူမွ သတိေပးရသည္အထိ မိမိကိုယ္မိမိ အတၱႀကီးစြာျဖင့္ ျပန္လည္ေပးဆပ္တုံ႔ျပန္မႈ မရွိျဖစ္ေနျခင္းကို သတိျပဳဆင္ျခင္ပါ။

ၾကက္ငွက္သတၱဝါမ်ားအား ပဲႏွင့္ဆန္ အာဟာရဒါနျပဳေပးပါ။

Unicode

ခုနှစ်နေ့ဖွား သားသမီးများအတွက် ဟောစာတမ်း

မိတ်ဆွေခုနှစ်နေ့ဖွား သားသမီးများ တစ်ပါတ်စာ( ဆောင်ရန် ရှောင်ရန် သတိပြုရန်နှင့် ယတြာ ) ထီကံစမ်းရန်အတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ( 8 ) ရက် မှ နိုဝင်ဘာလ( 15 ) ရက်အထိ

တနင်္ဂနွေ

မိခင်၊ အဒေါ်၊ ယောက္ခမတို့၏ အကူအညီဖြင့် အရာရာတွင် အဆင်ပြေကံကောင်းမှု ဖြစ်စေရပါလိမ့်မည် အကူအညီပေးသူများ၏ အလွှမ်းမိုးခံ၊ အနိုင်ခံဖြစ်ရတတ်ပါသည်။

မိတ်ဆွေအပေါင်းအသင်းများစွာနှင့် ရင်းနှီးချစ်ခင်မှုရရှိပါလိမ့်မည် ဝင်ငွေလာဘ်လာဘ အထူးကောင်းမွန်စေသော ကာလဖြစ်ပါသည် စိတ်ချမ်းသာ ပျော်ရွှင်မှုများလည်း ကြုံရပါလိမ့်မည်။

အလုပ်များလွန်း၍ စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါသည် ရေချိုးမှား၍ ဖျားနာရတတ်ပါသည်။

အချစ်ရေးတွင် စိတ်ဆိုးစိတ်ကောက်ပြုမူ တတ်ပါသော ချစ်သူအား ခွင့်လွှတ်သော ချစ်ခြင်းများဖြင့် အပြစ်ကင်းစကားပြောဆို၍ မိမိဘက်သို့ပါလာစေရန် စည်းရုံးသင့်ပါသည်။

လမ်း၊ တံတားပြုပြင်ရာတွင် ကုသိုလ်ပါဝင် လှူဒါန်းပေးပါ။

တနင်္လာ

လုပ်ငန်းအသစ်၊ စီးပွားအသစ်များ ပြောင်းလဲလုပ်ကိုင်ရန် အချိန်ကောင်းဖြစ်ပါသည် ပုံမှန်စီးပွားရေးလုပ်ငန်းများမှလည်း အကျိုးအမြတ်များစွာ ရရှိပါလိမ့်မည်။

မိမိ၏လိုက်လျောမှု၊ ပံ့ပိုးကူညီမှု စိတ်စေတနာ စစ်မှန်ခြင်းအပေါ်တွင် ကျေးဇူးဆပ်လိုသူများလည်း ပေါ်လာပါလိမ့်မည် သူတစ်ပါး၏ကိစ္စများတွင် လိုအပ်သည်ထက်ပို၍ စပ်စုချင်သောစိတ်ကို ထိန်းသိမ်းပါ။

တောင်အရပ်သို့ ခရီးသွားလာခြင်းများမှ အကျိုးကျေးဇူးခံစားရပါလိမ့်မည် အိမ်အဟောင်း၊ အလုပ်အဟောင်း၊ အကြွေးဟောင်းများနှင့် ပတ်သက်၍ အကျိုးခံစားခွင့်ကြုံရပါလိမ့်မည်။

အချစ်ရေးတွင် မိမိအနေဖြင့် အကြိုက်သဘောအလိုကျ မည်မျှပင်ဆောင်ရွက်ပေးခဲ့ပါသော်လည်း ဗိုလ်ကျအနိုင်ယူ၍ လိုသမျှအပိုင်ချူ လှည့်စားတတ်သူမျိုးနှင့် ချစ်သူဖြစ်ရတတ်ပါသည်။

မွေးနေ့တွင် သစ်သီး ၃ မျိုး ကပ်လှူပေးပါ။

အင်္ဂါ

မိမိ၏စီးပွားရေးကိစ္စများတွင် အတားအဆီး၊ အနှောင့်အယှက်များစွာ ကြုံတွေ့ရင်ဆိုင်မှု ဖြစ်ရတတ်ပါသည် အမှားမကင်းပါသော စကားများစွာပြောဆိုမှု ပြုမိတတ်ပါသည်။

မည်သည့်ကိစ္စတွင်မဆို မလုပ်ကိုင်မီ သေချာစဉ်းစားပြီးမှသာ စနစ်တကျဖြင့် စီစဉ်ဆောင်ရွက်သင့်ပါသည်။

မတွေးသင့်သော အတွေးများနှင့် မပေးသင့်သော အကြွေးများကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်နေရခြင်းမျိုး ကြုံရပါလိမ့်မည် အိမ်ထောင်ဖက်၏ ကျန်းမာရေး ဂရုစိုက်သင့်ပါသည် အနောက်အရပ်သို့ ခရီးထွက်ရန်မသင့်ပါ။

အချစ်ရေးတွင် ချစ်သူ၏ ရန်ရှာမုန်းတီးနေတတ်ပါသော ဖြစ်ရပ်များကြောင့် သံသရာအဆုံး ခရီးထွက်ခွာ၍ အမုန်းကြီးရက်ကြာဖြင့် နေသွားလိုစိတ်များသာ ဖြစ်ပေါ်နေရပါလိမ့်မည်။

မိတ်ဆွေတစ်ဦးအား ထီးတစ်ချောင်း လက်ဆောင်ပေးလိုက်ပါ။

ဗုဒ္ဓဟူး

စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်မှုများ၊ အကျိုးအမြတ်များ ရရှိခံစားရပါလိမ့်မည် ဥစ္စာပစ္စည်းတိုးတက်မှုများလည်း သိသာစေရပါလိမ့်မည် သားသမီးများနှင့်ဆိုင်သော အရှုပ်အထွေးကိစ္စများ ဖြေရှင်းမှုပြုရပါလိမ့်မည်။

တိုးတက်လိုစိတ်ဖြင့် ပညာရပ်ဆိုင်ရာကိစ္စများတွင် ကြိုးပမ်းအားထုတ်မှုပြုနေမိပါလိမ့်မည် အမွေအနှစ်များ၊ အဖိုးတန်လက်ဝတ်ရတနာများ လက်ခံရရှိစေတတ်ပါသည်။

လူမှုရေးပြဿနာများ ပေါ်လာတတ်ပါသဖြင့် သတိပြုဆင်ခြင်ရန်လိုအပ်ပါသည် အချစ်ရေးတွင် ချစ်မိသူသည် စာနာမှုမရှိ ကြင်နာမှုမဲ့စွာဖြင့် ပြောဆိုတတ်သူဖြစ်နေသည်ဆိုပါလျှင် အမုန်းနှင့် အလျှင်စရိုက်မပါသည့် အပြုံးနှင့် ငြင်းလိုက်ပါ။

မိတ်ဆွေတစ်ဦးအား ပဲနံပြားတစ်ပွဲ ဒါနပြုလိုက်ပါ။

ကြာသပတေး

ယခုကာလအတွင်း စိတ်ရောကိုယ်ပါ အလုပ်များစွာ လုပ်ကိုင်နေမိပါလိမ့်မည် ထင်ထားမိသလောက် အောင်မြင်မှုမရနိုင်သေးသော်လည်း စိတ်ကျေနပ်မှု ဖြစ်စေရပါလိမ့်မည်။

ပညာရှိသူများ၊ အတွေးအခေါ်ကောင်းသူများက ကူညီစောင့်ရှောက်မှု ပြုပေးကြပါလိမ့်မည် ရှေးဟောင်းပစ္စည်းများ လက်ခံရရှိပါလိမ့်မည် လုပ်ငန်းများတွင် တိုးတက်မှုရှိပြီး အတည်တကျဖြစ်လာပါလိမ့်မည်။

ဝန်ထမ်းများ ရာထူးတိုးခံစားရပါလိမ့်မည် အတွင်းမနောကံစိတ်ဖြင့် အိမ်ထောင်ဖက်အပေါ်တွင် စော်ကားမိတတ်ပါသည် အချစ်ရေးတွင် ချစ်သူနှင့်နီးစပ်နိုင်စေရန် မရေမရာရှိ နေပါသော်လည်း စေတနာလက်ဆောင်ကောင်းများ မကြာခဏရရှိနေရပါလိမ့်မည်။

ကလေးတစ်ဦးအား ဦးထုပ်တစ်လုံး လက်ဆောင်ပေးလိုက်ပါ။

သောကြာ

သူတစ်ပါး၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်မိခြင်းကြောင့် နောင်တရစရာများ ဖြစ်ပေါ်ခံစားရပါလိမ့်မည် ဖခင်နှင့်ပတ်သက်၍ စကားအချေ အတင်ပြောဆိုမှု ပြုရစေတတ်ပါသည်။

အတူနေထိုင်ကြသူအချင်းချင်း အထင်အမြင်လွဲမှားမှု၊ အထင်အမြင်သေးသိမ်မှုများ ခံစားရပါလိမ့်မည် ဒေါသတရားနှင့် သောကအမှား ကင်းစေရန် ပုတီးများများစိပ်ပေးပါ။

စာမေးပွဲကိစ္စများတွင် တစ်ပါးသူအား ယုံစားခြင်းထက် မိမိကိုယ်မိမိ အားကိုးခြင်းသည်သာ အောင်မြင်မှုရစေရန် ပိုမို၍သေချာပါလိမ့်မည်။

အချစ်ရေးတွင် အပြုံးစကားဖြင့် ဝင်လာသူအတွက် နှလုံးသားနှင့် အကြင်နာမူလျက် တစ်ဖက်လူ၏ သဘောအလိုမသိသမျှ အပြောအဆို သတိမကျွံ ကတိမလွန်မိစေရန် စောင့်ထိန်းဖို့ လိုအပ်ပါလိမ့်မည်။

နေအိမ်ပတ်ဝန်းကျင်တွင် မြက် သို့မဟုတ် အမှိုက်များ ရှင်းပေးပါ။

စနေ

မိတ်ဆွေအသစ်များက စီးပွားရေးလောကတွင်းသို့ လက်တွဲခေါ်ဆောင်မှု ပြုကြပါလိမ့်မည် မိမိ၏ပြောဆိုစကားဟူသမျှသည် အရေးပါ၍ အရာရောက်စေရပါလိမ့်မည်။

ဆုံးရှုံးခဲ့သော၊ ပျက်စီးပျောက်ဆုံးခဲ့ပါသောအရာများ အစားထိုး ပြန်လည်ရရှိပါလိမ့်မည် ဝန်ထမ်းများ ရာထူးတိုးခံစားရပါလိမ့်မည် တနင်္ဂနွေ၊ ကြာသာပတေးသားသမီးများကြောင့် စိတ်ချမ်းမြေ့ပြေလည်မှုများ ရရှိပါလိမ့်မည်။

ပညာရေးကိစ္စများတွင် အားမလိုအားမရဖြစ်နေရတတ်ပါသည် မိမိအတွက် မင်္ဂလာရှိသော သတင်းကောင်းများ ကြားသိရပါလိမ့်မည်။

အချစ်ရေးနှင့်ပတ်သက်ပါလျှင် အပေးအယူမမျှ ဘေးလူမှ သတိပေးရသည်အထိ မိမိကိုယ်မိမိ အတ္တကြီးစွာဖြင့် ပြန်လည်ပေးဆပ်တုံ့ပြန်မှု မရှိဖြစ်နေခြင်းကို သတိပြုဆင်ခြင်ပါ။

ကြက်ငှက်သတ္တဝါများအား ပဲနှင့်ဆန် အာဟာရဒါနပြုပေးပါ။

Hits: 520