
Zawgyi






၃- ကံညံ့တတ်သောရက်များ




၎- အထက် နံပါတ်-၂ ပါ ကံကောင်းတတ်သော ရက်စွဲ ဂဏန်းနှင့် သင်၏မွေးရက်စွဲ ဂဏန်းတို့ တိုက်ဆိုင်ကိုက်ညီပါက သင့်အတွက် အထူးကံကောင်းတတ်သော ရက်ကောင်းရက်မြတ်များဖြစ်မည်







Unicode

၂၀၁၉ နိုဝင်ဘာလ သဗ္ဗမင်္ဂလာ အခါပေးဒိုင်ယာရီ

၁- အထူးကံကောင်းတတ်သော ရက်မြတ်များ

၁၃- ရက်၊ ၁၆-ရက်၊ ၁၈-ရက် များတွင် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်လျင် အထူးအောင်မြင်လွယ်မည် အထူးပြီးမြောက်လွယ်မည် အရေးကြီးသောကိစ္စအဝဝကို ထိုရက်များတွင် လုပ်ကိုင်ဆောင်ရွက်သင့်ပါသည်

၂- သာမန်ကံကောင်းတတ်သောရက်များ

၁-၅-၆-၇-၈-၉-၁၂-၁၅-၁၇-၂၁-၂၂-၂၃-၂၄-၂၅-၂၈-၃၀ -ရက်များဖြစ်ကြသည် ။

အထက်ပါရက်များတွင် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်လျင် အောင်မြင်လွယ်မည် ပြီးစီးဖြစ်မြောက်လွယ်မည် လိုရာကိစ္စများကို ၎င်းရက်များတွင် လုပ်ကိုင် ဆောင်ရွက်သင့်ပါသည် ။

၃- ကံညံ့တတ်သောရက်များ

၂-၃-၄-၁၀-၁၁-၁၄-၁၉-၂၀-၂၆-၂၇-၂၉-ရက်များဖြစ်ကြသည် ။

အထက်ပါရက်များတွင် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်ရလျင် အခက်အခဲပြဿနာ ဘေးဥပါဒ်အန္တရာယ်များ တွေ့လွယ်ဖြစ်လွယ်တတ်မည်။

ပြီးစီးဖြစ်မြောက်အောင်မြင်ရန် ခက်ခဲတတ်မည် ကိစ္စတစုံတရာကို ထိုရက်များတွင် လုပ်ကိုင်ဆောင်ရွက်ရလျင် စည်းကမ်း သတိ ကြိုတင်ပြင်ဆင်မှုရှိမှ သင့်တော်ပါမည်

၄- အထက် နံပါတ်-၂ ပါ ကံကောင်းတတ်သော ရက်စွဲ ဂဏန်းနှင့် သင်၏မွေးရက်စွဲ ဂဏန်းတို့ တိုက်ဆိုင်ကိုက်ညီပါက သင့်အတွက် အထူးကံကောင်းတတ်သော ရက်ကောင်းရက်မြတ်များဖြစ်မည်

၅- အထက် နံပါတ်-၃ ပါ ကံညံ့တတ်သော ရက်စွဲ ဂဏန်းနှင့် သင်၏မွေးရက်စွဲ ဂဏန်းတို့ တိုက်ဆိုင်ကိုက်ညီပါက သင့်အတွက် ကံမညံ့နိုင်ပါ သင့်တော်ကောင်းမွန် အောင်မြင်ပြီးစီးနိုင်ပါမည်

၆- အဆောက်အဦး အုတ်မြစ်ချခြင်း အလုပ်သစ် စဖွင့်ခြင်း အိမ်သစ်တက်ခြင်း အမည်ပေးခြင်း မင်္ဂလာအခန်းနားပြုလုပ်ခြင်း ။

ကား (ယာဉ်) မြေ အိမ် ဝယ်ခြင်း ခက်ခဲစွန့်စားရသောလုပ်ငန်းများလုပ်ခြင်း ခရီးရှည် ထွက်ခြင်း စသော အထူးကိစ္စရပ်များအတွက် သီးခြားမေးမြန်း ဆွေးနွေးတိုင်ပင်သင့်ပါသည်

မှတ်သားဖွယ်ရာ- နတ်နဂါးပါးစပ်(အရှေ့တောင်ဘက်) သို့လှည့်သည် ယ္ခုလထူးဓါတ်စာ( သင်္ဘောသီးမှည့်၊သရက်သီးမှည့်၊ကျောက်ဖရုံသီး၊ဘူးသီး၊မုန်လာဥဝါ၊ပူစီနံ )

နိုဝင်ဘာလ ၁.ရက်သည် ဓညဝတီ/မြန်မာ တန်ဆောင်မုန်းလ္ဆန်း ၅ ရက်၊ နိုဝင်ဘာလ ၁၁ ရက်သည် တန်ဆောင်မုန်းလပြည့်၊ နိုဝင်ဘာလ ၂၇ ရက်သည် နတ္တော်လ္ဆန်း ၁ ရက်

ဗေဒင်ဆရာကြီးဦးကျော်ခိုင်

Hits: 142