Zawgyi
အထူးက​တော့ ဇာတာစန်း​တွေ ညံ့​နေသူများ စိတ်​လက်​မအီမသာဖြစ်​​နေသူများ ၊ အကြံအိုက်​​နေသူများ လာဘ်​လာဘ​တွေ ပိတ်​ဆို့​နေသူများ ၊ အကြံတုန်းဥာဏ်​တုန်းဖြစ်​​နေသူများ။
” ဥစ္စာ​ဘောဂ ဇီဝိတနှင့်​ သုခပွားရန်​ ဤလူ့ ဋ္ဌာန်​၌ ဥာဏ်​ဝီရိယ ပ​ယောဂတည်း ” လို့ ပညာရှိ​တွေဆိုထားသလို ။
တတ်​နိုင်​သ​လောက်​ မိမိတို့ လက်​လှမ်းတမှီ ဥာဏ်​​ရှေ့သွားပြီး ဝီရိယနှင့်​ ပညာပါ​လုပ်​​ဆောင်​သွားနိုင်​ရင်​ အတိတ်​ကံမ​ကောင်း​ပေမယ့်​ပစ္စုပ္ပန်​ကံ​ကြောင့်​ အကျိုးထူးနိုင်​ပါတယ်​ ။
အစီအရင်​ပြုလုပ်​ပုံ
Unicode
အင်္ဂါ သားသမီးများ အတွက် တစ်သက်တာ အထူးအဓိဌာန်
ဒီအဓိဌာန်ကို တစ်လတစ်ကြိမ် ( သို့ ) နှစ်လတစ်ကြိမ် မွေးနေ့နှင့် တိုက်ဆိုင်ပြီး လုပ်ရမည် များစွာအကျိုးထူး၍ ယတြာသဘောရော ကုသိုလ်ဆက်တဲ့သဘောပါ သက်ရောက်နေပါသည် ။
အထူးကတော့ ဇာတာစန်းတွေ ညံ့နေသူများ စိတ်လက်မအီမသာဖြစ်နေသူများ ၊ အကြံအိုက်နေသူများ လာဘ်လာဘတွေ ပိတ်ဆို့နေသူများ ၊ အကြံတုန်းဉာဏ်တုန်းဖြစ်နေသူများ။
လန်းဆန်းတက်ကြွပြီး ဘေးရန်လည်းပျောက် လာဘ်လည်းရောက်လာနိုင်မယ့်နည်းဖြစ်ပါတယ် ။
” ဥစ္စာဘောဂ ဇီဝိတနှင့် သုခပွားရန် ဤလူ့ ဋ္ဌာန်၌ ဉာဏ်ဝီရိယ ပယောဂတည်း ” လို့ ပညာရှိတွေဆိုထားသလို ။
တတ်နိုင်သလောက် မိမိတို့ လက်လှမ်းတမှီ ဉာဏ်ရှေ့သွားပြီး ဝီရိယနှင့် ပညာပါလုပ်ဆောင်သွားနိုင်ရင် အတိတ်ကံမကောင်းပေမယ့်ပစ္စုပ္ပန်ကံကြောင့် အကျိုးထူးနိုင်ပါတယ် ။
အစီအရင်ပြုလုပ်ပုံ
မိမိမွေးနေ့မနက် ၆ နာရီ ခွဲ မှ ၇နာရီခွဲအတွင်း နေအိမ်ဘုရားကျောင်းဆောင်ရှေ့မှာပင် ပြုလုပ်ရမည် ။
အားလုံး နက်ပြာရောင်အကျီအားဝတ်ဆင်ပါ။ မတ်တပ်ရပ်၍ ရွက်လှ ၄ညွန့်အား လက်မှကိုင်ကာ ဘုရားလှူပါ ပြီးလျှင် သီဟို ၆ညွန့် ၊ ပျဉ်းမ၅ညွန့်အားဖြန့်ခင်းကာ အပေါ်မှ အခင်းတစ်ခုအုပ်ပါ။
ထိုအခင်းပေါ်၌ထိုင်၍ အင်္ဂါသားသမီး ကံပွင့်ဂါထာတော်အား (၁၀၈)ခေါက် ရွတ်ပွားပူဇော်ပါ။
၃။ ပဒုမ ဗုတ်ဓော ဘဂဝါ အရဟံ သမ်မာသမ်ဗုတ်ဓော၊ အနန်တပုန်ညော၊ အနန်တဂုနော၊ အနန်တညာနော၊ အနန်တတေဇော၊ အနန်တလာဘော၊ အနန်တအိတ်ဓိ၊ အနန်တဇုတိ။ အေတေန သစ်စ ဝစ်ဇေန သဒါလာဘံ ဒ-ဒါတု မေ။
ပြီးပါက ၎င်းညနေဘက်၌ မိမိအမြဲဝတ်သော လုံချည်ဟောင်း တစ်ထည်ဖြင့် ထိုအရွက်အခက်များအား၊ တနင်္ဂ‌နွေသားသမီးတစ်ဦးအား အကူအညီတောင်းကာလုံချည်ဖြင့်ထပ်၍၊ အနောက်အရပ်သို့ စွန့်ပစ်ရမည်။
Hits: 4140