
Zawgyi











Unicode

အင်္ဂါ သားသမီးများအတွက် တစ်လစာ ဟောစာတမ်း

ရပ်ဝေးက ဖောက်သည်တွေရဲ့အားပေးမှုကြောင့် အရောင်းအဝယ်တွေ ကောင်းကြမှာ ဖြစ်ပါတယ် ခရီးသွားလုပ်ငန်းတွေ ကားအရောင်းအဝယ်လုပ်ငန်းတွေ အထူးကောင်းမည်။

ရေလုပ်ငန်းလုပ်သူတွေ ပဲရောင်းဝယ်ရေးလုပ်သူတွေလည်း နိုင်ငံခြားက အဝယ်တော်တွေကြောင့် အလုပ်ဖြစ်ကြပါမည် လောင်းကစားသမားတွေတော့ အရှုံး များမည် ယတြာ= သံဃာတော်များကို ဖျော်ရည်ကပ်ပေးပါ။

ငွေကြေးကတော့ သံသရာ လည်နေမှာပါ ဝင်လိုက် ထွက်လိုက်နဲ့ မမြဲခြင်းသံသရာပေါ့ ဒီနေ့ရတယ် မနက်ဖြန် ကုန်ပြီပေါ့ အနိးအနားမှာတော့ ကိုယ့်ကို ဖြတ်စား ခုတ်စားလုပ်မည့်သူတွေ ဝိုင်းနေမှာပါ အထူးသတိထားကြပါ အယတြာမလိုပါဘူး။

ကျန်းမာရေးကတော့ မထင်မှတ်ထားတဲ့ ရောဂါတွေ ဖြစ်လာတတ်ပါတယ် အပူလောင် တာတွေ အပူဖုတွေ အများကြီးထွက်တာတွေကြောင့် စိတ်ညစ်ရတတ်ပါတယ် နိုင်ငံခြားအထိ သွားပြီး ကုသမှုခံယူရတတ်ပါတယ်။

မိမိအပေါ်မှာ မိမိချစ်သူက တန်ဖိုးထားမှု အားနည်းပြီး အားမလိုအားမရဖြစ်နေကြမည် မိမိကတော့ သူ့ကိုတန်ဖိုးထားနေရမှာပါ ကိုယ်ချစ်သလို ကိုယ့်အပေါ် မချစ်တော့ဟုလည်း ခံစားရမည် ယတြာ ရေခွက် 2ခွက် လှူပေးပါ။

အသစ် အသစ် တွေ ထပ်ပြီး သင်ယူရဖို့ရှိပါတယ် ပညာအသစ်တွေ သင်တန်းအသစ်တွေ ထပ်ပြီး သင်ယူရဖို့ရှိပါတယ် ပညာရေးကတော့ လုံးဝ Good ပါဘဲ။

ကိုယ့်ကိုသာ တာဝန်တွေအပ်နှင်းခံရလိမ့်မည် သာရေးရော နာရေးရော ကိုယ်မပါရင်မပတာဝန်တွေအပ်နှင်းခံရလိမ့်မည် ။

တစ်ယောက်နဲ့တစ်ယောက် တစ်ခုတင်ထဲ အိပ်ပေမယ့် တကမ္ဘာခြားနေသကဲ့သို့ ဖြစ်နေကြမည်။

သူ့ကို ကိုယ်မခေါ် သူ့ကိုကိုယ်မခေါ်နဲ့ ပြသနာသေးသေးလေးတွေ ခပ်များများဖြစ်နေမည်။ ပြသနာ အကြီးကြီးတွေ မဟုတ်ပေမယ့် အသေးလေး တွေ များများဖြစ်ကြမည်။

ယတြာ= ဘုန်းကြီးကျောင်းမှာ သင်ဖြူးဖျာ လှူပေးပါ။

Hits: 505