Zawgyi
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး
ရာဟု
ကြာသပတေး
သောကြာ
စနေ
Sun Moon
Unicode
(၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ဟောကိန်း
မိတ်ဆွေခုနှစ်နေ့ဖွား သားသမီးများအတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ( 4 )ရက်မှ နိုဝင်ဘာလ( 10 )ရက်အထိ ( ဆောင်ရန် ရှောင် သတိပြုရန်နှင့် ယတြာ ) တစ်ပတ်စာ ဟောကိန်း
တနင်္ဂနွေ
မိမိကြံစည်စိတ်ကူးထားသော လုပ်ငန်းဆောင်တာများ အလုပ်ကိစ္စများအားလုံး အဆင်ပြေလာမည် ဘာသာတူ လူမျိုးခြား အကျိုးပေးမည် ရင်းနှီးမြှုပ်နှံငွေများမှ အမြတ်များများရရှိမည် နာမည်ကျော်ကြားမည်။
နိုင်ငံခြားသွားရမည် အချစ်ဆုံးချစ်သူကို တွေ့မည် ကျောက်မျက်ရတနာလုပ်ငန်း ကားလုပ်ငန်း အကျိုးပေးမည်။
အိမ်ထောင်ရေး စိတ်ချမ်းသာမည် သားသမီးအကျိုး ခံစားရမည် စိတ်ချမ်းသာစရာ မင်္ဂလာသတင်းစကား ကြားရမည် အမွေရမည် အဆုပ်ရောဂါ ဂရုစိုက်ပါ။
ဇလပ်ပန်း ( 8 ) ပွင့် ဘုရားလှူပါ ထီနံပါတ် ( 34. 39 ,38. )
တနင်္လာ
အလုပ်အကိုင် အဆင်မပြေဖြစ်မည် ဟိုအရေး ဒီအရေးတွေနှင့် စိတ်ရှုပ်နေမည် အထက်လူကြီးများနှင့် စကားများရတတ်သည် အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။
ကွယ်ရာမှာ အတင်းပြောဆိုခြင်း ခံရမည်။ အမှုအခင်း ဖြစ်တတ်သည် လမ်းသွားရင်း ထိခိုက်မှုအန္တရာယ် ကြုံတွေ့ရမည် ဆေးရုံဆေးခန်း ရောက်မည်။ ငွေကုန်ကြေးကျ များမည်။
ချစ်သူနှင့် အဆင်မပြေဖြစ်မည် မိဘဆွေမျိုး သားချင်းများနှင့် စကားများပြောဆိုရမည် ရွှေငွေရတနာပစ္စည်း ထွက်မည် ကျန်းမာရေးညံ့သည်။ ကျောက်ကပ်ရောဂါ ဂရုစိုက်ပါ။
စိန်ချယ်ပန်း( 4 ) စည်း ဘုရားလှူပါ။း ထီနံပါတ် ( 23. 28 ,24. )
အင်္ဂါ
မိတ်ကောင်းဆွေကောင်းတို့ရဲ့ အထောက်အကူကောင်း ရရှိမည် ကိုယ့်အကျိုးလိုလားသူများနှင့် တွေ့မည် တည်ကြည်ဖြောင့်မတ် မှန်ကန်စွာ ပြောဆိုလုပ်ကိုင်သော ဂုဏ်သရေရှိလူကြီးများနှင့် တွေ့ဆုံရမည်။
လုပ်ငန်းအသစ် လုပ်ဆောင်ရမည် နာမည်ဂုဏ်သတင်း ကျော်ဇောမည် ဝင်ငွေလမ်း ဖြောင့်ဖြူးသာယာမည်။
ချစ်သူ၏ ကူညီပံ့ပိုးမှုကိုရရှိမည် အိမ်ထောင်ရေးအဆင်ပြေပြီး စိတ်ချမ်းသာမည် သားသမီးအကျိုးကျေးဇူး ခံစားရမည် ဒူးနာခါးနာရောဂါ ဂရုစိုက်ပါ။
အောင်သပြေ( 9 ) ညွန့် ဘုရားလှူပါ ထီနံပါတ် ( 65 , 60. 69. )
ဗုဒ္ဓဟူး
လူမျိုးခြားများနှင့် ဆက်စပ်လုပ်ကိုင်သော လုပ်ငန်းများမှ အကျိုးဆက်ကောင်းများ ရရှိမည် ဝင်ငွေကောင်းမည် လုပ်ငန်းတိုးချဲ့ လုပ်ကိုင်ဆောင်ရွက်ရမည်။
အချစ်ရေး အဆင်ပြေမည် ခရီးယာယီများမည် ရေလမ်းခရီး ခဏခဏထွက်ရမည်။ အိမ်ထောင်ရေး စိတ်ချမ်းသာမည် ရပ်ဝေးမှ ကောင်းသောမင်္ဂလာသတင်းစကား ကြားရမည်။
သားသမီးများအတွက် စိတ်ချမ်းသာမှုဖြစ်မည်။ ရွှေငွေရတနာပစ္စည်း ဝင်မည် အောက်လက်ငယ်သား အကျိုးပေးမည် ငွေအစုလိုက်အပုံလိုက် ရမည် ဆီးချိုသွေးချိုရောဂါ ဂရုစိုက်ပါ။
ဇလပ်ပန်း ( 10 ) ပွင့် ဘုရားလှူပါ ထီနံပါတ် ( 35. 30 , 34. )
ရာဟု
စိတ်လိုက်မာန်ပါပြောဆိုခြင်း အမျက်ဒေါသထွက်ခြင်းကြောင့် စိတ်ဆင်းရဲခြင်း သောကဝေဒနာတွေ ခံစားရလိမ့်မည် လမ်းသွားရင်း ခိုက်ရန်ဒေါသဖြစ်မည်။
သွေးထွက်သံယိုမှု ဖြစ်မည် ဆေးရုံဆေးခန်း ရောက်မည် အမှုအခင်း ရင်ဆိုင်ဖြေရှင်းရမည်။ ငွေကုန်ကြေးကျ များမည် ချစ်သူနှင့် လမ်းခွဲရလိမ့်မည်။
မိန်းမကိစ္စကြောင့် လင်မယားချင်း စကားများရန်ဖြစ်မည် ရွှေငွေရတနာပစ္စည်း ထွက်မည် သားသမီးများအတွက် စိတ်ဆင်းရဲမှုဖြစ်မည် အသည်းရောဂါ ဂရုစိုက်ပါ။
ရွှေပန်း ( 4 ) ကုံး ဘုရားလှူပါ ထီနံပါတ် ( 84 , 85. 80. )
ကြာသပတေး
အလုပ်အကိုင် ကောင်းလာမည် စိတ်ချမ်းမြေ့စရာကိစ္စတွေ ဖြစ်ပေါ်လာမည် မိမိဘဝ တည်ငြိမ်အေးချမ်းလာမည် အခက်အခဲ အတိုက်အခံတို့ကို အောင်မြင်ကျော်လွှား အနိုင်ယူနိုင်မည်။
အလုပ်နှင့်ပတ်သက်ပြီး နိုင်ငံရပ်ခြား ခရီးဝေးသွားရမည် ချစ်သူ၏ ကူညီပံ့ပိုးမှုကို ရရှိမည် နေရာဌာန ရွှေ့ပြောင်းရမည် ရာထူးတက်မည်။
အထက်လူကြီးများက ကူညီစောင့်ရှောက်မည် ငွေကြေးအမြောက်အမြား ဝင်မည် ခြံ မြေ ကား တိုက်ခန်း ဝင်ကိန်းရှိသည် အမွေရမည်။ အစာအိမ်ရောဂါ ဂရုစိုက်ပါ။
ဂန္ဓမာပန်း ( 6 ) ပွင့် ဘုရားလှူပါ ထီနံပါတ် ( 52 ,57, 56. )
သောကြာ
ဖြစ်ပေါ်လာသော အမှုပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်မည် စိတ်ညစ်စရာကိစ္စတွေ ကြုံတွေ့ရမည် ငွေကုန်ကြေးကျ များမည် မိမိရဲ့အတတ်ပညာကြောင့် ဘဝလမ်းကြောင်း တိုးတက်မှုများကို ဖန်တီးနိုင်မည်။
ဆိုင်းငံ့ထားရသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရလိမ့်မည် အထက်လူကြီး မိတ်ဆွေအပေါင်းအသင်းများရဲ့ ကူညီဆောင်ရွက်မှုကို ရရှိမည်။
နာမည်ဂုဏ်သတင်း ကျော်ဇောထင်ရှားမည် ချစ်သူတွေ့မည် ရွာပြန်ပြီး ထမင်းရည်ချောင်းစီး မောင်းတီးပြီး လှူရမည် သွေးတိုးရောဂါ ဂရုစိုက်ပါ။
သစ်ခွပန်း ( 5 ) ခက် ဘုရားလှူပါ ထီနံပါတ် ( 62 , 67 , 65. )
စနေ
တဇွတ်ထိုးလုပ်၍ အမှားအယွင်းများ ကြုံတွေ့ရတတ်သည် ရန်များမည် မနာလိုသူရှိမည် တိုက်ရိုက်တိုက်ခိုက်သူထက် နောက်ကွယ်မှ တိုက်ခိုက်သူအား သတိထားရမည်။
အမှုပြဿနာများ ရင်ဆိုင်ဖြေရှင်းနိုင်မည် အတတ်ပညာနှင့် ဘဝတိုးတက်မှုများ ဖြစ်ပေါ်မည် လက်လွန်ဆုံးရှုံးထားသော ငွေကြေးနှင့်ပစ္စည်းတို့အား ပြန်လည်ရရှိမည်။
ဆိုင်းငံ့ထားသောလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ရလိမ့်မည် အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေလာမည် ရွှေငွေရတနာပစ္စည်း ဝင်မည် အာရုံကြောရောဂါ ဂရုစိုက်ပါ။
နှင်းဆီပန်း ( 10 ) ပွင့် ဘုရားလှူပါ ထီနံပါတ် ( 73. 75 , 70. )
Sun Moon
Hits: 690