ေအာင္လအန္ဆန္း UFC မွာ သြားၿပိဳင္ဖို့ မျဖစ္နိုင္ေသး

Zawgyi

ေအာင္လအန္ဆန္ကို UFC မွာ ျမင္ခ်င္တယ္တို႔၊ ခါဘစ္နဲ႔ ထိုးေစခ်င္တယ္တို႔ ေျပာေနၾကတာေတြ ေတြ႕လို႔ ဒီၿပိဳင္ပြဲေတြရဲ႕ သေဘာ သဘာဝနဲ႔ ဝိတ္တန္းေတြ အေၾကာင္း နည္းနည္းေလာက္ ရွင္းျပခ်င္တယ္။

အရင္ဆုံး ေျပာျပ ခ်င္တာက UFC ဆိုတာ ဘာလဲ ဆိုတာပါ ေအာင္လတို႔ အခု ၿပိဳင္ေနတဲ့ အားကစားကို MMA (Mixed Martial Art) လို႔ ေခၚပါတယ္။

ျမန္မာလို ဆိုရင္ ကိုယ္ခံပညာ သိုင္းေပါင္းစုံ အားကစားေပါ့ အဲဒီ အားကစားကို ကမၻာ့ ႏိုင္ငံေပါင္းစုံက အဖြဲ႕အစည္း မ်ိဳးစုံ ကေန စီစဥ္က်င္းပ ေနပါတယ္။

အဲဒီထဲမွာ အေမရိကန္ အေျခစိုက္ UFC က ၿပိဳင္ဘက္မရွိ နံပါတ္တစ္ပါ ONE Championship ကေတာ့ ထိပ္ဆုံး ငါးခုေလာက္ အတြင္းမွာ ရွိပါတယ္။ရွိပါတယ္။

ေနာက္တစ္ခုက ေအာင္လအန္ဆန္ အခု ၿပိဳင္ေနတာ မစ္ဒယ္ဝိတ္ (၂၀၅ ေပါင္တန္း) နဲ႔ လိုက္ဟဲဗီးဝိတ္ (၂၂၅ ေပါင္တန္း) ျဖစ္ပါတယ္။

UFC မွာ နာမည္ႀကီးတဲ့ ခါဘစ္က လိုက္ဝိတ္ (၁၅၅ ေပါင္တန္း) ပါ ဝိတ္တန္း ၾကည့္ရင္ကို ျဖစ္ႏိုင္ မျဖစ္ႏိုင္ စဥ္းစားလို႔ ရပါတယ္။

သူတို႔လို အဆီပို နည္းတဲ့ အားကစား သမားေတြ အတြက္ ေပါင္ ၃၀-၄၀ အတင္အခ် လုပ္ဖို႔ ဆိုတာ အရမ္းခက္တဲ့ ကိစၥပါ တကယ္လို႔ ရတယ္ ဆိုရင္ေတာင္ သူတို႔ လက္ရွိ လက္စြမ္းမ်ိဳး မရွိေတာ့ပါဘူး။

ဝိတ္တင္တဲ့ သူက ေလးသြားမွာ ျဖစ္ၿပီး ဝိတ္ခ်တဲ့ သူက ပါဝါ က်သြားမွာပါ တကယ္လို႔ ေအာင္လ UFC ကို သြားရင္ သူနဲ႔ ဝိတ္တန္းတူတဲ့ ဂြၽန္ဂ်ဳံး (လိုက္ဟဲဗီးဝိတ္ ခ်န္ပီယံ)၊ အဒီဆန္ညာ (မစ္ဒယ္ဝိတ္ ခ်န္ပီယံ) ေတြနဲ႔ပဲ ယွဥ္ရမွာပါ။

ေအာင္လသာ အဲဒီၿပိဳင္ပြဲ ေရာက္ရင္ ထိပ္ဆုံး ၁၀ ဦး စာရင္းေလာက္ ဝင္ႏိုင္ေပမယ့္ ခ်န္ပီယံေတြနဲ႔ ယွဥ္ဖို႔ ကေတာ့ နည္းနည္း လိုအပ္ခ်က္ ရွိႏိုင္ပါ ေသးတယ္။

ဒါေပမယ့္လည္း မၾကာေသးမီက ONE championship နဲ႔ ၁၀ ပြဲ စာခ်ဳပ္သစ္ ခ်ဳပ္ထားတဲ့ အတြက္ သူ႔ကစားသမား ဘဝ ကုန္ဆုံးခ်ိန္ အထိ တျခား ၿပိဳင္ပြဲကို သြားၿပိဳင္ဖို႔ ဆိုတာ လုံးဝ မျဖစ္ႏိုင္ေတာ့ ပါဘူး။

သူ႔လို တန္းမ်ိဳးကလည္း တစ္ႏွစ္ကို အမ်ားဆုံး ၃ ပြဲေလာက္ပဲ ၿပိဳင္ရဖို႔ ရွိတာပါ ဒီၾကားထဲ လိုက္ဟဲဗီးဝိတ္ ခါးပတ္ကိုပါ စြန႔္လႊတ္ဖို႔ ရွိတယ္ ဆိုတဲ့အတြက္ အလြန္ဆုံး တျခား ၿပိဳင္ပြဲေတြက ခ်န္ပီယံ ေတြနဲ႔ crossover ၿပိဳင္တာေလာက္ပဲ ေတြ႕ရဖို႔ ရွိပါတယ္။

Unicode

အောင်လအန်ဆန်း UFC မှာ သွားပြိုင်ဖို့ မဖြစ်နိုင်သေး

အောင်လအန်ဆန်ကို UFC မှာ မြင်ချင်တယ်တို့၊ ခါဘစ်နဲ့ ထိုးစေချင်တယ်တို့ ပြောနေကြတာတွေ တွေ့လို့ ဒီပြိုင်ပွဲတွေရဲ့ သဘော သဘာဝနဲ့ ဝိတ်တန်းတွေ အကြောင်း နည်းနည်းလောက် ရှင်းပြချင်တယ်။

အရင်ဆုံး ပြောပြ ချင်တာက UFC ဆိုတာ ဘာလဲ ဆိုတာပါ အောင်လတို့ အခု ပြိုင်နေတဲ့ အားကစားကို MMA (Mixed Martial Art) လို့ ခေါ်ပါတယ်။

မြန်မာလို ဆိုရင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပေါ့ အဲဒီ အားကစားကို ကမ္ဘာ့ နိုင်ငံပေါင်းစုံက အဖွဲ့အစည်း မျိုးစုံ ကနေ စီစဉ်ကျင်းပ နေပါတယ်။

အဲဒီထဲမှာ အမေရိကန် အခြေစိုက် UFC က ပြိုင်ဘက်မရှိ နံပါတ်တစ်ပါ ONE Championship ကတော့ ထိပ်ဆုံး ငါးခုလောက် အတွင်းမှာ ရှိပါတယ်။ရှိပါတယ်။

နောက်တစ်ခုက အောင်လအန်ဆန် အခု ပြိုင်နေတာ မစ်ဒယ်ဝိတ် (၂၀၅ ပေါင်တန်း) နဲ့ လိုက်ဟဲဗီးဝိတ် (၂၂၅ ပေါင်တန်း) ဖြစ်ပါတယ်။

UFC မှာ နာမည်ကြီးတဲ့ ခါဘစ်က လိုက်ဝိတ် (၁၅၅ ပေါင်တန်း) ပါ ဝိတ်တန်း ကြည့်ရင်ကို ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရပါတယ်။

သူတို့လို အဆီပို နည်းတဲ့ အားကစား သမားတွေ အတွက် ပေါင် ၃၀-၄၀ အတင်အချ လုပ်ဖို့ ဆိုတာ အရမ်းခက်တဲ့ ကိစ္စပါ တကယ်လို့ ရတယ် ဆိုရင်တောင် သူတို့ လက်ရှိ လက်စွမ်းမျိုး မရှိတော့ပါဘူး။

ဝိတ်တင်တဲ့ သူက လေးသွားမှာ ဖြစ်ပြီး ဝိတ်ချတဲ့ သူက ပါဝါ ကျသွားမှာပါ တကယ်လို့ အောင်လ UFC ကို သွားရင် သူနဲ့ ဝိတ်တန်းတူတဲ့ ဂျွန်ဂျုံး (လိုက်ဟဲဗီးဝိတ် ချန်ပီယံ)၊ အဒီဆန်ညာ (မစ်ဒယ်ဝိတ် ချန်ပီယံ) တွေနဲ့ပဲ ယှဉ်ရမှာပါ။

အောင်လသာ အဲဒီပြိုင်ပွဲ ရောက်ရင် ထိပ်ဆုံး ၁၀ ဦး စာရင်းလောက် ဝင်နိုင်ပေမယ့် ချန်ပီယံတွေနဲ့ ယှဉ်ဖို့ ကတော့ နည်းနည်း လိုအပ်ချက် ရှိနိုင်ပါ သေးတယ်။

ဒါပေမယ့်လည်း မကြာသေးမီက ONE championship နဲ့ ၁၀ ပွဲ စာချုပ်သစ် ချုပ်ထားတဲ့ အတွက် သူ့ကစားသမား ဘဝ ကုန်ဆုံးချိန် အထိ တခြား ပြိုင်ပွဲကို သွားပြိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ ပါဘူး။

သူ့လို တန်းမျိုးကလည်း တစ်နှစ်ကို အများဆုံး ၃ ပွဲလောက်ပဲ ပြိုင်ရဖို့ ရှိတာပါ ဒီကြားထဲ လိုက်ဟဲဗီးဝိတ် ခါးပတ်ကိုပါ စွန့်လွှတ်ဖို့ ရှိတယ် ဆိုတဲ့အတွက် အလွန်ဆုံး တခြား ပြိုင်ပွဲတွေက ချန်ပီယံ တွေနဲ့ crossover ပြိုင်တာလောက်ပဲ တွေ့ရဖို့ ရှိပါတယ်။

Hits: 727