Zawgyi
Unicode
အဘမင်းသိင်္ခပေးခဲ့တဲ့ အထူးယတြာ
၁။ တစ်ခါက လူတစ်ယောက်ငွေကြေးအခက်အခဲဖြစ်တာအဲဒီ ယတြာလုပ်လိုက်တာ လုပ်ပြီး ၁ လနေတော့ သူ့မြေကွက်ကို လာဝယ်တယ် သူဆိုတဲ့ဈေးပေးသွားတယ်။
၂။ နိုင်ငံခြားသင်္ဘောလိုက်ဖို့ အခက်အခဲဖြစ်နေတယ် အဲဒါပေးလိုက်တယ် ၁ လ နေတော့ အဆင်ပြေသွားတယ်။
၃။ ကုမ္မဏီပိုင်ရှင်အန်တီကြီး အဲဒီယတြာပေးလိုက်တယ် တင်ဒါတစ်ခုရပြီး လုပ်ငန်းတစ်ခုရသွားတယ် သိန်းရာဂဏန်း မြတ်သွားတယ် တဲ့ ။
၄။ အကြွေးပတ်လည်ဝိုင်းနေတဲ့ အန်တီမမ ၊ အတိုးပေးရတာ နဲ့ တစ်တစ်လ သိန်း ၃၀ ကျော် ၊ အဲဒီယတြာပေးလိုက်တယ် ။
မိတ်ဆွေတစ်ယောက်ကကိုယ်မနေတဲ့ အိမ်တစ်လုံးရှိတာပဲ အဲဒီအိမ်ကို ဘဏ်မှာပေါင်ပြီး ငွေချေးပါလား လို့ လားပြောလို့ လုပ်ဖြစ်သွားတာအဆင်ပြေသွားပြီး တစ်လ တစ်လ အတိုးပေးရတဲ့ဒုက္ခက လွတ်ကင်းသွားတယ် ။
အဲဒါကတော့ ပြည်တောင်းတစ်လုံးမှာ ဆန် တစ်ပြည်ထည့်ပါ ပြီးတော့ အဲဒီ ပြည်တောင်းကို လင်ပန်းခံ ထီးဖြူစိုက်ပြီး လှူပေးပါ။
ကိုယ်ဖြစ်ချင်တာ ကိုယ့်အခက်အခဲ ဆုတောင်းကို စာရွက်မှာရေးပြီး ကတော့ ထိုးပြီး ဆန်ထဲစိုက်လှူဆုတောင်းပေး လိုက်ပါ မိမိမွေးနေ့ မနက် 9း45 မှာ စတင်လုပ်ပါ လှူပေးပါ။
အရဟံ သိဒ္ဓိ .. တစ်လုံး ချ နဲ့ ပုတီး ၁၀ ပတ် စိတ်ပေးပါ မနက် တစ်ကြိမ် ည တစ်ကြိမ် ၂၇ ရက် ဆက်တိုက် စိတ်ပေးပါ။
(ခရီးသွားစရာရှိလျှင် ကားပေါ်မှာလည်း စိတ်လို့ရပါသည် တည်းခိုခန်းမှာလည်း စိတ်လို့ရပါသည်။ )
ထူးထူးခြားခြား အဆင်ပြေသွားပါလိမ့်မယ် ခင်ဗျာ လိုသလောက် အပြည့်အစုံ မရခဲ့ရင်တောင်မှ လုပ်သလောက်တော့ ရပါတယ် ။
Hits: 1139