
Zawgyi









Unicode

၅၀ တန် ရေလုံငွေထုပ် ယတြာ

မြန် မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံလို့ ဆိုပေမယ့် ဘာသာခြားတွေအပြင် ၊ နတ်ကိုး ကွယ်သူ ၊ ဗေဒင် ၊ ယတြာ ယုံကြည်သူတွေလည်း အများအပြားရှိနေပါတယ်။

ဒီလို ကွဲပြားတဲ့ ယုံကြည်ကိုးကွယ်မှုတွေအပေါ်မှာတော့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည် နိုင်ဖို့မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားပြီးသားဖြစ်ပါတယ်။

ဒါကြောင့် မိမိမကိုးကွယ်မယုံကြည်ယုံနဲ့ သူတစ်ပါးရဲ့ ကိုးကွယ်ယုံကြည်မှုကို မထိခိုက် ပါစေနဲ့နော်။

အခုတင်ပြပေးမှာကတော့ ဗေဒင် ၊ ယတြာ အကြောင်းပဲ ဖြစ်ပါတယ် ဒီအကြောင်းကိုတော့ ငွေလဘ်ရွှင်ပြီး ငွေဝင် ကျန်းမာ ပြည့်ဝစွာ ချမ်းသာ စေမယ့် နည်းလမ်းလေးကိုဆရာမကြီး ဒေါ်သဇင်ထွန်းက မျှဝေပေးထားတာပါ။

ကျွန်တော်တို့အနေနဲ့ လုပ်သလောက်အကျိုးမခံစားရဘူး ၊ ရသလောက်ပြန်ကုန်နေတယ် လာဘ်လာဘ ပိတ်နေတယ် အရောင်းအဝယ်မကောင်းဘူးဆိုသူတွေအနေနဲ့ ။

ငွေ ၅၀ ကျပ်တန် (သို့) ၅၀၀ (သို့) ၅၀၀၀ ကျပ်တန်က ပလက်စတစ်အိတ်နဲ့ထည့်ပြီးပိတ်၊  နောက်တစ်အိတ်နဲ့ ရေအနည်းငယ်ထည့်ပြီး သားရေကွင်းနဲ့ ပိတ်လိုက်ပါတဲ့။

ဒါကိုလုပ်ရမယ့် အချိန်ကတော့ နံနက် ၅ နာရီ ၄၅ မိနစ် တိတိမှာ ငွေထားတဲ့နေရာ ငွေကောင်တာ ၊ ငွေသေတ္တာ ပေါ်မှာ ထားပေးတာနဲ့ သိသိသာသာ အကျိုးထူးလိမ့်မယ်လို့ ဆိုပါတယ်။

ရေကိုတော့ တစ်ပတ်တစ်ခါလောက် သတိထားပြီး လဲပေးရမယ်လို့လည်းဆရာမကြီးက မှာကြားထားပါသေးတယ် မိတ်ဆွေများအားလုံး စိတ်ရွှင်လဘ်ဝင်ပြီး ကျန်းမာချမ်းသာကြပါစေ။

Hits: 146