စြန္းလြန္းးဂူဆရာေတာ္ႀကီး ေျဖၾကားေသာ ၀န္ႀကီးခ်ဳပ္ဦးႏု၏ ေမးခြန္းမ်ား ( ပ )

Zawgyi

တစ္ခ်ိန္က သာသနာမွာ ရဟႏၱာတစ္ဆူဟု ေက်ာ္ၾကားေတာ္မူေသာ ထြန္ေထာင္ဆရာေတာ္ (လူ႕ဘ၀တုန္းက ထြန္ကိုေထာင္၊ ႏြားေတြကို ေဘးမဲ့ေပးၿပီး ရဟန္းေဘာင္ ၀င္ေရာက္ခဲ့လို႕)

စြန္းလြန္းဂူဆရာေတာ္ဦးက၀ိကို ႏိုင္ငံေတာ္ ၀န္ႀကီးခ်ဳပ္ ဦးႏုက ဖူးေျမာ္ရင္း ေမး+ေျဖ ခဲ့တဲ့ စကားဆိုတာကို လြန္ခဲ့ေသာ ႏွစ္ေပါင္း (၆၀) ေက်ာ္က ထုတ္ေ၀ခဲ့သည့္ ဤစာအုပ္ေလးကို ျပန္လည္ဖတ္ရႈရသည့္အခါ ။

ပညာရွင္ႏွစ္ဦး၏ အဘိဓမၼာဆိုင္ရာ အေမးအေျဖေတြကို ဓမၼမိတ္ေဆြမ်ား ေလ့လာေစခ်င္ပါသျဖင့္ တင္ျပအပ္ပါသည္။

ႏု ➡ လူတို႕ျပည္တြင္ သစ္ေလးပင္၊ ေသေစလို ေရေအးေလာင္း၊ ရွင္ေစလို ေရေႏြးေလာင္း ဟူေသာ အေမးကို ေျဖၾကားေတာ္မူပါ ဘုရား။

[ဆရာေတာ္] ➡ လူတို႕ျပည္တြင္ သစ္ေလးပင္ဆိုရာ၌ လူ႕ျပည္ နတ္ျပည္ ျဗဟၼာ့ျပည္ရယ္လို႕ ေလာက ေ၀ါဟာရအားျဖင့္ရိွေသာ္လည္း ဘယ္ျပည္မွာမ်ား ဘုရားပြင့္တယ္လို႕ ၾကားဖူးသတံုး။

ႏု ➡ လူ႕ျပည္မွာလို႕ ၾကားဖူးပါတယ္ ဘုရား။

[ဆရာေတာ္] ➡ အဲ – ဂဂၤါ ၀ါဠဳ သဲစုမက ပြင့္ေတာ္မူၾကတဲ့ ဘုရားရွင္မ်ားမွာ သစၥာေလးပါးႏွင့္သာ ပြင့္ျခင္းေၾကာင့္ လူတို႕ျပည္တြင္ သစ္ေလးပင္ဟုဆိုသည္။

ေသေစလို ေရေအးေလာင္း ဆိုရာ၌ မဂၢင္ေရကို ဆိုလိုသည္ ရွင္ေစလို ေရေႏြးေလာင္း ဆိုရာ၌ ေလာဘ၊ ေဒါသ၊ ေမာဟေရေႏြးကို ဆိုလိုသည္။

ႏု ➡ မထိုင္ခင္က ေျခေဆး၊ မလင္းခင္က ေရာင္နီလာ၊ မခ်က္ခင္က ထမင္း၊ မက်က္ခင္က စားၿပီးၿပီ၊ မရက္ခင္က ပုဆိုး၊ မခ်ဳပ္ခင္က ၀တ္ၿပီးၿပီ၊ ၎အေမးကို ေျဖေတာ္မူပါ ဘုရား။

[ဆရာေတာ္] ➡ ေအး အဲဒါ ၀ိတက္လို႕ ေခၚတယ္။ (၀ိတက္ဆိုသည္မွာ ႀကံစည္ စဥ္းစား စိတ္ကူးယဥ္ျခင္းျဖစ္သည္။)

ႏု ➡ ဘုရားတစ္ဆူ တစ္ဆူလွ်င္ သေခ်ၤႏွစ္ဆယ္ ကုေဋရွစ္ဆယ္ ဗိုလ္ေျခတစ္သိန္း ကၽြတ္တမ္း၀င္သြားတယ္လို႕ ၾကားဖူးပါတယ္ က်န္ေသာသတၱ၀ါေတြဟာ ေလ်ာ့သလား မေလ်ာ့ဘူးလား ဘုရား။

[ဆရာေတာ္] ➡ ဒကာႀကီးေမးတဲ့အတိုင္းပဲ ေလ်ာ့သလားဆုိ ေလ်ာ့တယ္၊ မေလ်ာ့ဘူးလားဆိုရင္လည္း မေလ်ာ့ဘူးေပါ့။

ႏု ➡ ေလ်ာ့တာ ဘယ္လို၊ မေလ်ာ့တာ ဘယ္ပံုဆိုတာ သိလိုေၾကာင္းပါ ဘုရား။

[ဆရာေတာ္] ➡ ေလ်ာ့တယ္ဆိုတာက ဥပမာ – ဒကာႀကီးအိမ္မွာ လူဆယ္ေယာက္ ရိွတယ္ဆိုပါေတာ့ ငါးေယာက္ ဆင္းသြားရင္ ဆင္းသြားတဲ့ ပုဂၢိဳလ္ သတၱ၀ါေလ်ာ့တာေပါ့၊

မေလ်ာ့ဘူးဆိုတာက စိတ္ ေစတသိက္ ရုပ္ နိဗၺာန္ဆိုတဲ့ ပရမတၳတရား မေလ်ာ့ဘူး။

ႏု ➡ ထင္းမရိွ ေတာသံုးေထာင္၊ ေရမရိွ ျမစ္လယ္ေခါင္၊ ႏွမ မရိွ ေျခာက္ေယာက္ေမာင္ကို ေျဖရွင္းေတာ္မူပါဘုရား။

[ဆရာေတာ္] ➡ဘုရားအစရိွေသာ အရိယာသူေတာ္ေကာင္းတို႕မွာ ကာမ၊ ရူပ၊ အရူပ ဆိုတဲ့ ေတာသံုးေထာင္ထဲတြင္ ေနျငားေသာ္လည္း ၎ပုဂၢိဳလ္မ်ားမွာ ေလာင္စာမရိွေသာၾကာင့္ ထင္းမရိွ ေတာသံုးေထာင္ဟုေခၚသည္။

သတၱ၀ါတို႕၏ အာရံုအစဥ္မွာ ျမစ္ေရအလ်ဥ္ကဲ့သို႕ တသြင္သြင္ စီးဆင္းေနျငားေသာ္လည္း ဘုရားစေသာ အရိယာသူေတာ္ေကာင္းတို႕မွာ အာရံုယိုစီးျခင္း မရိွတာကို ေရ မရိွ ျမစ္လယ္ေခါင္ဟု ေခၚသည္။

ဘုရား စေသာ အရိယာသူေတာ္ေကာင္းတို႕မွာ မ်က္စိ, နား, ႏွာေခါင္း, ပါးစပ္,ကာယ, မန တံခါးေျခာက္ေပါက္ပင္ရိွေသာ္လည္း အာရံုလိုက္စားျခင္း မရိွတာကို ႏွမ မရိွ ေျခာက္ေယာက္ေမာင္လို႕ ေခၚသည္။

Unicode

စွန်းလွန်းးဂူဆရာတော်ကြီး ဖြေကြားသော ဝန်ကြီးချုပ်ဦးနု၏ မေးခွန်းများ ( ပ )

တစ်ချိန်က သာသနာမှာ ရဟန္တာတစ်ဆူဟု ကျော်ကြားတော်မူသော ထွန်ထောင်ဆရာတော် (လူ့ဘဝတုန်းက ထွန်ကိုထောင်၊ နွားတွေကို ဘေးမဲ့ပေးပြီး ရဟန်းဘောင် ဝင်ရောက်ခဲ့လို့)

စွန်းလွန်းဂူဆရာတော်ဦးကဝိကို နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက ဖူးမြော်ရင်း မေး+ဖြေ ခဲ့တဲ့ စကားဆိုတာကို လွန်ခဲ့သော နှစ်ပေါင်း (၆၀) ကျော်က ထုတ်ဝေခဲ့သည့် ဤစာအုပ်လေးကို ပြန်လည်ဖတ်ရှုရသည့်အခါ ။

ပညာရှင်နှစ်ဦး၏ အဘိဓမ္မာဆိုင်ရာ အမေးအဖြေတွေကို ဓမ္မမိတ်ဆွေများ လေ့လာစေချင်ပါသဖြင့် တင်ပြအပ်ပါသည်။

နု ➡ လူတို့ပြည်တွင် သစ်လေးပင်၊ သေစေလို ရေအေးလောင်း၊ ရှင်စေလို ရေနွေးလောင်း ဟူသော အမေးကို ဖြေကြားတော်မူပါ ဘုရား။

[ဆရာတော်] ➡ လူတို့ပြည်တွင် သစ်လေးပင်ဆိုရာ၌ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ရယ်လို့ လောက ဝေါဟာရအားဖြင့်ရှိသော်လည်း ဘယ်ပြည်မှာများ ဘုရားပွင့်တယ်လို့ ကြားဖူးသတုံး။

နု ➡ လူ့ပြည်မှာလို့ ကြားဖူးပါတယ် ဘုရား။

[ဆရာတော်] ➡ အဲ – ဂင်္ဂါ ဝါဠု သဲစုမက ပွင့်တော်မူကြတဲ့ ဘုရားရှင်များမှာ သစ္စာလေးပါးနှင့်သာ ပွင့်ခြင်းကြောင့် လူတို့ပြည်တွင် သစ်လေးပင်ဟုဆိုသည်။

သေစေလို ရေအေးလောင်း ဆိုရာ၌ မဂ္ဂင်ရေကို ဆိုလိုသည် ရှင်စေလို ရေနွေးလောင်း ဆိုရာ၌ လောဘ၊ ဒေါသ၊ မောဟရေနွေးကို ဆိုလိုသည်။

နု ➡ မထိုင်ခင်က ခြေဆေး၊ မလင်းခင်က ရောင်နီလာ၊ မချက်ခင်က ထမင်း၊ မကျက်ခင်က စားပြီးပြီ၊ မရက်ခင်က ပုဆိုး၊ မချုပ်ခင်က ဝတ်ပြီးပြီ၊ ၎င်းအမေးကို ဖြေတော်မူပါ ဘုရား။

[ဆရာတော်] ➡ အေး အဲဒါ ဝိတက်လို့ ခေါ်တယ်။ (ဝိတက်ဆိုသည်မှာ ကြံစည် စဉ်းစား စိတ်ကူးယဉ်ခြင်းဖြစ်သည်။)

နု ➡ ဘုရားတစ်ဆူ တစ်ဆူလျှင် သချေၤနှစ်ဆယ် ကုဋေရှစ်ဆယ် ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်သွားတယ်လို့ ကြားဖူးပါတယ် ကျန်သောသတ္တဝါတွေဟာ လျော့သလား မလျော့ဘူးလား ဘုရား။

[ဆရာတော်] ➡ ဒကာကြီးမေးတဲ့အတိုင်းပဲ လျော့သလားဆို လျော့တယ်၊ မလျော့ဘူးလားဆိုရင်လည်း မလျော့ဘူးပေါ့။

နု ➡ လျော့တာ ဘယ်လို၊ မလျော့တာ ဘယ်ပုံဆိုတာ သိလိုကြောင်းပါ ဘုရား။

[ဆရာတော်] ➡ လျော့တယ်ဆိုတာက ဥပမာ – ဒကာကြီးအိမ်မှာ လူဆယ်ယောက် ရှိတယ်ဆိုပါတော့ ငါးယောက် ဆင်းသွားရင်
ဆင်းသွားတဲ့ ပုဂ္ဂိုလ် သတ္တဝါလျော့တာပေါ့၊

မလျော့ဘူးဆိုတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရား မလျော့ဘူး။

နု ➡ ထင်းမရှိ တောသုံးထောင်၊ ရေမရှိ မြစ်လယ်ခေါင်၊ နှမ မရှိ ခြောက်ယောက်မောင်ကို ဖြေရှင်းတော်မူပါဘုရား။

[ဆရာတော်] ➡ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့မှာ ကာမ၊ ရူပ၊ အရူပ ဆိုတဲ့ တောသုံးထောင်ထဲတွင် နေငြားသော်လည်း ၎င်းပုဂ္ဂိုလ်များမှာ လောင်စာမရှိသောကြာင့် ထင်းမရှိ တောသုံးထောင်ဟုခေါ်သည်။

သတ္တဝါတို့၏ အာရုံအစဉ်မှာ မြစ်ရေအလျဉ်ကဲ့သို့ တသွင်သွင် စီးဆင်းနေငြားသော်လည်း ဘုရားစသော အရိယာသူတော်ကောင်းတို့မှာ အာရုံယိုစီးခြင်း မရှိတာကို ရေ မရှိ မြစ်လယ်ခေါင်ဟု ခေါ်သည်။

ဘုရား စသော အရိယာသူတော်ကောင်းတို့မှာ မျက်စိ, နား, နှာခေါင်း, ပါးစပ်,ကာယ, မန တံခါးခြောက်ပေါက်ပင်ရှိသော်လည်း အာရုံလိုက်စားခြင်း မရှိတာကို နှမ မရှိ ခြောက်ယောက်မောင်လို့ ခေါ်သည်။

Hits: 223