တနဂၤေႏြသားသမီးမ်ား အတြက္အထူးအဓိဌာန္

Zawgyi

ဒီအဓိဌာန္ကို တစ္​လတစ္​ႀကိမ္​ ( သို႔ ) ႏွစ္​လတစ္​ႀကိမ္​ ​ေမြး​ေန႔ႏွင္​့ တိုက္​ဆိုင္​ၿပီး လုပ္​ရမည္​ မ်ားစြာအက်ိဳးထူး၍ ယၾတာသ​ေဘာ​ေရာ ကုသိုလ္​ဆက္​တဲ့သ​ေဘာပါ သက္​​ေရာက္​​ေနပါသည္​ ။

အထူးက​ေတာ့ ဇာတာစန္​း​ေတြ ညံ႕​ေနသူမ်ား စိတ္​လက္​မအီမသာျဖစ္​​ေနသူမ်ား ၊ အၾကံအိုက္​​ေနသူမ်ား လာဘ္​လာဘ​ေတြ ပိတ္​ဆို႔​ေနသူမ်ား ၊ အၾကံတုန္​းဥာဏ္​တုန္​းျဖစ္​​ေနသူမ်ား။

လန္​းဆန္​းတက္​ႂကြၿပီး ​ေဘးရန္​လည္​း​ေပ်ာက္​ လာဘ္​လည္​း​ေရာက္​လာႏိုင္​မယ္​့နည္​းျဖစ္​ပါတယ္​ ။

” ဥစၥာ​ေဘာဂ ဇီဝိတႏွင္​့ သုခပြားရန္​ ဤလူ႔ ႒ာန္​၌ ဥာဏ္​ဝီရိယ ပ​ေယာဂတည္​း ” လို႔ ပညာ႐ွိ​ေတြဆိုထားသလို ။

တတ္​ႏိုင္​သ​ေလာက္​ မိမိတို႔ လက္​လွမ္​းတမွီ ဥာဏ္​​ေ႐ွ႕သြားၿပီး ဝီရိယႏွင္​့ ပညာပါ​လုပ္​​ေဆာင္​သြားႏိုင္​ရင္​ အတိတ္​ကံမ​ေကာင္​း​ေပမယ္​့ပစၥဳပၸန္​ကံ​ေၾကာင္​့ အက်ိဳးထူးႏိုင္​ပါတယ္​ ။

အစီအရင္​ျပဳလုပ္​ပံု

မည္​သည္​့​ေန႔သားမဆို မိမိ​ေမြး​ေန႔မနက္​ ၆နာရီမွ ၇နာရီခြဲအတြင္​း ​ေနအိမ္​ဘုရား​ေက်ာင္​းမွာပင္​ ျပဳလုပ္​ရမည္​ ။

အဝါ​ေရာင္​အက်ီကို ဝတ္ပါ မတ္​တပ္​ရပ္​၍ ကံ႕​ေကာ္​ ၂ ၫြန္​႔အား ဘုရားအားလႉပါ ျပီး​ေသာ္​ ​ေဇာ္​စိမ္​း ၃ၫြန္​႔ ၊ ရြက္​လွ ၄ၫြန္​႔အား ခင္​းၿပီးအ​ေပၚမွ အခင္​းတစ္​ခုျဖင္​့ ဖံုးအုပ္​ထားရမည္​ ။

၎ အခင္​း​ေပၚ၌ ထိုင္​ကာ လိုရာဆႏၵျပဳ၍ တနဂၤ​ေႏြသားသမီး ကုသိုလ္​ကံပြင္​့ဂါထာ​ေတာ္​ကို ၁၀၈​ေခါက္​ ရြတ္​ပြားပူ​ေဇာ္​ရပါမည္​ ။

၎​ေန႔ည​ေနပိုင္​းမွာ မိမိဝတ္​ဆင္​ခဲ့​ေသာ လံုခ်ည္​အ​ေဟာင္​းတစ္​ထည္​ျဖင္​့ ​ေသာၾကာသား သမီးတစ္​ဦးအား အကူအညီ​ေတာင္​းလွ်က္​ ၎အဝတ္​ႏွင္​့ အခင္​း​ေအာက္​မွ အရြက္​အခက္​မ်ားကိုယူကာ ​ေတာင္​အရပ္​သို႔ စြန္​႔ပစ္​ခိုင္​းရန္​ျဖစ္​ပါသည္​ ။

Unicode

တနင်္ဂနွေသားသမီးများ အတွက်အထူးအဓိဌာန်

ဒီအဓိဌာန်ကို တစ်လတစ်ကြိမ် ( သို့ ) နှစ်လတစ်ကြိမ် မွေးနေ့နှင့် တိုက်ဆိုင်ပြီး လုပ်ရမည် များစွာအကျိုးထူး၍ ယတြာသဘောရော ကုသိုလ်ဆက်တဲ့သဘောပါ သက်ရောက်နေပါသည် ။

အထူးကတော့ ဇာတာစန်းတွေ ညံ့နေသူများ စိတ်လက်မအီမသာဖြစ်နေသူများ ၊ အကြံအိုက်နေသူများ လာဘ်လာဘတွေ ပိတ်ဆို့နေသူများ ၊ အကြံတုန်းဉာဏ်တုန်းဖြစ်နေသူများ။

လန်းဆန်းတက်ကြွပြီး ဘေးရန်လည်းပျောက် လာဘ်လည်းရောက်လာနိုင်မယ့်နည်းဖြစ်ပါတယ် ။

” ဥစ္စာဘောဂ ဇီဝိတနှင့် သုခပွားရန် ဤလူ့ ဋ္ဌာန်၌ ဉာဏ်ဝီရိယ ပယောဂတည်း ” လို့ ပညာရှိတွေဆိုထားသလို ။

တတ်နိုင်သလောက် မိမိတို့ လက်လှမ်းတမှီ ဉာဏ်ရှေ့သွားပြီး ဝီရိယနှင့် ပညာပါလုပ်ဆောင်သွားနိုင်ရင် အတိတ်ကံမကောင်းပေမယ့်ပစ္စုပ္ပန်ကံကြောင့် အကျိုးထူးနိုင်ပါတယ် ။

အစီအရင်ပြုလုပ်ပုံ

မည်သည့်နေ့သားမဆို မိမိမွေးနေ့မနက် ၆နာရီမှ ၇နာရီခွဲအတွင်း နေအိမ်ဘုရားကျောင်းမှာပင် ပြုလုပ်ရမည် ။

အဝါရောင်အကျီကို ဝတ်ပါ မတ်တပ်ရပ်၍ ကံ့ကော် ၂ ညွန့်အား ဘုရားအားလှူပါ ပြီးသော် ဇော်စိမ်း ၃ညွန့် ၊ ရွက်လှ ၄ညွန့်အား ခင်းပြီးအပေါ်မှ အခင်းတစ်ခုဖြင့် ဖုံးအုပ်ထားရမည် ။

၎င်း အခင်းပေါ်၌ ထိုင်ကာ လိုရာဆန္ဒပြု၍ တနင်္ဂနွေသားသမီး ကုသိုလ်ကံပွင့်ဂါထာတော်ကို ၁၀၈ခေါက် ရွတ်ပွားပူဇော်ရပါမည် ။

၎င်းနေ့ညနေပိုင်းမှာ မိမိဝတ်ဆင်ခဲ့သော လုံချည်အဟောင်းတစ်ထည်ဖြင့် သောကြာသား သမီးတစ်ဦးအား အကူအညီတောင်းလျှက် ၎င်းအဝတ်နှင့် အခင်းအောက်မှ အရွက်အခက်များကိုယူကာ တောင်အရပ်သို့ စွန့်ပစ်ခိုင်းရန်ဖြစ်ပါသည် ။

Hits: 3667