
Zawgyi










အောက်လက်ငယ်သားထွက်သွားတတ်ခြင်း၊ကျန်းမာရေးညံ့ခြင်းကြုံရတတ်၏ ထီဘက်၌ကံကောင်းသော အချိန်ဖြစ်ပါ၏ ပညာအသစ် တစ်ခုရတတ်၏။



Sayar Thu Ka Main

Unicode

အင်္ဂါနေ့ဖွားများအတွက် သုံးလစာ ဟောကိန်း

အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ လများအတွင်း အင်္ဂါနေ့ဖွားများ အတွက်အဟောကို ကံညံ့တဲ့အခါ သို့မဟုတ် ကံကောင်းတဲ့ အခါမှာလည်း ကောင်းသထက် ကောင်းစေဖို့ ချေရမယ့် ယတြာတွေ ဖော်ပြပေးလိုက်ပါတယ်

ယခုနှစ်အတွင်း ဘုရားဆင်းတုတော်ပုံတော် ရဟန္တာ ပုံတော်များကြွလာတတ်၏ မထင်မှတ်ထားသောခရီးများ၊မရည်ရွယ်သောခရီးများ သွားရတတ်၏။

လူမျိုးခြားကူညီခြင်းနိုင်ငံခြားနှင့်ပတ်သတ်သော ကိစ္စများအောင်မြင်ခြင်းများ ကြုံရမည်ဖြစ်၏ နာမည်ဂုဏ် သတင်းတိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများကြုံရမည်ဖြစ်၏။

မနာလိုသူလဲပေါလိမ့်မည် မိမိထက် မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးတတ်သော ကာလဖြစ်၏ လုပ်ဖော်ကိုင်ဘက်များ မိတ်ရင်းဆွေရင်း များနှင့်လမ်းခွဲရတတ်သည်။

စနေနံပစ္စည်းများဝင်လာလိမ့်မည်။ရေတွင်းရေကန်ကိစ္စများအောင်မြင်မည်ဖြစ်၏ လုပ်ငန်းများအောင်မြင်တော့မလိုလိုနှင့် အခက်အခဲကြီးစွာကြုံရတတ်၏ ။

ကြီးကဲသူများ အထက်လူကြီးများကြောင့်စိတ်ညစ်ရတတ်၏ အလှူပွဲ မင်္ဂလာပွဲ အစီအစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ဖြစ်ရတတ်၏ အိမ်ထောင်ရှိလျင် အိမ်ထောင်ရေးအဆင်ပြေနေမည်။

လက်ရှိအလုပ်အကိုင်ပြောင်းချင်စိတ် ဖြစ်ပေါ်နေမည် ပြောင်းလျှင်ပိုဆိုးသွားတတ်၏ အစာအိမ်ဖြစ်ခြင်း ကျန်းမာရေးညံ့၍ ခြေထောက်၊ခါး၊သွား ဒုက္ခပေးခြင်းကြုံရတတ်၏။

ဤကာလအတွင်းအမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ဖို့လို့ပေ၏ ဖြစ်ခဲ့လျှင်မပြီးနိုင်ပဲ ဖြစ်နေတတ်၏ ငွေနှင့်လိုက်လျှင်ရှုံးသွားတက်ပါ၏ ပစ္စည်းမငှါးရမ်းပါနှင့် ဆုံးသွားလိမ့်မည်။

မည်သည့်အခက်အခဲနှင့် ကြုံသည်ဖြစ်စေ အားကိုးမရှာပါနှင့်။ဒုက္ခပေးမည့်သူများသာပေါ်လာတတ်၏။

အောက်လက်ငယ်သားထွက်သွားတတ်ခြင်း၊ကျန်းမာရေးညံံ့ခြင်းကြုံရတတ်၏ ထီဘက်၌ကံကောင်းသော အချိန်ဖြစ်ပါ၏ ပညာအသစ် တစ်ခုရတတ်၏။

အိမ်ထောင်ဘက် ကျန်းမာရေးညံလိမ့်မည်။ဆေးရုံ၊ဆေးခန်းသွားရတတ်၏ ကျောဒုက္ခပေးခြင်း၊ကျော၌ကျန်းမာရေးညံ့ခြင်းရောဂါ ရခြင်းများဖြစ်တတ်၏။

စနေနေ့နံနက်တွင် အိမ်ဘုရား၌ မုန်ဖက်ထုပ် ၁၂ ထုပ်လှူ၍ လိုရာ ဆုတောင်းပါ သခွားသီးတွင် သွားကြားထိုးတံ သက်စေ့စိုက်၍ ရေမျောပါ။

Sayar Thu Kha Main

Hits: 2489