ဝက္ႏွစ္ဖြားတို႔ အတြက္ တစ္သက္စာ အေဟာ

Zawgyi

တ႐ုတ္႐ိုးရာ ေဗဒင္ပညာ အရ ဝက္နကၡတ္ျဖင့္ ယွဥ္သူမ်ားသည္ ၁၈၈၇၊ ၁၈၉၉၊ ၁၉၁၁၊ ၁၉၂၃၊ ၁၉၃၅၊ ၁၉၄၇၊ ၁၉၅၉၊ ၁၉၇၁၊ ၁၉၈၃၊ ၁၉၉၅ ၊၂ဝဝ၇၊၂ဝ၁၉မ်ား၌ ေမြးဖြားသူမ်ား ျဖစ္ၾကသည္။

ဝက္ႏွစ္သည္ ယင္းႏွင့္ ယန္း ဘဝႏွစ္ခုလုံး ေရာေထြးေနေသာ ရွားရွားပါးပါး ႏွစ္တစ္ႏွစ္ပင္ ျဖစ္ေသာ္လည္း “ယင္း” ဘဝလြန္ကဲသည္ဟုလည္း ဆိုႏိုင္သည္။

ဤႏွစ္ဖြားမ်ားသည္ သန္္စြမ္းရဲရင့္သည္၊ ဥာဏ္ထက္ျမက္ျခင္း မရွိေစကာမူ အလုပ္ႀကိဳးႀကိဳးပမ္းပမ္း လုပ္တတ္သည္ ဗဟုသုတရွာမွီးရန္ စိတ္၀င္စားသည္။

ယင္းတို႔သည္ ၾကြား၀ါတတ္ျခင္း၊ ေျမွာက္ပင့္တတ္ျခင္း ရွိ၍ တစ္ခါတစ္ရံ ကာမဂုဏ္စိတ္ ပိေနတတ္သည္ စိတ္ဓါတ္အားျဖင့္ ေအးေဆးတည္ၿငိမ္သိမ္ေမြ႔၍ ရွက္တတ္သည္။

ယဥ္္ေက်း၍ စိတ္ေကာင္းရွိသည္ သစၥာရွိ၍ အလြန္အားကိုးရေသာ မိတ္ေဆြမ်ား ျဖစ္သည္ အျငင္းအခုံ မလိုလားၾကေသာ ရိုးသား၍ စီးပြားေရး၌ သူၿပိဳင္ငါၿပိဳင္ မလုပ္လိုၾကေပ။

ေငြကို မက္မက္ေမာေမာ မရွိလွေပ သူတစ္ပါး၏ အလိမ္အညာကို ခံရမည္ တစ္ခုခုကို စြဲစြဲၿမဲၿမဲ လုပ္တတ္သူမ်ားျဖစ္၍ တစ္ယူသန္တတ္သည္။

တစ္ခါတစ္ရံ၌ ပ်င္းရိေလးတြဲမည္ ၀က္ႏွစ္ဖြားအမ်ိဳးသားမ်ားသည္ ၀တတ္သည္ ၀က္ႏွစ္ဖြား အမ်ားစုမွာ ေအးေဆးတည္ၿငိမ္၍ သဘာဝအားျဖင့္ မိမိကိုယ္ကို ထိန္းသိမ္းႏိုင္သူမ်ား ျဖစ္သည္။

အမ်ားႏွင့္ ဆက္ဆံရာ၌ လွ်ိဳ႕၀ွက္ဆန္ေလ့ ရွိသည္ ပြင့္ပြင့္လင္းလင္း မရွိသူမ်ား ျဖစ္သည္။ အႏၱရာယ္ႏွင့္ ႀကဳံေတြ႔ေသာအခါ အစဥ္အၿမဲ အသင့္အေနအထား ရွိတတ္ၾကသည္။

ယင္းတို႔သည္ ေအာက္သက္ေၾက၍ လက္ေတြ႔ဆန္သူမ်ားလည္း ျဖစ္သည္ သူတို႔သည္ အစားအစာႏွင့္ အာရုံခံစားမႈမ်ားတြင္ ေပ်ာ္ေမြ႔၍ သင့္တင့္သည္ထက္ ပို၍ ဇိမ္ခံေလ့ ရွိသည္။

၀က္ႏွစ္တြင္ ေမြးဖြားေသာ အမ်ိဳးသမီးမ်ားသည္ သစၥာရွိေသာ ဇနီးမ်ားျဖစ္၍ သားသမီးမ်ားကို ခ်စ္ခင္တြယ္တာသည့္ မိခင္ေကာင္းမ်ား ျဖစ္ၾကသည္။

အမ်ိဳးသားမ်ားျဖစ္ပါက မိမိသားမယားကို ရိုးေျမက် စြဲစြဲလမ္းလမ္း သစၥာရွိစြာ ခ်စ္တတ္သည္ တစ္နည္းဆိုရေသာ္ မိမိအိမ္ေထာင္ဖက္အေပၚ ေမတၱာမပ်က္ သစၥာဖက္၍ ေရႊလက္ၿမဲၿမဲတြဲသြားမည့္ သူမ်ားျဖစ္သည္။

ၾကင္နာသနားတတ္ သူမ်ားလည္း ျဖစ္တတ္ေသာေၾကာင့္သနား၍ အိမ္ေထာင္ဖက္ ျပဳခဲ့သူမ်ားလည္း ေတြ႔ရမ်ားသည္။

၀က္ႏွစ္ဖြားမ်ားသည္ အိမ္ေထာင္ဖက္အျဖစ္ ယုန္၊ ဆိတ္၊ က်ား၊ ျမင္းႏွစ္ေမြးဖြား သူမ်ားကို ေရြးခ်ယ္သင့္ေပသည္ ေျမြႏွစ္ ေမြးဖြားသူမ်ားႏွင့္မူ အထူးေရွာင္သင့္သည္။

ေမ်ာက္ႏွစ္ဖြားမ်ားကို ယူလို႔ရေသာ္လည္း တက်က္က်က္ ရန္ျဖစ္ေနတတ္သည္ ယင္းတို႔ သတိျပဳရန္မွာ ကာမဂုဏ္အာရုံႏွင့္ စည္းစိမ္ခံမႈတြင္ လြန္ကဲတတ္သူျဖစ္၍ က်န္းမာေရး ထိခိုက္ႏိုင္ေလသည္။

ထင္ရွားတ့ဲ ဝက္ႏွစ္ဖြားမ်ား

ေအာ္လီဗာကရြန္း၀ဲလ္၊ ေဒါက္တာရြိဳက္ဇာ၊ ဟင္နရီဖို႔ဒ္၊ ေရာ့ကီဖဲလား၊ အ႒မေျမာက္ ဟင္နရီဘုရင္၊ ဘစ္စမတ္၊ ႏိုဝယ္ကားဝပ္၊ ဂ်ဴအယ္လင္တန္၊ ခ်န္ေကရွိတ္၊ ဘာဘရာကာဆယ္၊ ဗလာဒီမာနာဆိုေကာ့၊ တင္နက္ဆီ၀ီလ်ံ တို႔ ျဖစ္ၾကသည္။

Unicode

ဝက်နှစ်ဖွားတို့ အတွက် တစ်သက်စာ အဟော

တရုတ်ရိုးရာ ဗေဒင်ပညာ အရ ဝက်နက္ခတ်ဖြင့် ယှဉ်သူများသည် ၁၈၈၇၊ ၁၈၉၉၊ ၁၉၁၁၊ ၁၉၂၃၊ ၁၉၃၅၊ ၁၉၄၇၊ ၁၉၅၉၊ ၁၉၇၁၊ ၁၉၈၃၊ ၁၉၉၅ ၊၂ဝဝ၇၊၂ဝ၁၉များ၌ မွေးဖွားသူများ ဖြစ်ကြသည်။

ဝက်နှစ်သည် ယင်းနှင့် ယန်း ဘဝနှစ်ခုလုံး ရောထွေးနေသော ရှားရှားပါးပါး နှစ်တစ်နှစ်ပင် ဖြစ်သော်လည်း “ယင်း” ဘဝလွန်ကဲသည်ဟုလည်း ဆိုနိုင်သည်။

ဤနှစ်ဖွားများသည် သန်စွမ်းရဲရင့်သည်၊ ဉာဏ်ထက်မြက်ခြင်း မရှိစေကာမူ အလုပ်ကြိုးကြိုးပမ်းပမ်း လုပ်တတ်သည် ဗဟုသုတရှာမှီးရန် စိတ်ဝင်စားသည်။

ယင်းတို့သည် ကြွားဝါတတ်ခြင်း၊ မြှောက်ပင့်တတ်ခြင်း ရှိ၍ တစ်ခါတစ်ရံ ကာမဂုဏ်စိတ် ပိနေတတ်သည် စိတ်ဓါတ်အားဖြင့် အေးဆေးတည်ငြိမ်သိမ်မွေ့၍ ရှက်တတ်သည်။

ယဉ်ကျေး၍ စိတ်ကောင်းရှိသည် သစ္စာရှိ၍ အလွန်အားကိုးရသော မိတ်ဆွေများ ဖြစ်သည် အငြင်းအခုံ မလိုလားကြသော ရိုးသား၍ စီးပွားရေး၌ သူပြိုင်ငါပြိုင် မလုပ်လိုကြပေ။

ငွေကို မက်မက်မောမော မရှိလှပေ သူတစ်ပါး၏ အလိမ်အညာကို ခံရမည် တစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်တတ်သူများဖြစ်၍ တစ်ယူသန်တတ်သည်။

တစ်ခါတစ်ရံ၌ ပျင်းရိလေးတွဲမည် ဝက်နှစ်ဖွားအမျိုးသားများသည် ဝတတ်သည် ဝက်နှစ်ဖွား အများစုမှာ အေးဆေးတည်ငြိမ်၍ သဘာဝအားဖြင့် မိမိကိုယ်ကို ထိန်းသိမ်းနိုင်သူများ ဖြစ်သည်။

အများနှင့် ဆက်ဆံရာ၌ လျှို့ဝှက်ဆန်လေ့ ရှိသည် ပွင့်ပွင့်လင်းလင်း မရှိသူများ ဖြစ်သည်။ အန္တရာယ်နှင့် ကြုံတွေ့သောအခါ အစဉ်အမြဲ အသင့်အနေအထား ရှိတတ်ကြသည်။

ယင်းတို့သည် အောက်သက်ကြေ၍ လက်တွေ့ဆန်သူများလည်း ဖြစ်သည် သူတို့သည် အစားအစာနှင့် အာရုံခံစားမှုများတွင် ပျော်မွေ့၍ သင့်တင့်သည်ထက် ပို၍ ဇိမ်ခံလေ့ ရှိသည်။

ဝက်နှစ်တွင် မွေးဖွားသော အမျိုးသမီးများသည် သစ္စာရှိသော ဇနီးများဖြစ်၍ သားသမီးများကို ချစ်ခင်တွယ်တာသည့် မိခင်ကောင်းများ ဖြစ်ကြသည်။

အမျိုးသားများဖြစ်ပါက မိမိသားမယားကို ရိုးမြေကျ စွဲစွဲလမ်းလမ်း သစ္စာရှိစွာ ချစ်တတ်သည် တစ်နည်းဆိုရသော် မိမိအိမ်ထောင်ဖက်အပေါ် မေတ္တာမပျက် သစ္စာဖက်၍ ရွှေလက်မြဲမြဲတွဲသွားမည့် သူများဖြစ်သည်။

ကြင်နာသနားတတ် သူများလည်း ဖြစ်တတ်သောကြောင့်သနား၍ အိမ်ထောင်ဖက် ပြုခဲ့သူများလည်း တွေ့ရများသည်။

ဝက်နှစ်ဖွားများသည် အိမ်ထောင်ဖက်အဖြစ် ယုန်၊ ဆိတ်၊ ကျား၊ မြင်းနှစ်မွေးဖွား သူများကို ရွေးချယ်သင့်ပေသည် မြွေနှစ် မွေးဖွားသူများနှင့်မူ အထူးရှောင်သင့်သည်။

မျောက်နှစ်ဖွားများကို ယူလို့ရသော်လည်း တကျက်ကျက် ရန်ဖြစ်နေတတ်သည် ယင်းတို့ သတိပြုရန်မှာ ကာမဂုဏ်အာရုံနှင့် စည်းစိမ်ခံမှုတွင် လွန်ကဲတတ်သူဖြစ်၍ ကျန်းမာရေး ထိခိုက်နိုင်လေသည်။

ထင်ရှားတဲ့ ဝက်နှစ်ဖွားများ

အော်လီဗာကရွန်းဝဲလ်၊ ဒေါက်တာရွိုက်ဇာ၊ ဟင်နရီဖို့ဒ်၊ ရော့ကီဖဲလား၊ အဋ္ဌမမြောက် ဟင်နရီဘုရင်၊ ဘစ်စမတ်၊ နိုဝယ်ကားဝပ်၊ ဂျူအယ်လင်တန်၊ ချန်ကေရှိတ်၊ ဘာဘရာကာဆယ်၊ ဗလာဒီမာနာဆိုကော့၊ တင်နက်ဆီဝီလျံ တို့ ဖြစ်ကြသည်။

Hits: 202