ရေသ့ႀကီးဦးခႏၲီ၏ ေရႊျဖစ္ေငြျဖစ္အေဆာင္ေကာင္း လက္စြဲဂါထာေတာ္ႏွစ္ပုဒ္ နွင့္ သမိုင္း

Zawgyi

ရေသ့ႀကီးဦးခႏၲီသည္ ျမန္မာျပည္သူတို႔သာမက နယ္ခ်ဲ႔အဂၤလိပ္မ်ားပင္ ၾကည္ညိဳေလးစားျခင္း ခံရေသာ ပုဂၢိဳလ္ထူးျဖစ္သည္။

ဦးခႏၲီသည္ ျဗိတိသွ် ကိုလိုနီေခတ္တြင္ ျမန္မာျပည္အရပ္ရပ္ရွိ ဘုရားေစတီမ်ား၊ ရုပ္ပြား ေတာ္မ်ား၊ ျပသာဒ္တန္ေဆာင္းမ်ား၊ ေစာင္းတန္းမ်ား၊ အမိုးအကာမ်ား၊ ေလွကားမ်ား ။

ဘုရားကိန္း၀ပ္ စံပယ္ရာ ေက်ာင္းေတာ္မ်ား၊ အာရံုခံတန္ေဆာင္းမ်ား၊ ဘုရားဖူးဧည့္သည္ တည္းခိုေနထိုင္ရာ ဇရပ္မ်ား၊ ေက်ာင္းမ်ား၊ ေရတြင္း၊ ေရကန္မ်ား၊ စသည္တို႔ကို အံ႔ခ်ီးဖြယ္ ဦးေဆာင္တည္ေဆာက္ခဲ့သူ ျဖစ္သည္။

ဤသာသနာ့အေဆာက္အအံုမ်ားမွာ ငါးႏွစ္ခံ၊ ဆယ္ႏွစ္ခံ သစ္သားအေဆာက္အအံုမ်ား မဟုတ္၊ ႏွစ္ေပါင္းရာခ်ီ၍ တည္တံ႔ခိုင္ျမဲေစမည့္ အုတ္၊ အဂၤေတ၊ သံထည္မ်ားျဖင့္ တည္ေဆာက္ထားသည့္ အေဆာက္အအံုမ်ားျဖစ္သည္။

ယင္းတို႔သည္ တန္ဖိုးမျဖတ္ႏိုင္ေလာက္ေအာင္ တန္ဖိုးႀကီးမားလွသည္ ရေသ့ႀကီး ဦးခႏၲီကို ျပည္သူတို႔က ယံုၾကည္ေလးစားစြာျဖင့္ အလွဴေငြမ်ား ထည့္၀င္ေသာေၾကာင့္သာ ဤအေဆာက္အအံံုတို႔ကို ေဆာက္လုပ္ ႏိုင္ျခင္း ျဖစ္သည္။

ရေသ့ႀကီးဦးခႏၲီ၏ အေၾကာင္းကို ျမန္မာႏိုင္ငံရွိ စာေပပညာရွင္မ်ားသာမက ျပည္ပစာေပပညာရွင္မ်ားကလည္း မွတ္တမ္းတင္ေရးသားေဖာ္ျပခဲ့ၾကသည္။

ရေသ့ႀကီးဦးခႏၲီသည္ ၁၂၂၉-ခုႏွစ္ ၀ါေခါင္လျပည့္ေက်ာ္ ၅-ရက္၊ တနလၤာေန႔ (ခရစ္ႏွစ္ ၁၈၆၇-ခုႏွစ္ ၾသဂုတ္လ ၁၉-ရက္ေန႔) တြင္ ရမည္းသင္းခရိုင္၊ ရြာသာရြာ၌ ဖြားျမင္ခဲ့သည္။

ရေသ့ႀကီးသည္ လြတ္လပ္ေရးရျပီး ၁၃၁၀-ျပည့္ႏွစ္ ျပာသိုလ္လျပည့္ေက်ာ္ ၁၄-ရက္ေန႔ည (၁၉၄၉-ခုႏွစ္၊ ဇန္န၀ါရီလ ၂၇-ရက္ေန႔) တြင္ ပ်ံလြန္ေတာ္မူခဲ့သည္။ ပ်ံလြန္ေတာ္မူခ်ိန္တြင္ သက္ေတာ္ ၈၂-ႏွစ္အရြယ္ရွိသည္။

ရေသ့ႀကီးဦးႏၲီကား အႏွစ္ ၁၀၀-အတြင္း တေယာက္ေပၚထြန္းရန္ မလြယ္ကူေသာ ရွားပါးသည့္ ျမန္မာ့သားေကာင္းရတနာ ပုဂၢိဳလ္ထူးမ်ားတြင္ တဦးအပါအ၀င္ျဖစ္သည္။

ရေသ့ႀကီး ဦးခႏၲီ လက္စြဲျပဳ ရြတ္ဆိုေသာ ဂါထာႏွစ္ပုဒ္ရွိသည္ဟု ဆိုၾကသည္ တပုဒ္မွာ ဒိ၀ါ တပတိ အာဒိေစၥာ-အစခ်ီေသာ ဂါထာျဖစ္သည္။

အျခားတပုဒ္မွာ ေအာက္ေဖာ္ျပပါ အရဟံဗဟိ အႏၲဇယံ သုဂတံ-အစခ်ီေသာ ဂါထာျဖစ္သည္။ ထိုဂါထာမွာ ဘုရားဂုဏ္ေတာ္ ၁၃-ပါးကို ပူေဇာ္ေသာဂါထာ ျဖစ္သည္။

ထိုစဥ္က စစ္ကိုင္းျမိဳ႔ ပတၱျမားေစတီ၏ အေရွ႔ဘက္တြင္ ေလွသင္းအတြင္း၀န္ ေဆာက္လုပ္လွဴဒါန္းေသာ မင္းေက်ာင္းရွိသည္။

ထိုေက်ာင္း၌ သီတင္းသံုးေတာ္မူေသာ ဒုတိယ မင္းေက်ာင္း ဆရာေတာ္ႀကီးသည္ သီလ၊ သမာဓိ၊ ပညႏွင့့္ အထူးျပည့္စံုေတာ္မူသည္။

ထိုဆရာေတာ္ႀကီးသည္ စစ္ကိုင္းျမိဳ႔ ၀ါးခ်က္ ရြာတြင္ရွိေသာေၾကာင့္ ၀ါးခ်က္မင္းေက်ာင္း ဆရာေတာ္ဟုလည္း အမည္တြင္သည္။

တေန႔တြင္ ထိုဆရာေတာ္ႀကီးထံသို႔ ရေသ့ႀကီး ဦးခႏၲီ လာေရာက္၍ ၀တ္ျပဳပူေဇာ္သည္။ ထိုအခါ ဆရာေတာ္ႀကီးက-

ရေသ့ႀကီး၊ ရေသ့ႀကီးကား ျမန္မာျပည္အရပ္ရပ္မွာရွိသည့္ ေစတီ၊ ပုထိုး၊ ေက်ာင္းကန္၊ ဇရပ္တန္ေဆာင္းမ်ား ျပိဳပ်က္ေနသည္မ်ားကို ျပင္ဆင္မြမ္းမံရာ၌ နာမည္ႀကီးလွသည္။

အစြမ္းသတၱိ

တန္ခိုးလည္း ႀကီးသည္ဟု သိရသည္ ရေသ့ႀကီး၏ အစြမ္းသတၱိကို ယခု ဘုန္းႀကီးေတြ႔လို ျမင္လိုလွသည္ အစြမ္းသတၱိကို ျပႏိုင္ပါမည္လား-ဟု မိန္႔ေတာ္မူသည္။

ထိုအခါ ရေသ့ႀကီးက ျပႏိုင္ပါသည္ဘုရား တပည့္ေတာ္ကို ၄၅-မိနစ္၊ သို႔မဟုတ္ တနာရီမွ်ေလာက္ အခ်ိန္ေပးပါဘုရား-ဟု ေလွ်ာက္ထားသည္။

ေလွ်ာက္ထားျပီးေနာက္ ရေသ့ႀကီးသည္ ဘုရားေက်ာင္းေဆာင္ ေရွ႔တြင္ သီလေဆာက္တည္ျပီး ဂါထာတပုဒ္ကို ရြတ္ဆို၍ ပုတီးစိပ္သည္ ၄၅-မိနစ္ခန္႔ၾကာေသာအခါ ရေသ့ႀကီးသည္ ပုတီးစိပ္ရာမွ ထလာသည္။

ဤတြင္ ဆရာေတာ္ႀကီးက ရေသ့ႀကီး ဘာမွလည္း မထူးျခားပါလား-ဟု မိန္႔ေတာ္မူသည္ ရေသ့ႀကီးက မွန္ပါ၊ တနာရီ မျပည့္ခင္ ထူးျခားပါလိမ့္မယ္ဘုရား-ဟု ေလွ်ာက္သည္။

ေလွ်ာက္ျပီးေနာက္ ၁၀-မိနစ္ခန္႔အၾကာတြင္ ဘုရားဖူးမ်ား ေရာက္လာျပီး ရေသ့ႀကီးအား ေငြေၾကးမ်ား လွဴဒါန္းၾကသည္ ေရႊလက္ေကာက္၊ ေရႊဆြဲႀကိဳးမ်ားလည္း လွဴဒါန္းၾကသည္။

ဘုရားဖူးမ်ား ျပန္သြားေသာအခါ ရေသ့ႀကီးက တပည့္ေတာ္၏ အစြမ္းသတၱိ ဒါပါပဲဘုရား-ဟု ေလွ်ာက္သည္။

ထို႔ေနာက္ ရေသ့ႀကီးက ဆရာေတာ္ႀကီးလည္း စစ္ကိုင္း ၀ါးခ်က္မင္းေက်ာင္းဆရာေတာ္ႀကီးဟု ထင္ရွားျပီး နာမည္ႀကီးလွပါသည္။

တန္ခိုးလည္း ႀကီးသည္ဟု သိရပါသည္ ဆရာေတာ္ႀကီး၏ တန္ခိုးအစြမ္းသတၱိကိုလည္း ယခုျမင္လို ေတြ႔လိုပါသည္ဘုရား-ဟု ေလွ်ာက္သည္၊

ဆရာေတာ္ႀကီးက ရေသ့ႀကီး ျမင္လို၊ ေတြ႔လိုလွ်င္ ျပရတာေပါ့ ရေသ့ႀကီးလိုပဲ ၄၅-မိနစ္၊ တနာရီခန္႔ အခ်ိန္ေပးပါ-ဟု မိန္႔ၾကားျပီး ဘုရားေက်ာင္းေဆာင္ေရွ႔တြင္ ဂါထာရြတ္၍ ပုတီးစိပ္သည္။

၄၅-မိနစ္ခန္႔ရွိေသာအခါ ပုတီးစိပ္ရာမွ ထလာသည္ ဤတြင္ ရေသ့ႀကီးက-ဆရာေတာ္ဘုရား၊ ဘာမွလည္း မထူးျခားေသးပါလား-ဟုေလွ်ာက္သည္။

ရေသ့ႀကီး တနာရီမျပည့္ေသးဘူးေလ-ဟု ျပန္လည္မိန္႔ၾကားသည္ ၁၀-မိနစ္ခန္႔ၾကာေသာအခါ လူသံုးေယာက္သည္ အထုပ္ႀကီးသံုးထုပ္ ရြက္ျပီး ေက်ာင္းသို႔လာကာ ဆရာေတာ္ႀကီးအား လွဴဒါန္းေလသည္။

အထုပ္မ်ားကို ေျဖၾကည့္ရာ အထုပ္တထုပ္လွ်င္ သကၤန္း ၃၆-စံုပါရွိ၍ ၃-ထုပ္ ေပါင္း သကၤန္း ၁၀၈-စံု ရရွိသည္။

ဤတြင္ ဆရာေတာ္ႀကီးက ရေသ့ႀကီး ဘုန္းႀကီးအစြမ္းကေတာ့ ဒါပါပဲ-ဟု ဆိုေလသည္ ထို႔ေနာက္ ဆရာေတာ္ႀကီးက ရေသ့ႀကီး ရြတ္တဲ့ဂါထာက ဘာဂါထာပါလဲ-ဟုေမးရာ ။

အရဟံ ဗဟိအႏၲဇယံ သုဂတံ-အစရွိေသာ ဂုဏ္ေတာ္ ၁၃-ပါးဂါထာပါဘုရား-ဟု ေလွ်ာက္သည္။

တဖန္ ရေသ့ႀကီးကလည္း ဆရာေတာ္ႀကီးရြတ္ဆိုတဲ့ ဂါထာေကာ ဘာဂါထာပါလဲဘုရား ဟု ေလွ်ာက္ေသာအခါ ဆရာေတာ္ႀကီးက ရေသ့ႀကီးရြတ္တဲ့ ဂုဏ္ေတာ္ ၁၃-ပါးဂါထာပဲ-ဟု မိန္႔ၾကားေလသည္။

(ဤျဖစ္ရပ္ကို ဗန္းေမာ္ဆရာေတာ္ႀကီး အဘိဓဇ အဂၢမဟာ သဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ ေဒါက္တာ ဘဒၵႏၲကုမာရ-က မိန္႔ၾကားေတာ္မူခဲ့ပါသည္။)

အဆိုပါ ဘုရားဂုဏ္ေတာ္ ၁၃-ပါးဂါထာမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္။

အရဟံ ဇယံ ဂါထာေတာ္

အရဟံ ဗဟိအႏၲဇယံ သုဂတံ၊ အမိတံ ၀ိရဇံ လလိတံ အတုလံ။

စရဏံ တိဘ၀ူပသမံ ယမကံ၊ သုခဒံ သရဏံ ပဏမာမိ ဇိနံ။

( မွန္ကန္တိက်စြာ အသံထြက္နည္း) အရဟံ ဗဟိအန္တဇယံ သုဂတံ၊ အမိတံ ၀ိရဇံ လလိတံ အတုလံ။ စရဏံ တိဘ၀ူပသမံ ယမကံ၊ သုခဒံ သရဏံ ပဏမာမိ ဇိနံ။

ဂါထာေတာ္၏အနက္

အရဟံ-ပူေဇာ္အထူးကို ခံယူေတာ္မူထိုက္ေသာ ျမတ္စြာဘုရား၊

ဗဟိအႏၲဇယံ-အတြင္းအပ ရန္ကို ေအာင္ေတာ္မူေသာ ျမတ္စြာဘုရား။

သုဂတံ-ေကာင္းေသာစကားကို ေဟာေျပာတတ္ေသာျမတ္စြာဘုရား။

အမိတံ-မႏႈိင္းယွဥ္ႏိုင္သည့္ တန္ခိုးျပာဋိဟာႏွင့္ ျပည့္စံုေတာ္မူေသာ ျမတ္စြာဘုရား။

၀ိရဇံ-ကိေလသာျမဴ ကင္းေတာ္မူေသာ ျမတ္စြာဘုရား။

လလိတံ-တင့္တယ္သပၸါယ္ေတယာ္မူေသာ ျမတ္စြာဘုရား

အတုလံ-အတုမရွိေသာ ျမတ္စြာဘုရား။

စရဏံ-အက်င့္စရဏႏွင့္ ျပည့္စံုေတာ္မူေသာ ျမတ္စြာဘုရား။

တိဘ၀ူပသမံ-ဘံုသံုးပါး၌ ကိေလသာျမဴ ျငိမ္းေအးေတာ္မူေသာ ျမတ္စြာဘုရား။

ယမကံ-ေရမီးအစံု တန္ခိုးျပာဋိဟာႏွင့္ ျပည့္စံုေတာ္မူေသာ ျမတ္စြာဘုရား။

သုခဒံ-ခ်မ္းသာကို ေပးစြမ္းႏိုင္ေသာ ျမတ္စြာဘုရား။

သရဏံ-ကိုးကြယ္အားထားရာျဖစ္ေသာ ျမတ္စြာဘုရား။

ဇိနံ-မာရ္ငါးပါးကို ေအာင္ေတာ္မူေသာ ျမတ္စြာဘုရားကို ပဏမာမိ-ရွိခိုးပါ၏။

ရေသ့ႀကီးဦးခႏၲီႏွင့္လာဘ္ပြင့္ဂါထာေတာ္ထူး

တုေမွ စိတၱံ စ ကာေယာ စ၊ သဗၺေဒ၀ မႏုႆ စ။ သီတံ ဥဒေက ဣစၧိတံ၊ ပတၱံ ေဟာတု ေမ ေမတၱံ။

အနက္အားျဖင့္—ခပ္သိမ္းေသာ နတ္လူတို႔သည္ ကိုယ္စိတ္ႏွစ္ျဖာ သီတာေရပမာ ေအးျမသာယာျပီး ေတာင့္တအပ္ေသာ အလိုရွိရာဟူသ၍ ျပည့္၀ၾကပါေစ။

ကၽြႏ္ုပ္သည္လည္း နတ္လူတို႔၏ ေမတၱာကို ခံယူႏိုင္ပါေစ။

အဆိုပါ ဂါထာေတာ္ကို ယံုၾကည္စြာ ရြတ္ဖတ္သရဇၩာယ္၍ ျဖဴစင္ေသာစိတ္ဓာတ္ျဖင့္ သီလလံုျခံဳပါလွ်င္ ။

ၾကံစည္လုပ္ကိုင္သမွ် လုပ္ငန္းအ၀၀တို႔ အဆင္ေျပေခ်ာေမြ႔ေစျပီး စီးပြားလာဘ္လာဘမ်ား တိုးတက္ လာလိမ့္မည္ျဖစ္ေၾကာင္း တင္ျပေရးသားလိုက္ရပါသည္။

Unicode

ရသေ့ကြီးဦးခန္တီ၏ ရွှေဖြစ်ငွေဖြစ်အဆောင်ကောင်း လက်စွဲဂါထာတော်နှစ်ပုဒ် နှင့် သမိုင်း

ရသေ့ကြီးဦးခန္တီသည် မြန်မာပြည်သူတို့သာမက နယ်ချဲ့အင်္ဂလိပ်များပင် ကြည်ညိုလေးစားခြင်း ခံရသော ပုဂ္ဂိုလ်ထူးဖြစ်သည်။

ဦးခန္တီသည် ဗြိတိသျှ ကိုလိုနီခေတ်တွင် မြန်မာပြည်အရပ်ရပ်ရှိ ဘုရားစေတီများ၊ ရုပ်ပွား တော်များ၊ ပြသာဒ်တန်ဆောင်းများ၊ စောင်းတန်းများ၊ အမိုးအကာများ၊ လှေကားများ ။

ဘုရားကိန်းဝပ် စံပယ်ရာ ကျောင်းတော်များ၊ အာရုံခံတန်ဆောင်းများ၊ ဘုရားဖူးဧည့်သည် တည်းခိုနေထိုင်ရာ ဇရပ်များ၊ ကျောင်းများ၊ ရေတွင်း၊ ရေကန်များ၊ စသည်တို့ကို အံ့ချီးဖွယ် ဦးဆောင်တည်ဆောက်ခဲ့သူ ဖြစ်သည်။

ဤသာသနာ့အဆောက်အအုံများမှာ ငါးနှစ်ခံ၊ ဆယ်နှစ်ခံ သစ်သားအဆောက်အအုံများ မဟုတ်၊ နှစ်ပေါင်းရာချီ၍ တည်တံ့ခိုင်မြဲစေမည့် အုတ်၊ အင်္ဂတေ၊ သံထည်များဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံများဖြစ်သည်။

ယင်းတို့သည် တန်ဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားလှသည် ရသေ့ကြီး ဦးခန္တီကို ပြည်သူတို့က ယုံကြည်လေးစားစွာဖြင့် အလှူငွေများ ထည့်ဝင်သောကြောင့်သာ ဤအဆောက်အအံုံတို့ကို ဆောက်လုပ် နိုင်ခြင်း ဖြစ်သည်။

ရသေ့ကြီးဦးခန္တီ၏ အကြောင်းကို မြန်မာနိုင်ငံရှိ စာပေပညာရှင်များသာမက ပြည်ပစာပေပညာရှင်များကလည်း မှတ်တမ်းတင်ရေးသားဖော်ပြခဲ့ကြသည်။

ရသေ့ကြီးဦးခန္တီသည် ၁၂၂၉-ခုနှစ် ဝါခေါင်လပြည့်ကျော် ၅-ရက်၊ တနင်္လာနေ့ (ခရစ်နှစ် ၁၈၆၇-ခုနှစ် သြဂုတ်လ ၁၉-ရက်နေ့) တွင် ရမည်းသင်းခရိုင်၊ ရွာသာရွာ၌ ဖွားမြင်ခဲ့သည်။

ရသေ့ကြီးသည် လွတ်လပ်ရေးရပြီး ၁၃၁၀-ပြည့်နှစ် ပြာသိုလ်လပြည့်ကျော် ၁၄-ရက်နေ့ည (၁၉၄၉-ခုနှစ်၊ ဇန်နဝါရီလ ၂၇-ရက်နေ့) တွင် ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူချိန်တွင် သက်တော် ၈၂-နှစ်အရွယ်ရှိသည်။

ရသေ့ကြီးဦးန္တီကား အနှစ် ၁၀၀-အတွင်း တယောက်ပေါ်ထွန်းရန် မလွယ်ကူသော ရှားပါးသည့် မြန်မာ့သားကောင်းရတနာ ပုဂ္ဂိုလ်ထူးများတွင် တဦးအပါအဝင်ဖြစ်သည်။

ရသေ့ကြီး ဦးခန္တီ လက်စွဲပြု ရွတ်ဆိုသော ဂါထာနှစ်ပုဒ်ရှိသည်ဟု ဆိုကြသည် တပုဒ်မှာ ဒိဝါ တပတိ အာဒိစ္စော-အစချီသော ဂါထာဖြစ်သည်။

အခြားတပုဒ်မှာ အောက်ဖော်ပြပါ အရဟံဗဟိ အန္တဇယံ သုဂတံ-အစချီသော ဂါထာဖြစ်သည်။ ထိုဂါထာမှာ ဘုရားဂုဏ်တော် ၁၃-ပါးကို ပူဇော်သောဂါထာ ဖြစ်သည်။

ထိုစဉ်က စစ်ကိုင်းမြို့ ပတ္တမြားစေတီ၏ အရှေ့ဘက်တွင် လှေသင်းအတွင်းဝန် ဆောက်လုပ်လှူဒါန်းသော မင်းကျောင်းရှိသည်။

ထိုကျောင်း၌ သီတင်းသုံးတော်မူသော ဒုတိယ မင်းကျောင်း ဆရာတော်ကြီးသည် သီလ၊ သမာဓိ၊ ပညနှင့့် အထူးပြည့်စုံတော်မူသည်။

ထိုဆရာတော်ကြီးသည် စစ်ကိုင်းမြို့ ဝါးချက် ရွာတွင်ရှိသောကြောင့် ဝါးချက်မင်းကျောင်း ဆရာတော်ဟုလည်း အမည်တွင်သည်။

တနေ့တွင် ထိုဆရာတော်ကြီးထံသို့ ရသေ့ကြီး ဦးခန္တီ လာရောက်၍ ဝတ်ပြုပူဇော်သည်။ ထိုအခါ ဆရာတော်ကြီးက-

ရသေ့ကြီး၊ ရသေ့ကြီးကား မြန်မာပြည်အရပ်ရပ်မှာရှိသည့် စေတီ၊ ပုထိုး၊ ကျောင်းကန်၊ ဇရပ်တန်ဆောင်းများ ပြိုပျက်နေသည်များကို ပြင်ဆင်မွမ်းမံရာ၌ နာမည်ကြီးလှသည်။

အစွမ်းသတ္တိ

တန်ခိုးလည်း ကြီးသည်ဟု သိရသည် ရသေ့ကြီး၏ အစွမ်းသတ္တိကို ယခု ဘုန်းကြီးတွေ့လို မြင်လိုလှသည် အစွမ်းသတ္တိကို ပြနိုင်ပါမည်လား-ဟု မိန့်တော်မူသည်။

ထိုအခါ ရသေ့ကြီးက ပြနိုင်ပါသည်ဘုရား တပည့်တော်ကို ၄၅-မိနစ်၊ သို့မဟုတ် တနာရီမျှလောက် အချိန်ပေးပါဘုရား-ဟု လျှောက်ထားသည်။

လျှောက်ထားပြီးနောက် ရသေ့ကြီးသည် ဘုရားကျောင်းဆောင် ရှေ့တွင် သီလဆောက်တည်ပြီး ဂါထာတပုဒ်ကို ရွတ်ဆို၍ ပုတီးစိပ်သည် ၄၅-မိနစ်ခန့်ကြာသောအခါ ရသေ့ကြီးသည် ပုတီးစိပ်ရာမှ ထလာသည်။

ဤတွင် ဆရာတော်ကြီးက ရသေ့ကြီး ဘာမှလည်း မထူးခြားပါလား-ဟု မိန့်တော်မူသည် ရသေ့ကြီးက မှန်ပါ၊ တနာရီ မပြည့်ခင် ထူးခြားပါလိမ့်မယ်ဘုရား-ဟု လျှောက်သည်။

လျှောက်ပြီးနောက် ၁၀-မိနစ်ခန့်အကြာတွင် ဘုရားဖူးများ ရောက်လာပြီး ရသေ့ကြီးအား ငွေကြေးများ လှူဒါန်းကြသည် ရွှေလက်ကောက်၊ ရွှေဆွဲကြိုးများလည်း လှူဒါန်းကြသည်။

ဘုရားဖူးများ ပြန်သွားသောအခါ ရသေ့ကြီးက တပည့်တော်၏ အစွမ်းသတ္တိ ဒါပါပဲဘုရား-ဟု လျှောက်သည်။

ထို့နောက် ရသေ့ကြီးက ဆရာတော်ကြီးလည်း စစ်ကိုင်း ဝါးချက်မင်းကျောင်းဆရာတော်ကြီးဟု ထင်ရှားပြီး နာမည်ကြီးလှပါသည်။

တန်ခိုးလည်း ကြီးသည်ဟု သိရပါသည် ဆရာတော်ကြီး၏ တန်ခိုးအစွမ်းသတ္တိကိုလည်း ယခုမြင်လို တွေ့လိုပါသည်ဘုရား-ဟု လျှောက်သည်၊

ဆရာတော်ကြီးက ရသေ့ကြီး မြင်လို၊ တွေ့လိုလျှင် ပြရတာပေါ့ ရသေ့ကြီးလိုပဲ ၄၅-မိနစ်၊ တနာရီခန့် အချိန်ပေးပါ-ဟု မိန့်ကြားပြီး ဘုရားကျောင်းဆောင်ရှေ့တွင် ဂါထာရွတ်၍ ပုတီးစိပ်သည်။

၄၅-မိနစ်ခန့်ရှိသောအခါ ပုတီးစိပ်ရာမှ ထလာသည် ဤတွင် ရသေ့ကြီးက-ဆရာတော်ဘုရား၊ ဘာမှလည်း မထူးခြားသေးပါလား-ဟုလျှောက်သည်။

ရသေ့ကြီး တနာရီမပြည့်သေးဘူးလေ-ဟု ပြန်လည်မိန့်ကြားသည် ၁၀-မိနစ်ခန့်ကြာသောအခါ လူသုံးယောက်သည် အထုပ်ကြီးသုံးထုပ် ရွက်ပြီး ကျောင်းသို့လာကာ ဆရာတော်ကြီးအား လှူဒါန်းလေသည်။

အထုပ်များကို ဖြေကြည့်ရာ အထုပ်တထုပ်လျှင် သင်္ကန်း ၃၆-စုံပါရှိ၍ ၃-ထုပ် ပေါင်း သင်္ကန်း ၁၀၈-စုံ ရရှိသည်။

ဤတွင် ဆရာတော်ကြီးက ရသေ့ကြီး ဘုန်းကြီးအစွမ်းကတော့ ဒါပါပဲ-ဟု ဆိုလေသည် ထို့နောက် ဆရာတော်ကြီးက ရသေ့ကြီး ရွတ်တဲ့ဂါထာက ဘာဂါထာပါလဲ-ဟုမေးရာ ။

အရဟံ ဗဟိအန္တဇယံ သုဂတံ-အစရှိသော ဂုဏ်တော် ၁၃-ပါးဂါထာပါဘုရား-ဟု လျှောက်သည်။

တဖန် ရသေ့ကြီးကလည်း ဆရာတော်ကြီးရွတ်ဆိုတဲ့ ဂါထာကော ဘာဂါထာပါလဲဘုရား ဟု လျှောက်သောအခါ ဆရာတော်ကြီးက ရသေ့ကြီးရွတ်တဲ့ ဂုဏ်တော် ၁၃-ပါးဂါထာပဲ-ဟု မိန့်ကြားလေသည်။

(ဤဖြစ်ရပ်ကို ဗန်းမော်ဆရာတော်ကြီး အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကုမာရ-က မိန့်ကြားတော်မူခဲ့ပါသည်။)

အဆိုပါ ဘုရားဂုဏ်တော် ၁၃-ပါးဂါထာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဂါထာတော်

အရဟံ ဗဟိအန္တဇယံ သုဂတံ၊ အမိတံ ဝိရဇံ လလိတံ အတုလံ။

စရဏံ တိဘဝူပသမံ ယမကံ၊ သုခဒံ သရဏံ ပဏမာမိ ဇိနံ။

( မှန်ကန်တိကျစွာ အသံထွက်နည်း) အရဟံ ဗဟိအန်တဇယံ သုဂတံ၊ အမိတံ ဝိရဇံ လလိတံ အတုလံ။ စရဏံ တိဘဝူပသမံ ယမကံ၊ သုခဒံ သရဏံ ပဏမာမိ ဇိနံ။

ဂါထာတော်၏အနက်

အရဟံ-ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊

ဗဟိအန္တဇယံ-အတွင်းအပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရား။

သုဂတံ-ကောင်းသောစကားကို ဟောပြောတတ်သောမြတ်စွာဘုရား။

အမိတံ-မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဝိရဇံ-ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရား။

လလိတံ-တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရား။

အတုလံ-အတုမရှိသော မြတ်စွာဘုရား။

စရဏံ-အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

တိဘဝူပသမံ-ဘုံသုံးပါး၌ ကိလေသာမြူ ငြိမ်းအေးတော်မူသော မြတ်စွာဘုရား။

ယမကံ-ရေမီးအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

သုခဒံ-ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရား။

သရဏံ-ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရား။

ဇိနံ-မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏမာမိ-ရှိခိုးပါ၏။

ရသေ့ကြီးဦးခန္တီနှင့်လာဘ်ပွင့်ဂါထာတော်ထူး

တုမှေ စိတ္တံ စ ကာယော စ၊ သဗ္ဗဒေ၀ မနုဿ စ။ သီတံ ဥဒကေ ဣစ္ဆိတံ၊ ပတ္တံ ဟောတု မေ မေတ္တံ။

အနက်အားဖြင့်—ခပ်သိမ်းသော နတ်လူတို့သည် ကိုယ်စိတ်နှစ်ဖြာ သီတာရေပမာ အေးမြသာယာပြီး တောင့်တအပ်သော အလိုရှိရာဟူသ၍ ပြည့်ဝကြပါစေ။

ကျွန်ုပ်သည်လည်း နတ်လူတို့၏ မေတ္တာကို ခံယူနိုင်ပါစေ။

အဆိုပါ ဂါထာတော်ကို ယုံကြည်စွာ ရွတ်ဖတ်သရဇ္ဈာယ်၍ ဖြူစင်သောစိတ်ဓာတ်ဖြင့် သီလလုံခြုံပါလျှင် ။

ကြံစည်လုပ်ကိုင်သမျှ လုပ်ငန်းအ၀၀တို့ အဆင်ပြေချောမွေ့စေပြီး စီးပွားလာဘ်လာဘများ တိုးတက် လာလိမ့်မည်ဖြစ်ကြောင်း တင်ပြရေးသားလိုက်ရပါသည်။

Hits: 754