
Zawgyi










Unicode

၁၃၈၁ ခုနှစ် အတွင်း ခုနှစ်ရက်သားသမီး၏ ကံဇာတာ အနိမ့်အမြင့်

လက်ရှိ ဖြတ်သန်းနေဆဲ ခရစ်နှစ် ၂၀၁၉ ဧပြီကနေ ၂၀၂၀ မတ်လကုန်ထိ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် တစ်နှစ်တာ အတောအတွင်းမှာ (၇) ရက်သားသမီးအားလုံးအတွက် ကံဇာတာအခြေအနေ အကျဉ်းချုပ်ကို လိုတိုရှင်းပဲ တင်ပြပေးလိုက်ပါတယ်။

ဒီနှစ်ထဲမှာ တနင်္ဂနွေနေ့ဖွားများ စနေနေ့ဖွား နဲ့ သောကြာနေ့ဖွားများသည် အသက်မွေးမှုကံမှာ အားသာချက် အရှိကြဆုံး နေ့နံတွေပါ။

မိမိတို့ ဖြတ်သန်းနေသည့်အသက်ပိုင်းများ၊ ဒသာကာလများ၊ မူလအမည် စတာတွေပါ မှန်ကန်ခြင်း လျော်ညီခြင်း ရှိနေမယ်ဆိုရင် လက်ရှိမြန်မာနှစ်သည် အလုပ်အကိုင် အသက်မွေးမှု လုပ်လို့ သိပ်ကောင်းမယ့် ကာလတွေပါပဲ။

တနင်္လာနေ့ဖွားတွေ အတွက်တော့ စိတ်ဒွိဟ ဗျာများရခြင်းတွေ အလွန်များမယ့် နှစ်ပါပဲ မိသားစုရေးရာတွေ၊ ဆွေရေးမျိုးရေးတေ အပေါင်းအသင်းကဏ္ဍတွေကလည်း အခက်အခဲ အပြောင်းအလဲတွေ ကျရောက်လာတတ်ချိန်လို့ ဆိုရပါမယ်။

နေရင်းထိုင်ရင်း ကြားညှပ်ခံနေရတတ်ချိန်လည်း ဖြစ်ပါတယ်။

အင်္ဂါနေ့ဖွားတွေ အဖို့ကတော့ ဒီတစ်နှစ်မှာ လုံးဝမထင်ထားတဲ့သူတွေ၊ သူစိမ်းသူရံစာတွေက ကောင်းကျိုးပေးလာတာမျိုး ကြုံကြရတတ်ပါတယ်။

ဗုဒ္ဓဟူးနေ့ဖွားတွေ ထီအထိုးသင့်ဆုံး နှစ်မျိုးဖြစ်ပြီး. ကြာသာပတေးနေ့ဖွားတွေကတော့ ဒီတစ်နှစ် လောကဓံရိုက်ချက်လေးတွေ အထုအထောင်း ခံရတာလေးတွေ ကြုံရမယ့်နှစ်မျိုး ဖြစ်နေပါတယ်။

သောကြာနေ့ဖွားတွေသည် ဒီတစ်နှစ်မှာ ကိုယ်စွမ်းကိုယ်စ သိသိသာသာ ထက်မြက်လာတတ်ကြပါတယ် သတိထားကြည့်မိရင် သိနိုင်ပါလိမ့်မယ်။

မိမိတို့ရဲ့ တောက်ပလာသည့် စွမ်းရည်ကို အချိန်အခါသင့် အသုံးပြုနိုင်ကြရင် အကျိုးရှိကြမှာပါ။

Hits: 2609