သကၤန္းဟာ ျမင့္ျမတ္ပါသလား ဘုရား?

Zawgyi

” နိမ့္တယ္ထင္ရင္ နိမ့္ပါတယ္၊ မနိမ့္ဘူးထင္ရင္ မနိမ့္ပါဘူး ” ဘာေႀကာင့္လဲဆုိေတာ့ ထဘီေႀကာင့္ နိမ့္တာမဟုတ္ပဲ ” ထင္ ” ဆုိတဲ့ ဥပါဒါန္ေႀကာင့္သာ နိမ့္သြားတယ္လုိ႔ ထင္တာပါ။

ပိတ္စတစ္ခုပဲျဖစ္တဲ့ ထဘီလုိ ႏူးညံ့တဲ့ ပိတ္စတစ္ခုဟာ သင့္ကုိ ဘယ္လုိမ်ား ဒုကၡေရာက္ေစမလဲ။

ဘုန္းနိမ့္တယ္ဆုိတာက သင္ထင္သလုိ မဟုတ္ျပန္ဘူး ‘ဘုန္းနိမ့္ျပီဟဲ့ ဆုိတဲ့ သင့္ရဲ့ ခံစားခ်က္ဟာ negative feeling ဘက္ကုိ ေရာက္သြားတယ္။

စိတ္ အလုိမက် ျဖစ္ေစတယ္ စိတ္ကုိ ေနာက္က်ိေစတယ္ အဲဒါဟာ စိတ္ပုိင္းဆုိင္ရာ အရည္အေသြး က်ဆင္းျခင္း စိတ္ပုိင္းဆုိင္ရာ ဘုန္းနိမ့္ျခင္းပါပဲ ..။

ဒါဆုိ အရွင္ဘုရားအေနနဲ႕ ဝင္ခဲ့မိရင္ေရာ နိမ့္မွာလား ?

”အဓိပၸာယ္မဲ့ ထဘီတန္းေအာက္ ဝင္ဖုိ ့ေတာ့ စိတ္ကူး မရွိဘူး လုိအပ္ခဲ့လုိ ့ ဝင္ရျပီဆုိလည္း ဘုန္းနိမ့္တယ္လုိ ့ မယူဆပါဘူး။

ရဟန္းတစ္ပါးရဲ့ အစြမ္းအစျဖစ္တဲ့ သီလ , သမာဓိ , ပညာဟာ ဒီ ထဘီတန္းေႀကာင့္ က်ဆင္းစရာ မရွိပါဘူး ”

သကၤန္းဟာ ျမင့္ျမတ္ပါသလား ဘုရား ?

” သကၤန္းက ျမင့္ျမတ္တာ မဟုတ္ပဲ သကၤန္းဝတ္ဆင္ရျခင္း ရည္ရြယ္ခ်က္က ျမင့္ျမတ္ေနတာပါ -ဒကာ။

‘ဘာရည္ရြယ္ခ်က္မုိ႔လုိ႔လဲ ဘုရား ‘

” ေရာင့္ရဲ ျခိဳးျခံလုိျခင္း ”

”တပည့္ေတာ္ ႀကားဖူးတာက မိန္းမဟာ ဘုန္းကံနိမ့္တဲ့အတြက္ မိန္းမေအာက္ပုိင္းဝတ္တဲ့ ထဘီတန္းေအာက္ဝင္ရင္ ဘုန္းနိမ့္တယ္လုိ ့ ၾကားဘူးထားပါတယ္ဘုရား”

”ဘုန္းဆုိတာကုိ ရွင္းမွ ရေတာ့မယ္ ဒကာ ဘုန္းဆုိတာ အက်ဳိးသေဘာတရားပါ အစြမ္းအစလည္း ျဖစ္တယ္ အားသာခ်က္လည္း ျဖစ္တယ္ ဒကာ အက်ဳိးသေဘာတရားေပါ့။

ဒါဟာ အေႀကာင္းတရားလုပ္ေဆာင္ခ်က္ကုိ မူတည္ျပီး အက်ဳိးတရား ဘုန္းကံရယ္လုိ ့ ျဖစ္လာတယ္။

အေလးမျခင္း အေႀကာင္းဟာ သန္မာျခင္းအက်ဳိးကုိ ရမယ္ သန္မာျခင္းဟာ ဘုန္းပဲ ေဖာ္ေရြပ်ဴ ငွာျခင္းအေႀကာင္းဟာ လူခ်စ္လူခင္မ်ားျခင္း အက်ဳိးကုိ.ရမယ္ ဒီ လူခ်စ္လူခင္ မ်ားျခင္းဟာ ဘုန္းပဲ။

ထဘီတန္းေအာက္ဝင္ျခင္း အေႀကာင္းေႀကာင့္ ဘယ္အက်ဳိးမ်ား ထိခုိက္ေစသလဲ ဒကာ ေတြးႀကည့္ပါ ရက္ႀကာႀကာဝတ္ျပီး မေလွ်ာ္ရေသးတဲ့ ထဘီဆုိရင္ေတာ့ အနံ ့အသက္ဆုိးတဲ့ ေဝဒနာကုိ ရခ်င္ရမွာေပါ့”

ဘုန္းဘုန္း ခုနက ေျပာတယ္ နိမ့္တယ္ထင္ရင္ နိမ့္တယ္ဆုိ ‘?

”ဒါဟာ ထဘီတန္းေအာက္ဝင္ျခင္းေႀကာင့္ နိမ့္တာမဟုတ္ဘူး နိမ့္တယ္လုိ ့ ထင္မိတဲ့ ဥပါဒါန္အေႀကာင္းေႀကာင့္ပဲ။

စိတ္မသက္မသာ ခံစားရတယ္ မဟုတ္လား. ဒါ သက္ေတာင့္သက္သာစိတ္ ပ်က္ စီးသြားျခင္းေပါ့ စိတ္သက္ေတာင့္သက္သာ ျဖစ္တာ မေကာင္းဘူးလား ။

”ေကာင္းပါတယ္ဘုရား”

”မိမိပုိင္ဆ္ုိင္ထားေသာ ေကာင္းေသာအရာတစ္ခု ပ်က္စီးယုတ္ေလ်ာ့ျခင္းဟာ ဘုန္းနိမ့္ျခင္းပါပဲ ”

ေရွးအဆက္ဆက္က ဒီလုိပဲေျပာလာႀကတာ ဘုရား အရွင္ဘုရားလည္းသိမွာပါ ထဘီ တန္းေအာက္ဝင္ရင္ ဘုန္းနိမ့္တယ္ဆုိတာ ေရွးကတည္းက အယူအဆပါ”

”ဗုဒၶက ကာလာမသုတ္ကုိ ေဟာတယ္ ေရွးကေျပာတဲ့စကားမုိ႔လုိ႔လည္း အမွန္ မယူေလနဲ ့တဲ့”

ေရွးထုံးက ပယ္သင့္သလား ဘုရား ❓

”ပယ္သင့္ျခင္း မပယ္သင့္ျခင္းဟာ ေရွးထုံးေတြ ဒီေန ့ေခတ္ထုံးေတြေပၚမွာ မမူတည္ပါဘူး အမွန္ အမွားေပၚသာ မူတည္ပါတယ္ မွန္ရင္ ယူမယ္ မွားရင္ ပယ္မယ္ ..။

အမွန္အမွားကုိ ခြဲျခားဖုိ ့ သင့္မွာ ဥာဏ္ရည္ရွိတယ္ ဆင္ျခင္ႏုိင္စြမ္းလည္း ရွိတယ္ သင္ – ေတြးႀကည့္ပါ ထဘီေအာက္ဝင္ရင္ ဘယ္လုိ အစြမ္းအစမ်ဳိး က်ဆင္းႏုိင္ပါသလဲ ။

Unicode

သင်္ကန်းဟာ မြင့်မြတ်ပါသလား ဘုရား?

” နိမ့်တယ်ထင်ရင် နိမ့်ပါတယ်၊ မနိမ့်ဘူးထင်ရင် မနိမ့်ပါဘူး ” ဘာကြောင့်လဲဆိုတော့ ထဘီကြောင့် နိမ့်တာမဟုတ်ပဲ ” ထင် ” ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်သွားတယ်လို့ ထင်တာပါ။

ပိတ်စတစ်ခုပဲဖြစ်တဲ့ ထဘီလို နူးညံ့တဲ့ ပိတ်စတစ်ခုဟာ သင့်ကို ဘယ်လိုများ ဒုက္ခရောက်စေမလဲ။

ဘုန်းနိမ့်တယ်ဆိုတာက သင်ထင်သလို မဟုတ်ပြန်ဘူး ‘ဘုန်းနိမ့်ပြီဟဲ့ ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feeling ဘက်ကို ရောက်သွားတယ်။

စိတ် အလိုမကျ ဖြစ်စေတယ် စိတ်ကို နောက်ကျိစေတယ် အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ ..။

ဒါဆို အရှင်ဘုရားအနေနဲ့ ဝင်ခဲ့မိရင်ရော နိမ့်မှာလား ?

”အဓိပ္ပာယ်မဲ့ ထဘီတန်းအောက် ဝင်ဖို့တော့ စိတ်ကူး မရှိဘူး လိုအပ်ခဲ့လို့ ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို့ မယူဆပါဘူး။

ရဟန်းတစ်ပါးရဲ့ အစွမ်းအစဖြစ်တဲ့ သီလ , သမာဓိ , ပညာဟာ ဒီ ထဘီတန်းကြောင့် ကျဆင်းစရာ မရှိပါဘူး ”

သင်္ကန်းဟာ မြင့်မြတ်ပါသလား ဘုရား ?

” သင်္ကန်းက မြင့်မြတ်တာ မဟုတ်ပဲ သင်္ကန်းဝတ်ဆင်ရခြင်း ရည်ရွယ်ချက်က မြင့်မြတ်နေတာပါ -ဒကာ။

‘ဘာရည်ရွယ်ချက်မို့လို့လဲ ဘုရား ‘

” ရောင့်ရဲ ခြိုးခြံလိုခြင်း ”

”တပည့်တော် ကြားဖူးတာက မိန်းမဟာ ဘုန်းကံနိမ့်တဲ့အတွက် မိန်းမအောက်ပိုင်းဝတ်တဲ့ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်လို့ ကြားဘူးထားပါတယ်ဘုရား”

”ဘုန်းဆိုတာကို ရှင်းမှ ရတော့မယ် ဒကာ ဘုန်းဆိုတာ အကျိုးသဘောတရားပါ အစွမ်းအစလည်း ဖြစ်တယ် အားသာချက်လည်း ဖြစ်တယ် ဒကာ အကျိုးသဘောတရားပေါ့။

ဒါဟာ အကြောင်းတရားလုပ်ဆောင်ချက်ကို မူတည်ပြီး အကျိုးတရား ဘုန်းကံရယ်လို့ ဖြစ်လာတယ်။

အလေးမခြင်း အကြောင်းဟာ သန်မာခြင်းအကျိုးကို ရမယ် သန်မာခြင်းဟာ ဘုန်းပဲ ဖော်ရွေပျူ ငှာခြင်းအကြောင်းဟာ လူချစ်လူခင်များခြင်း အကျိုးကို.ရမယ် ဒီ လူချစ်လူခင် များခြင်းဟာ ဘုန်းပဲ။

ထဘီတန်းအောက်ဝင်ခြင်း အကြောင်းကြောင့် ဘယ်အကျိုးများ ထိခိုက်စေသလဲ ဒကာ တွေးကြည့်ပါ ရက်ကြာကြာဝတ်ပြီး မလျှော်ရသေးတဲ့ ထဘီဆိုရင်တော့ အနံ့အသက်ဆိုးတဲ့ ဝေဒနာကို ရချင်ရမှာပေါ့”

ဘုန်းဘုန်း ခုနက ပြောတယ် နိမ့်တယ်ထင်ရင် နိမ့်တယ်ဆို ‘?

”ဒါဟာ ထဘီတန်းအောက်ဝင်ခြင်းကြောင့် နိမ့်တာမဟုတ်ဘူး နိမ့်တယ်လို့ ထင်မိတဲ့ ဥပါဒါန်အကြောင်းကြောင့်ပဲ။

စိတ်မသက်မသာ ခံစားရတယ် မဟုတ်လား. ဒါ သက်တောင့်သက်သာစိတ် ပျက် စီးသွားခြင်းပေါ့ စိတ်သက်တောင့်သက်သာ ဖြစ်တာ မကောင်းဘူးလား ။

”ကောင်းပါတယ်ဘုရား”

”မိမိပိုင်ဆိုင်ထားသော ကောင်းသောအရာတစ်ခု ပျက်စီးယုတ်လျော့ခြင်းဟာ ဘုန်းနိမ့်ခြင်းပါပဲ ”

ရှေးအဆက်ဆက်က ဒီလိုပဲပြောလာကြတာ ဘုရား အရှင်ဘုရားလည်းသိမှာပါ ထဘီ တန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာ ရှေးကတည်းက အယူအဆပါ”

”ဗုဒ္ဓက ကာလာမသုတ်ကို ဟောတယ် ရှေးကပြောတဲ့စကားမို့လို့လည်း အမှန် မယူလေနဲ့တဲ့”

ရှေးထုံးက ပယ်သင့်သလား ဘုရား ❓

”ပယ်သင့်ခြင်း မပယ်သင့်ခြင်းဟာ ရှေးထုံးတွေ ဒီနေ့ခေတ်ထုံးတွေပေါ်မှာ မမူတည်ပါဘူး အမှန် အမှားပေါ်သာ မူတည်ပါတယ် မှန်ရင် ယူမယ် မှားရင် ပယ်မယ် ..။

အမှန်အမှားကို ခွဲခြားဖို့ သင့်မှာ ဉာဏ်ရည်ရှိတယ် ဆင်ခြင်နိုင်စွမ်းလည်း ရှိတယ် သင် – တွေးကြည့်ပါ ထဘီအောက်ဝင်ရင် ဘယ်လို အစွမ်းအစမျိုး ကျဆင်းနိုင်ပါသလဲ ။

Hits: 226