သရဏဂံု စြဲၿမဲထုံ လုံးစုံေအးခ်မ္း ေဘးမသန္း

Zawgyi

မနက္မိုးလင္းမ်က္ႏွာသစ္ဖို႔ ေရအျပည့္ထည့္ထားတဲ့ ေရခြက္ကို ကိုင္ေျမွာက္ … ဘုရားရွင္ကို အာရံုျပုပီး သရဏဂံုသုံးပါးကိုရြတ္ ဗုဒၶံသရဏံဂစၧာမိ ဓမၼံ သရဏံ ဂစၧာမိ သံဃံသရဏံဂစၧာမိပါဘုရား ။

ဒါတင္က လို႔လား ဘာစားစား ကိုယ္စားမယ့္ အစားအစာ ခံတြင္းထဲမေရာက္ခင္ သရဏဂံုသုံးပါးရြတ္ပီးမွ စားေနက် ၾကာေတာ့ သရဏဂံုကို တမင္တကာ သတိထားပီးရြတ္ေနစရာေတာင္ မလိုေတာ့ဘူး ။

သူ႔အလိုလိုကို က်င့္သားရပီးသား က်မလား သရဏဂံုကို ယုံယုံၾကည္ၾကည္ရြတ္လာတာ ၁၀ ႏွစ္ေတာင္ေက်ာ္ခဲ့ပီေလ ။

ကိုေက်ာ္နဲ႔ အိမ္ေထာင္က်ပီး တစ္ႏွစ္ေလာက္အၾကာ ေယာကၡမေတြသြားကန္ေတာ့ဖို႔ လင္ေတာ္ေမာင္ရဲ႕ ေမြးရပ္ေျမကို လိုက္လာခဲ့တာ ။

မျပန္ခင္ တစ္ရက္မွာေတာ့ ကိုေက်ာ့္သူငယ္ခ်င္းမတစ္ေယာက္က ထမင္းဖိတ္ေကြ်းတာနဲ႔ လင္မယားႏွစ္ေယာက္ ထမင္းဖိတ္ေကြ်းတဲ့အိမ္ကို ထြက္လာခဲ့ၾကတယ္ ။

အိမ္ေရွ႕ ေရာက္တယ္ဆိုရင္ပဲ ပ်ာပ်ာသလဲထြက္ႀကိုတဲ့ျပင္ ျပင္ထားတဲ့ ထမင္းပြဲႀကီးကလည္း ဟီးတိုက္ေနတာပဲေလ ။

အလာပသလာပေတြ ခဏေျပာရင္းသိလိုက္ရတာက အိမ္ရွင္အမ်ဳိးသမီးကအပ်ဳိႀကီးတဲ့လင္ေတာ္ေမာင္နဲ႔ ေက်ာင္းေနဘက္ ျပီးေတာ့ ငယ္ရည္းစားေတြ ဆိုလားပဲ ။

ဒါနဲ႔ ထမင္းစားမယ္လုပ္ေတာ့ အိမ္သားေတြပါအတူဝင္စားဖို႔ ေခၚေပမယ့္ ရြာထုံးစံအရ ဧည့္သည္ေတြကိုအရင္ေကြ်းပီးမွ စားရတာတဲ့ ဘယ္သူမွ ဝင္မစားပဲနဲ႔ အနားက ယပ္ခပ္ေပးေနၾကတယ္ ။

ကိုေက်ာ့္သူငယ္ခ်င္းမ ကေတာ့ ခပ္လွမ္းလွမ္းမွာ လဘက္ပြဲျပင္ေနတုန္း ကဲလာ စားၾကမယ္ ေတာ္ၾကာဟင္းေတြေအးသြားရင္စားလို႔ မေကာင္းဘူး ။

လင္ေတာ္ေမာင္က အေလာတႀကီးေဆာ္ၾသလိုက္ေတာ့ မနက္က ဘာမွစားမထားမိလို႔ ဗိုက္ဆာဆာနဲ႔ စားမယ္ဆိုပီး ထမင္းလုပ္ကို ေကာက္ကိုင္လိုက္တဲ့အခ်ိန္မွာ ။

လက္ကို တစ္စုံတစ္ေယာက္က ပုတ္ခ်လိုက္သလို လက္ထဲကဇြန္းဟာ ေအာက္ကိုျပုတ္က်သြားပါေရာ ။

ဘယ္သူမွ သတိမထားလို႔ ေတာ္ေသးရဲ႕လို႔ေတြးရင္း ထမင္းဝိုင္းကို စူးစိုက္ၾကည့္ပီး သရဏဂံုသုံးပါး ရြတ္ဆိုလိုက္ပါတယ္ ။

စားမယ္ႀကံလိုက္ စိတ္ထဲက မသိုးမသန္႔ျဖစ္လိုက္နဲ႔မို႔ ထမင္းလုပ္ကို ဟိုဘက္လိွမ့္လိုက္ ဒီဘက္လိွမ့္လိုက္ လုပ္ေနတုန္းမွာပဲ

အမေလး က်မမွားပါတယ္ရွင္ က်မကို ခြင့္လႊတ္ၾကပါ ေဝါ့ ေဝါ့ အမေလး ကယ္ၾကပါဦးဆိုတဲ့ ။

အိမ္ရွင္အမ်ဳိးသမီးရဲ႕ အလန္႔တၾကားေအာ္လိုက္တဲ့အသံနဲ႔ ပါးစက္ထဲကေသြးေတြ တပြက္ပြက္ ထိုးအန္ေနတာကို ျမင္လိုက္ရပါတယ္ ။

မေမ်ွာ္လင့္တဲ့အျဖစ္ေၾကာင့္ လင္မယားႏွစ္ေယာက္လုံး ထမင္းဝိုင္းက အေျပးထ ေသြးေတြထိုးအန္ေနတဲ့ အိမ္ရွင္အမ်ဳိးသမီးနားကို သြားျပီး ။

အမ … အမ … ဘာျဖစ္တာလည္းဟင္ သတိထားေနာ္အမ ကိုေက်ာ္ ေဆးခန္းပို႔မွျဖစ္မယ္ထင္တယ္ က်မ သူ႔ကိုအသာသိုင္းဖက္ထားရင္း အားေပးစကား ေျပာလိုက္တဲ့အခါမွာ

အမ်ဳိးသမီးဟာ ဟီး ကနဲ ခ်ဳံးပြဲခ် ငိုလိုက္ရင္း ညီမေလးရယ္ အမမွားသြားပါတယ္ အမကိုခြင့္လႊတ္ပါေနာ္ သူေတာ္ေကာင္းကိုမွ အမျပစ္မွားမိတာ ပူလိုက္တာ ညီမရယ္ ။

အမရင္ေတြ မီးနဲ႔ ၿမိုက္ေနသလို ပူေလာင္လိုက္တာ ညီမေလးႏႈတ္က အမကို ခြင့္လႊတ္တယ္လို႔ ေျပာေပးပါေနာ္ အမ မနာလိုစိတ္ေတြ မ်ားသြားလို႔ မွားမိပါတယ္ အမကို ကယ္ပါဦး ညီမရယ္ ။

တကယ္ေတာ့ သူက … က်မကိုေသေအာင္လို႔ က်မစားမယ့္ ထမင္းပုဂံထဲမွာ ပညာနဲ႔ အပင္းေတြ ထည့္ထားတာကိုး ။

မ်က္ရည္ေတြက်ပီး ခြင့္လႊတ္ေပးဖို႔ ေတာင္းပန္ေနတဲ့ သူ႔ကိုၾကည့္ပီးက်မစိတ္ထဲမွာ သနားသြားမိပါတယ္ က်မ သူ႔အေပၚေမတၱာ လုံးဝမပ်က္ပါဘူး ။

အမရယ္ က်မ အျပစ္မယူပါဘူး အမကိုခြင့္လႊတ္ပါတယ္ ႏႈတ္ကခြင့္လႊတ္စကားေျပာရင္း ေရတစ္ခြက္ေတာင္းပီး က်မခႏၶသုတ္ကို ရြတ္ဆိုလိုက္ပါတယ္ ။

” သဗၺာ သီဝိသ ဇာတီနံ ဒိဗၺမႏၲာ ဂတံ ဝိယယံ နာေသတိ ဝိသံေဃာရံ ေသသဥၥာပိ ပရိႆယံ ”

တပည့္ေတာ္မကို မေကာင္းႀကံသူအေပၚေမတၱာမ ပ်က္ပါ ဤမွန္ေသာ သစၥာစကားေၾကာင့္ ဤ ကာယကံရွင္ခံစားေနရေသာ ပူေလာင္ျပင္းျပသည့္ ေဝဒနာမွန္သမ်ွ တမုဟုတ္ခ်င္း ကင္းစင္လြင့္ေပ်ာက္ ပါေစသတည္း ။

ေရစင္ေသာက္ပီးတဲ့ ခ်ိန္ကစပီး အိမ္ရွင္အမ်ဳိးသမီးရဲ႕ ရင္ထဲက ပူေလာင္ခံစားေနရတဲ့ ေဝဒနာေတြဟာ ခဏအတြင္း ေအးျငိမ္းသြားပါေတာ့တယ္ ။

သူမဟာ ေနာင္တရတဲ့အမူအယာနဲ႔ ကပ်ာကယာ လူးလဲထလိုက္ရင္း က်မကို အႀကိမ္ႀကိမ္ ဦးခ်ကန္ေတာ့ေနတဲ့ ျမင္ကြင္းကို ဒီတစ္သက္ က်မ ဘယ္လိုမွ ေမ့လို႔ရနိုင္ေတာ့မွာ မဟုတ္ပါဘူးရွင္ ။

သရဏဂံုကိုယ္လုံးျခံဳ ေတာင့္တတိုင္းရ ဣစၧာသယ သရဏဂံုစြဲၿမဲထုံ လုံးစုံေအးခ်မ္း ေဘးမသန္းပါတကား ။

Unicode

သရဏဂုံစွဲမြဲထုံ လုံးစုံအေးချမ်း ဘေးမသန်း

မနက်မိုးလင်းမျက်နှာသစ်ဖို့ ရေအပြည့်ထည့်ထားတဲ့ ရေခွက်ကို ကိုင်မြှောက် … ဘုရားရှင်ကို အာရုံပြုပီး သရဏဂုံသုံးပါးကိုရွတ် ဗုဒ္ဓံသရဏံဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံသရဏံဂစ္ဆာမိပါဘုရား ။

ဒါတင်က လို့လား ဘာစားစား ကိုယ်စားမယ့် အစားအစာ ခံတွင်းထဲမရောက်ခင် သရဏဂုံသုံးပါးရွတ်ပီးမှ စားနေကျ ကြာတော့ သရဏဂုံကို တမင်တကာ သတိထားပီးရွတ်နေစရာတောင် မလိုတော့ဘူး ။

သူ့အလိုလိုကို ကျင့်သားရပီးသား ကျမလား သရဏဂုံကို ယုံယုံကြည်ကြည်ရွတ်လာတာ ၁၀ နှစ်တောင်ကျော်ခဲ့ပီလေ ။

ကိုကျော်နဲ့ အိမ်ထောင်ကျပီး တစ်နှစ်လောက်အကြာ ယောက္ခမတွေသွားကန်တော့ဖို့ လင်တော်မောင်ရဲ့ မွေးရပ်မြေကို လိုက်လာခဲ့တာ ။

မပြန်ခင် တစ်ရက်မှာတော့ ကိုကျော့်သူငယ်ချင်းမတစ်ယောက်က ထမင်းဖိတ်ကျွေးတာနဲ့ လင်မယားနှစ်ယောက် ထမင်းဖိတ်ကျွေးတဲ့အိမ်ကို ထွက်လာခဲ့ကြတယ် ။

အိမ်ရှေ့ ရောက်တယ်ဆိုရင်ပဲ ပျာပျာသလဲထွက်ကြိုတဲ့ပြင် ပြင်ထားတဲ့ ထမင်းပွဲကြီးကလည်း ဟီးတိုက်နေတာပဲလေ ။

အလာပသလာပတွေ ခဏပြောရင်းသိလိုက်ရတာက အိမ်ရှင်အမျိုးသမီးကအပျိုကြီးတဲ့လင်တော်မောင်နဲ့ ကျောင်းနေဘက် ပြီးတော့ ငယ်ရည်းစားတွေ ဆိုလားပဲ ။

ဒါနဲ့ ထမင်းစားမယ်လုပ်တော့ အိမ်သားတွေပါအတူဝင်စားဖို့ ခေါ်ပေမယ့် ရွာထုံးစံအရ ဧည့်သည်တွေကိုအရင်ကျွေးပီးမှ စားရတာတဲ့ ဘယ်သူမှ ဝင်မစားပဲနဲ့ အနားက ယပ်ခပ်ပေးနေကြတယ် ။

ကိုကျော့်သူငယ်ချင်းမ ကတော့ ခပ်လှမ်းလှမ်းမှာ လဘက်ပွဲပြင်နေတုန်း ကဲလာ စားကြမယ် တော်ကြာဟင်းတွေအေးသွားရင်စားလို့ မကောင်းဘူး ။

လင်တော်မောင်က အလောတကြီးဆော်သြလိုက်တော့ မနက်က ဘာမှစားမထားမိလို့ ဗိုက်ဆာဆာနဲ့ စားမယ်ဆိုပီး ထမင်းလုပ်ကို ကောက်ကိုင်လိုက်တဲ့အချိန်မှာ ။

လက်ကို တစ်စုံတစ်ယောက်က ပုတ်ချလိုက်သလို လက်ထဲကဇွန်းဟာ အောက်ကိုပြုတ်ကျသွားပါရော ။

ဘယ်သူမှ သတိမထားလို့ တော်သေးရဲ့လို့တွေးရင်း ထမင်းဝိုင်းကို စူးစိုက်ကြည့်ပီး သရဏဂုံသုံးပါး ရွတ်ဆိုလိုက်ပါတယ် ။

စားမယ်ကြံလိုက် စိတ်ထဲက မသိုးမသန့်ဖြစ်လိုက်နဲ့မို့ ထမင်းလုပ်ကို ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက် လုပ်နေတုန်းမှာပဲ

အမလေး ကျမမှားပါတယ်ရှင် ကျမကို ခွင့်လွှတ်ကြပါ ဝေါ့ ဝေါ့ အမလေး ကယ်ကြပါဦးဆိုတဲ့ ။

အိမ်ရှင်အမျိုးသမီးရဲ့ အလန့်တကြားအော်လိုက်တဲ့အသံနဲ့ ပါးစက်ထဲကသွေးတွေ တပွက်ပွက် ထိုးအန်နေတာကို မြင်လိုက်ရပါတယ် ။

မမျှော်လင့်တဲ့အဖြစ်ကြောင့် လင်မယားနှစ်ယောက်လုံး ထမင်းဝိုင်းက အပြေးထ သွေးတွေထိုးအန်နေတဲ့ အိမ်ရှင်အမျိုးသမီးနားကို သွားပြီး ။

အမ … အမ … ဘာဖြစ်တာလည်းဟင် သတိထားနော်အမ ကိုကျော် ဆေးခန်းပို့မှဖြစ်မယ်ထင်တယ် ကျမ သူ့ကိုအသာသိုင်းဖက်ထားရင်း အားပေးစကား ပြောလိုက်တဲ့အခါမှာ

အမျိုးသမီးဟာ ဟီး ကနဲ ချုံးပွဲချ ငိုလိုက်ရင်း ညီမလေးရယ် အမမှားသွားပါတယ် အမကိုခွင့်လွှတ်ပါနော် သူတော်ကောင်းကိုမှ အမပြစ်မှားမိတာ ပူလိုက်တာ ညီမရယ် ။

အမရင်တွေ မီးနဲ့ မြိုက်နေသလို ပူလောင်လိုက်တာ ညီမလေးနှုတ်က အမကို ခွင့်လွှတ်တယ်လို့ ပြောပေးပါနော် အမ မနာလိုစိတ်တွေ များသွားလို့ မှားမိပါတယ် အမကို ကယ်ပါဦး ညီမရယ် ။

တကယ်တော့ သူက … ကျမကိုသေအောင်လို့ ကျမစားမယ့် ထမင်းပုဂံထဲမှာ ပညာနဲ့ အပင်းတွေ ထည့်ထားတာကိုး ။

မျက်ရည်တွေကျပီး ခွင့်လွှတ်ပေးဖို့ တောင်းပန်နေတဲ့ သူ့ကိုကြည့်ပီးကျမစိတ်ထဲမှာ သနားသွားမိပါတယ် ကျမ သူ့အပေါ်မေတ္တာ လုံးဝမပျက်ပါဘူး ။

အမရယ် ကျမ အပြစ်မယူပါဘူး အမကိုခွင့်လွှတ်ပါတယ် နှုတ်ကခွင့်လွှတ်စကားပြောရင်း ရေတစ်ခွက်တောင်းပီး ကျမခန္ဓသုတ်ကို ရွတ်ဆိုလိုက်ပါတယ် ။

” သဗ္ဗာ သီဝိသ ဇာတီနံ ဒိဗ္ဗမန္တာ ဂတံ ဝိယယံ နာသေတိ ဝိသံဃောရံ သေသဉ္စာပိ ပရိဿယံ ”

တပည့်တော်မကို မကောင်းကြံသူအပေါ်မေတ္တာမ ပျက်ပါ ဤမှန်သော သစ္စာစကားကြောင့် ဤ ကာယကံရှင်ခံစားနေရသော ပူလောင်ပြင်းပြသည့် ဝေဒနာမှန်သမျှ တမုဟုတ်ချင်း ကင်းစင်လွင့်ပျောက် ပါစေသတည်း ။

ရေစင်သောက်ပီးတဲ့ ချိန်ကစပီး အိမ်ရှင်အမျိုးသမီးရဲ့ ရင်ထဲက ပူလောင်ခံစားနေရတဲ့ ဝေဒနာတွေဟာ ခဏအတွင်း အေးငြိမ်းသွားပါတော့တယ် ။

သူမဟာ နောင်တရတဲ့အမူအယာနဲ့ ကပျာကယာ လူးလဲထလိုက်ရင်း ကျမကို အကြိမ်ကြိမ် ဦးချကန်တော့နေတဲ့ မြင်ကွင်းကို ဒီတစ်သက် ကျမ ဘယ်လိုမှ မေ့လို့ရနိုင်တော့မှာ မဟုတ်ပါဘူးရှင် ။

သရဏဂုံကိုယ်လုံးခြုံ တောင့်တတိုင်းရ ဣစ္ဆာသယ သရဏဂုံစွဲမြဲထုံ လုံးစုံအေးချမ်း ဘေးမသန်းပါတကား ။

Hits: 890