သူ႔ရဲ႕ အေမနဲ႔ ပရိတ္သတ္အေပၚ ထားရွိတ့ဲ ခံစားခ်က္ေတြကို ေျပာျပလိုက္တဲ့ ေနတိုး

Zawgyi

We love ေတြနဲ႕ အတူ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ အကယ္ဒမီ၊သရုပ္ေဆာင္ ေနတိုးဟာ သူ႔ရဲ႕ေမြးေန႔မွာ သူ႔ရဲ႕ အလွဴအတန္းေတြျပဳလုပ္ခဲ့တ့ဲေနတိုး ။

ေနတိုးဟာ ေမြးေန႔မွာ အေမနဲ႕ ပတ္သက္တဲ့ အေၾကာင္းအရာေတြနဲ႕ အေမဆီက ရရိိွထားတဲ့ တန္ဖိုးရွိတဲ့ အရာေတြအေၾကာင္းကိုလဲ ေျပာျပခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ပရိသတ္ေတြက ေပးတဲ့ ေမြးေန႔ ကိတ္က သူ႔ရဲ႕ ငယ္ဘ၀ကို ျပန္မွတ္မိေစခဲ့တာျဖစ္ၿပီး ပရိသတ္ၾကီး ကို ေက်းဇူးအထူးတင္ရွိေၾကာင္း ေတြကို ေျပာျပခဲ့ပါတယ္။

“ ဒီေန႔ကေတာ့ ရုပ္ရွင္အစည္းအရံုးမွာ ကိုလူေခ်ာအဖြဲ႕ ကိုလွဴဒါန္းတာေပါ့ လွဴဒါန္းတယ္ဆိုတာ We Love အဖြဲ႕ ပရိသတ္ေတြနဲ႕ အတူ ေမြးေန႔အလွဴေလးလုပ္ျဖစ္တာေပါ့ေနာ္။

အေမနဲ႕ ကၽြန္ေတာ့္ၾကားထဲမွာေတာ့ ေန႔စဥ္ေန႔တိုင္း ကအမွတ္တရၾကီးပါဘဲ ဘာလို႔လဲ ဆိုေတာ့ အေမနဲ႕ ကၽြန္ေတာ္နဲ႕က အျမဲတမ္း အနီးကပ္လဲ ရွိတယ္ အႏုပညာသက္တမ္းတစ္ေလွ်ာက္လံုးမွာလဲ အေမနဲ႕ အျမဲရွိေနတာမို႔ ပါ ။

တကယ္ေတာ့ အေမဆီကေန သက္သက္ၾကီး ေမြးေန႔လက္ေဆာင္ဆိုၿပီး ယူစရာမလို ေပးစရာမလို တဲ့ တန္ဖိုးတစ္ခုက ကၽြန္ေတာ့္ဆီမွာရွိေနတဲ့အတြက္ အေမ့ကိုလဲ ဒီကေန ကန္ေတာ့ပါတယ္ ေက်းဇူးလဲ အမ်ားၾကီးတင္ပါတယ္”

“ တကယ့္ကို အနေႏၱာ အနႏၱ ငါးပါးဂိုဏ္း၀င္တစ္ေယာက္အေနနဲ႕လဲ စိတ္ထဲမွာ ထားၿပီး ေလးေလးစားစား ဦးညႊတ္ေနပါမယ္လို႔ ေျပာခ်င္ပါတယ္။

အေမ့ရဲ႕ ပံုစံကၾကေတာ့ေလ စကားနဲ႕ ေျပာၿပီး အားေပးတာမ်ိဳး မဟုတ္ဘူးေလ အျမဲတမ္းအျပဳအမူေလးေတြနဲ႕ဘဲ လုပ္တက္တာဆိုေတာ့ ကၽြန္ေတာ့အတြက္ေတာ့ အေမ့ရဲ႕ အားေပးမႈဆိုတာ ။

အေမ့ရဲ႕မ်က္ႏွာေပၚမွာဘဲ ျမင္ရတယ္ေပါ့ေနာ္ စကားလံုးေတြနဲ႕ အရေတာ့ ေျပာဖို႔က ခဲယဥ္းပါတယ္ စဥ္းစားၾကည့္ရမယ္ ဆိုရင္ ဒီအႏုပညာကို ကၽြန္ေတာ္က မ်ိဳးရိုးမရွိဘဲ လုပ္လာတာျဖစ္လို႔ မိဘရဲ႕တြန္းအား ေတြပါတယ္ ။

ပရိသတ္ရဲ႕ လက္ခံအားေပးမႈေတြ ပါတယ္ ဆိုေတာ့ ဒီႏွစ္ခုနဲ႕ဘဲ ကၽြန္ေတာ္ဘ၀ကို ရပ္တည္ေနရတာဘဲ ဆိုေတာ့ အဲ့ဒီအတြက္ လဲ မိဘအသိုင္းအ၀ိုင္းေဆြမ်ိဳးေတြ ပရိသတ္ ေတြအတြက္ ဦးစားေပးၿပီး ၾကိဳးစားသြားမွာပါလို႔ ေျပာခ်င္ပါတယ္”

“ ငယ္ငယ္တုန္းက အႏုပညာရွင္ ျဖစ္ရမယ္လို႔ေတာ့ မေတြးဘူး အႏုပညာနဲ႕ဘဲ ရွင္သန္ခ်င္တယ္ ဆိုတဲ့ စိတ္ေတာ့ရွိခဲ့တယ္ ေပါ့ေနာ္။

ဘာမဆို အႏုပညာ၀ါသနာပါၿပီး အႏုပညာနဲ႕ ရွင္သန္ဖို႔အတြက္ ေမြးရာပါ ဗီဇေလးတစ္ခုပါလာတယ္လို႔ေတာ့ ျမင္ပါတယ္ ဒါေၾကာင့္မို႔လို႔ အႏုပညာမ်ိဳးစံု ကိုလဲ လုပ္ျဖစ္တယ္ ။

ရူးေအာင္ခ်စ္မယ့္သူဇာတ္ကားထဲမွာလဲ ေတာ္ေတာ္မ်ားမ်ားလိုအပ္ခ်က္ပိုင္းဆိုင္ရာ၊ သရုပ္ေဆာင္ မဟုတ္တဲ့ တျခား အႏုပညာပိုင္း ဆိုင္ရာေလးေတြမွာလဲ လုပ္ေပးျဖစ္ပါတယ္။

ပန္ခ်ီေရးတာတို႕ သီခ်င္းဆိုတာ တို႔ေပါ့ေနာ္ အႏုပညာနဲ႕ ရွင္သန္ဖို႔ ပါရမီ ပါလာတဲ့ လူတစ္ေယာက္လို႔ေတာ့ သံုးသပ္မိပါတယ္” ဆိုကာ သူ႔ရဲ႕ အႏုပညာသက္တမ္းတစ္ေလွ်ာက္ ျဖတ္သန္းလာမႈေတြကို ေျပာျပခဲ့ပါတယ္။

အဲ့ဒီေနာက္ ပရိသတ္ေတြက လုပ္ေပးတဲ့ ေမြးေန႔ ကိတ္ေလးနဲ႕ ပတ္သက္ၿပီး “ ေမြးေန႔ ကိတ္ေလးကိုစစျခင္းျမင္ေတာ့ ခ်က္ခ်င္းငယ္ဘ၀ကို သတိရမိသြားတယ္ ။

ငယ္ငယ္ကၿပိဳင္ပြဲ၀င္ခဲ့တဲ့ ရႊံ႕ ပန္းပုရုပ္ေလးႏွစ္ခုကို ကိတ္ေလးလုပ္ထားတယ္ ေမြးဖြားၾကီးျပင္းခဲ့တဲ့ အိမ္ေလးပံုစံေလးေပါ့ေနာ္ idea ေလးလဲ အရမ္းေကာင္းပါတယ္။

ဒီလိုအေတြးအေခၚေလးနဲ႕ ေမြးေန႔ ကိတ္ေလးလုပ္ေပးလို႔ ေက်းဇူးအမ်ားၾကီး တင္ပါတယ္ ပရိသတ္ေတြက အေသးစိတ္ေလးကအစ ကၽြန္ေတာ္ကိုမွတ္ထား ေပးတယ္။

ေဖ့စ္ဘုတ္မွာလဲ တစ္ခ်ို႔ဇာတ္ကားေတြ ဇာတ္၀င္ခန္းေတြ ဆိုရင္ ကၽြန္ေတာ္ထက္ပရိသတ္က ပိုၿပီးအမွတ္ရေနတာေတြရွိတယ္”

“ ကိုယ္ၾကိဳးစားအားထုတ္ခဲ့တဲ့ တန္ဖိုးကို ပရိသတ္ကတန္ဖိုးထားတဲ့ အတြက္ အရမ္းပီတိျဖစ္မိပါတယ္ ။

အနယ္နယ္ အရပ္ရပ္ က ဆုေတာင္းေပးၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးအထူးတင္ရွိပါတယ္ ကၽြန္ေတာ္ အႏုပညာအလုပ္ေတြကို အခုထက္ပိုၿပီး လုပ္ေဆာင္သြားမယ္လို႔ ကတိေပးပါတယ္” ဆိုၿပီးလဲ ေနတိုးက ေျပာခဲ့ပါတယ္။

Unicode

သူ့ရဲ့ အမေနဲ့ ပရိတ်သတ်အပေါ် ထားရှိတဲ့ ခံစားချက်တွေကို ပြောပြလိုက်တဲ့ နေတိုး

We love တွေနဲ့ အတူ ပရိသတ်တွေရဲ့ အချစ်တော် အကယ်ဒမီ၊သရုပ်ဆောင် နေတိုးဟာ သူ့ရဲ့မွေးနေ့မှာ သူ့ရဲ့ အလှူအတန်းတွေပြုလုပ်ခဲ့တဲ့နေတိုး ။

နေတိုးဟာ မွေးနေ့မှာ အမေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ အမေဆီက ရရိှိထားတဲ့ တန်ဖိုးရှိတဲ့ အရာတွေအကြောင်းကိုလဲ ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ပရိသတ်တွေက ပေးတဲ့ မွေးနေ့ ကိတ်က သူ့ရဲ့ ငယ်ဘဝကို ပြန်မှတ်မိစေခဲ့တာဖြစ်ပြီး ပရိသတ်ကြီး ကို ကျေးဇူးအထူးတင်ရှိကြောင်း တွေကို ပြောပြခဲ့ပါတယ်။

“ ဒီနေ့ကတော့ ရုပ်ရှင်အစည်းအရုံးမှာ ကိုလူချောအဖွဲ့ ကိုလှူဒါန်းတာပေါ့ လှူဒါန်းတယ်ဆိုတာ We Love အဖွဲ့ ပရိသတ်တွေနဲ့ အတူ မွေးနေ့အလှူလေးလုပ်ဖြစ်တာပေါ့နော်။

အမေနဲ့ ကျွန်တော့်ကြားထဲမှာတော့ နေ့စဉ်နေ့တိုင်း ကအမှတ်တရကြီးပါဘဲ ဘာလို့လဲ ဆိုတော့ အမေနဲ့ ကျွန်တော်နဲ့က အမြဲတမ်း အနီးကပ်လဲ ရှိတယ် အနုပညာသက်တမ်းတစ်လျှောက်လုံးမှာလဲ အမေနဲ့ အမြဲရှိနေတာမို့ ပါ ။

တကယ်တော့ အမေဆီကနေ သက်သက်ကြီး မွေးနေ့လက်ဆောင်ဆိုပြီး ယူစရာမလို ပေးစရာမလို တဲ့ တန်ဖိုးတစ်ခုက ကျွန်တော့်ဆီမှာရှိနေတဲ့အတွက် အမေ့ကိုလဲ ဒီကနေ ကန်တော့ပါတယ် ကျေးဇူးလဲ အများကြီးတင်ပါတယ်”

“ တကယ့်ကို အနန္တော အနန္တ ငါးပါးဂိုဏ်းဝင်တစ်ယောက်အနေနဲ့လဲ စိတ်ထဲမှာ ထားပြီး လေးလေးစားစား ဦးညွှတ်နေပါမယ်လို့ ပြောချင်ပါတယ်။

အမေ့ရဲ့ ပုံစံကကြတော့လေ စကားနဲ့ ပြောပြီး အားပေးတာမျိုး မဟုတ်ဘူးလေ အမြဲတမ်းအပြုအမူလေးတွေနဲ့ဘဲ လုပ်တက်တာဆိုတော့ ကျွန်တော့အတွက်တော့ အမေ့ရဲ့ အားပေးမှုဆိုတာ ။

အမေ့ရဲ့မျက်နှာပေါ်မှာဘဲ မြင်ရတယ်ပေါ့နော် စကားလုံးတွေနဲ့ အရတော့ ပြောဖို့က ခဲယဉ်းပါတယ် စဉ်းစားကြည့်ရမယ် ဆိုရင် ဒီအနုပညာကို ကျွန်တော်က မျိုးရိုးမရှိဘဲ လုပ်လာတာဖြစ်လို့ မိဘရဲ့တွန်းအား တွေပါတယ် ။

ပရိသတ်ရဲ့ လက်ခံအားပေးမှုတွေ ပါတယ် ဆိုတော့ ဒီနှစ်ခုနဲ့ဘဲ ကျွန်တော်ဘဝကို ရပ်တည်နေရတာဘဲ ဆိုတော့ အဲ့ဒီအတွက် လဲ မိဘအသိုင်းအဝိုင်းဆွေမျိုးတွေ ပရိသတ် တွေအတွက် ဦးစားပေးပြီး ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်”

“ ငယ်ငယ်တုန်းက အနုပညာရှင် ဖြစ်ရမယ်လို့တော့ မတွေးဘူး အနုပညာနဲ့ဘဲ ရှင်သန်ချင်တယ် ဆိုတဲ့ စိတ်တော့ရှိခဲ့တယ် ပေါ့နော်။

ဘာမဆို အနုပညာဝါသနာပါပြီး အနုပညာနဲ့ ရှင်သန်ဖို့အတွက် မွေးရာပါ ဗီဇလေးတစ်ခုပါလာတယ်လို့တော့ မြင်ပါတယ် ဒါကြောင့်မို့လို့ အနုပညာမျိုးစုံ ကိုလဲ လုပ်ဖြစ်တယ် ။

ရူးအောင်ချစ်မယ့်သူဇာတ်ကားထဲမှာလဲ တော်တော်များများလိုအပ်ချက်ပိုင်းဆိုင်ရာ၊ သရုပ်ဆောင် မဟုတ်တဲ့ တခြား အနုပညာပိုင်း ဆိုင်ရာလေးတွေမှာလဲ လုပ်ပေးဖြစ်ပါတယ်။

ပန်ချီရေးတာတို့ သီချင်းဆိုတာ တို့ပေါ့နော် အနုပညာနဲ့ ရှင်သန်ဖို့ ပါရမီ ပါလာတဲ့ လူတစ်ယောက်လို့တော့ သုံးသပ်မိပါတယ်” ဆိုကာ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ဖြတ်သန်းလာမှုတွေကို ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက် ပရိသတ်တွေက လုပ်ပေးတဲ့ မွေးနေ့ ကိတ်လေးနဲ့ ပတ်သက်ပြီး “ မွေးနေ့ ကိတ်လေးကိုစစခြင်းမြင်တော့ ချက်ချင်းငယ်ဘဝကို သတိရမိသွားတယ် ။

ငယ်ငယ်ကပြိုင်ပွဲဝင်ခဲ့တဲ့ ရွှံ့ ပန်းပုရုပ်လေးနှစ်ခုကို ကိတ်လေးလုပ်ထားတယ် မွေးဖွားကြီးပြင်းခဲ့တဲ့ အိမ်လေးပုံစံလေးပေါ့နော် idea လေးလဲ အရမ်းကောင်းပါတယ်။

ဒီလိုအတွေးအခေါ်လေးနဲ့ မွေးနေ့ ကိတ်လေးလုပ်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ် ပရိသတ်တွေက အသေးစိတ်လေးကအစ ကျွန်တော်ကိုမှတ်ထား ပေးတယ်။

ဖေ့စ်ဘုတ်မှာလဲ တစ်ချို့ဇာတ်ကားတွေ ဇာတ်ဝင်ခန်းတွေ ဆိုရင် ကျွန်တော်ထက်ပရိသတ်က ပိုပြီးအမှတ်ရနေတာတွေရှိတယ်”

“ ကိုယ်ကြိုးစားအားထုတ်ခဲ့တဲ့ တန်ဖိုးကို ပရိသတ်ကတန်ဖိုးထားတဲ့ အတွက် အရမ်းပီတိဖြစ်မိပါတယ် ။

အနယ်နယ် အရပ်ရပ် က ဆုတောင်းပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော် အနုပညာအလုပ်တွေကို အခုထက်ပိုပြီး လုပ်ဆောင်သွားမယ်လို့ ကတိပေးပါတယ်” ဆိုပြီးလဲ နေတိုးက ပြောခဲ့ပါတယ်။

Hits: 165