
admin | August 13, 2019 | 0 | Knowledge , သုတစာပေ , ဗေဒင် လက္ခဏာ

Zawgyi










Unicode

ကန်စွန်းကိုးခက် စီးပွားတက်

ကံကောင်း စီးပွားတိုးတက် လာဘ်ပွင့် လာဘ်ရွှင် ငွေတွေဝင် လုပ်ငန်းစည်ပင် ဈေးရောင်းကောင်းစေရန်…

အရင်ဆုံးလုပ်ဆောင်ရမှာက မိမိအိမ်အတွက် လာဘ်လာဘ ပွင့်လန်းစေဖို့အတွက် ဆိုရင်လဲ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အမြဲဦးထိပ်ထား ပူဇော်မှုပြုပါ။

ဘုရားခန်းကို အမြဲသပ္ပါယ်နေအောင် သန့်ရှင်းသပ်ရပ်စွာနဲ့ ပူဇော်ထားပါ သောက်တော်ရေချမ်း မကြာခဏ လဲလှယ်ဆက်ကပ်ပူဇော်ပါ အိမ်တွင်း အိမ်ပြင် မီးဖိုချောင် တို့ကို နေ့စဉ်သန့်ရှင်းပါ။

ဘုရားခန်း အိမ်တွင်းအိမ်ပြင် သန့်ရှင်းသပ်ရပ်နေတာက စိတ်ချမ်းသာခြင်း မင်္ဂလာတစ်ပါးပါဘဲ ဒါတွေပြီးမှ ယတြာလုပ်ဆောင်ပါ။

မိမိဆိုင်အတွက်ဆိုရင်လဲ အရင်ဆုံးသတိရ ရမှာက ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဦးထိပ်ထားပါ နောက် ဆိုင်နေရာ အခင်းအကျင်းကို ကိုယ့်တတ်နိုင်သလောက်နဲ့ သန့်ရှင်းသပ်ရပ်စွာ အမြဲသတိထားပြီး customer များကို စွဲဆောင်ပါ။

Customer များမိမိဆိုင်ကို အမြဲယုံကြည်စွာ ဝယ်ယူအားပေးချင်အောင် ဈေးနှုန်းမှန်ကန်စွာ ရောင်းချပါ * ရောင်းသူ ဝယ်သူ အသံတူဆိုတဲ့အတိုင်း * မိမိ customer များကို ချိုသာယဉ်ကျေးစွာ ဆက်ဆံပါ။

customer ရဲ့ ဆန္ဒကိုသာ အလေးထားပြီး သူသာ အမြဲမှန်ပါစေ ဒီလိုမှ ရောင်းမကောင်း ဆိုင်လူမဝင်ဘူးဆိုရင် ဒီယတြာကို စတင်လုပ်ဆောင်ပါ လုပ်ရမဲ့ ယတြာက…။

မြေအိုးအပြင်ဘက်ကို ထုံးဖြူသုတ် ကန်ဇွန်းခက် ( ၉ ) ညွန့်ထိုးပေးပြီး တနင်္လာနေ့နံနက် ( ၉ း ၄၅ ) တိတိတွင် အမြင့်တစ်နေရာတွင် ပန်းအလှဆင်သလို တင်ထားပါ ။

တစ်ပါတ်တစ်ခါ တနင်္လာနေ့တိုင်း ကန်ဇွန်းခခက်ကို သတ်မှတ်ချိန်တွင် အသစ်လဲပေးပါ သိသိသာသာ အကျိုးထူးစေပါသည် လူမျိုးဘာသာမရွေး ဤယတြာကို လုပ်လို့ရပါသည်။

Related Posts

ငွေကံညံ့နေပါသလား

admin | November 20, 2019 | 0

Zawgyi သူများထံမှ ယူထားတဲ့ ငွေ ပြန်ဆပ်ချင်သူတွေ အတွက်ပါ တချို့ မပြေလည်လို့. သူများဆီက ကြွေးယူ မပြေလည်တော့ပြန်မဆပ်နိုင် ရှာကြဘူး။ ဒီလို ပြန်ဆပ်ချင်တဲ့စိတ်ဓာက် ရှိတာကိုက. အင်မတန် လေးစားစရာ ကောင်းတယ် သူများဆီက. ငွေယူပြီ ပြန်ဆပိချင်တဲ့ စိတ်ဓာက် ရှိသူတွေလည် ရှိတယ် ။ သူတို့ခမျာ မပြေလည်လွန်းလို့သာ ငြိမ်နေရှာ ကြတာ ငွေ…

စာသင်ကျောင်းတွေမှာ ပဋ္ဌာန်တရားတော်ကို သင်ရိုးညွှန်းတမ်းအဖြစ် ပြဌာန်းလိုက်တဲ့ အင်္ဂလန်

admin | November 9, 2019 | 0

Zawgyi အချိန်တော်တော်များများမှာ ကလေးတွေဟာ ကန်ကျောက်တာနဲ့ ဆဲရေးတိုင်းထွာတာတွေကို ပြုမှုချိန်မှာ သူတို့ကိုယ်တိုင် သူတို့တွေ ဘာတွေ ခံစားနေသလဲဆိုတာ နားမလည်နိုင်ကြလို့ပါပဲ။ သူတို့ရဲ့ စိတ်ခံစားချက်ကို သက်သာစေမယ့် နည်းလမ်းကို ရှာမတွေ့လို့ပါပဲ ဒီပြဿနာကို ဖြေရှင်းဖို့ အင်္ဂလန်က စာသင်ကျောင်းတွေဟာ နည်းလမ်းသစ်နဲ့ ကိုင်တွယ်ပြီး စတင်လုပ်ဆောင်လာပါတယ်။ ဒါကတော့ လူငယ်လူရွယ် ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်ဖို့ စာသင်ခန်းတွေမှာ သတိပဋ္ဌာန်ကျင့်စဉ်ကို…

Recent Posts

Archives

Meta