ရေဘေးသင့်ပြည်သူတွေအတွက် အနုပညာရှင်များစုပေါင်းပြီး ပဌာန်းရွတ်ဖတ်ပူဇော်

Zawgyi










Unicode

ရေဘေးသင့်ပြည်သူတွေအတွက် အနုပညာရှင်များစုပေါင်းပြီး ရွှေတိဂုံဘုရားမှာ ပဌာန်းရွတ်ဖတ်ပူဇော် ဆုတောင်း

ပရိသတ်ကြီးရေ လတ်တလောမှာ ရေသေးသင့်ပြည်သူတွေအတွက် ပြည်သူပရိသတ်တွေများစွာနဲ့ အနုပညာရှင်တော်တော်များများကလာ်း တက်နိုင်တဲ့ အင်အားလေးတွေနဲ့ ကူညီလှူဒါန်းမှု ပြုလုပ်နေကြတာ တွေ့ရပါတယ်နော်..။

အိုးကြီးမှုကြောင့် ရေကြီးမှုကို အဆိုးရွားဆုံးခံစားနေရတဲ့ မွန်ပြည်နယ်အတွက် တာဝန်ရှိသူတွေအပြင် ပြည်သူပရိသတ်တွေနဲ့ အနုပညာရှင်များကလည်း ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံပြီး သွားရောက်ကူညီမှုများနဲ အလှူငွေးများကို လှူဒါန်းပြုလုပ်နေကြတာပါ..။

အခုတစ်ခါမှာလည်း ပရိသတ်တွေရဲ့ အချစ်တော်တွေုဖစ်ကြတဲ့ အနုပညာရှင်တွေကလည်း ရေဘေးသင့်ပြည်သူတွေအတွက် စုပေါင်းပြီး ရွှေတိဂုံဘုရားမှာ ပဌာန်းရွတ်ဖတ်ပူဇော်ကာ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြပါတယ်..။

ရေဘေးသင့်ပြည်သူတွေ အန္တရာယ်ကင်းဝေးအောင် ပဌာန်းဝတ်ပြုဆုတောင်းခဲ့ကြတာဖြစ်ပြီး အလှူငွေအဖြစ် ကျပ်သိန်း (၁၀၀)ကိုလည်း လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်နော်..။

သြဂုတ်လ(၁၂)ရက်နေ့ ညက ရွှေတိဂုံဘုရားမှာ ဗုဒ္ဓဟူးညနေ သန့်ရှင်းရေးအသင်းနဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ရဲအောင်၊ ကေညီ၊ လွှမ်းပိုင်၊ အေးမြတ်သူ၊ စံရတီမိုးမြင့်၊ ရတနာဗိုလ်၊ နန်းခင်ဇေယျာ၊ Bobby Soxer ။

စတဲ့ အနုပညာရှင်တွေ စုပေါင်းပြီး မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် အန္တရာယ်ကင်း ပဌာန်းရွတ်ဖတ်ပူဇော်ခဲ့ကြတာ ဖြစ်ပါတယ်..။

ပဌာန်းရွတ် ကုသိုလ်ယူခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုလည်း “ဒီနေ့ ရွှေတိဂုံဘုရားမှာ မွန်ပြည်နယ်ရေဘေးသင့်ပြည်သူတွေ အန ္တရာယ်ကင်းဝေးအောင် အနုပညာရှင်တွေနဲ့ဗုဒ္ဓဟူးဝတ်အသင်းတို့ပူးပေါင်းပြီး ပဌာန်းရွတ်ဝတ်ပြုဆုတောင်းပါတယ်ခမျာ..

Media 7 နှင့် VeVe မိသားစုတို့မှ ဆန် ဆီ ဆား ရေသန့် များကို ကိုယ်တိုင်သွားလှူမည့် ကိုထွန်းနေစိုးအဖွဲ့ ကို အလှူငွေကျပ်သိန်း (၁၀၀) လှူဒါန်းပါတယ်ခမျာ..

သာဓု သာဓု သာဓု ပါ..” ဆိုပြီး ကေညီနဲ့ အခြားအနုပညာရှင်တွေကလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်နော်..။

Hits: 437