ရာသီဥတုဘာေၾကာင့္ပ်က္စီးရသလဲ

admin | August 12, 2019 | 0 | Knowledge , ဘာသာေရး , သုတစာေပ

Zawgyi

ကံကို ရိုးမယ္စြတ္လုိ႔ မရဘူး ကံထက္ အေရးၾကီးတာ လူေတြရဲ႕ စိတ္ေနသေဘာထား ပိုအေရးၾကီးတယ္။

လူေတြရဲ႕ စိတ္ဓာတ္ေတြဟာ ေအာက္တန္းက်လာျပီ အျပစ္မကင္းတဲ့ စိတ္ဓါတ္ေတြ ဒီကေန႔ေခတ္ပဲၾကည့္ လူေတြရဲ႕စိတ္ဓါတ္ဟာ ဆိုးသြမ္းေသာင္းက်န္းလာတဲ့ အေနအထားမ်ိဳး ရိွလာတယ္။

ထစ္ခနဲရိွရင္ ရုိက္ၾကမယ္ႏွက္ၾကမယ္ သတ္ၾကမယ္ ျဖတ္ၾကမယ္ လူေတြရဲ႕ စိတ္ဓါတ္ေတြက ပိုျပီးေတာ့ ရိုင္းျပလာတယ္ အဲ့ဒီလို ရုိင္းျပလာတဲ့ စိတ္ဓါတ္ေတြေၾကာင့္ သက္တမ္းက တိုသထက္ တိုလာမွာပဲ ။

ဒါ သဘာ၀ပဲေနာ္ ရာသီဥတုေတြက ဆိုးသထက္ ဆိုးလာမွာ ဘုန္းၾကီးတုိ႔ ငယ္ငယ္တုန္းက ဒီေလာက္ ပူတာ မၾကံဳဖူးဘူး အခုတခါ ပူလာျပီ ဒါ ရာသီဥတု ပ်က္ျပားတာ။

ဒီရာသီဥတု ဘာေၾကာင့္ ပ်က္တာတုန္းဆုိရင္ လူေတြရဲ႕ လုပ္ရပ္ေတြေၾကာင့္ပဲ ပ်က္တာ ကမာၻေျမျပင္ေပၚမွာ ေနတဲ့လူေတြဟာ အက်င့္ပ်က္လာျပီဆုိရင္ ေရေျမေတြဟာလဲ ေဖာက္ျပန္ပ်က္စီးကုန္တယ္။

ေဖာက္ျပန္ပ်က္စီးတဲ့ ေရေျမေတြကို အမွီျပဳျပီး အသက္ရွင္သန္ရတဲ့ လူေတြရဲ႕ အသက္ေတြလည္း ထိခုိက္လာတယ္ ဒီလို ဆက္စပ္ျပီးေတာ့ ေနတယ္ေပါ့ေနာ္ ကိုယ္လုပ္တာ ကိုယ္ရျပီးေတာ့ ကိုယ္ခံရတဲ့သေဘာပဲ။

မလုပ္တဲ့လူေတြ ရိွေသာ္လည္း လုပ္တဲ့လူေတြ မ်ားလာတဲ့အခါ ေကာင္းတဲ့လူေတြ ရိွေသာ္လည္း မေကာင္းတဲ့လူေတြက မ်ားလာလုိ႔ရိွရင္ မေကာင္းတာက ပိုျဖစ္လာမွာပဲ ဒါ ထင္ရွားတယ္။

ဘယ္ေခတ္ပဲျဖစ္ျဖစ္ လူမ်ားရာကေန အားလံုးဟာ ခံၾကရတာျဖစ္တယ္ေပါ့ ေလာဘေတြၾကီးလာတယ္ ေဒါသေတြၾကီးလာတယ္ အမွန္မသိတဲ့ ေမာဟေတြ လုပ္သင့္တာနဲ႔ မလုပ္သင့္တာ၊ မလုပ္သင့္တာကို လုပ္သင့္တယ္ထင္တယ္။

လုပ္သင့္တာကိုက်ေတာ့ မလုပ္သင့္ဘူးထင္ျပီး မွားယြင္းျခြတ္ေခ်ာ္မႈေတြ မ်ားလာတဲ့ ကေန႔ေခတ္ကာလၾကီးဟာ ဆုတ္ေခတ္လို႔ ေျပာရတဲ့ကာလမ်ိဳးပဲ ျဖစ္တယ္ေပါ့။

Unicode

ရာသီဥတုဘာကြောင့်ပျက်စီးရသလဲ

ကံကို ရိုးမယ်စွတ်လို့ မရဘူး ကံထက် အရေးကြီးတာ လူတွေရဲ့ စိတ်နေသဘောထား ပိုအရေးကြီးတယ်။

လူတွေရဲ့ စိတ်ဓာတ်တွေဟာ အောက်တန်းကျလာပြီ အပြစ်မကင်းတဲ့ စိတ်ဓါတ်တွေ ဒီကနေ့ခေတ်ပဲကြည့် လူတွေရဲ့စိတ်ဓါတ်ဟာ ဆိုးသွမ်းသောင်းကျန်းလာတဲ့ အနေအထားမျိုး ရှိလာတယ်။

ထစ်ခနဲရှိရင် ရိုက်ကြမယ်နှက်ကြမယ် သတ်ကြမယ် ဖြတ်ကြမယ် လူတွေရဲ့ စိတ်ဓါတ်တွေက ပိုပြီးတော့ ရိုင်းပြလာတယ် အဲ့ဒီလို ရိုင်းပြလာတဲ့ စိတ်ဓါတ်တွေကြောင့် သက်တမ်းက တိုသထက် တိုလာမှာပဲ ။

ဒါ သဘာဝပဲနော် ရာသီဥတုတွေက ဆိုးသထက် ဆိုးလာမှာ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ဒီလောက် ပူတာ မကြုံဖူးဘူး အခုတခါ ပူလာပြီ ဒါ ရာသီဥတု ပျက်ပြားတာ။

ဒီရာသီဥတု ဘာကြောင့် ပျက်တာတုန်းဆိုရင် လူတွေရဲ့ လုပ်ရပ်တွေကြောင့်ပဲ ပျက်တာ ကမ္ဘာမြေပြင်ပေါ်မှာ နေတဲ့လူတွေဟာ အကျင့်ပျက်လာပြီဆိုရင် ရေမြေတွေဟာလဲ ဖောက်ပြန်ပျက်စီးကုန်တယ်။

ဖောက်ပြန်ပျက်စီးတဲ့ ရေမြေတွေကို အမှီပြုပြီး အသက်ရှင်သန်ရတဲ့ လူတွေရဲ့ အသက်တွေလည်း ထိခိုက်လာတယ် ဒီလို ဆက်စပ်ပြီးတော့ နေတယ်ပေါ့နော် ကိုယ်လုပ်တာ ကိုယ်ရပြီးတော့ ကိုယ်ခံရတဲ့သဘောပဲ။

မလုပ်တဲ့လူတွေ ရှိသော်လည်း လုပ်တဲ့လူတွေ များလာတဲ့အခါ ကောင်းတဲ့လူတွေ ရှိသော်လည်း မကောင်းတဲ့လူတွေက များလာလို့ရှိရင် မကောင်းတာက ပိုဖြစ်လာမှာပဲ ဒါ ထင်ရှားတယ်။

ဘယ်ခေတ်ပဲဖြစ်ဖြစ် လူများရာကနေ အားလုံးဟာ ခံကြရတာဖြစ်တယ်ပေါ့ လောဘတွေကြီးလာတယ် ဒေါသတွေကြီးလာတယ် အမှန်မသိတဲ့ မောဟတွေ လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ မလုပ်သင့်တာကို လုပ်သင့်တယ်ထင်တယ်။

လုပ်သင့်တာကိုကျတော့ မလုပ်သင့်ဘူးထင်ပြီး မှားယွင်းခြွတ်ချော်မှုတွေ များလာတဲ့ ကနေ့ခေတ်ကာလကြီးဟာ ဆုတ်ခေတ်လို့ ပြောရတဲ့ကာလမျိုးပဲ ဖြစ်တယ်ပေါ့။

Related Posts

ေငြကံည့ံေနပါသလား

admin | November 20, 2019 | 0

Zawgyi သူမ်ားထံမွ ယူထားတဲ့ ေငြ ျပန္ဆပ္ခ်င္သူေတြ အတြက္ပါ တခ်ိဳ႕ မေျပလည္လို႔. သူမ်ားဆီက ေႂကြးယူ မေျပလည္ေတာ့ျပန္မဆပ္နိူင္ ရွာၾကဘူး။ ဒီလို ျပန္ဆပ္ခ်င္တဲ့စိတ္ဓာက္ ရွိတာကိုက. အင္မတန္ ေလးစားစရာ ေကာင္းတယ္ သူမ်ားဆီက. ေငြယူၿပီ ျပန္ဆပိခ်င္တဲ့ စိတ္ဓာက္ ရွိသူေတြလည္ ရွိတယ္ ။ သူတို႔ခမ်ာ မေျပလည္လြန္းလို႔သာ ၿငိမ္ေနရွာ ၾကတာ ေငြ…

စာသင္ေက်ာင္းေတြမွာ ပ႒ာန္တရားေတာ္ကို သင္ရိုးၫႊန္းတမ္းအျဖစ္ ျပဌာန္းလိုက္တဲ့ အဂၤလန္

admin | November 9, 2019 | 0

Zawgyi အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ကေလးေတြဟာ ကန္ေက်ာက္တာနဲ႕ ဆဲေရးတိုင္းထြာတာေတြကို ျပဳမႈခ်ိန္မွာ သူတို႔ကိုယ္တိုင္ သူတို႔ေတြ ဘာေတြ ခံစားေနသလဲဆိုတာ နားမလည္နိုင္ၾကလို႔ပါပဲ။ သူတို႔ရဲ႕ စိတ္ခံစားခ်က္ကို သက္သာေစမယ့္ နည္းလမ္းကို ရွာမေတြ႕လို႔ပါပဲ ဒီျပႆနာကို ေျဖရွင္းဖို႔ အဂၤလန္က စာသင္ေက်ာင္းေတြဟာ နည္းလမ္းသစ္နဲ႕ ကိုင္တြယ္ၿပီး စတင္လုပ္ေဆာင္လာပါတယ္။ ဒါကေတာ့ လူငယ္လူ႐ြယ္ ကေလးေတြရဲ႕ စိတ္က်န္းမာေရးကို တိုးတက္ေကာင္းမြန္ဖို႔ စာသင္ခန္းေတြမွာ သတိပ႒ာန္က်င့္စဥ္ကို…

Recent Posts

Archives

Meta