အရက္သမား အၿငိမ္းစား ဘြေႏၲာကိုရင္ၾသ

admin | August 12, 2019 | 0 | Knowledge , ဘာသာေရး , သုတစာေပ

Zawgyi

ဇာတကေျမာက္မ်ားစြာမွာ နတ္ျပည္ကိုေရာက္ ဖူးၾကတဲ့ အေလာင္းေတာ္ေနမိမင္းႀကီး သာဓိနမင္း အပါဝင္ ခုနစ္ဦးရွိတယ္လို႔ သိရပါတယ္ ။

ရွင္မဟာေမာဂၢလာန္အရွင္ျမတ္ဟာ နတ္ျပည္သို႔ မၾကာခဏႂကြေတာ္မူပီး မည္သို႔ေကာင္းမႈျပုခဲ့ပါသနည္းဟု နတ္ေတြထံ စူးစမ္းေမးျမန္းေတာ္မူပီး ။

ဒကာ ဒကာမေတြကို ဤသူက ဤသို႔ေသာေကာင္းမႈကိုျပု၍ နတ္ျပည္ေရာက္၏ ဆိုပီး ေကာင္းမႈကုသိုလ္ျပုဖို႔ တိုက္ တြန္းေတာ္မူေလ့ရွိပါတယ္ ။

ဥတု အာဟာရေတြ ဆုတ္ယုတ္လာတဲ့အခ်ိန္မွာပင္ ပဲခူးတိုင္း ျဖူးျမို႕နယ္ ဝဲႀကီးေအာက္ခုံရြာက ေဒၚကုလားမ ေဒၚအုံးတို႔ဟာ မကြယ္လြန္မီကပဲ နတ္ျပည္မွာဗိမၼာန္ေပါက္ေနတယ္လို႔ မွတ္သားဖူးပါတယ္ ။

ကိုၾသဟာ အရက္နဲ႔ မ်က္ႏွာသစ္တဲ့ လူစား ဆိုက္ကားနင္း ေနရင္း တစ္ေန႔လမ္းမွာ အထုပ္တစ္ထုပ္နဲ႔သြားေနတဲ့ အဖိုးအိုတစ္ဦးကို ကုသိုလ္ျဖစ္ တင္ပီးေခၚလာခဲ့ပါတယ္ ။

ျမို႕ျပင္က ေစတီမွာ ခ်ထားေပးပီး တဲ့အခါမွာ လူေလးခဏ ဒါ ဆိုက္ကားခဆိုပီး အဖိုးအိုက သူ႔ကိုေစ့ေစ့ျကည့္ပီး ဓါတ္လုံး ေလးတစ္လုံး ေပးလိုက္ပါတယ္။

ကိုၾသက ဓါတ္ေတြ နတ္ေတြ လုံးဝမယုံ နားလည္းမလည္ အလုံးေလးက ေရႊေရာင္ဝင္းေနတာနဲ႔ လွလ႔ိုယူလာရံုသက္သက္ အိမ္ကိုေရာက္ေတာ့ အိပ္ကပ္ထဲကဓါတ္လုံးေလးကိုဘုရားစင္ေပၚ တင္ထားလိုက္ပါတယ္။

ခဏေနေတာ့ ေသာက္လက္စ ပုလင္းဖြင့္ပီး ေမာ့ခ်လိုက္တဲ့ခါ ပုလင္းထဲကအရက္ေတြက ေရေတြျဖစ္ေနပီး ဘယ္ေနရာပဲျဖစ္ျဖစ္ သူေသာက္မယ္လို႔ လုပ္လိုက္တာနဲ႔ ေရေတြပဲ ျဖစ္ေနတာကို ကိုၾသဘဝမွာ ပထမဆံုး ထူးထူးဆန္းဆန္း ျဖစ္ေနပါေတာ့တယ္ ။

ၾကာေတာ့ အရက္မေသာက္ရလို႔ ေျခေတြလက္ေတြတုံပီး အိပ္ယာထဲလဲရာက တေန႔မွာေတာ့ ေဟ့ လူမိုက္ ခုေနေသရင္ ငရဲကိုတန္းေနေနတာပဲ အရင္ကလည္းမိုက္ ခုထိလည္း မိုက္တုန္းပါလား ။

ျဗုန္းကနဲ လူမျမင္ရပဲ စကားေျပာသံ ၾကားလိုက္ရတဲ့အတြက္ ကိုၾသ အေတာ္ေလးတံုလႈပ္သြားပါတယ္ အိပ္ယာထဲက လူးလဲထပီး အသံရွင္ကိုရွာလည္းမေတြ႕ ။

ေဟ့ ေတြ႕ခ်င္ရင္ ေတြ႕ေအာင္လုပ္ရတယ္ကြ မင္းတို႔မ်က္လုံးေတြ မစင္ၾကယ္သမ်ွ ကိုယ္ထင္ျပလည္း ျမင္ရမွာမဟုတ္ဘူး သြား မ်က္ႏွာသြားသစ္ေခ် ။

ကိုၾသဟာ စိတ္ညိႈ႕ခံထားရသလို ဘုရားစင္ေရွ႕ ထိုင္ပီး ေရွ႕ကတိုင္ေပးသမ်ွ ေနာက္ကေန လိုက္ဆိုေနမိပါတယ္ ရွိခိုးပီးတာနဲ႔ သူ႔ပါးစပ္ထဲကို ေဆးလုံးတစ္လုံး ထည့္လိုက္ပါတယ္ ။

တစ္ကိုယ္လုံး မီးနဲ႔ ၿမိုက္ေနသလို ပူေလာင္လာပီး ေခြ်းေတြက ေရခ်ဳိးထားသလို ရႊဲနစ္လာရာက အိပ္ယာေပၚလဲက်သြားပီး သတိ လစ္ေမ့ေမ်ာသြားပါေတာ့တယ္ ။

ကိုၾသတစ္ေယာက္ အႀကီးအက်ယ္ေျပာင္း လဲ သြားတာကို ပတ္ဝန္းက်င္ကလူေတြ မယုံႏိုင္ေလာက္ေအာင္ အ့ံအားသင့္ေနၾကပါတယ္ ။

အရင္ကလို အရက္ကို လုံးဝ မေသာက္ေတာ့ပဲ ညေရာက္တာနဲ႔ ေန႔စဥ္ဘုရားဝတ္တက္ ရတတ္သမ်ွ ဘုရားစာေတြ ေအာ္ေအာ္ပီးရွိခိုး အဖိတ္ေန႔တိုင္း ဘြေႏၲာပါ,ပါလိုက္ေသး ခုေတာ့ အရက္သမား ကိုၾသကေန ဘြေႏၲာ ကိုရင္ၾသအျဖစ္ ေျပာင္းလြဲသြားခဲ့ပါျပီ ။

ကုသိုလ္ဆိုအကုန္လုပ္

တစ္ေန႔ တစ္ေန႔ သင္ေပးတဲ့စကားေတြ နားရည္ဝပီး အပါယ္ေလးပါးက်မွာလည္း သိပ္ေၾကာက္လာပါတယ္ ကုသိုလ္ဆိုတာ ပိုက္ဆံကုန္မွ ရတာမဟုတ္ဘူး ေလာကမွာ ကုသိုလ္ရမယ့္ အလုပ္ေတြအမ်ားႀကီး ကုသိုလ္ဆို ဖိတ္စာမလိုဘူးကြ ။

ကိုရင္ၾသဟာ အရိပ္လိုတဲ့ ေနရာေတြမွာ သစ္ပင္ေတြစိုက္ တံတားပ်က္ေနတာေတြ႕ရင္ ျပင္ သရဏဂံုသုံးပါးကို မေမ့ပဲ အခ်ိန္ရွိတိုင္း ရြတ္ငါးပါးသီလလည္း လုံေအာင္ထိန္း နိုင္လာခဲ့ပါတယ္ ။

ဗိမၼာန္ေပါက္ခဲ့ျပီ

ကိုရင္ၾသဘဝကေန အသက္အရြယ္ရလာျပီး ဦးၾသဘဝမွာေတာ့ မနက္ေလးနာရီထ, ဘုရားဝတ္တက္ျပီးတာနဲ႔ တံျပက္စည္းတစ္ေခ်ာင္းဆြဲပီး တလမ္းလုံးကအမိႈက္ေတြလွဲ ။

ေရအိုးစင္ေတြမွာ ေရလိုက္ျဖည့္ သူစိုက္ ထားတဲ့ သစ္ပင္ေတြလိုက္ျကည့္ပီး တစိမ့္စိမ့္ ၾကည္နူးပီတိ ျဖစ္ေနမိပါတယ္ ။

တစ္ေန႔မွာေတာ့ မိန္းမပ်ဳိတစ္ဦး လက္ေဆာင္ ပစၥည္းေတြမနိုင္မနင္းနဲ႔ ဦးၾသ အိမ္ကိုေရာက္လာပီး အဘက ဦးၾသ ပါလားရွင္ ဟုတ္ပါတယ္ သမီး ဦးၾသက အဘပါပဲ ။

အသက္ ၅၆ ႏွစ္ ကေလး သုံးေယာက္ဆိုတာေကာ မွန္လားအဘ အမွန္ပဲ သမီး အဘအသက္က ၅၆ ႏွစ္ပါ ဘယ္လို အေၾကာင္းမ်ားရွိလို႔လည္းဆိုတာ အဘကို ေျပာျပပါဦးကြယ္ ။

မိန္းမပ်ဳိဟာ ေသခ်ာသြားပီဆိုတာ သိလိုက္ရတဲ့တြက္ ေက်နပ္သြားတဲ့အမူအယာနဲ႔ ဦးၾသ ေရွ႕မွာ ဒူးရင္းသီးတစ္ျခင္း ပုဆိုး ၅ ထည္ ေငြငါးေသာင္းခ်လိုက္ပီး ဒီလိုပါ အဘရယ္ ။

သမီးက ေမာ္လျမိုင္ကပါ အေမေဆးရံုတက္ပီး ေမ်ာသြားတဲ့အခ်ိန္မွာ နတ္ျပည္ကိုေရာက္သြားခဲ့ပါတယ္ တစ္ခါမွမျမင္ဘူးလို႔ အ့ံၾသၿပီး ေရႊေရာင္တဝင္းဝင္းနဲ႔ နတ္ဗိမၼာန္ေတြလိုက္ ၾကည့္ေနရင္း ဗိမၼာန္ႀကီးတစ္ခုေရွ႕ေရာက္တဲ့အခါမွာ ။

ဗိမၼာန္ထဲက နတ္သမီးေတြ ေတြ႕တာနဲ႔ ဗိမၼာန္ရွင္ကို ေမးၾကည့္တဲ့ခါ ” ဗိမၼာန္ရွင္က လူ႔ျပည္မွာ ေကာင္းမႈကုသိုလ္ေတြလုပ္ေနဆဲမို႔ ကံမကုန္ေသးပါဘူး နာမည္က ဦးၾသ အသက္က ၅၆ ႏွစ္ သားသမီးက သုံးေယာက္ရွိပါတယ္ ေနတာက ~ မွာပါလို႔ ” ေျပာပါတယ္ ။

အေမ သတိရလာေတာ့ နတ္သမီးေတြ ေျပာလိုက္တာကို ခ်က္ခ်င္းပဲလ မွတ္ထားခိုင္းျပီး အခု က်န္းမာေရးလည္း ေကာင္းလာတာနဲ႔ အဘဆီသြား ကန္ေတာ့ခိုင္းပါတယ္ ။

ျပီးေတာ့ နတ္ျပည္မွာ ႀကိုပီး ဗိမၼာန္ေပါက္ေနတဲ့ထိ ဘယ္လိုေကာင္းမႈေတြမ်ား လုပ္ပါသလည္း လို႔ေမးလာခဲ့ဖို႔လည္း မွာလိုက္ပါတယ္ အဘ ။

မိန္းမပ်ဳိဟာ ဦးၾသေျပာျပတဲ့ ကုသိုလ္ ေတြကို ေသခ်ာမွတ္သားပီး ယူေဆာင္လာတဲ့ပစၥည္းေတြနဲ႔ ကန္ေတာ့ရင္း အဘေျပာတဲ့ ” ကုသိုလ္ ဆိုတာဖိတ္စာမလိုဘူး ” ဆိုတာကို သမီးရင္ထဲမွာ စြဲေနေအာင္ တစ္သက္လုံး မွတ္သားလိုက္ပါၿပီ ။

ဒီေန႔ကစ ေကာင္းမႈကုသိုလ္ေတြကို ႀကိုးစားေဆာင္ရြက္ပါေတာ့မယ္အဘလို႔ ေျပာလိုက္တဲ့ ခါမွာ မကြယ္လြန္မီကပင္ နတ္ျပည္မွာ ဗိမၼာန္ေပါက္ေနခဲ့တဲ့ ကုသိုလ္ရွင္ဦးၾသဟာ ဆုေတြတသီႀကီးေပးျပီး ဝမ္းေျမာက္စြာနဲ႔ ။

သာဓု သာဓု သာဓု ပါ သမီးေလးေရလို႔ သာဓု အခါခါ ေခၚဆိုလိုက္ပါေတာ့တယ္။

Unicode

အရက်သမား အငြိမ်းစား ဘွန္တောကိုရင်သြ

ဇာတကမြောက်များစွာမှာ နတ်ပြည်ကိုရောက် ဖူးကြတဲ့ အလောင်းတော်နေမိမင်းကြီး သာဓိနမင်း အပါဝင် ခုနစ်ဦးရှိတယ်လို့ သိရပါတယ် ။

ရှင်မဟာမောဂ္ဂလာန်အရှင်မြတ်ဟာ နတ်ပြည်သို့ မကြာခဏကြွတော်မူပီး မည်သို့ကောင်းမှုပြုခဲ့ပါသနည်းဟု နတ်တွေထံ စူးစမ်းမေးမြန်းတော်မူပီး ။

ဒကာ ဒကာမတွေကို ဤသူက ဤသို့သောကောင်းမှုကိုပြု၍ နတ်ပြည်ရောက်၏ ဆိုပီး ကောင်းမှုကုသိုလ်ပြုဖို့ တိုက် တွန်းတော်မူလေ့ရှိပါတယ် ။

ဥတု အာဟာရတွေ ဆုတ်ယုတ်လာတဲ့အချိန်မှာပင် ပဲခူးတိုင်း ဖြူးမြို့နယ် ဝဲကြီးအောက်ခုံရွာက ဒေါ်ကုလားမ ဒေါ်အုံးတို့ဟာ မကွယ်လွန်မီကပဲ နတ်ပြည်မှာဗိမ္မာန်ပေါက်နေတယ်လို့ မှတ်သားဖူးပါတယ် ။

ကိုသြဟာ အရက်နဲ့ မျက်နှာသစ်တဲ့ လူစား ဆိုက်ကားနင်း နေရင်း တစ်နေ့လမ်းမှာ အထုပ်တစ်ထုပ်နဲ့သွားနေတဲ့ အဖိုးအိုတစ်ဦးကို ကုသိုလ်ဖြစ် တင်ပီးခေါ်လာခဲ့ပါတယ် ။

မြို့ပြင်က စေတီမှာ ချထားပေးပီး တဲ့အခါမှာ လူလေးခဏ ဒါ ဆိုက်ကားခဆိုပီး အဖိုးအိုက သူ့ကိုစေ့စေ့ကြည့်ပီး ဓါတ်လုံး လေးတစ်လုံး ပေးလိုက်ပါတယ်။

ကိုသြက ဓါတ်တွေ နတ်တွေ လုံးဝမယုံ နားလည်းမလည် အလုံးလေးက ရွှေရောင်ဝင်းနေတာနဲ့ လှလ့ိုယူလာရုံသက်သက် အိမ်ကိုရောက်တော့ အိပ်ကပ်ထဲကဓါတ်လုံးလေးကိုဘုရားစင်ပေါ် တင်ထားလိုက်ပါတယ်။

ခဏနေတော့ သောက်လက်စ ပုလင်းဖွင့်ပီး မော့ချလိုက်တဲ့ခါ ပုလင်းထဲကအရက်တွေက ရေတွေဖြစ်နေပီး ဘယ်နေရာပဲဖြစ်ဖြစ် သူသောက်မယ်လို့ လုပ်လိုက်တာနဲ့ ရေတွေပဲ ဖြစ်နေတာကို ကိုသြဘဝမှာ ပထမဆုံး ထူးထူးဆန်းဆန်း ဖြစ်နေပါတော့တယ် ။

ကြာတော့ အရက်မသောက်ရလို့ ခြေတွေလက်တွေတုံပီး အိပ်ယာထဲလဲရာက တနေ့မှာတော့ ဟေ့ လူမိုက် ခုနေသေရင် ငရဲကိုတန်းနေနေတာပဲ အရင်ကလည်းမိုက် ခုထိလည်း မိုက်တုန်းပါလား ။

ဗြုန်းကနဲ လူမမြင်ရပဲ စကားပြောသံ ကြားလိုက်ရတဲ့အတွက် ကိုသြ အတော်လေးတုံလှုပ်သွားပါတယ် အိပ်ယာထဲက လူးလဲထပီး အသံရှင်ကိုရှာလည်းမတွေ့ ။

ဟေ့ တွေ့ချင်ရင် တွေ့အောင်လုပ်ရတယ်ကွ မင်းတို့မျက်လုံးတွေ မစင်ကြယ်သမျှ ကိုယ်ထင်ပြလည်း မြင်ရမှာမဟုတ်ဘူး သွား မျက်နှာသွားသစ်ချေ ။

ကိုသြဟာ စိတ်ညှို့ခံထားရသလို ဘုရားစင်ရှေ့ ထိုင်ပီး ရှေ့ကတိုင်ပေးသမျှ နောက်ကနေ လိုက်ဆိုနေမိပါတယ် ရှိခိုးပီးတာနဲ့ သူ့ပါးစပ်ထဲကို ဆေးလုံးတစ်လုံး ထည့်လိုက်ပါတယ် ။

တစ်ကိုယ်လုံး မီးနဲ့ မြိုက်နေသလို ပူလောင်လာပီး ချွေးတွေက ရေချိုးထားသလို ရွှဲနစ်လာရာက အိပ်ယာပေါ်လဲကျသွားပီး သတိ လစ်မေ့မျောသွားပါတော့တယ် ။

ကိုသြတစ်ယောက် အကြီးအကျယ်ပြောင်း လဲ သွားတာကို ပတ်ဝန်းကျင်ကလူတွေ မယုံနိုင်လောက်အောင် အံ့အားသင့်နေကြပါတယ် ။

အရင်ကလို အရက်ကို လုံးဝ မသောက်တော့ပဲ ညရောက်တာနဲ့ နေ့စဉ်ဘုရားဝတ်တက် ရတတ်သမျှ ဘုရားစာတွေ အော်အော်ပီးရှိခိုး အဖိတ်နေ့တိုင်း ဘွန္တောပါ,ပါလိုက်သေး ခုတော့ အရက်သမား ကိုသြကနေ ဘွန္တော ကိုရင်သြအဖြစ် ပြောင်းလွဲသွားခဲ့ပါပြီ ။

ကုသိုလ်ဆိုအကုန်လုပ်

တစ်နေ့ တစ်နေ့ သင်ပေးတဲ့စကားတွေ နားရည်ဝပီး အပါယ်လေးပါးကျမှာလည်း သိပ်ကြောက်လာပါတယ် ကုသိုလ်ဆိုတာ ပိုက်ဆံကုန်မှ ရတာမဟုတ်ဘူး လောကမှာ ကုသိုလ်ရမယ့် အလုပ်တွေအများကြီး ကုသိုလ်ဆို ဖိတ်စာမလိုဘူးကွ ။

ကိုရင်သြဟာ အရိပ်လိုတဲ့ နေရာတွေမှာ သစ်ပင်တွေစိုက် တံတားပျက်နေတာတွေ့ရင် ပြင် သရဏဂုံသုံးပါးကို မမေ့ပဲ အချိန်ရှိတိုင်း ရွတ်ငါးပါးသီလလည်း လုံအောင်ထိန်း နိုင်လာခဲ့ပါတယ် ။

ဗိမ္မာန်ပေါက်ခဲ့ပြီ

ကိုရင်သြဘဝကနေ အသက်အရွယ်ရလာပြီး ဦးသြဘဝမှာတော့ မနက်လေးနာရီထ, ဘုရားဝတ်တက်ပြီးတာနဲ့ တံပြက်စည်းတစ်ချောင်းဆွဲပီး တလမ်းလုံးကအမှိုက်တွေလှဲ ။

ရေအိုးစင်တွေမှာ ရေလိုက်ဖြည့် သူစိုက် ထားတဲ့ သစ်ပင်တွေလိုက်ကြည့်ပီး တစိမ့်စိမ့် ကြည်နူးပီတိ ဖြစ်နေမိပါတယ် ။

တစ်နေ့မှာတော့ မိန်းမပျိုတစ်ဦး လက်ဆောင် ပစ္စည်းတွေမနိုင်မနင်းနဲ့ ဦးသြ အိမ်ကိုရောက်လာပီး အဘက ဦးသြ ပါလားရှင် ဟုတ်ပါတယ် သမီး ဦးသြက အဘပါပဲ ။

အသက် ၅၆ နှစ် ကလေး သုံးယောက်ဆိုတာကော မှန်လားအဘ အမှန်ပဲ သမီး အဘအသက်က ၅၆ နှစ်ပါ ဘယ်လို အကြောင်းများရှိလို့လည်းဆိုတာ အဘကို ပြောပြပါဦးကွယ် ။

မိန်းမပျိုဟာ သေချာသွားပီဆိုတာ သိလိုက်ရတဲ့တွက် ကျေနပ်သွားတဲ့အမူအယာနဲ့ ဦးသြ ရှေ့မှာ ဒူးရင်းသီးတစ်ခြင်း ပုဆိုး ၅ ထည် ငွေငါးသောင်းချလိုက်ပီး ဒီလိုပါ အဘရယ် ။

သမီးက မော်လမြိုင်ကပါ အမေဆေးရုံတက်ပီး မျောသွားတဲ့အချိန်မှာ နတ်ပြည်ကိုရောက်သွားခဲ့ပါတယ် တစ်ခါမှမမြင်ဘူးလို့ အံ့သြပြီး ရွှေရောင်တဝင်းဝင်းနဲ့ နတ်ဗိမ္မာန်တွေလိုက် ကြည့်နေရင်း ဗိမ္မာန်ကြီးတစ်ခုရှေ့ရောက်တဲ့အခါမှာ ။

ဗိမ္မာန်ထဲက နတ်သမီးတွေ တွေ့တာနဲ့ ဗိမ္မာန်ရှင်ကို မေးကြည့်တဲ့ခါ ” ဗိမ္မာန်ရှင်က လူ့ပြည်မှာ ကောင်းမှုကုသိုလ်တွေလုပ်နေဆဲမို့ ကံမကုန်သေးပါဘူး နာမည်က ဦးသြ အသက်က ၅၆ နှစ် သားသမီးက သုံးယောက်ရှိပါတယ် နေတာက ~ မှာပါလို့ ” ပြောပါတယ် ။

အမေ သတိရလာတော့ နတ်သမီးတွေ ပြောလိုက်တာကို ချက်ချင်းပဲလ မှတ်ထားခိုင်းပြီး အခု ကျန်းမာရေးလည်း ကောင်းလာတာနဲ့ အဘဆီသွား ကန်တော့ခိုင်းပါတယ် ။

ပြီးတော့ နတ်ပြည်မှာ ကြိုပီး ဗိမ္မာန်ပေါက်နေတဲ့ထိ ဘယ်လိုကောင်းမှုတွေများ လုပ်ပါသလည်း လို့မေးလာခဲ့ဖို့လည်း မှာလိုက်ပါတယ် အဘ ။

မိန်းမပျိုဟာ ဦးသြပြောပြတဲ့ ကုသိုလ် တွေကို သေချာမှတ်သားပီး ယူဆောင်လာတဲ့ပစ္စည်းတွေနဲ့ ကန်တော့ရင်း အဘပြောတဲ့ ” ကုသိုလ် ဆိုတာဖိတ်စာမလိုဘူး ” ဆိုတာကို သမီးရင်ထဲမှာ စွဲနေအောင် တစ်သက်လုံး မှတ်သားလိုက်ပါပြီ ။

ဒီနေ့ကစ ကောင်းမှုကုသိုလ်တွေကို ကြိုးစားဆောင်ရွက်ပါတော့မယ်အဘလို့ ပြောလိုက်တဲ့ ခါမှာ မကွယ်လွန်မီကပင် နတ်ပြည်မှာ ဗိမ္မာန်ပေါက်နေခဲ့တဲ့ ကုသိုလ်ရှင်ဦးသြဟာ ဆုတွေတသီကြီးပေးပြီး ဝမ်းမြောက်စွာနဲ့ ။

သာဓု သာဓု သာဓု ပါ သမီးလေးရေလို့ သာဓု အခါခါ ခေါ်ဆိုလိုက်ပါတော့တယ်။

Related Posts

ေငြကံည့ံေနပါသလား

admin | November 20, 2019 | 0

Zawgyi သူမ်ားထံမွ ယူထားတဲ့ ေငြ ျပန္ဆပ္ခ်င္သူေတြ အတြက္ပါ တခ်ိဳ႕ မေျပလည္လို႔. သူမ်ားဆီက ေႂကြးယူ မေျပလည္ေတာ့ျပန္မဆပ္နိူင္ ရွာၾကဘူး။ ဒီလို ျပန္ဆပ္ခ်င္တဲ့စိတ္ဓာက္ ရွိတာကိုက. အင္မတန္ ေလးစားစရာ ေကာင္းတယ္ သူမ်ားဆီက. ေငြယူၿပီ ျပန္ဆပိခ်င္တဲ့ စိတ္ဓာက္ ရွိသူေတြလည္ ရွိတယ္ ။ သူတို႔ခမ်ာ မေျပလည္လြန္းလို႔သာ ၿငိမ္ေနရွာ ၾကတာ ေငြ…

စာသင္ေက်ာင္းေတြမွာ ပ႒ာန္တရားေတာ္ကို သင္ရိုးၫႊန္းတမ္းအျဖစ္ ျပဌာန္းလိုက္တဲ့ အဂၤလန္

admin | November 9, 2019 | 0

Zawgyi အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ကေလးေတြဟာ ကန္ေက်ာက္တာနဲ႕ ဆဲေရးတိုင္းထြာတာေတြကို ျပဳမႈခ်ိန္မွာ သူတို႔ကိုယ္တိုင္ သူတို႔ေတြ ဘာေတြ ခံစားေနသလဲဆိုတာ နားမလည္နိုင္ၾကလို႔ပါပဲ။ သူတို႔ရဲ႕ စိတ္ခံစားခ်က္ကို သက္သာေစမယ့္ နည္းလမ္းကို ရွာမေတြ႕လို႔ပါပဲ ဒီျပႆနာကို ေျဖရွင္းဖို႔ အဂၤလန္က စာသင္ေက်ာင္းေတြဟာ နည္းလမ္းသစ္နဲ႕ ကိုင္တြယ္ၿပီး စတင္လုပ္ေဆာင္လာပါတယ္။ ဒါကေတာ့ လူငယ္လူ႐ြယ္ ကေလးေတြရဲ႕ စိတ္က်န္းမာေရးကို တိုးတက္ေကာင္းမြန္ဖို႔ စာသင္ခန္းေတြမွာ သတိပ႒ာန္က်င့္စဥ္ကို…

Recent Posts

Archives

Meta