ျျပည့္တန္ဆာမႏွင့္ ဝိပႆနာ

admin | August 12, 2019 | 0 | Knowledge , ဘာသာေရး , သုတစာေပ

Zawgyi

လြန္ခဲ့ေသာႏွစ္ေပါင္း ၂၅၀၀ေက်ာ္ေလာက္က တကယ္ျဖစ္ခဲ့ေသာ ဇာတ္လမ္းေလးတစ္ပုဒ္ ကာလအေနနဲ႔ေျပာရရင္ ျမတ္စြာဘုရား႐ွင္ ပြင့္ေတာ္မူေနတဲ့ကာလပါ ။

တိုင္းျပည္က ေဝသာလီ ျပည္မွာပါ အဲ့ဒီကာလ အဲ့ဒီ ေဝသာလီျပည္မွာပဲ` မဝိမလာ ´လို႔အမည္ရတဲ့ အမ်ိဳးသမီးေလးတစ္ေယာက္ ရိွခဲ့ဖူးပါတယ္ ။

ဝိမလာ ရဲ႕ အဓိပၸါယ္က အညစ္အေၾကးကင္းစင္သူ သန္႔႐ွင္းစင္ၾကယ္သူပါ ဒါက တင္စားထားတဲ့ ႐ုဠိ နာမည္ပါ တကယ့္အရိွ အႏြတၳအမည္ မဟုတ္ပါဘူး ဝိမလာ ဟာေဝသာလီျပည္မွာ အလွဆံုး စာရင္းဝင္တစ္ေယာက္ပါ။

သူ႔ရဲ႕ ထူးျခားခ်က္ကေတာ့ အေမျဖစ္သူက ျပည့္တန္ဆာမတစ္ေယာက္ ျဖစ္တဲ့အတြကိ သူလည္း အရြယ္ေရာက္လာတဲ့အခါ မိခင္ရဲ႕အလုပ္ကို ဆက္လုပ္ရပါတယ္ ။

ဝိမလာ ဟာေဝသာလီ ျပည္သားေတြရဲ႕ ပါးစပ္ဖ်ားမွာလည္း “ဝိမလာ ၊ ဝိမလာ ” ဆိုၿပီး ေရပန္းစားေနပါတယ္ ဝိမလာရဲ႕ဆီကို သူေဌးသူႂကြယ္ေတြေလာက္ပဲ သြားႏိုင္ပါတယ္ က်န္တဲ့ သာမန္လူေတြကေတာ့ မသြားႏိုင္ပါဘူး။

ဝိမလာ ကိ္ုယ္တိုင္ကလည္း သူ႔ရဲ႕အလွ သူ႔ရဲ႕ေအာင္ျမင္ေက်ာ္ၾကားမႈ အေပၚသိ္ပ္ၿပီး ဂုဏ္ယူပါတယ္ ဒီလိုနဲ႔ တစ္ေန႔မွာေတာ့ အ႐ွင္မဟာေမာဂၢလာန္ ဟာေဝသာလီျပည္ထဲကို ဆြမ္းခံႂကြလာပါတယ္ ။

ၾကြလာရင္း ဝိမလာရဲ့ အိမ္ေ႐ွ႕ေရာက္လာေတာ့ တိုက္တိုက္ဆိုင္ဆိုင္ ဝိမလာက အိမ္ထဲကေန အျပင္ကို ထြက္အၾကည့္နဲ႔ ဆံုသြားပါတယ္ ဝိမလာက အ႐ွင္မဟာေမာဂၢလာန္ ကိုျမင္လိုက္တာနဲ႔ တစ္ၿပိဳက္နက္ ရင္ခုန္သြားပါသတဲ့ ။

ၿပီးေတာ့ ခ်စ္စိတ္လည္း ျဖစ္သြားပါသတဲ့ တစ္စံုတစ္ေယာက္ကို ခ်စ္မိရင္ အဲ့ဒီသူဆီက အခ်စ္ကိုျပန္လိုခ်င္တာက ဓမၼတာပါ ဝိမလာဟာ အ႐ွင္မဟာေမာဂၢလာန္ ဆီကအခ်စ္ကို ရဖို႔အတြက္ အျပင္းအထန္ စဥ္းစားပါတယ္ ။

ကိုယ့္ကိုယ္ကို ျပန္ၾကည့္လိုက္ေတာ႔ သူ႔ရဲ႕ထူးျခားတဲ့အလွကို ေတြ႔လိုက္ရပါတယ္ ဒါေၾကာင့္အိမ္မွာရိွတဲ့ အဝတ္ေတြထဲက ေကာင္းေပ့ဆိုတဲ့ အဝတ္တစ္စံုကို ထုတ္ဝတ္လိုက္ပါတယ္ ။

တန္ဖိုးအႀကီးဆံုး လက္ေကာက္တို႔ ဆြဲႀကိဳးတို႔ကိုလည္း ဝတ္ဆင္လိုက္ပါတယ္ အေကာင္းဆံုးနံ႔သာဆီ ကိုလည္း လိမ္းလိုက္ပါတယ္ အရင္ျပင္ေနက်ေန႔ေတြထက္ ပိုျပင္လိုက္ပါတယ္ ၿပီးေတာ့ ကိုယ္လံုးေပၚ မွန္ေ႐ွ႕ရပ္လိုက္ပါတယ္ ။

မွန္ထဲၾကည့္ၿပီး သူ႔ရဲ႕အလွနဲ႔ သူ႔ရဲ႕ ျပင္ဆင္ျခယ္သထားမႈ အေပၚကိုလည္း စိတ္ခ်သြားပါတယ္ စိတ္တိုင္းက် ျပဳျပင္ၿပီးၿပီဆိုမွ အေဖာ္ သီးျခားမေခၚေတာ့ပဲ အ႐ွင္မဟာေမာဂၢလာန္ ရိွရာေက်ာင္းကို တစ္ေယာက္တည္းပဲ ထြက္ခဲ့ပါတယ္ ။

အ႐ွင္မဟာေမာဂၢလာန္ ဆီေရာက္ေတာ့ ရိွခိုးဦးခ်လိုက္ပါတယ္ အ႐ွင္မဟာေမာဂၢလာန္ က္ိုအနီးကပ္ ေတြ႔လိုက္ရေတာ့ ရင္ကပိုၿပီး ခုန္သြားျပန္ပါတယ္ ၿပီးေတာ့ သံေယာဇဥ္ရိွတဲ့ အေၾကာင္း ႏႈတ္က ဖြင့္ေျပာလို႔မရတဲ့ အတြက္ အမူအရာေလးေတြနဲ႔ ျပပါတယ္ ။

အ႐ွင္မဟာေမာဂၢလာန္ ကေတာ့ဝိမလာ ရဲ႕ စိတ္ထဲမွာ ဘာျဖစ္ေနတယ္ ဆိုတာကို ေကာင္းေကာင္းသိပါတယ္ ဒီေတာ့ အ႐ွင္မဟာေမာဂၢလာန္က အလွကို အမွီျပဳၿပီး အလွနဲ႔ဆြယ္ေနတဲ့ ဝိမလာကို အလွရဲ႕ဆန္႔က်င့္ဘက္ ျဖစ္တဲ့ အသုဘတရားကို ေဟာပါတယ္ ။

စက္ဆုပ္ဖြယ္ျဖစ္တဲ့ ခႏၶာကိုယ္

” ႏွမ ဝိမလာ သင့္ရဲ႕ ခႏၶာကိုယ္ဟာ စက္ဆုပ္ရြံ႐ွာဖြယ္ ေတြနဲ႔ ျပည့္ေနတယ္ ၿပီးေတာ့ အပုပ္နံ႔ေတြနဲ႔လည္း နံေစာ္ေနတယ္ သူတစ္ပါးရဲ႕ ခႏၶာကိုယ္ကလည္း ဒီအတိုင္းပဲ ။

သင္ ႏွမဟာ စက္ဆုပ္ဖြယ္ျဖစ္တဲ့ ခႏၶာကိုယ္ အခ်င္းခ်င္း တပ္မက္ေနတယ္ ” အ႐ွင္မဟာေမာဂၢလာန္က ဝိမလာရဲ႕ ႏွလံုးသားထဲအထိ ေရာက္သြားေအာင္ ဝိမလာ သေဘာေပါက္သြားေအာင္ အသုဘတရားကို အက်ယ္ေဟာျပပါတယ္ ။

အ႐ွင္မဟာေမာဂၢလာန္က ဂါထာေတြအမ်ားႀကီးနဲ႔ ေဟာျပတာပါ အတိတ္အတိတ္ ဘဝေတြကပါရမီ ပါလာခဲ့သူလည္းျဖစ္ ၊ ေဟာေနတဲ့သူကလည္း အ႐ွင္မဟာေမာဂၢလာန္ ျဖစ္ဆိုေတာ့ ခ်က္ခ်င္းအသိမွန္ကို ရသြားပါတယ္ ။

တရားထူးေတာ့ မရေသးပါဘူး ဒါေၾကာင့္ ဝိမလာက ” အ႐ွင္ဘုရား တပည့္ေတာ္ကို ရတနာသံုးပါးကို ဆည္းကပ္ကိုးကြယ္တဲ႔ ဥပါသိကာမ အျဖစ္ အသိအမွတ္ျပဳပါ ဘုရား” လို႔ ေလ်ွာက္လိုက္ပါတယ္။

ဝိမလာဟာ အိမ္ေရာက္ေတာ့ အ႐ွင္မဟာေမာဂၢလာန္ ေဟာခဲ့တဲ့တရား ၊ ေဟာလိုက္တဲ့တရားက ေခါင္းထဲက မထြက္ေတာ့ပါဘူး ဒါေၾကာင့္ နဖူးေပၚ လက္တင္ၿပီး စဥ္းစားပါတယ္ ။

” လူ႔ဘဝကို ရရိွဖို႔ကလည္း သိပ္ၿပီးခဲယဥ္းတယ္ အသက္႐ွင္ေနဖို႔လည္း ခဲယဥ္းတယ္ တရားေတာ္ကို နာၾကားခြင့္ရဖို႔လည္း ခဲယဥ္းတယ္ ျမတ္စြာဘုရား သာသနာေတာ္နဲ႔ ေတြ႔ၾကံဳဖို႔လည္း ခဲယဥ္းတယ္ ငါဟာ ရခဲတဲ့ ခဲယဥ္းတဲ့ တရားေလးပါးကို ရေနတယ္။

ရခဲျခင္းတရား ေလးပါးကို ရေနခိုက္မွာ အ႐ွင္မဟာေမာဂၢလာန္ ေမ်ွာ္လင့္တဲ့ ရေစခ်င္တဲ့ အရဟတၱဖိုလ္ ကို ရေအာင္႐ွာမွပဲ ” ဝိမလာဟာ အဲ့ဒီလိုစဥ္းစားၿပီး သူ႔ရဲ႕လုပ္ေနက် ျပည့္တန္ဆာအလုပ္ကို ရပ္ပစ္လိုက္ပါတယ္ ။

သူ႔ဆီလာေနၾက ပုဂိၢဳလ္ေတြကေတာ့ ေတာက္တေခါက္ေခါက္နဲ႔ေပါ့ ဝိမလာကေတာ့ ဂ႐ုမစိုက္ပါဘူး ၿပီးေတာ့ “ငါ ဒီအတိုင္းေနလို႔ ကေတာ့ အရဟတၱဖိုလ္က သူ႔အလိုလို ငါ့ဆီ ေရာက္လာမွာ မဟုတ္ဘူး ။

တရားအားထုတ္မွပဲ တရားအားထုတ္တဲ့ ေနရာမွာလည္း ငါ့မွာ ေလာကီအတြက္ ဘာမွငဲ့စရာ မရိွေတာ့ ဘိကၡဳနီဝတ္ၿပီး တရားအားထုတ္တာ အေကာင္းဆံုးပဲ ” ဆိုၿပီး ဘိကၡဳနီမ ဝတ္လိုက္ပါတယ္ ။

ဆိတ္ၿငိမ္တဲ့ ေနရာတစ္ခုမွာ သြားၿပီး တရားအားထုတ္လိုက္တာ ” အရဟတၱဖိုလ္ “ရသြားပါေတာ့တယ္ ဒီေတာ့ တကယ့္ကိေလသာ အညစ္အေၾကး ကင္းစင္သူ ဝိမလာ ျဖစ္သြားေတာ့တာပါ ။

ဝိမလာဟာ အ႐ွင္မဟာေမာဂၢလာန္ ဆီကိုသြားတုန္းက ရာဂစိတ္နဲ႔ သြားခဲ့တာပါ သာမန္အားျဖင့္ ေတြးရင္ ရာဂစိတ္ တဏွာစိတ္ကလည္း ျပင္းထန္ လုပ္တဲ့ အလုပ္ကလည္း ျပည့္တန္ဆာ အလုပ္ဆိုေတာ့ ။

ဘယ္လိုမွ တရားထူး တရားျမတ္ ရႏိုင္စရာအေၾကာင္း မရိွပါဘူး ဒါေပမယ့္ လူဟာ ပစၥဳန္ပၸန္တည့္တည့္မွာ ကိုယ္ျဖစ္ေနတဲ့ စိတ္နဲ႔ ႐ုပ္ ကိုတည့္တည့္႔ဥာဏ္နဲ႔ စိုက္ၾကည့္လိုက္ႏိုင္ဖို႔ပါပဲ ဥာဏ္နဲ႔ တည့္တည့္စိုက္ၾကည့္လိုက္ တာနဲ႔ တစ္ၿပိဳက္နက္ ။

လက္ရိွရပ္တည္ေနတဲ့ ရပ္တည္ခ်က္နဲ႔ အမွန္အမွားကို သိခြင့္ရသြားတတ္ပါတယ္ လူဟာ ကိုယ့္ဘဝကိုယ္ အမွန္အတိုင္း သိသြားဖို႔ပဲ အေရးႀကီးပါတယ္ ပုထုဇဥ္ပီပီ ဘယ္သူမွ အျပစ္မကင္းၾကပါဘူး ။

ဒါေၾကာင့္ ဝိပႆနာတရားကို အားထုတ္လိုက္ရင္ ဘဝရဲ႕ အမွန္တရားကို အလင္းတစ္ခု အေနနဲ႔ သိခြင့္ ရလိုက္ၾကမွာပါ ။

Unicode

ပြည့်တန်ဆာမနှင့် ဝိပဿနာ

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်လောက်က တကယ်ဖြစ်ခဲ့သော ဇာတ်လမ်းလေးတစ်ပုဒ် ကာလအနေနဲ့ပြောရရင် မြတ်စွာဘုရားရှင် ပွင့်တော်မူနေတဲ့ကာလပါ ။

တိုင်းပြည်က ဝေသာလီ ပြည်မှာပါ အဲ့ဒီကာလ အဲ့ဒီ ဝေသာလီပြည်မှာပဲ` မဝိမလာ ´လို့အမည်ရတဲ့ အမျိုးသမီးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ် ။

ဝိမလာ ရဲ့ အဓိပ္ပါယ်က အညစ်အကြေးကင်းစင်သူ သန့်ရှင်းစင်ကြယ်သူပါ ဒါက တင်စားထားတဲ့ ရုဠိ နာမည်ပါ တကယ့်အရှိ အနွတ္ထအမည် မဟုတ်ပါဘူး ဝိမလာ ဟာဝေသာလီပြည်မှာ အလှဆုံး စာရင်းဝင်တစ်ယောက်ပါ။

သူ့ရဲ့ ထူးခြားချက်ကတော့ အမေဖြစ်သူက ပြည့်တန်ဆာမတစ်ယောက် ဖြစ်တဲ့အတွကိ သူလည်း အရွယ်ရောက်လာတဲ့အခါ မိခင်ရဲ့အလုပ်ကို ဆက်လုပ်ရပါတယ် ။

ဝိမလာ ဟာဝေသာလီ ပြည်သားတွေရဲ့ ပါးစပ်ဖျားမှာလည်း “ဝိမလာ ၊ ဝိမလာ ” ဆိုပြီး ရေပန်းစားနေပါတယ် ဝိမလာရဲ့ဆီကို သူဌေးသူကြွယ်တွေလောက်ပဲ သွားနိုင်ပါတယ် ကျန်တဲ့ သာမန်လူတွေကတော့ မသွားနိုင်ပါဘူး။

ဝိမလာ ကိုယ်တိုင်ကလည်း သူ့ရဲ့အလှ သူ့ရဲ့အောင်မြင်ကျော်ကြားမှု အပေါ်သိပ်ပြီး ဂုဏ်ယူပါတယ် ဒီလိုနဲ့ တစ်နေ့မှာတော့ အရှင်မဟာမောဂ္ဂလာန် ဟာဝေသာလီပြည်ထဲကို ဆွမ်းခံကြွလာပါတယ် ။

ကြွလာရင်း ဝိမလာရဲ့ အိမ်ရှေ့ရောက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် ဝိမလာက အိမ်ထဲကနေ အပြင်ကို ထွက်အကြည့်နဲ့ ဆုံသွားပါတယ် ဝိမလာက အရှင်မဟာမောဂ္ဂလာန် ကိုမြင်လိုက်တာနဲ့ တစ်ပြိုက်နက် ရင်ခုန်သွားပါသတဲ့ ။

ပြီးတော့ ချစ်စိတ်လည်း ဖြစ်သွားပါသတဲ့ တစ်စုံတစ်ယောက်ကို ချစ်မိရင် အဲ့ဒီသူဆီက အချစ်ကိုပြန်လိုချင်တာက ဓမ္မတာပါ ဝိမလာဟာ အရှင်မဟာမောဂ္ဂလာန် ဆီကအချစ်ကို ရဖို့အတွက် အပြင်းအထန် စဉ်းစားပါတယ် ။

ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ သူ့ရဲ့ထူးခြားတဲ့အလှကို တွေ့လိုက်ရပါတယ် ဒါကြောင့်အိမ်မှာရှိတဲ့ အဝတ်တွေထဲက ကောင်းပေ့ဆိုတဲ့ အဝတ်တစ်စုံကို ထုတ်ဝတ်လိုက်ပါတယ် ။

တန်ဖိုးအကြီးဆုံး လက်ကောက်တို့ ဆွဲကြိုးတို့ကိုလည်း ဝတ်ဆင်လိုက်ပါတယ် အကောင်းဆုံးနံ့သာဆီ ကိုလည်း လိမ်းလိုက်ပါတယ် အရင်ပြင်နေကျနေ့တွေထက် ပိုပြင်လိုက်ပါတယ် ပြီးတော့ ကိုယ်လုံးပေါ် မှန်ရှေ့ရပ်လိုက်ပါတယ် ။

မှန်ထဲကြည့်ပြီး သူ့ရဲ့အလှနဲ့ သူ့ရဲ့ ပြင်ဆင်ခြယ်သထားမှု အပေါ်ကိုလည်း စိတ်ချသွားပါတယ် စိတ်တိုင်းကျ ပြုပြင်ပြီးပြီဆိုမှ အဖော် သီးခြားမခေါ်တော့ပဲ အရှင်မဟာမောဂ္ဂလာန် ရှိရာကျောင်းကို တစ်ယောက်တည်းပဲ ထွက်ခဲ့ပါတယ် ။

အရှင်မဟာမောဂ္ဂလာန် ဆီရောက်တော့ ရှိခိုးဦးချလိုက်ပါတယ် အရှင်မဟာမောဂ္ဂလာန် ကိုအနီးကပ် တွေ့လိုက်ရတော့ ရင်ကပိုပြီး ခုန်သွားပြန်ပါတယ် ပြီးတော့ သံယောဇဉ်ရှိတဲ့ အကြောင်း နှုတ်က ဖွင့်ပြောလို့မရတဲ့ အတွက် အမူအရာလေးတွေနဲ့ ပြပါတယ် ။

အရှင်မဟာမောဂ္ဂလာန် ကတော့ဝိမလာ ရဲ့ စိတ်ထဲမှာ ဘာဖြစ်နေတယ် ဆိုတာကို ကောင်းကောင်းသိပါတယ် ဒီတော့ အရှင်မဟာမောဂ္ဂလာန်က အလှကို အမှီပြုပြီး အလှနဲ့ဆွယ်နေတဲ့ ဝိမလာကို အလှရဲ့ဆန့်ကျင့်ဘက် ဖြစ်တဲ့ အသုဘတရားကို ဟောပါတယ် ။

” နှမ ဝိမလာ သင့်ရဲ့ ခန္ဓာကိုယ်ဟာ စက်ဆုပ်ရွံရှာဖွယ် တွေနဲ့ ပြည့်နေတယ် ပြီးတော့ အပုပ်နံ့တွေနဲ့လည်း နံစော်နေတယ် သူတစ်ပါးရဲ့ ခန္ဓာကိုယ်ကလည်း ဒီအတိုင်းပဲ ။

စက်ဆုပ်ဖွယ်ဖြစ်တဲ့ ခန္ဓာကိုယ်

သင် နှမဟာ စက်ဆုပ်ဖွယ်ဖြစ်တဲ့ ခန္ဓာကိုယ် အချင်းချင်း တပ်မက်နေတယ် ” အရှင်မဟာမောဂ္ဂလာန်က ဝိမလာရဲ့ နှလုံးသားထဲအထိ ရောက်သွားအောင် ဝိမလာ သဘောပေါက်သွားအောင် အသုဘတရားကို အကျယ်ဟောပြပါတယ် ။

အရှင်မဟာမောဂ္ဂလာန်က ဂါထာတွေအများကြီးနဲ့ ဟောပြတာပါ အတိတ်အတိတ် ဘဝတွေကပါရမီ ပါလာခဲ့သူလည်းဖြစ် ၊ ဟောနေတဲ့သူကလည်း အရှင်မဟာမောဂ္ဂလာန် ဖြစ်ဆိုတော့ ချက်ချင်းအသိမှန်ကို ရသွားပါတယ် ။

တရားထူးတော့ မရသေးပါဘူး ဒါကြောင့် ဝိမလာက ” အရှင်ဘုရား တပည့်တော်ကို ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့ ဥပါသိကာမ အဖြစ် အသိအမှတ်ပြုပါ ဘုရား” လို့ လျှောက်လိုက်ပါတယ်။

ဝိမလာဟာ အိမ်ရောက်တော့ အရှင်မဟာမောဂ္ဂလာန် ဟောခဲ့တဲ့တရား ၊ ဟောလိုက်တဲ့တရားက ခေါင်းထဲက မထွက်တော့ပါဘူး ဒါကြောင့် နဖူးပေါ် လက်တင်ပြီး စဉ်းစားပါတယ် ။

” လူ့ဘဝကို ရရှိဖို့ကလည်း သိပ်ပြီးခဲယဉ်းတယ် အသက်ရှင်နေဖို့လည်း ခဲယဉ်းတယ် တရားတော်ကို နာကြားခွင့်ရဖို့လည်း ခဲယဉ်းတယ် မြတ်စွာဘုရား သာသနာတော်နဲ့ တွေ့ကြုံဖို့လည်း ခဲယဉ်းတယ် ငါဟာ ရခဲတဲ့ ခဲယဉ်းတဲ့ တရားလေးပါးကို ရနေတယ်။

ရခဲခြင်းတရား လေးပါးကို ရနေခိုက်မှာ အရှင်မဟာမောဂ္ဂလာန် မျှော်လင့်တဲ့ ရစေချင်တဲ့ အရဟတ္တဖိုလ် ကို ရအောင်ရှာမှပဲ ” ဝိမလာဟာ အဲ့ဒီလိုစဉ်းစားပြီး သူ့ရဲ့လုပ်နေကျ ပြည့်တန်ဆာအလုပ်ကို ရပ်ပစ်လိုက်ပါတယ် ။

သူ့ဆီလာနေကြ ပုဂ္ဂိုလ်တွေကတော့ တောက်တခေါက်ခေါက်နဲ့ပေါ့ ဝိမလာကတော့ ဂရုမစိုက်ပါဘူး ပြီးတော့ “ငါ ဒီအတိုင်းနေလို့ ကတော့ အရဟတ္တဖိုလ်က သူ့အလိုလို ငါ့ဆီ ရောက်လာမှာ မဟုတ်ဘူး ။

တရားအားထုတ်မှပဲ တရားအားထုတ်တဲ့ နေရာမှာလည်း ငါ့မှာ လောကီအတွက် ဘာမှငဲ့စရာ မရှိတော့ ဘိက္ခုနီဝတ်ပြီး တရားအားထုတ်တာ အကောင်းဆုံးပဲ ” ဆိုပြီး ဘိက္ခုနီမ ဝတ်လိုက်ပါတယ် ။

ဆိတ်ငြိမ်တဲ့ နေရာတစ်ခုမှာ သွားပြီး တရားအားထုတ်လိုက်တာ ” အရဟတ္တဖိုလ် “ရသွားပါတော့တယ် ဒီတော့ တကယ့်ကိလေသာ အညစ်အကြေး ကင်းစင်သူ ဝိမလာ ဖြစ်သွားတော့တာပါ ။

ဝိမလာဟာ အရှင်မဟာမောဂ္ဂလာန် ဆီကိုသွားတုန်းက ရာဂစိတ်နဲ့ သွားခဲ့တာပါ သာမန်အားဖြင့် တွေးရင် ရာဂစိတ် တဏှာစိတ်ကလည်း ပြင်းထန် လုပ်တဲ့ အလုပ်ကလည်း ပြည့်တန်ဆာ အလုပ်ဆိုတော့ ။

ဘယ်လိုမှ တရားထူး တရားမြတ် ရနိုင်စရာအကြောင်း မရှိပါဘူး ဒါပေမယ့် လူဟာ ပစ္စုန်ပ္ပန်တည့်တည့်မှာ ကိုယ်ဖြစ်နေတဲ့ စိတ်နဲ့ ရုပ် ကိုတည့်တည့့်ဉာဏ်နဲ့ စိုက်ကြည့်လိုက်နိုင်ဖို့ပါပဲ ဉာဏ်နဲ့ တည့်တည့်စိုက်ကြည့်လိုက် တာနဲ့ တစ်ပြိုက်နက် ။

လက်ရှိရပ်တည်နေတဲ့ ရပ်တည်ချက်နဲ့ အမှန်အမှားကို သိခွင့်ရသွားတတ်ပါတယ် လူဟာ ကိုယ့်ဘဝကိုယ် အမှန်အတိုင်း သိသွားဖို့ပဲ အရေးကြီးပါတယ် ပုထုဇဉ်ပီပီ ဘယ်သူမှ အပြစ်မကင်းကြပါဘူး ။

ဒါကြောင့် ဝိပဿနာတရားကို အားထုတ်လိုက်ရင် ဘဝရဲ့ အမှန်တရားကို အလင်းတစ်ခု အနေနဲ့ သိခွင့် ရလိုက်ကြမှာပါ ။

Related Posts

ေငြကံည့ံေနပါသလား

admin | November 20, 2019 | 0

Zawgyi သူမ်ားထံမွ ယူထားတဲ့ ေငြ ျပန္ဆပ္ခ်င္သူေတြ အတြက္ပါ တခ်ိဳ႕ မေျပလည္လို႔. သူမ်ားဆီက ေႂကြးယူ မေျပလည္ေတာ့ျပန္မဆပ္နိူင္ ရွာၾကဘူး။ ဒီလို ျပန္ဆပ္ခ်င္တဲ့စိတ္ဓာက္ ရွိတာကိုက. အင္မတန္ ေလးစားစရာ ေကာင္းတယ္ သူမ်ားဆီက. ေငြယူၿပီ ျပန္ဆပိခ်င္တဲ့ စိတ္ဓာက္ ရွိသူေတြလည္ ရွိတယ္ ။ သူတို႔ခမ်ာ မေျပလည္လြန္းလို႔သာ ၿငိမ္ေနရွာ ၾကတာ ေငြ…

စာသင္ေက်ာင္းေတြမွာ ပ႒ာန္တရားေတာ္ကို သင္ရိုးၫႊန္းတမ္းအျဖစ္ ျပဌာန္းလိုက္တဲ့ အဂၤလန္

admin | November 9, 2019 | 0

Zawgyi အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ကေလးေတြဟာ ကန္ေက်ာက္တာနဲ႕ ဆဲေရးတိုင္းထြာတာေတြကို ျပဳမႈခ်ိန္မွာ သူတို႔ကိုယ္တိုင္ သူတို႔ေတြ ဘာေတြ ခံစားေနသလဲဆိုတာ နားမလည္နိုင္ၾကလို႔ပါပဲ။ သူတို႔ရဲ႕ စိတ္ခံစားခ်က္ကို သက္သာေစမယ့္ နည္းလမ္းကို ရွာမေတြ႕လို႔ပါပဲ ဒီျပႆနာကို ေျဖရွင္းဖို႔ အဂၤလန္က စာသင္ေက်ာင္းေတြဟာ နည္းလမ္းသစ္နဲ႕ ကိုင္တြယ္ၿပီး စတင္လုပ္ေဆာင္လာပါတယ္။ ဒါကေတာ့ လူငယ္လူ႐ြယ္ ကေလးေတြရဲ႕ စိတ္က်န္းမာေရးကို တိုးတက္ေကာင္းမြန္ဖို႔ စာသင္ခန္းေတြမွာ သတိပ႒ာန္က်င့္စဥ္ကို…

Recent Posts

Archives

Meta