အလန်းစားပုံရိပ်လေးတွေကို ချပြလာတဲ့ သင်ဇာဝင့်ကျော်

အလန်းစားပုံရိပ်လေးတွေကို ချပြလာတဲ့ သင်ဇာဝင့်ကျော်

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေပေါ်မှာ အလန်းဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်တတ်တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ ကျစ်လျစ်သွယ်လျပြီး အချိုးအစားပြေပြစ်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအပြင် အနုပညာမောင်နုမတွေကပါ သူမကိုအပြတ်အသတ် ကြွေနေရတာ ဖြစ်ပါတယ် ။

အသက် (၃၀)ကျော်အရွယ်ကို ရောက်ရှိနေပေမယ့်လည်း တစ်နေ့ထက်တစ်နေ့ အရွယ်တင်နုပျိုပြီး အလှတရားတွေကတော့ လျော့သွားခြင်းမရှိဘဲ လှသထက်လှလာတာ တွေ့ရပါတယ်။ဒါ့အပြင် ဖက်ရှင်ကျကျဝတ်စား ဆင်ယင်တတ်ပြီး ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာနေထိုင်တတ်တဲ့ သင်ဇာဝင့်ကျော် ကတော့ ယခုမှာ ပရိသတ်တွေ အသည်းယားစေလောက်မယ့် အလန်းစားပုံရိပ်တချို့ကို ဖော်ပြပေးလာတာ တွေ့ရပါတယ်။

ဒီတစ်ခါမှာလည်း သင်ဇာဝင့်ကျော်က ခပ်မိုက်မိုက် ဖက်ရှင်လေးကို အထာကျကျဝတ်ပြီး ပို့စ်ပေးဖမ်းစားထားတာ ဖြစ်ပါတယ်။ ဝတ်ဆင်ထားတဲ့ ဖက်ရှင်လေးကလည်း သူမရဲ့ ပင်ကိုယ်အလှတရားတွေနဲ့ လိုက်ဖက်တင့်တယ်ပြီး ဆွဲဆောင်မှုရှိနေတာ တွေ့ရပါတယ်။ ဒီလို အရမ်းကိုမိမိုက်နေတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ အသည်းယားစရာပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Leave a Reply

Your email address will not be published.