ကျန်းမာစေခြင်း  ဆီထမင်းအလှူ

-ဝဠာမိုးအောင်(အယူတော်မင်္ဂလာ)-

တစ်နေ့တွင်”ကျွန်တော်၏နေအိမ်သို့ ကျွန်တော်၏အဒေါ်”ဒေါ်ပုမတစ်ယောက်”ရောက်လာခဲ့ပါသည်။ ကျွန်တော်က -

“ဘယ်က ဘယ်လို မျက်စိလည်ပြီး”ရောက်လာတာလဲ အဒေါ်ရဲ့ ...” ဟု”မေးလိုက်ရာ အဒေါ်  ”ဒေါ်ပုမက -

 

  “မျက်စိလည်လာတာမဟုတ်ဘူးဟေ့ ...၊ တည့်တည့်ပဲလာတာ ...။ ငါရဲ့ခမည်းခမက်” ”ဒေါ်အေးစိန်”နေမကောင်းဖြစ်နေလို့ လူနာသွားမေးမလို့ဟဲ့ ...”ဟု ပြန်ပြောသဖြင့် ကျွန်တော်က -

ဘယ်လိုအဒေါ်ရဲ့ ... ”ဒေါ်အေးစိန်”နေမကောင်းတာ ဘယ့်နှယ့်ကြောင့် ကျွန်တော့်အိမ်ကို ရောက် လာတာတုံး ...”ဟု ပြန်မေးလိုက်ရပါသည်။ ထိုအခါ ဒေါ်ပုမက နဖူးက”ချွေးကို လက်ဖြင့်သပ်ရင်း ...

“ဒေါ်အေးစိန်””နေမကောင်းဖြစ်နေတာက”တော်တော်ကြာပြီဟဲ့ ...။ သူ့မှာက”နေကောင်းတယ်လို့ကို မရှိဘူး။ အိပ်ရာထဲ လဲသွားလိုက်၊ နည်းနည်း သက်သာလာလိုက်၊”ပြန်ပြီးလဲသွားလိုက်နဲ့ သံသရာကို လည် နေတော့တာပါပဲ ...။ အဲ့ဒါ နင့်ကို သတိရမိလို့၊ နင်တို့ဆရာကြီး ဇင်ယော်နီမှာ နည်းကောင်းလေးတွေ ရှိမှာပဲဆိုပြီး ဝင်လာခဲ့တာ ...”ဟုရှင်းပြပါသည်။” ထိုအခါမှ ကျွန်တော်ကလည်း သဘောပေါက်သွားကာ 

“လူနာကိုယ်တိုင်” ဆီထမင်းထိုးရမယ်ဗျ၊ ဆီထမင်းထိုးတဲ့အခါ ချိုးကပ်သွားအောင်”ထိုးရမယ်ဗျ။ ချိုးကပ်သွားပြီဆိုရင်”အထက်အောက်လှန်ပြီး ထပ်ထိုးရမယ်။”နှစ်ဖက်”ချိူးနဲ့ ဆီထမင်းကို “ကြွေပန်းကန်ထဲ ထည့်ပြီးတော့ ကြက်ဥပြုတ်”နှစ်လုံးကို အနာအဆာမရှိအောင်”ဂရုစိုက်ပြီး ခွာရမယ်။ ပြီးရင် ဆီထမင်း ပန်းကန်ပေါ်မှာ ထပ်တင်ရမယ်။”ပြီးတော့ ဆားလေးနည်းနည်းလည်း ပုံရမယ်။ အဲ့ဒါလေးကို စားပွဲခုံလေး တစ်လုံးပေါ်မှာတင်ပြီး စန္ဒီမယ်တော်”ကြီးကိုရည်စူးပြီး လှူဒါန်းရမယ်ဗျ ...။ ပြီးတော့ ဘာနေ့သမီး မဘယ်သူရဲ့ ဘာရောဂါပျောက်ကင်းချမ်းသာဖို့ ဆရာကောင်းတွေ့အောင်၊ ဆေးစွမ်းလည်း ထက်အောင်” ကူညီမစတော် မူပါလို့”ဆုတောင်းခိုင်းလိုက်ပါ ...” ဟု ပြောပြလိုက်ရပါသည်။ ကျွန်တော်၏အဒေါ် ဒေါ်ပုမလည်း သေချာ စေရန် ထပ်ကာထပ်ကာ ပြန်၍မေးမြန်း မှတ်သားပြီးနောက် -

“ကျေးဇူးငါ့တူရေ ... ၊ အခုပဲ သွားပြီး”လုပ်ခိုင်းလိုက်တော့မယ် ...” ဟု”ပြောပြီး အလျင် အမြန်”ထွက်သွားပါလေတော့သတည်း။   ။

-ဝဠာမိုးအောင်(အယူတော်မင်္ဂလာ)-

zawgyi version

 

က်န္းမာေစျခင္း  ဆီထမင္းအလွဴ

-ဝဠာမုိးေအာင္(အယူေတာ္မဂၤလာ)-

***************************

တစ္ေန႔တြင္”ကြ်န္ေတာ္၏ေနအိမ္သို႔ ကြ်န္ေတာ္၏အေဒၚ”ေဒၚပုမတစ္ေယာက္”ေရာက္လာခဲ့ပါသည္။ ကြ်န္ေတာ္က -

“ဘယ္က ဘယ္လို မ်က္စိလည္ၿပီး”ေရာက္လာတာလဲ အေဒၚရဲ႕ ...” ဟု”ေမးလိုက္ရာ အေဒၚ  ”ေဒၚပုမက -

  “မ်က္စိလည္လာတာမဟုတ္ဘူးေဟ့ ...၊ တည့္တည့္ပဲလာတာ ...။ ငါရဲ႕ခမည္းခမက္” ”ေဒၚေအးစိန္”ေနမေကာင္းျဖစ္ေနလို႔ လူနာသြားေမးမလို႔ဟဲ့ ...”ဟု ျပန္ေျပာသျဖင့္ ကြ်န္ေတာ္က -

ဘယ္လိုအေဒၚရဲ႕ ... ”ေဒၚေအးစိန္”ေနမေကာင္းတာ ဘယ့္ႏွယ့္ေၾကာင့္ ကြ်န္ေတာ့္အိမ္ကို ေရာက္ လာတာတံုး ...”ဟု ျပန္ေမးလိုက္ရပါသည္။ ထိုအခါ ေဒၚပုမက နဖူးက”ေခြ်းကို လက္ျဖင့္သပ္ရင္း ...

“ေဒၚေအးစိန္””ေနမေကာင္းျဖစ္ေနတာက”ေတာ္ေတာ္ၾကာၿပီဟဲ့ ...။ သူ႕မွာက”ေနေကာင္းတယ္လို႔ကို မရွိဘူး။ အိပ္ရာထဲ လဲသြားလိုက္၊ နည္းနည္း သက္သာလာလိုက္၊”ျပန္ၿပီးလဲသြားလိုက္နဲ႔ သံသရာကို လည္ ေနေတာ့တာပါပဲ ...။ အဲ့ဒါ နင့္ကို သတိရမိလို႔၊ နင္တို႔ဆရာႀကီး ဇင္ေယာ္နီမွာ နည္းေကာင္းေလးေတြ ရွိမွာပဲဆိုၿပီး ဝင္လာခဲ့တာ ...”ဟုရွင္းျပပါသည္။” ထိုအခါမွ ကြ်န္ေတာ္ကလည္း သေဘာေပါက္သြားကာ 

“လူနာကိုယ္တိုင္” ဆီထမင္းထိုးရမယ္ဗ်၊ ဆီထမင္းထိုးတဲ့အခါ ခ်ိဳးကပ္သြားေအာင္”ထိုးရမယ္ဗ်။ ခ်ိဳးကပ္သြားၿပီဆိုရင္”အထက္ေအာက္လွန္ၿပီး ထပ္ထိုးရမယ္။”ႏွစ္ဖက္”ခ်ိဴးနဲ႔ ဆီထမင္းကို “ေၾကြပန္းကန္ထဲ ထည့္ၿပီးေတာ့ ၾကက္ဥျပဳတ္”ႏွစ္လံုးကို အနာအဆာမရွိေအာင္”ဂ႐ုစိုက္ၿပီး ခြာရမယ္။ ၿပီးရင္ ဆီထမင္း ပန္းကန္ေပၚမွာ ထပ္တင္ရမယ္။”ၿပီးေတာ့ ဆားေလးနည္းနည္းလည္း ပံုရမယ္။ အဲ့ဒါေလးကို စားပြဲခံုေလး တစ္လံုးေပၚမွာတင္ၿပီး စႏၵီမယ္ေတာ္”ႀကီးကိုရည္စူးၿပီး လွဴဒါန္းရမယ္ဗ် ...။ ၿပီးေတာ့ ဘာေန႔သမီး မဘယ္သူရဲ႕ ဘာေရာဂါေပ်ာက္ကင္းခ်မ္းသာဖို႔ ဆရာေကာင္းေတြ႕ေအာင္၊ ေဆးစြမ္းလည္း ထက္ေအာင္” ကူညီမစေတာ္ မူပါလို႔”ဆုေတာင္းခိုင္းလိုက္ပါ ...” ဟု ေျပာျပလိုက္ရပါသည္။ ကြ်န္ေတာ္၏အေဒၚ ေဒၚပုမလည္း ေသခ်ာ ေစရန္ ထပ္ကာထပ္ကာ ျပန္၍ေမးျမန္း မွတ္သားၿပီးေနာက္ -

“ေက်းဇူးငါ့တူေရ ... ၊ အခုပဲ သြားၿပီး”လုပ္ခိုင္းလိုက္ေတာ့မယ္ ...” ဟု”ေျပာၿပီး အလ်င္ အျမန္”ထြက္သြားပါေလေတာ့သတည္း။   ။

-ဝဠာမုိးေအာင္(အယူေတာ္မဂၤလာ)-

Share