ယောကျာ်းပြောစကား နားထောင်စေလိုသော်

-အဂ္ဂမောင်(ကံတလူ)-

ဒီလိုရှိပါတယ်။ ကျွန်တော်တို့ဆီကို ရောက် လာတဲ့ ဗေဒင်မေးသူ အမျိုးသမီး တွေဟာ သူတို့ယောကျာ်းတွေက သူတို့ရဲ့စကားကိုနားမထောင်လို့ပါ ...၊ အဲဒါ ဘယ်လိုလုပ်ရမလဲဆိုပြီး မေးလေ့ရှိပါတယ်။ ယောကျာ်းတွေဘက်ကကြည့်ရင်လည်း မိန်းမတွေက သူတို့စကားကို နားမထောင်လို့ ဆိုပြီး ရှိကြမှာပေါ့ နော် ...။ 

 

အခု ရေးပြချင်တာကတော့ သူ့ဟာသူ အ လုပ်ကြိုးစားပြီး တာဝန်ကျေနေတဲ့ လင်ယောကျာ်း များအတွက် မဟုတ်ပါဘူး။ အလုပ်လည်း ကောင်း ကောင်းမလုပ်၊ အပျော်အပါးကလည်း လိုက်စားချင် ဆိုတဲ့ လင်ယောကျာ်းသားများကို ပြုလုပ်ဖို့နည်း ဖြစ် ကြောင်းပါဗျာ ...။ 

 

ထမင်းအိုးထဲက ဦးဦးဖျားဖျားခူးထားတဲ့ ထ မင်းကို (၃)ဆုပ် ဆုပ်ပြီး ပန်းကန်ပြားထဲမှာထည့်ပါ။ 

 

အဲဒီပန်းကန်ပြားကို ကိုင်ထားရင်း မီးဖိုရှေ့၊ ထမင်းအိုးရှေ့မှာ ကိုယ့်ယောကျာ်း ကိုယ့်စကားကို နား ထောင်စေချင်တဲ့ကိစ္စ ဆုတောင်းပါ။ (ကောင်း သော မှန်သော ကိစ္စဖြစ်ဖို့တော့ လိုတာပေါ့နော်)

 

ပြီးရင် ကိုယ့်ယောကျာ်းစားမယ့် ထမင်းပန်း ကန်ထဲမှာ အထက်ကပြောခဲ့တဲ့ ထမင်းဆုပ်(၃)ဆုပ် ကိုပါ ရောပြီး ထည့်ပြင်ပြီး ကျွေးပါ။

 

တစ်ပတ်မကြာပါဘူး။ သင်ဖြစ်ချင်တဲ့ ဆန္ဒ များအတိုင်း သင့်ယောကျာ်းဖြစ်လာတာ၊ လိုက်လျော လာတာ၊ အချိုးတွေပြောင်းလာတာကို မျက်မြင် ကိုယ်တွေ့ ကြုံတွေ့ရပါလိမ့်မယ်တဲ့ဗျား ...။

 

ခြေရှုပ်နေတယ်လို့ကြားရင်လည်း ဒီအတိုင်း ပဲ လုပ်ပါလေ ...။

 

အဂ္ဂမောင်(ကံတလူ)

Share