လွန်စွာချိုမြိန်သော ယတြာ

-လင်းရောင်တင်-

==============

ပြီးခဲ့တဲ့ အမေနေ့တုန်းက အမေ အဖေ သက်ရှိထင်ရှားရှိတုန်း ကိုယ့်နဖူးနဲ့ အမေ့ခြေဖမိုးနဲ့ အဖေ့ခြေဖမိုးနဲ့ တိုက်ပြီး ထိပြီးရှိခိုးရတဲ့အရသာဟာ ဘယ်အရသာနဲ့မှ မတူဘူး။ သိပ်အရသာရှိတယ်။ ပြီးတော့ အဲသလို ဖမိုး၊ နဖူးတိုက်(ဦးတိုက်)ပြီး ရှိခိုး လိုက်ရတဲ့အတွက် မိဘအပေါ်မှာ ပြောဆိုကြံစည်ခဲ့ ဖူးတဲ့ အကုသိုလ် အညစ်အကြေးတော်တော်များ များဟာ စင်ကြယ်သွားကြတဲ့

ကုသိုလ်ကောင်းမှု တရားတွေ နိုးကြားလာခဲ့ကြတော့တယ်။ 

ဆိုတဲ့ အဲဒီအကြောင်းလေးကို ဖေ့စ်ဘွတ်ခ်မှာ   တင်ပေးလိုက်တယ်။ အဲဒါကို ဖတ်ရတဲ့ ကိုယ့်ရဲ့ တူတော်မောင်က အဲဒီနေ့မှာပဲ သူ့အမေနဲ့ အဖေရဲ့ခြေ ဖမိုးတွေကို နဖူးနဲ့တိုက် ဦးခိုက်ပြီး ကန်တော့တယ်။ ချက်ချင်းပဲ အကောင်အထည်ဖော်လိုက်တဲ့ တူတော် မောင် အောင်ကျော်ဆန်းကို သာဓုခေါ်ဖြစ်လိုက်ပါ တယ်။ 

များသောအားဖြင့်တော့ ဒီလိုမဟုတ်ကြဘူး။ 

ပိုက်ဆံရှိတဲ့လူတွေက ငါ့မိဘတွေကို ငါကျွေး ထားနိုင်တယ်။ နေ့သူနာပြု ညသူနာပြုနေ့စဉ်ငှား ထားပေးတယ်။ ငါ့အနေနဲ့ သားသမီးဝတ္တရားကျေ ပြီ။ အဲသလိုတွေးပြီး ငွေဘယ်လောက်ကုန်ကုန် မိဘ အတွက် အကုန်ခံတယ်(အကုန်ခံနိုင်လောက်အောင် လည်း သောက်သောက်လဲ ဝင်နေကြတာကိုး)။ 

ဒါပေမဲ့ ... အဲဒီ ဒါပေမဲ့က သိပ်ပြီး အရေး ကြီးပါတယ်။ သူတို့က ငွေလမ်းခင်းပြီးသာ မိဘကို ပြုစုတာ။ ငွေဘယ်လောက်ကုန်ကုန်၊ သိန်းရာထောင် ချီပြီးဆေးကုတာ ဒါပေမဲ့ သူတို့ရဲ့ လက်ခြေနဲ့ ပြုစု ပေးကြတာ မဟုတ်ဘူး။ ယောင်လို့များ အမေ့ ခြေ သလုံးလေး အဖေ့ခြေသလုံးလေးကို တစ်ချက်  နှစ် ချက်မနှိပ်ပေးဘူးတဲ့လူ ရှိတယ်။ တချို့များ မိဘ သေသာသွားရော ခြေဆုပ်လက်နယ် လုံးဝမပြုစု လိုက်ရတာမျိုးတွေ ရှိတယ်။ 

ငွေရှိလို့ အကုန်ခံပြီး ဆေးကုတာကောင်းပါ တယ်။ ဒါပေမဲ့ ဇက်ကြောလေး တစ်ချက်လောက် ကြင်ကြင်နာနာ ယုယုယယ ပြုစုတာကို မခံချင်တဲ့ မိဘရယ်လို့ ရှိ်မယ်မထင်ပါဘူး။ ငွေရှိလို့ ကျွေးတာ မွေးတာ၊ တန်ဖိုးကြီးတာတွေ ပေးကမ်းဆောင်ရွက် တာတွေဟာ ကောင်းပါတယ်။ ဒါပေမဲ့ အသားတုံး ကို အရိုးနွှင်ပေးတဲ့ သားသမီး မိဘကို အရိပ်တကြည့် ကြည့်နဲ့ အနီးကပ်ပြုစုတဲ့ သားသမီးမျိုးကိုတော့ မိဘ တွေ လိုချင်ရှာကြမှာပါပဲ။ 

တချို့ သားသမီးများကျတော့ မကျွေးလည်း မကျွေးမွေးနိုင်၊ မစောင့်လည်း မစောင့်ရှောက်နိုင်ဘဲ မိဘကို ပိဿာလေးနဲ့ ဘေးပစ်သလောက် အထိနာ တဲ့ စကားလုံးတွေနဲ့ ပြန်ပြောကြဆိုကြ၊ နှုတ်လှန်ထိုး ကြနဲ့ ငရဲအိုးကြီးကြီး မျက်စောင်းထိုးကြတဲ့ သားသမီး များလည်း ရှိကြလေရဲ့။ 

မိဘတွေ သက်ရှိထင်ရှားရှိတုန်းကတော့ ရှိ တယ်လို့ မအောက်မေ့ဘူး။ မျက်နှာလွှဲခဲပစ်နေခဲ့တယ်။ အတူနေစဉ်တုန်းကလည်း နှုတ်လှန်ထိုးကြတယ်။ ဟော မိဘတွေ ဆုံးပါးသွားတော့ သူတို့လည်း အရွယ်တွေ ရလာကြပြီ။ သူတို့ကိုနှုတ်လှန်ထိုးမယ့် သားသမီးတွေလည်း ပေါက်ဖွားလာကြပြီဆိုတာ့ သွား လေသူ မိဘများကို သတိတရရှိလာကြတယ်။ သူတို့ မှားယွင်းခဲ့တာတွေကို တွေးမိပြီး အသိတရားတွေ ဝင်လာခဲ့တယ်။ သို့သော် အခါနှောင်းခဲ့ပြီ။ 

ဖမိုးနဖူးတိုက်ကန်တော့ပြီး တောင်းပန်ရမယ့် မိဘတွေ မရှိရှာကြတော့ဘူး။ အဲဒီလို လူတွေအတွက် ပြေရာပြေကြောင်း ဖြေသာစရာ နည်းကောင်းတွေ ဆရာသမားလူကြီး သူမများက လမ်းညွှန်လာကြ တယ်။ 

အဲဒါကတော့ အဖေ့ခြေရာနဲ့ အမေ့ခြေရာကို အဝတ်ဖြူစမှာ ပုံနှိပ်ထားပြီးတော့ ခေါင်းရင်းမှာထား ရှိခိုးကြတဲ့ စနစ်ကလေးတွေ လုပ်ယူလာကြတယ်။ ရသေ့စိတ်ပြေပေါ့။ ဒါလည်း ကောင်းတဲ့ဓလေ့တစ်ခု ပါပဲ။ ဘာမှမလုပ်ဖြစ်တာနဲ့စာရင်ခုလို ခြေရာလေး တွေ ယူထားလိုက်ပြီး မိဘမရှိတော့တဲ့အခါ ကိုး ကွယ်စရာ ရှိခိုးစရာအဖြစ် ရှိနေတာ အများကြီး ကောင်းပါတယ်။ အပြစ်တွေရှိရင် ကျေတန် သလောက် ကျေသွားနိုင်တာပေါ့လေ။ 

မိဘခြေရာယူပြီးသိမ်းထားတာ ကောင်းပေ မယ့် သက်ရှိထင်ရှားရှိတုန်း မိဘကို ဖမိုးဦးတိုက်ကန် တော့နိုင်ရင် အကောင်းဆုံးယတြာပါပဲ။ အဲသလိုများ မိဘကို ဖမိုးဦးတိုက် နေ့စဉ်များဦးခိုက်နိုင်ရင် ဘယ် လောက်များ ကောင်းလိုက်မလဲ။ ဘုန်းတွေကြီးပြီး သက်တော်ရာကျော်ရှည်ကြမှာ။ 

လင်းရောင်တင်လည်း အသက်လေးဆယ် ကြမှ မိခင်ကြီးကို သွားတွေ့တိုင်း ဖမိုးနဖူးတိုက် ဦးခိုက် ကန်တော့ဖြစ်ခဲ့ပါတယ်။ ဒါကိုမြင်တဲ့ အစ်မ တွေက -

“စာရေးဆရာကတော့ စတန့်ထွင်ပြန်ပြီ အမေ့ဆီက ဘာလိုချင်လဲမသိဘူး”

ဆိုပြီး စကြပြောင်ကြတယ်။ ကိုယ်ကတော့ သူတို့ကို သနားတယ်။ ငွေကြေးအရ ကိုယ့်ထက်ချမ်း သာကြပေမယ့် အမေ့ဖမိုးနဲ့ နဖူးနဲ့တိုက်ရတဲ့ အရသာ  စိတ်ချမ်းသာမှုကို သူတို့မရသွားကြရှာဘူး။ ကိုယ်က တော့ အဲဒီကိစ္စကို ပြန်သတိရတိုင်း အင်မတန်ပီတိ ဖြစ်ရတယ်။ အလွန်စိတ်ချမ်းသာရတယ်။ မိဘတွေ ကို ပြောမှားဆိုမှားရှိခဲ့တဲ့ အပြစ်တွေ ကျေကုန်ပြီလို့ လည်း အောက်မေ့မိတယ်။ အမေနဲ့အဖေ့ရဲ့ခြေရာကို ယူပြီး ကိုးကွယ်စရာအဖြစ် မှတ်မှတ်ရရယူထားတာ လည်း ကောင်းတဲ့အစဉ်အလာပါပဲ။ သူတို့မရှိတော့ ပေမယ့် သူတို့ရဲ့ခြေရာကို အမြဲဦးခိုက်ကြသလို မိဘ ခြေရာတွေကို ပုံနှိပ်ယူတော့မယ်ဆိုရင် ဘယ်နေ့ ဘယ်ရက်မှာ ခြေရာပုံနှိပ်ယူပါ့မယ်ဆိုပြီး ခွင့်တောင်း ထား။ အဲဒီနေ့မှာ ခွက်တစ်ခွက်ထဲမှာ နနွင်းမှုန့် (ဆနွင်းမှုန့်လို့ ခေါ်ကြတယ်)ကို ရေနဲ့ပျစ်ပျစ်လေး ဖျော်ထား။ 

ပြီးတော့မှ အမေအဖေတွေရဲ့ ခြေထောက်ကို ရေနဲ့သန့်စင်အောင် ဆေးကြောပေး။ (ကိုယ်တိုင်ရေ အင်တုံလေးယူပြီး ဆပ်ပြာနဲ့တိုက်ချွတ်ဆေးကြောပေး ရင် ပိုပြီး ကုသိုလ်ဖြစ်တာပေါ့)ရေဆေးပြီးတဲ့ ခြေ ထောက်နှစ်ဖက်မှာ ဖျော်ထားတဲ့ နနွင်းကို သုတ်လိမ်း ပေးပြီး ပိတ်စ၊ အဖြူပေါ်မှာ ခြေစုံရပ် ခိုင်းလိုက်ရင် ခြေရာအစုံကို ရတော့တာပေါ့။ ထင်ထင် ရှားရှား လေးဖြစ်အောင် စိတ်ရှည်ရှည်နဲ့ ပုံနှိပ်ယူ။ 

နနွင်းခြောက်သွားတဲ့အခါ ခေါင်းအုံးအောက် မှာ ထားထား၊ သွားလေရာရာယူယူ အင်မတန် ကောင်းပါတယ်။ အန္တရာယ်ကင်း၊ မျက်နှာပွင့်အ ဆောင်လည်း ဖြစ်ပါတယ်။ ရှေးတုန်းက စစ်သည် တော်တွေ စစ်တိုက်ထွက်ကြတဲ့အခါ အမေ့ထမီစကို နားမှာ ပန်သွားကြတယ်လို့လည်း ဆိုပါတယ်။ အန္တရာယ်ကင်းတယ်။ စစ်အောင်တယ်လို့ ယုံကြည် ကြတယ်။ 

ရှေးပညာရှိများက အဲသလို ခြေရာတွေ ပုံ နှိပ်ယူထားပြီး ရှိခိုးတဲ့အခါ ဂါထာနဲ့ ပူဇော်ရွတ်ဆို ကြပြန်ပါတယ်။ အမေ့ခြေရာရှိခိုးတဲ့ ဂါထာ၊ အမေ့ ခြေရာရှိခိုးတဲ့ဂါထာဆိုပြီး ရှိပါတယ်။ ဂါထာလေးနဲ့ ရှိခိုးကြတဲ့အခါ ပိုပြီးစိတ်ကြည်နူးယုံကြည်မှုရှိတာပေါ့ လေ။ နေ့စဉ်ရှိခိုးနိုင်ရင်တော့ အန္တရာယ်ကင်းလာဘ် ရွှင်တဲ့ ဂါထာတွေ ဖြစ်လာပါလိမ့်မယ်။ မိဘခြေရာ ကို ဦးခိုက်ရှိခိုးတဲ့ဂါထာတွေဟာ အလွန်ချို်မြိန်ကောင်း မွန်တဲ့ယတြာပါပဲ။ 

 

အဖေ့ခြေရာရှိခိုးဂါထာ

============

ဝုဎ္ဍီုကာရော၊ အာလိင်္ဂေတွာ၊

ဥပ္ပိတွာ ပီယ၊ ပုတ္တကံ

ရာဇ ဝဇ္စျံ၊ သုပတိဋ္ဌံ၊

ပါတုပါဒံ၊ နမာမဟံ။ 

 

အသံထွက် 

==========

ဝုတ်ဒီ ကာရော၊ အာလိင်ဂစ်တွာ။ 

အုတ်ပိတွာပီယ၊ ပုတ်တကံ၊ 

ရာဇဝစ်ဇံ၊ သုပတ်တိတ်ထံ၊ 

ပါတုပါဒံ၊ နမာမဟံ။ 

 

အမေ့ခြေရာရှိခိုးဂါထာ

===========

ဒသမာသေ၊ ဥရေကတွာ၊

ပေါသေတိ၊ ဝုဎ္ဍီကာရဏံ၊

အာယုဒီဃံ၊ ဝဿသတံ

မာတုပါဒံ၊ နမာမဟံ။

 

အသံထွက်

=======

ဒတ်သမာသေ၊ အုရေကတွာ၊ 

ပေါသေတိ၊ ဝုတ်ထီကာရဏံ၊ 

အာယုဒီဂံ၊ ဝတ်သသတံ၊ 

မာတုပါဒံ၊ နမာမဟံ။ 

မှတ်ချက်။။ ဝုဎ္ဍီုဆိုတဲ့စာလုံးဟာ ဝတစ် ချောင်းငင်ဝုနဲ့ ဒရင်မှုတ်ထဲကို ဍရင်ကောက်ကလေး ထည့်ပြီး ရေးထားတာဖြစ်ပါတယ်။ ဝုတ်ဒီ လို့ ဖတ်ပါ။ 

အမေနဲ့အဖေရဲ့ ခြေရာကိုလည်း ပုံနှိပ်ယူ ထား။  ခြေရာရှိခိုးတဲ့ဂါထာတွေနဲ့လည်း ရှိခိုး၊ လုပ် နိုင်ရင် ကောင်းပါတယ်။ အမှန်ကတော့ အဖေ အမေ သက်ရှိထင်ရှားရှိနေတုန်း ကိုယ့်နဖူးနဲ့ ဖမိုးနဲ့ အမြဲ တိုက်ပြီး ကန်တော့နေနိုင်ရင်တော့ အကောင်းဆုံး ပါပဲ။ သူတို့ဟာ သက်ရှိဘုရားတွေပါပဲလေ။ 

 

ဇေယျတုသဗ္ဗမင်္ဂလံ

 

လင်းရောင်တင်

အရာရာ အောင်မြင်စေတဲ့ ရတနာဒီပံ ရွှေ ဖယောင်းတိုင်ကိစ္စ တခြားကိစ္စများအတွက် လာရောက် ဆွေးနွေးလိုပါက တိုက်အမှတ် ၁၁၀၇၊ ယဿဝတီ ၁၈ လမ်း၊ တောင်ဥက္ကလာ ၁၃ ရပ်ကွက်၊ ရန်ကုန်မြို့။ ဖုန်း ဝ၉ ၄၂၀ ဝ၁၄ ၆၁၄

 

zawgyi version

လြန္စြာခ်ိဳၿမိန္ေသာ ယၾတာ

-လင္းေရာင္တင္-

==============

ၿပီးခဲ့တဲ့ အေမေန႔တုန္းက အေမ အေဖ သက္ရွိထင္ရွားရွိတုန္း ကိုယ့္နဖူးနဲ႔ အေမ့ေျခဖမိုးနဲ႔ အေဖ့ေျခဖမိုးနဲ႔ တိုက္ၿပီး ထိၿပီးရွိခိုးရတဲ့အရသာဟာ ဘယ္အရသာနဲ႔မွ မတူဘူး။ သိပ္အရသာရွိတယ္။ ၿပီးေတာ့ အဲသလို ဖမိုး၊ နဖူးတိုက္(ဦးတိုက္)ၿပီး ရွိခိုး လိုက္ရတဲ့အတြက္ မိဘအေပၚမွာ ေျပာဆိုႀကံစည္ခဲ့ ဖူးတဲ့ အကုသိုလ္ အညစ္အေၾကးေတာ္ေတာ္မ်ား မ်ားဟာ စင္ၾကယ္သြားၾကတဲ့ ကုသိုလ္ေကာင္းမႈ တရားေတြ ႏိုးၾကားလာခဲ့ၾကေတာ့တယ္။

ဆိုတဲ့ အဲဒီအေၾကာင္းေလးကို ေဖ့စ္ဘြတ္ခ္မွာ   တင္ေပးလိုက္တယ္။ အဲဒါကို ဖတ္ရတဲ့ ကိုယ့္ရဲ႕ တူေတာ္ေမာင္က အဲဒီေန႔မွာပဲ သူ႕အေမနဲ႔ အေဖရဲ႕ေျခ ဖမိုးေတြကို နဖူးနဲ႔တိုက္ ဦးခိုက္ၿပီး ကန္ေတာ့တယ္။ ခ်က္ခ်င္းပဲ အေကာင္အထည္ေဖာ္လိုက္တဲ့ တူေတာ္ ေမာင္ ေအာင္ေက်ာ္ဆန္းကို သာဓုေခၚျဖစ္လိုက္ပါ တယ္။

မ်ားေသာအားျဖင့္ေတာ့ ဒီလိုမဟုတ္ၾကဘူး။

ပိုက္ဆံရွိတဲ့လူေတြက ငါ့မိဘေတြကို ငါေကြ်း ထားႏိုင္တယ္။ ေန႔သူနာျပဳ ညသူနာျပဳေန႔စဥ္ငွား ထားေပးတယ္။ ငါ့အေနနဲ႔ သားသမီးဝတၲရားေက် ၿပီ။ အဲသလိုေတြးၿပီး ေငြဘယ္ေလာက္ကုန္ကုန္ မိဘ အတြက္ အကုန္ခံတယ္(အကုန္ခံႏိုင္ေလာက္ေအာင္ လည္း ေသာက္ေသာက္လဲ ဝင္ေနၾကတာကိုး)။

ဒါေပမဲ့ ... အဲဒီ ဒါေပမဲ့က သိပ္ၿပီး အေရး ႀကီးပါတယ္။ သူတို႔က ေငြလမ္းခင္းၿပီးသာ မိဘကို ျပဳစုတာ။ ေငြဘယ္ေလာက္ကုန္ကုန္၊ သိန္းရာေထာင္ ခ်ီၿပီးေဆးကုတာ ဒါေပမဲ့ သူတို႔ရဲ႕ လက္ေျခနဲ႔ ျပဳစု ေပးၾကတာ မဟုတ္ဘူး။ ေယာင္လို႔မ်ား အေမ့ ေျခ သလံုးေလး အေဖ့ေျခသလံုးေလးကို တစ္ခ်က္  ႏွစ္ ခ်က္မႏွိပ္ေပးဘူးတဲ့လူ ရွိတယ္။ တခ်ိဳ႕မ်ား မိဘ ေသသာသြားေရာ ေျခဆုပ္လက္နယ္ လံုးဝမျပဳစု လိုက္ရတာမ်ိဳးေတြ ရွိတယ္။

ေငြရွိလို႔ အကုန္ခံၿပီး ေဆးကုတာေကာင္းပါ တယ္။ ဒါေပမဲ့ ဇက္ေၾကာေလး တစ္ခ်က္ေလာက္ ၾကင္ၾကင္နာနာ ယုယုယယ ျပဳစုတာကို မခံခ်င္တဲ့ မိဘရယ္လို႔ ရွိ္မယ္မထင္ပါဘူး။ ေငြရွိလို႔ ေကြ်းတာ ေမြးတာ၊ တန္ဖိုးႀကီးတာေတြ ေပးကမ္းေဆာင္ရြက္ တာေတြဟာ ေကာင္းပါတယ္။ ဒါေပမဲ့ အသားတံုး ကို အ႐ိုးႏႊင္ေပးတဲ့ သားသမီး မိဘကို အရိပ္တၾကည့္ ၾကည့္နဲ႔ အနီးကပ္ျပဳစုတဲ့ သားသမီးမ်ိဳးကိုေတာ့ မိဘ ေတြ လိုခ်င္ရွာၾကမွာပါပဲ။

တခ်ိဳ႕ သားသမီးမ်ားက်ေတာ့ မေကြ်းလည္း မေကြ်းေမြးႏိုင္၊ မေစာင့္လည္း မေစာင့္ေရွာက္ႏိုင္ဘဲ မိဘကို ပိႆာေလးနဲ႔ ေဘးပစ္သေလာက္ အထိနာ တဲ့ စကားလံုးေတြနဲ႔ ျပန္ေျပာၾကဆိုၾက၊ ႏႈတ္လွန္ထိုး ၾကနဲ႔ ငရဲအိုးႀကီးႀကီး မ်က္ေစာင္းထိုးၾကတဲ့ သားသမီး မ်ားလည္း ရွိၾကေလရဲ႕။

မိဘေတြ သက္ရွိထင္ရွားရွိတုန္းကေတာ့ ရွိ တယ္လို႔ မေအာက္ေမ့ဘူး။ မ်က္ႏွာလႊဲခဲပစ္ေနခဲ့တယ္။ အတူေနစဥ္တုန္းကလည္း ႏႈတ္လွန္ထိုးၾကတယ္။ ေဟာ မိဘေတြ ဆံုးပါးသြားေတာ့ သူတို႔လည္း အရြယ္ေတြ ရလာၾကၿပီ။ သူတို႔ကိုႏႈတ္လွန္ထိုးမယ့္ သားသမီးေတြလည္း ေပါက္ဖြားလာၾကၿပီဆိုတာ့ သြား ေလသူ မိဘမ်ားကို သတိတရရွိလာၾကတယ္။ သူတို႔ မွားယြင္းခဲ့တာေတြကို ေတြးမိၿပီး အသိတရားေတြ ဝင္လာခဲ့တယ္။ သို႔ေသာ္ အခါေႏွာင္းခဲ့ၿပီ။

ဖမိုးနဖူးတိုက္ကန္ေတာ့ၿပီး ေတာင္းပန္ရမယ့္ မိဘေတြ မရွိရွာၾကေတာ့ဘူး။ အဲဒီလို လူေတြအတြက္ ေျပရာေျပေၾကာင္း ေျဖသာစရာ နည္းေကာင္းေတြ ဆရာသမားလူႀကီး သူမမ်ားက လမ္းညႊန္လာၾက တယ္။

အဲဒါကေတာ့ အေဖ့ေျခရာနဲ႔ အေမ့ေျခရာကို အဝတ္ျဖဴစမွာ ပံုႏွိပ္ထားၿပီးေတာ့ ေခါင္းရင္းမွာထား ရွိခိုးၾကတဲ့ စနစ္ကေလးေတြ လုပ္ယူလာၾကတယ္။ ရေသ့စိတ္ေျပေပါ့။ ဒါလည္း ေကာင္းတဲ့ဓေလ့တစ္ခု ပါပဲ။ ဘာမွမလုပ္ျဖစ္တာနဲ႔စာရင္ခုလို ေျခရာေလး ေတြ ယူထားလိုက္ၿပီး မိဘမရွိေတာ့တဲ့အခါ ကိုး ကြယ္စရာ ရွိခိုးစရာအျဖစ္ ရွိေနတာ အမ်ားႀကီး ေကာင္းပါတယ္။ အျပစ္ေတြရွိရင္ ေက်တန္ သေလာက္ ေက်သြားႏိုင္တာေပါ့ေလ။

မိဘေျခရာယူၿပီးသိမ္းထားတာ ေကာင္းေပ မယ့္ သက္ရွိထင္ရွားရွိတုန္း မိဘကို ဖမိုးဦးတိုက္ကန္ ေတာ့ႏိုင္ရင္ အေကာင္းဆံုးယၾတာပါပဲ။ အဲသလိုမ်ား မိဘကို ဖမိုးဦးတိုက္ ေန႔စဥ္မ်ားဦးခိုက္ႏိုင္ရင္ ဘယ္ ေလာက္မ်ား ေကာင္းလိုက္မလဲ။ ဘုန္းေတြႀကီးၿပီး သက္ေတာ္ရာေက်ာ္ရွည္ၾကမွာ။

လင္းေရာင္တင္လည္း အသက္ေလးဆယ္ ၾကမွ မိခင္ႀကီးကို သြားေတြ႕တိုင္း ဖမိုးနဖူးတိုက္ ဦးခိုက္ ကန္ေတာ့ျဖစ္ခဲ့ပါတယ္။ ဒါကိုျမင္တဲ့ အစ္မ ေတြက -

“စာေရးဆရာကေတာ့ စတန္႔ထြင္ျပန္ၿပီ အေမ့ဆီက ဘာလိုခ်င္လဲမသိဘူး”

ဆိုၿပီး စၾကေျပာင္ၾကတယ္။ ကိုယ္ကေတာ့ သူတို႔ကို သနားတယ္။ ေငြေၾကးအရ ကိုယ့္ထက္ခ်မ္း သာၾကေပမယ့္ အေမ့ဖမိုးနဲ႔ နဖူးနဲ႔တိုက္ရတဲ့ အရသာ  စိတ္ခ်မ္းသာမႈကို သူတို႔မရသြားၾကရွာဘူး။ ကိုယ္က ေတာ့ အဲဒီကိစၥကို ျပန္သတိရတိုင္း အင္မတန္ပီတိ ျဖစ္ရတယ္။ အလြန္စိတ္ခ်မ္းသာရတယ္။ မိဘေတြ ကို ေျပာမွားဆိုမွားရွိခဲ့တဲ့ အျပစ္ေတြ ေက်ကုန္ၿပီလို႔ လည္း ေအာက္ေမ့မိတယ္။ အေမနဲ႔အေဖ့ရဲ႕ေျခရာကို ယူၿပီး ကိုးကြယ္စရာအျဖစ္ မွတ္မွတ္ရရယူထားတာ လည္း ေကာင္းတဲ့အစဥ္အလာပါပဲ။ သူတို႔မရွိေတာ့ ေပမယ့္ သူတို႔ရဲ႕ေျခရာကို အၿမဲဦးခိုက္ၾကသလို မိဘ ေျခရာေတြကို ပံုႏွိပ္ယူေတာ့မယ္ဆိုရင္ ဘယ္ေန႔ ဘယ္ရက္မွာ ေျခရာပံုႏွိပ္ယူပါ့မယ္ဆိုၿပီး ခြင့္ေတာင္း ထား။ အဲဒီေန႔မွာ ခြက္တစ္ခြက္ထဲမွာ နႏြင္းမႈန္႔ (ဆႏြင္းမႈန္႔လို႔ ေခၚၾကတယ္)ကို ေရနဲ႔ပ်စ္ပ်စ္ေလး ေဖ်ာ္ထား။

ၿပီးေတာ့မွ အေမအေဖေတြရဲ႕ ေျခေထာက္ကို ေရနဲ႔သန္႔စင္ေအာင္ ေဆးေၾကာေပး။ (ကိုယ္တိုင္ေရ အင္တံုေလးယူၿပီး ဆပ္ျပာနဲ႔တိုက္ခြ်တ္ေဆးေၾကာေပး ရင္ ပိုၿပီး ကုသိုလ္ျဖစ္တာေပါ့)ေရေဆးၿပီးတဲ့ ေျခ ေထာက္ႏွစ္ဖက္မွာ ေဖ်ာ္ထားတဲ့ နႏြင္းကို သုတ္လိမ္း ေပးၿပီး ပိတ္စ၊ အျဖဴေပၚမွာ ေျခစံုရပ္ ခိုင္းလိုက္ရင္ ေျခရာအစံုကို ရေတာ့တာေပါ့။ ထင္ထင္ ရွားရွား ေလးျဖစ္ေအာင္ စိတ္ရွည္ရွည္နဲ႔ ပံုႏွိပ္ယူ။

နႏြင္းေျခာက္သြားတဲ့အခါ ေခါင္းအံုးေအာက္ မွာ ထားထား၊ သြားေလရာရာယူယူ အင္မတန္ ေကာင္းပါတယ္။ အႏၱရာယ္ကင္း၊ မ်က္ႏွာပြင့္အ ေဆာင္လည္း ျဖစ္ပါတယ္။ ေရွးတုန္းက စစ္သည္ ေတာ္ေတြ စစ္တိုက္ထြက္ၾကတဲ့အခါ အေမ့ထမီစကို နားမွာ ပန္သြားၾကတယ္လို႔လည္း ဆိုပါတယ္။ အႏၱရာယ္ကင္းတယ္။ စစ္ေအာင္တယ္လို႔ ယံုၾကည္ ၾကတယ္။

ေရွးပညာရွိမ်ားက အဲသလို ေျခရာေတြ ပံု ႏွိပ္ယူထားၿပီး ရွိခိုးတဲ့အခါ ဂါထာနဲ႔ ပူေဇာ္ရြတ္ဆို ၾကျပန္ပါတယ္။ အေမ့ေျခရာရွိခိုးတဲ့ ဂါထာ၊ အေမ့ ေျခရာရွိခိုးတဲ့ဂါထာဆိုၿပီး ရွိပါတယ္။ ဂါထာေလးနဲ႔ ရွိခိုးၾကတဲ့အခါ ပိုၿပီးစိတ္ၾကည္ႏူးယံုၾကည္မႈရွိတာေပါ့ ေလ။ ေန႔စဥ္ရွိခိုးႏိုင္ရင္ေတာ့ အႏၱရာယ္ကင္းလာဘ္ ရႊင္တဲ့ ဂါထာေတြ ျဖစ္လာပါလိမ့္မယ္။ မိဘေျခရာ ကို ဦးခိုက္ရွိခိုးတဲ့ဂါထာေတြဟာ အလြန္ခ်ိဳ္ၿမိန္ေကာင္း မြန္တဲ့ယၾတာပါပဲ။အေဖ့ေျခရာရွိခိုးဂါထာ

============

ဝုၯီုကာေရာ၊ အာလိေဂၤတြာ၊

ဥပၸိတြာ ပီယ၊ ပုတၲကံ

ရာဇ ဝဇၥ်ံ၊ သုပတိ႒ံ၊

ပါတုပါဒံ၊ နမာမဟံ။အသံထြက္

==========

ဝုတ္ဒီ ကာေရာ၊ အာလိင္ဂစ္တြာ။

အုတ္ပိတြာပီယ၊ ပုတ္တကံ၊

ရာဇဝစ္ဇံ၊ သုပတ္တိတ္ထံ၊

ပါတုပါဒံ၊ နမာမဟံ။အေမ့ေျခရာရွိခိုးဂါထာ

===========

ဒသမာေသ၊ ဥေရကတြာ၊

ေပါေသတိ၊ ဝုၯီကာရဏံ၊

အာယုဒီဃံ၊ ဝႆသတံ

မာတုပါဒံ၊ နမာမဟံ။အသံထြက္

=======

ဒတ္သမာေသ၊ အုေရကတြာ၊

ေပါေသတိ၊ ဝုတ္ထီကာရဏံ၊

အာယုဒီဂံ၊ ဝတ္သသတံ၊

မာတုပါဒံ၊ နမာမဟံ။

မွတ္ခ်က္။။ ဝုၯီုဆိုတဲ့စာလံုးဟာ ဝတစ္ ေခ်ာင္းငင္ဝုနဲ႔ ဒရင္မႈတ္ထဲကို ဍရင္ေကာက္ကေလး ထည့္ၿပီး ေရးထားတာျဖစ္ပါတယ္။ ဝုတ္ဒီ လို႔ ဖတ္ပါ။

အေမနဲ႔အေဖရဲ႕ ေျခရာကိုလည္း ပံုႏွိပ္ယူ ထား။  ေျခရာရွိခိုးတဲ့ဂါထာေတြနဲ႔လည္း ရွိခိုး၊ လုပ္ ႏိုင္ရင္ ေကာင္းပါတယ္။ အမွန္ကေတာ့ အေဖ အေမ သက္ရွိထင္ရွားရွိေနတုန္း ကိုယ့္နဖူးနဲ႔ ဖမိုးနဲ႔ အၿမဲ တိုက္ၿပီး ကန္ေတာ့ေနႏိုင္ရင္ေတာ့ အေကာင္းဆံုး ပါပဲ။ သူတို႔ဟာ သက္ရွိဘုရားေတြပါပဲေလ။

ေဇယ်တုသဗၺမဂၤလံလင္းေရာင္တင္

 

အရာရာ ေအာင္ျမင္ေစတဲ့ ရတနာဒီပံ ေရႊ ဖေယာင္းတိုင္ကိစၥ တျခားကိစၥမ်ားအတြက္ လာေရာက္ ေဆြးေႏြးလိုပါက တိုက္အမွတ္ ၁၁၀၇၊ ယႆဝတီ ၁၈ လမ္း၊ ေတာင္ဥကၠလာ ၁၃ ရပ္ကြက္၊ ရန္ကုန္ၿမိဳ႕။ ဖုန္း ဝ၉ ၄၂၀ ဝ၁၄ ၆၁၄

Share