အပ်ချည်ဘီးလုံးလေးတစ်လုံးဖြင့် ကယ်လိုက်ရခြင်း

-မင်းသိင်္ခ-

တစ်နေ့တွင် ကျွန်ုပ်ထံသို့ ကျွန်ုပ်နှင့်သိကျွမ်း ရင်းနှီးသော အစိုးရဌာနမှ အရာရှိတစ်ဦးရောက်ရှိ လာ၏။ ၎င်းသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း-

"ဆရာရေ ...ကျွန်တော့် သားအကြီးဆုံးကို မှတ်မိရင် မှတ်မိမှာပေါ့။ တက္ကသိုလ်မှာ နောက်ဆုံး နှစ်ရောက်နေပြီလေ။

ကျွန်တော့်မှာက ပါပလေကာ  ကားလေးတစ်စီးရှိတယ်။ ကျွန်တော်က ကျွန်တော့် သားကို အဲဒီကားနဲ့ တာမွေဘက်ကို ခိုင်းလိုက်တယ်။  ကျွန်တော့်သားက ကားယူပြီး အဲဒီကိုသွားတာပေါ့။  လမ်းမှာ သူငယ်ချင်းတစ်ယောက်တွေ့လို့ ရပ်ပြီးတင် တယ်။ အဲဒီသူငယ်ချင်းမှာက ဘိန်းဖြူကီလိုထုပ်တစ် ထုပ်နဲ့ ဆေးထိုးအပ်လည်းပါတယ်။ ကားပေါ်လည်း ရောက်ရော အဲဒီသူငယ်ချင်းက သူ့ပစ္စည်းကို ကား ဒက်ရှ်ဘုတ်ပေါ် ထည့်လိုက်ပါလေရော။ တာမွေ အဝိုင်းကြီးနားလည်းရောက်ရော သတင်းရလို့ အသင့် စောင့်နေတဲ့ ရဲတွေက ကျွန်တော့်သားရဲ့ကားကို ဖမ်း ပါလေရော။ ပြီးတော့ ရှာကြတာပေါ့။ အဲဒီတော့  ဒက်ရှ်ဘုတ်ထဲက ဘိန်းဖြူကီလိုထုပ် တစ်ထုပ်နဲ့ ဆေးထိုးအပ်ကို တွေ့ပါလေရော။

အဲဒီတော့ ရဲတွေက နှစ်ယောက်စလုံးကို စခန်းခေါ်သွားပြီး ဖမ်းထားလိုက်တယ်။ အမှုလည်း ဖွင့်ထားတာပေါ့။ အဲဒီကောင်လေးကတော့ ဒီပစ္စည်း တွေဟာ ကျွန်တော့်သားနဲ့ မဆိုင်ကြောင်း၊ သူ့ပစ္စည်း ဖြစ်ကြောင်း၊ ကျွန်တော့်သားမသိကြောင်းကို ရဲတွေ ရှေ့မှာ ဝန်ခံပါတယ်။

ဒါပေမဲ့ မရဘူး။ နှစ်ယောက်စလုံးကို ဖမ်း ထားတယ်။ အဲဒါကြောင့် ဆရာ့ဆီလာခဲ့တာပါ။ ယတြာလေး ဘာလေး လုပ်ပေးပါဦးဆရာရယ်"ဟု ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က -

"ဒီအမှုဟာ ဘယ်လောက်ကြီးတယ်ဆိုတာ  ဦးစောမြင့်လည်း သိသားပဲ" ဟုပြောလိုက်လျှင် ကျွန်ုပ်၏ မိတ်ဆွေ ဦးစောမြင့်က -

"သိပါတယ် ဆရာရယ် ... သေဒဏ်တွေ၊ တစ်သက်တစ်ကျွန်းတွေအထိ ပေးနိုင်တယ်လို့ ဆိုပါ တယ်"ဟု ဝန်ခံလေ၏။ ထိုအခါ ကျွန်ုပ်က -

"ဒီလိုရှိတယ်ဗျာ၊ ဦးစောမြင့်ရဲ့သားဟာ အဲဒီ အကြောင်းအရာနဲ့ တကယ် မပတ်သက်ဘူးဆိုရင် တော့ ကျွန်တော်ယတြာလေး လုပ်ပေးလို့ရပါတယ်။ ပတ်သက်တယ်ဆိုရင်တော့ ကျွန်တော်တင် မဟုတ် ဘူး။ မိုးပေါ်က သိကြားမင်းဆင်းပြီး လုပ်ပေးတောင် မရပါဘူး"ဟုဆိုကာ ကျွန်ုပ်သည် မျက်စိကိုမှိတ်၍ မျက်နှာကို ကောင်းကင်ဗလာဟင်းလင်းဆီသို့ မော့ ကာ ဗလာထဲတွင် အာရုံပြုထားလိုက်လေတော့၏။    ထိုအခါ အာရုံထဲတွင် သစ်သားအပ်ချည်ဘီးလုံး၏ တစ်ဖက်အပေါက်ကလေးအနီးတွင် ဆော့ပင်ဖြင့် အနှုတ်လက္ခဏာရေးပေးလိုက်၏။ ထိုအပ်ချည်လုံး ၏ အခြားတစ်ဖက် အပေါက်ကလေးအနီးတွင်မူ အပေါင်းလက္ခဏာတစ်ခုရေးပေးနေသည်ကို တွေ့ရ ၏။ 

ထို့နောက် ထိုအပ်ချည်ဘီးလုံးကို အနှုတ် လက္ခဏာကိုအောက်တွင်ထား၍ထောင်လိုက်လေ၏။ ပြီးလျှင် ဘီးလုံးတွင်ပါသော အပေါက်ကလေးကို ပိတ်၍ ဖယောင်းတိုင် အဖြူရောင်တစ်တိုင်ထွန်းနေ သည်ကိုလည်း တွေ့ရပြန်၏။ 

ကျွန်ုပ်သည် အိမ်တွင် အသင့်ထောင်ထား သော သစ်သားအပ်ချည်ဘီးလုံးကလေးကို ယူကာ အပေါင်းလက္ခဏာ အနှုတ်လက္ခဏာရေးပြီး -

"ဟောဒီ အပေါင်းလက္ခဏာဘေးက အပေါက်ကလေးကိုပိတ်ပြီး ဖယောင်းတိုင်ထွန်းပြီး မီးပူဇော်ရမယ်၊ နေ့တိုင်း တစ်နေ့တစ်တိုင်ပေါ့။ ရုံးချိန်းရှိတဲ့နေ့မှာတော့ တစ်တိုင်ကုန်ရင် တစ်ကိုင် ရှစ်တိုင်ပြည့်တဲ့အထိ ထွန်းရမယ်"ဟုမှာလိုက်လေ၏။ ကျွန်ုပ်၏ မိတ်ဆွေဦး စောမြင့်ဆိုသူလည်း -

"ဒီလောက်ကြီးတဲ့အမှုဟာ ဒီအပ်ချည်ဘီး လုံး ယတြာလေးလုပ်ရုံနဲ့ ပြီးရောလား ဆရာရယ်။  ဆရာတို့ လုပ်နေကျ နဝင်းကြိုးတွေ ဘာတွေ မလုပ် တော့ဘူးလား"ဟုမေးလေတော့၏။ ကျွန်ုပ်က မလုပ် ကြောင်း ပြန်၍ဖြေလိုက်ရလေ၏။ အိမ်ရောက်သော အခါ ကျွန်ုပ်ပြောသည့်အတိုင်း ပြုလုပ်သည်ဟုဆို၏။ ဆရာဝန်ဖြင့် ဆေးစစ်သောအခါ ၎င်းင်း၏သားကလေး က ဆေးအောင်၍ ၎င်းင်း၏သား သူငယ်ချင်းကောင် လေးက ဆေးကျလေ၏။ ဖမ်းဆီးသောရဲများ ကိုယ် တိုင်ကလည်း ကျွန်ုပ်၏ မိတ်ဆွေသား၌ အပြစ်မရှိ ကြောင်းကို ယုံကြည်ကြလေ၏။ 

တစ်နေ့သောအခါ ကျွန်ုပ်၏ မိတ်ဆွေ ဦးစော မြင့်ဆိုသူသည် ကျွန်ုပ်ထံသို့ ရောက်လာလေ၏။ ၎င်းင်း သည် ကျွန်ုပ်နှင့် တွေ့လျှင်တွေ့ချင်း -

"ဆရာရေ ...သားကတော့ လွတ်သွားပါ ပြီ။ တစ်ခုရှိတာက ကားကိုပြန်ပြီး ထုတ်မပေးသေး ဘူး။ သက်သေခံပစ္စည်းဆိုပြီး သိမ်းထားတယ်။ အဲဒီ ကားက ဟိုကောင်လေးကား မဟုတ်ဘူး။ ကျွန်တော့် ကား ဆရာရဲ့"ဟုပြောလေတော့၏။ 

ကျွန်ုပ်သည် မျက်နှာကို ကောင်းကင်ပေါ်သို့  မော့ထားပြီး မျက်စိကိုမှိတ်၍လေထဲတွင် အာရုံကိုနှစ် ထားလိုက်လေ၏။ ထိုအချိန်၌ ကျွန်ုပ်၏ အာရုံတွင် တွေ့မြင်ရသည်မှာ ဘုန်းကြီးကျောင်း လှေကားများ တွင် တွေ့ရသော သစ်သားအတုံးကြီးပေါ်တွင် ဦး စောမြင့်တစ်ယောက် ဖယောင်းတိုင်ထွန်းနေသည်ကို တွေ့ရလေ၏။ 

"ဒီလိုဦးစောမြင့်ရေ .. ရှေးလူကြီးတွေက တော့ အဲဒါကို လက်ဂတုံးလို့ခေါ်တယ်။ လှေကား ထစ်ကတိုင်မှာ လုပ်ထားတဲ့အလုံးကြီးပေါ့ဗျာ၊ အဲဒါ မျိုးက ဘုန်းကြီးကျောင်းလှေကားတွေမှာ ရှိတတ် တယ်ဗျ။ အဲဒီအလုံးကြီးပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းမယ်ဗျ။ ဒါမှသိမ်းထားတဲ့ မော်တော်ကား ကို ပြန်ပြီးထုတ်ပေးမှာ"ဟုကျွန်ုပ်က ပြောလိုက် လေတော့၏။ ထိုအခါ ကျွန်ုပ်၏ မိတ်ဆွေက -

"ခင်ဗျားပြောတဲ့ လှေကားထစ်က အလုံးကြီး တွေ ကျွန်တော်တွေ့ဖူးပါတယ်။ ဒါပေမဲ့ ရန်ကုန်က ဘုန်းကြီးကျောင်းတွေမှာတော့ မရှိဘူးဗျ။ နယ်တွေမှာ သွားမှ တွေ့မှာ"ဟုပြောကာ ကျွန်ုပ်ထံမှ ပြန်သွား လေတော့၏။ များမကြာမီ၌ ကျွန်ုပ်၏ မိတ်ဆွေသည် ကျွန်ုပ်ထံသို့ တယ်လီဖုန်းဆက်လေ၏။ 

"ဆရာရေ ...ဆရာပြောတဲ့ လှေကားထစ် က အလုံးဆိုတာက စဉ်းစားမိပြီဗျို့။ ကျွန်တော် အလုပ်လုပ်တဲ့ အစိုးရပုံနှိပ်တိုက်ရုံးနောက်လှေကား အဆင်းမှာရှိတယ်။ ဒါပေမဲ့ သစ်သားနဲ့တော့ မဟုတ် ဘူးဗျ။ သံနဲ့လုပ်ထားတဲ့ အလုံး"ဟုပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က - 

"အဲဒီမှာထွန်းလည်း ရပါတယ်ဗျာ။ အဲဒါကို လက်ဂတုံးလို့ ခေါ်တာပေါ့" ဟုပြောလိုက်ရလေ တော့၏။ 

ရက်များမကြာမီ၌ ကျွန်ုပ်၏ မိတ်ဆွေနှင့် သူ၏သားသည် (ပါပလေကာ)ကားကလေးဖြင့် ကျွန်ုပ်ထံသို့ ရောက်ရှိလာလေ၏။ 

"သက်သေခံပစ္စည်းအဖြစ် သိမ်းထားတဲ့ကား လည်း ပြန်ပေးလိုက်ပြီ။ ကျွန်တော့်သားက ဆရာ့ ကို ကန်တော့ချင်လို့ဆိုပြီး ဝယ်လာတာကလေးတွေ လည်း ကန်တော့ပါလိမ့်မယ်ဆရာ"ဟုပြောလိုက် လျှင် ထိုသူငယ်ကလေးသည် ၎င်းင်းဝယ်လာသော ဘီစကွက်အကျိုးတစ်ထုပ်၊ တိုက်ဆွေးမိထားသော ပလေကပ် လုံချည်တစ်ထည်၊ မှိုတက်နေသော စီး ကရက်တစ်တောင့်တို့ဖြင့် အားရပါးရ ကန်တော့လေ တော့သတည်း။ 

 

သဗ္ဗေသတ္တာ ကမ္မဿကာ

မင်းသိင်္ခ


zawgyi version

 

အပ္ခ်ည္ဘီးလံုးေလးတစ္လံုးျဖင့္ ကယ္လုိက္ရျခင္း

-မင္းသိခၤ-

 

တစ္ေန႔တြင္ ကြၽႏု္ပ္ထံသို႔ ကြၽႏု္ပ္ႏွင့္သိကြၽမ္း ရင္းႏွီးေသာ အစိုးရဌာနမွ အရာရွိတစ္ဦးေရာက္ရွိ လာ၏။ ၎သည္ ကြၽႏု္ပ္ကို ေတြ႕လွ်င္ေတြ႕ခ်င္း-

"ဆရာေရ ...ကြၽန္ေတာ့္ သားအႀကီးဆံုးကို မွတ္မိရင္ မွတ္မိမွာေပါ့။ တကၠသိုလ္မွာ ေနာက္ဆံုး ႏွစ္ေရာက္ေနၿပီေလ။ ကြၽန္ေတာ့္မွာက ပါပေလကာ  ကားေလးတစ္စီးရွိတယ္။ ကြၽန္ေတာ္က ကြၽန္ေတာ့္ သားကို အဲဒီကားနဲ႔ တာေမြဘက္ကို ခိုင္းလိုက္တယ္။  ကြၽန္ေတာ့္သားက ကားယူၿပီး အဲဒီကိုသြားတာေပါ့။  လမ္းမွာ သူငယ္ခ်င္းတစ္ေယာက္ေတြ႕လို႔ ရပ္ၿပီးတင္ တယ္။ အဲဒီသူငယ္ခ်င္းမွာက ဘိန္းျဖဴကီလိုထုပ္တစ္ ထုပ္နဲ႔ ေဆးထိုးအပ္လည္းပါတယ္။ ကားေပၚလည္း ေရာက္ေရာ အဲဒီသူငယ္ခ်င္းက သူ႕ပစၥည္းကို ကား ဒက္ရွ္ဘုတ္ေပၚ ထည့္လိုက္ပါေလေရာ။ တာေမြ အ၀ိုင္းႀကီးနားလည္းေရာက္ေရာ သတင္းရလို႔ အသင့္ ေစာင့္ေနတဲ့ ရဲေတြက ကြၽန္ေတာ့္သားရဲ႕ကားကို ဖမ္း ပါေလေရာ။ ၿပီးေတာ့ ရွာၾကတာေပါ့။ အဲဒီေတာ့  ဒက္ရွ္ဘုတ္ထဲက ဘိန္းျဖဴကီလိုထုပ္ တစ္ထုပ္နဲ႔ ေဆးထိုးအပ္ကို ေတြ႕ပါေလေရာ။

အဲဒီေတာ့ ရဲေတြက ႏွစ္ေယာက္စလံုးကို စခန္းေခၚသြားၿပီး ဖမ္းထားလိုက္တယ္။ အမႈလည္း ဖြင့္ထားတာေပါ့။ အဲဒီေကာင္ေလးကေတာ့ ဒီပစၥည္း ေတြဟာ ကြၽန္ေတာ့္သားနဲ႔ မဆိုင္ေၾကာင္း၊ သူ႕ပစၥည္း ျဖစ္ေၾကာင္း၊ ကြၽန္ေတာ့္သားမသိေၾကာင္းကို ရဲေတြ ေရွ႕မွာ ၀န္ခံပါတယ္။

ဒါေပမဲ့ မရဘူး။ ႏွစ္ေယာက္စလံုးကို ဖမ္း ထားတယ္။ အဲဒါေၾကာင့္ ဆရာ့ဆီလာခဲ့တာပါ။ ယၾတာေလး ဘာေလး လုပ္ေပးပါဦးဆရာရယ္"ဟု ေျပာေလေတာ့၏။ ထိုအခါ ကြၽႏု္ပ္က -

"ဒီအမႈဟာ ဘယ္ေလာက္ႀကီးတယ္ဆိုတာ  ဦးေစာျမင့္လည္း သိသားပဲ" ဟုေျပာလိုက္လွ်င္ ကြၽႏု္ပ္၏ မိတ္ေဆြ ဦးေစာျမင့္က -

"သိပါတယ္ ဆရာရယ္ ... ေသဒဏ္ေတြ၊ တစ္သက္တစ္ကြၽန္းေတြအထိ ေပးႏိုင္တယ္လို႔ ဆိုပါ တယ္"ဟု ၀န္ခံေလ၏။ ထိုအခါ ကြၽႏု္ပ္က -

"ဒီလိုရွိတယ္ဗ်ာ၊ ဦးေစာျမင့္ရဲ႕သားဟာ အဲဒီ အေၾကာင္းအရာနဲ႔ တကယ္ မပတ္သက္ဘူးဆိုရင္ ေတာ့ ကြၽန္ေတာ္ယၾတာေလး လုပ္ေပးလို႔ရပါတယ္။ ပတ္သက္တယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တင္ မဟုတ္ ဘူး။ မိုးေပၚက သိၾကားမင္းဆင္းၿပီး လုပ္ေပးေတာင္ မရပါဘူး"ဟုဆိုကာ ကြၽႏု္ပ္သည္ မ်က္စိကိုမွိတ္၍ မ်က္ႏွာကို ေကာင္းကင္ဗလာဟင္းလင္းဆီသုိ႔ ေမာ့ ကာ ဗလာထဲတြင္ အာ႐ံုျပဳထားလိုက္ေလေတာ့၏။    ထိုအခါ အာ႐ံုထဲတြင္ သစ္သားအပ္ခ်ည္ဘီးလံုး၏ တစ္ဖက္အေပါက္ကေလးအနီးတြင္ ေဆာ့ပင္ျဖင့္ အႏႈတ္လကၡဏာေရးေပးလိုက္၏။ ထိုအပ္ခ်ည္လံုး ၏ အျခားတစ္ဖက္ အေပါက္ကေလးအနီးတြင္မူ အေပါင္းလကၡဏာတစ္ခုေရးေပးေနသည္ကို ေတြ႕ရ ၏။ 

ထို႔ေနာက္ ထိုအပ္ခ်ည္ဘီးလံုးကို အႏႈတ္ လကၡဏာကိုေအာက္တြင္ထား၍ေထာင္လိုက္ေလ၏။ ၿပီးလွ်င္ ဘီးလံုးတြင္ပါေသာ အေပါက္ကေလးကို ပိတ္၍ ဖေယာင္းတိုင္ အျဖဴေရာင္တစ္တိုင္ထြန္းေန သည္ကိုလည္း ေတြ႕ရျပန္၏။ 

ကြၽႏု္ပ္သည္ အိမ္တြင္ အသင့္ေထာင္ထား ေသာ သစ္သားအပ္ခ်ည္ဘီးလံုးကေလးကို ယူကာ အေပါင္းလကၡဏာ အႏႈတ္လကၡဏာေရးၿပီး -

"ေဟာဒီ အေပါင္းလကၡဏာေဘးက အေပါက္ကေလးကိုပိတ္ၿပီး ဖေယာင္းတိုင္ထြန္းၿပီး မီးပူေဇာ္ရမယ္၊ ေန႔တိုင္း တစ္ေန႔တစ္တိုင္ေပါ့။ ႐ံုးခ်ိန္းရွိတဲ့ေန႔မွာေတာ့ တစ္တိုင္ကုန္ရင္ တစ္ကိုင္ ရွစ္တိုင္ျပည့္တဲ့အထိ ထြန္းရမယ္"ဟုမွာလိုက္ေလ၏။ ကြၽႏု္ပ္၏ မိတ္ေဆြဦး ေစာျမင့္ဆိုသူလည္း -

"ဒီေလာက္ႀကီးတဲ့အမႈဟာ ဒီအပ္ခ်ည္ဘီး လံုး ယၾတာေလးလုပ္႐ံုနဲ႔ ၿပီးေရာလား ဆရာရယ္။  ဆရာတို႔ လုပ္ေနက် န၀င္းႀကိဳးေတြ ဘာေတြ မလုပ္ ေတာ့ဘူးလား"ဟုေမးေလေတာ့၏။ ကြၽႏု္ပ္က မလုပ္ ေၾကာင္း ျပန္၍ေျဖလိုက္ရေလ၏။ အိမ္ေရာက္ေသာ အခါ ကြၽႏု္ပ္ေျပာသည့္အတိုင္း ျပဳလုပ္သည္ဟုဆို၏။ ဆရာ၀န္ျဖင့္ ေဆးစစ္ေသာအခါ ၎င္း၏သားကေလး က ေဆးေအာင္၍ ၎င္း၏သား သူငယ္ခ်င္းေကာင္ ေလးက ေဆးက်ေလ၏။ ဖမ္းဆီးေသာရဲမ်ား ကိုယ္ တိုင္ကလည္း ကြၽႏု္ပ္၏ မိတ္ေဆြသား၌ အျပစ္မရွိ ေၾကာင္းကို ယံုၾကည္ၾကေလ၏။ 

တစ္ေန႔ေသာအခါ ကြၽႏု္ပ္၏ မိတ္ေဆြ ဦးေစာ ျမင့္ဆိုသူသည္ ကြၽႏု္ပ္ထံသို႔ ေရာက္လာေလ၏။ ၎င္း သည္ ကြၽႏု္ပ္ႏွင့္ ေတြ႕လွ်င္ေတြ႕ခ်င္း -

"ဆရာေရ ...သားကေတာ့ လြတ္သြားပါ ၿပီ။ တစ္ခုရွိတာက ကားကိုျပန္ၿပီး ထုတ္မေပးေသး ဘူး။ သက္ေသခံပစၥည္းဆိုၿပီး သိမ္းထားတယ္။ အဲဒီ ကားက ဟိုေကာင္ေလးကား မဟုတ္ဘူး။ ကြၽန္ေတာ့္ ကား ဆရာရဲ႕"ဟုေျပာေလေတာ့၏။ 

ကြၽႏု္ပ္သည္ မ်က္ႏွာကို ေကာင္းကင္ေပၚသုိ႔  ေမာ့ထားၿပီး မ်က္စိကိုမွိတ္၍ေလထဲတြင္ အာ႐ံုကိုႏွစ္ ထားလိုက္ေလ၏။ ထိုအခ်ိန္၌ ကြၽႏု္ပ္၏ အာ႐ံုတြင္ ေတြ႕ျမင္ရသည္မွာ ဘုန္းႀကီးေက်ာင္း ေလွကားမ်ား တြင္ ေတြ႕ရေသာ သစ္သားအတံုးႀကီးေပၚတြင္ ဦး ေစာျမင့္တစ္ေယာက္ ဖေယာင္းတိုင္ထြန္းေနသည္ကို ေတြ႕ရေလ၏။ 

"ဒီလိုဦးေစာျမင့္ေရ .. ေရွးလူႀကီးေတြက ေတာ့ အဲဒါကို လက္ဂတံုးလို႔ေခၚတယ္။ ေလွကား ထစ္ကတိုင္မွာ လုပ္ထားတဲ့အလံုးႀကီးေပါ့ဗ်ာ၊ အဲဒါ မ်ဳိးက ဘုန္းႀကီးေက်ာင္းေလွကားေတြမွာ ရွိတတ္ တယ္ဗ်။ အဲဒီအလံုးႀကီးေပၚမွာ ဖေယာင္းတိုင္ထြန္းၿပီး ဆုေတာင္းမယ္ဗ်။ ဒါမွသိမ္းထားတဲ့ ေမာ္ေတာ္ကား ကို ျပန္ၿပီးထုတ္ေပးမွာ"ဟုကြၽႏု္ပ္က ေျပာလိုက္ ေလေတာ့၏။ ထိုအခါ ကြၽႏု္ပ္၏ မိတ္ေဆြက -

"ခင္ဗ်ားေျပာတဲ့ ေလွကားထစ္က အလံုးႀကီး ေတြ ကြၽန္ေတာ္ေတြ႕ဖူးပါတယ္။ ဒါေပမဲ့ ရန္ကုန္က ဘုန္းႀကီးေက်ာင္းေတြမွာေတာ့ မရွိဘူးဗ်။ နယ္ေတြမွာ သြားမွ ေတြ႕မွာ"ဟုေျပာကာ ကြၽႏု္ပ္ထံမွ ျပန္သြား ေလေတာ့၏။ မ်ားမၾကာမီ၌ ကြၽႏု္ပ္၏ မိတ္ေဆြသည္ ကြၽႏု္ပ္ထံသို႔ တယ္လီဖုန္းဆက္ေလ၏။ 

"ဆရာေရ ...ဆရာေျပာတဲ့ ေလွကားထစ္ က အလံုးဆုိတာက စဥ္းစားမိၿပီဗ်ဳိ႕။ ကြၽန္ေတာ္ အလုပ္လုပ္တဲ့ အစိုးရပံုႏွိပ္တိုက္႐ံုးေနာက္ေလွကား အဆင္းမွာရွိတယ္။ ဒါေပမဲ့ သစ္သားနဲ႔ေတာ့ မဟုတ္ ဘူးဗ်။ သံနဲ႔လုပ္ထားတဲ့ အလံုး"ဟုေျပာေလ၏။ ထို႔ေၾကာင့္ ကြၽႏု္ပ္က - 

"အဲဒီမွာထြန္းလည္း ရပါတယ္ဗ်ာ။ အဲဒါကို လက္ဂတံုးလို႔ ေခၚတာေပါ့" ဟုေျပာလိုက္ရေလ ေတာ့၏။ 

ရက္မ်ားမၾကာမီ၌ ကြၽႏု္ပ္၏ မိတ္ေဆြႏွင့္ သူ၏သားသည္ (ပါပေလကာ)ကားကေလးျဖင့္ ကြၽႏု္ပ္ထံသို႔ ေရာက္ရွိလာေလ၏။ 

"သက္ေသခံပစၥည္းအျဖစ္ သိမ္းထားတဲ့ကား လည္း ျပန္ေပးလိုက္ၿပီ။ ကြၽန္ေတာ့္သားက ဆရာ့ ကို ကန္ေတာ့ခ်င္လို႔ဆုိၿပီး ၀ယ္လာတာကေလးေတြ လည္း ကန္ေတာ့ပါလိမ့္မယ္ဆရာ"ဟုေျပာလိုက္ လွ်င္ ထိုသူငယ္ကေလးသည္ ၎င္း၀ယ္လာေသာ ဘီစကြက္အက်ဳိးတစ္ထုပ္၊ တိုက္ေဆြးမိထားေသာ ပေလကပ္ လံုခ်ည္တစ္ထည္၊ မႈိတက္ေနေသာ စီး ကရက္တစ္ေတာင့္တို႔ျဖင့္ အားရပါးရ ကန္ေတာ့ေလ ေတာ့သတည္း။ 

 

သေဗၺသတၱာ ကမၼႆကာ

မင္းသိခၤ

Share