ခရီးသွားမယ်ဆိုရင် လူသားတိုင်းအတွက်ပါ - သီဟစန်းလှိုင် -
၇ နေ့သားသမီးများ ကိစ္စတစ်ခုခုနဲ့ ခရီးသွား မယ်ဆိုပါစို့၊
ဒီလိုဒီလိုတွေ ဓာတ်ယတြာတွေချေပြီး မှ သွားကြမယ်ဆိုပါက အဆင်ပြေအိုကေချောမွေ့ အောင်မြင်စေတတ်ပါတယ်။ စိတ်ချမ်းသာပျော်ရွှင် စေတတ်ပါကြောင်း လိုရာဆန္ဒရစေတတ်ပါကြောင်း တင်ပြပါရစေ။ 
(၁) တနင်္ဂနွေနေ့ ခရီးသွားပါကမိမိလက် ကို နံ့သာရေသုတ်လိမ်းသွားပါလေ။ တနင်္လာနံပန်း ကံ့ ကော်ကြာကြံရရာ ငွေ၊ ကျောက်၊ ကွမ်းတစ်ုခု ဆောင်သွားပါရန် အိုကေအံ့။ 
(၂) တနင်္လာနေ့ခရီးသွားပါက သစ်ပင်ကြီး ကြီးတစ်ပင်ကို ကန်တော့ပူဇော်ပြီးမှ ခရီးထွက်ပါ။ အင်္ဂါနံပန်း၊ ဇွန်း၊ ဇီး၊ ညောင်၊ စံပယ် ရရာတစ် မျိုးမျိုး ဆောင်သွားပါလေ။ အိုကေအံ့။ 
(၃) အင်္ဂါနေ့မှာ ကိစ္စတစ်ခုခုနဲ့ ခရီးထွက် ရင်တော့ မိမိနဲ့အိမ်ပေါက်ဝမှာ ဆောင်ကြောင့် ထိုင် ပြီးမှ ထ၍ခရီးသွားရပါမယ်။ ဗုဒ္ဓဟူးနံပန်း (ရွက်လှ၊ ဝါး၊ ရွှေလာပန်း၊ ရွှေပန်းတစ်ခုခု ဆောင်သွားပါ) အဆင်ချော အိုကေစိုပြေအံ့။ 
(၄) ဗုဒ္ဓဟူးနေ့ခရီးသွားရင်တော့ မိမိလက် ကိုထုံးသုတ်လိမ်းပြီး ခရီး ထွက်ပါရန် ကြာသပ တေးနံပန်း(မေမြို့၊ ပေါက်၊ ပေ၊ ပျဉ်း၊ ပေါက်ပန်း  ဖြူတစ်မျိုးမျိုးဆောင်သွားပါလေ) စိတ်ချမ်းသာရ စေတတ်ပါကြောင်း။ 
(၅) ကြာသပတေးနေ့ ခရီးထွက်မယ်ဆိုပါ ကအရှေ့ကိုမျက်နှာပြု၊ နေမင်းကိုကန်တော့ပြီးမှ သာ ခရီးထွက်ပါရန် သောကြာနံ (သီးညွန့်၊ သံသတ်ညွန့်၊ သန်းညွန့်၊ သရက်၊ ညွှန့်၊ သီဟိုဠ် ညွှန့်ရရာ တစ်ခုခု ဆောင်သွားပါလေ) စိတ်ချမ်းမြေ့ဖွယ်ရာတွေ့ရအံ့။ 
(၆) သောကြာနေ့ခရီးထွက်မယ်ဆိုပါရင် တစ်စုံတစ်ခုအကြောင်းပြု၊ နောက်ပြန်လှည့်ကြည့် ပြီးမှ အော်ဟစ်ပြီး ခရီးထွက်လိုက်ပါ။ စနေနံပါန်း (ထန်း၊ ထိန်၊ ထနောင်း၊ ဒန်း၊ တိုက်၊ ဒေါနပန်း ရရာတစ်မျိုးမျိုးဆောင်သွားပါက အဆင်ချောအ ပြောပြေစိတ်ချမ်းသာမှုတွေ့ကြုံပါလေအံ့။
(၇) စနေနေ့ခရီးသွားရင်တော့ နတ်ပြည်မှာ ရှိတဲ့ စူဠာမုနိဘုရားကို ရှိခိုးပြီးမှ ခရီးထွက်ရပါ မယ်။ 
တနင်္ဂနွေနံပန်း (အုန်းညွန့်၊ အင်ခက်၊ သြဇာညွန့်)ရရာတစ်ခုခု ဆောင်သွားရမှာပါ။ ရည်ရွယ် ရာကိစ္စများ စိတ်ချမ်းသာစရာ ပျော်ရွှင်ဖွယ်ရာများ ကြုံရပါလိမ့်မယ်။ 
လာလမ်းသာလို့ သွားလမ်းဖြောင့်ပြီး စိုးရိမ် ကြောင့်ကျဖွယ်ရာ ပြဿနာများကင်းဝေး၍ ဘေး ကင်းချမ်းသာ ရည်ရွယ်ရာကိစ္စများ အောင်မြင်စေ တတ်ပါတယ်။ ရှောင်တခင်အမြန်ဆုံးအောင်မြင်စေ မယ့်နည်းလေးများပါ အောင်ကြောင်းဖြာ၍ မင်္ဂလာ ကျက်သရေရှိလာပါလိမ့်မယ်။ 
(၈) သစ္စာ၊ မေတ္တာ၊ စိတ် စေတနာ
ပြည်သူတွေမှာ အကျိုးရှိစွာ 
ကောင်းကျိုးလိုရာ သမ္မာအာဇီဝ
ဘဝလှပနိုင်ကြပါစေ။ 
သစ္စာ၊ မေတ္တာ၊ စိတ်စေတနာ ယနေ့ 
သီဟစန်းလှိုင်
zawgyi version
ခရီးသွားမယ်ဆိုရင်
လူသားတိုင်းအတွက်ပါ
- သီဟစန်းလှိုင် -
==================
ဘ၀လှပနိုင်ကြပါစေ။ 
သီဟစန်းလှိုင်
Share