ကိုယ်ပြောတဲ့စကား
အောင်မြင်ချင်ရင်
-လင်းရောင်တင်-
*****************

လူတစ်ယောက်ဆီက အကူအညီရဖို့ပဲဖြစ် ဖြစ်အခွင့်အရေးတစ်ခုခုရဖို့ကိုပဲဖြစ်ဖြစ်၊ စကားပြော ဖို့လိုအပ်လာပါတယ်။ အဲသလိုစကားပြောတဲ့အခါ ပြောရေးဆိုခွင့်ရဖို့ ကိုယ့်စကားအောင်မြင်ဖို့အရေး ကြီးပါတယ်။ ကိုယ့်ရဲ့ ပြောစကားအောင်မြင်ဖို့ဆိုရင်

၁။ ကိုယ်ကပြောလိုသူရဲ့ နေ့နံနဲ့ အဆောင် ပန်းမှန်ဖို့လိုပါတယ်။
၂။ အဲဒီလူရဲ့ဆပွတ်နေ့ဖြစ်ဖို့လိုပါတယ်။
၃။ အဲဒီလူရဲ့ ဆပွတ်အရပ်ကနေပြီး ပြော ဖို့လဲလိုအပ်ပါတယ်။

ဒီအချက်သုံးချက်နဲ့ ညီပြီဆိုရင်တော့ အောင် မြင်ဖို့များပါတယ်။ အဲသလိုကိုယ်ပြောမယ့်သူအတွက် အောင်မြင်နိုင်မယ့် အချက်အလက်ကို ရွေးချယ်ရာ မှာတော့ "သူ့ကိုနိုင်လို ဆကိုခို"ဆိုတဲ့ စာဆိုအရ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ "မူလကျမ်းရင်းလင်္ကာ မှာတော့ သူ့ကိုနိုင်လို့ ဆနှင့်ခိုလိုရာဆေးဖော်သုံး"ရယ်လို့ မိန့်ဆိုထားတာရှိပါတယ်။
ဥပမာအားဖြင့် ဗုဒ္ဓဟူးနံဖြစ်တဲ့ ဆင်သတ္တဝါ ကိုနိုင်လိုတယ်ဆိုရင် သူ့ရဲ့ဆပွတ်ဖြစ်တဲ့ တနင်္လာ ချွန်းကိုကိုင်တွယ်ပြီး ဆင်ကိုပြမယ်ဆိုရင် အဲဒီဆင် ဟာအလွန်ကြောက်ပါလိမ့်မယ်။ ဒါကြောင့်ဆင်ကိုနိုင် လိုရင် ချွန်းနဲ့အုပ်ရပါတယ်။
နောက်တစ်ခုပြောရရင် ကြာသပတေးနံ မြင်းကိုနိုင်လိုရင် သူ့ရဲ့ဆပွတ်ဖြစ်တဲ့ ခြောက်ခု မြောက်နံဖြစ်တဲ့ အင်္ဂါနံဇက်ကို ခိုင်ခိုင်မြဲမြဲ ရဲရဲဝံ့ဝံ့နှင့် ကိုယ် တွင်ထားမယ်ဆိုရင် ဘယ် လောက်ပဲ ဆိုးနေတဲ့ ရိုင်း နေတဲ့မြင်းဖြစ်ပါစေ သူ့ရဲ့ စိတ်မှာ တုန်လှုပ်လာ ပြီးငြိမ် သက်သွားရတာ ဖြစ်ပါတယ်။ ဒါ ကြောင့် "မြင်းကိုနိုင်လိုက ဇက်မှာ ကိုင်"လို့ ဆိုကြတာဖြစ်ပါတယ်။

ဆပွတ်ဆိုတာကတော့ လိုအပ်တဲ့ နံရဲ့မြောက် ၃ မြောက်နေရာကိုခေါ်ပါတယ်။ စနေနံကိုနိုင်လိုမယ် ဆိုရင် (၁)စနေ၊ (၂)တနင်္ဂနွေ၊ (၃)တနင်္လာ၊ (၄)အင်္ဂါ (၅)ဗုဒ္ဓဟူး (၆)ကြာသပတေး စသည်ဖြင့် ခြောက်ခု မြောက်အထိရေတွက်သွားပြီး အဲဒီနံကိုယူရပါတယ်။ စနေနံနွားကို နိုင်ချင်ရင် သူ့ရဲ့ ဆပွတ်နံဖြစ်တဲ့ နဖားကြိုးကို စွဲစွဲမြဲမြဲကိုင်ထားရင် ကိုယ်လိုရာသုံးနိုင်ပါတယ်။

တနင်္လာနံဖြစ်တဲ့ ကင်းမြီးကောက်ထိုးမိမယ် ဆိုရင် ကင်းမြီးကောက်ရဲ့ဆပွတ်နံဖြစ်တဲ့ စနေနံ ကြက်သွန်နီနဲ့ ထိုးမိတဲ့နေရာကို နာနာပွတ်ပေးမယ် ဆိုရင် ဒဏ်ရာချက်ချင်းသက်သာမှာဖြစ်ပါတယ်။
စားရင်းသောက်ရင်းနဲ့ ငါးရိုးစူးမိမယ်ဆိုရင် ငါးကတနင်္လာနံဖြစ်တဲ့အတွက် တနင်္လာနံရဲ့ ခြောက် ခုမြောက်(ဆပွတ်)ဖြစ်တဲ့ တတောင်နဲ့ ငါးရိုးစူးသူရဲ့ ကုတ်ကိုနှိမ်ပြီးထောင်းမယ်ဆိုရင် ငါးရိုးဟာ အပြင် ဘက်ကိုထွက်လာလိမ့်မယ်။ ဒါမှမဟုတ်ဝမ်းတွင်းကို ၀င်သွားမှာသေချာပါတယ်။
မြွေကိုက်ခဲ့ရင်လည်း မြွေလို့ခေါ်တဲ့ ကြာသ ပတေးနံကိုအခြေတည်ပြီး ခြောက်ခုမြောက် အင်္ဂါ နံပါတဲ့ မီးစနဲ့ဒဏ်ရာကိုထိုးရင် မြွေကြမ်းမြွေဆိုးဖြစ် သည့်တိုင်အောင်ပျောက်ကင်းချမ်းသာရမှာအမှန်ပါပဲ။ အခုဖော်ပြခဲ့တဲ့နည်းဟာ ရှေးလူကြီးများဆောင်ရွက် ခဲ့တဲ့ နည်းတွေဖြစ်ခဲ့တဲ့အတွက် ကြားဖူးနားဝလည်း ရှိကြမှာဖြစ်ပါတယ်။

နောက်ပြီး ပြောကြတာ ရှိပါသေးတယ်။ ကြာသပတေးနံဗူးသီးကို အင်္ဂါနံလက်ညှိုးနဲ့ထိုးရင် ဓာတ်ခိုက်ပြီးပုပ်သွားတတ်ပါသေးတယ်။ ဒီလိုပဲ တနင်္လာနံအဖျားပေါ်တဲ့နှင်းခူအနာကို သူ့ရဲ့ဆပွတ် ဖြစ်တဲ့ စနေနံ ထန်းနို့ပြာကို အနာပေါ်မှာ မကြာ မကြာသိပ်ပေးရင် သက်သာသွားမှာလဲအမှန်ဖြစ်ပါ တယ်။
သို့သော်အနာရောဂါတွေကို သူ့ကိုနိုင်လို ဆ ကိုခိုစံနစ်နဲ့ကြံစည်ကုသပေးတဲ့အခါမှာ အယူအဆ လွှဲချော်သွားရင် ပိုဆိုးနိုင်တာမို့ ဓာတ်ဆရာမှာလိမ် မာတတ်ကျွမ်းတဲ့ ဆရာများကိုချဉ်းကပ်မေးမြန်းပြီး မှဆောင်ရွက်တာပိုပြီးလျော်ကန်သင့်မြတ်ပါလိမ့် မယ်။

ဒီဆောင်းပါးမှာ ဖော်ပြပေးချင်တာကတော့ လူအချင်းချင်းဆက်ဆံပြောဆိုရာမှာ သူ့ကိုနိုင်လို ဆကိုခို ဆိုတဲ့ဆောင်ပုဒ်ကိုသုံးပြီး အောင်မြင်အောင် ဆောင်ရွက်ကြဖို့ပါပဲ။ သူ့ဆီကကြွေးပြန်တောင်းလို တဲ့အခါပဲဖြစ်ဖြစ် ကိုယ့်ဆီက အကြွေးပြန်တောင်းတဲ့ အခါပြေပြေလည်လည်ပြောဆိုနှစ်သိမ့်နိုင်အောင် ဖြစ်ဖြစ်၊ အလုပ်ကိစ္စရာထူးတိုးအောင်ဆောင်ရွက် ပြောဆိုရာမှာဖြစ်ဖြစ်၊ လူမှုရေးအရ အခြေအတင် ပြောဆိုရာမှာပဲဖြစ်ဖြစ် အောင်မြင်အောင်ဆောင်ရွက် ဖို့ယတြာလေးတွေလုပ်စေချင်တာပါ။

ဒီယတြာကိုအများစုလိုအပ်နှစ်သက်ကြလိမ့် မယ်လို့လဲယူဆပါတယ်။ စကားပြောတာအောင်မြင် ဖို့ဆောင်သွားရမယ့်အဆောင်ပန်းကိုတော့ ပဥ္စပွတ် မှာကျရောက်တဲ့နံသင့်ပန်းကိုဆောင်ရမှာဖြစ်ပါတယ်။

ဥပမာအားဖြင့် တနင်္ဂနွေသားသမီးကို စကားသွား ပြောမယ်ဆိုရင်ဆောင်ရမယ့်ပန်းက ပဥ္စပွတ်မြောက် ကြာသပတေးနံပန်း(ဥပမာမေမြို့)ပြောဆိုရမယ့်နေ့ က ဆပွတ်ဖြစ်တဲ့သောကြာနေ့၊ ကိုယ်ကနေရာယူရ မှာက သောကြာထောင့်ဖြစ်တဲ့ မြောက်ဘက်အရပ် ကနေရာယူပြီးပြောဆိုရမှာပါ။
တနင်္လာသားသမီးကိုပြောရဆိုရမယ်ဆိုရင် တော့ သောကြာနံသီးညွန့်(သီဟိုဠ်ညွန့်လဲရပါတယ်) ကိုဆောင်သွားပါ။ စနေနေ့မှာ သွားရမှာဖြစ်ပါတယ်။ ကိုယ်ကနေရာယူပြောဆိုရမယ့် အရပ်ကတော့ အ နောက်တောင်အရပ် ဖြစ်ပါတယ်။

အင်္ဂါသားသမီးကိုပြောဆိုဖို့သွားရမယ်ဆိုရင် တော့ထိန်(သို့)ထန်းရွက်ကို ဆောင်သွားပြီး တနင်္ဂနွေ နေ့မှာသွားရမှာဖြစ်ပါတယ်။ အရှေ့မြောက်အရပ်မှာ ထိုင်ပြီးပြောရမှာပါ။

ဗုဒ္ဓဟူးသားသမီးကို ပြောဆိိုဖို့သွားရမယ်ဆို ရင်တော့ အုန်းပန်း၊ အုန်းညွန့်ကို ဆောင်သွားပြီး တနင်္လာနေ့မှာသွားရမှာဖြစ်ပါတယ်။ အရှေ့အရပ် ကနေထိုင်ပြီး(သို့) ရပ်ပြီးပြောရမှာဖြစ်ပါတယ်။

ကြာသပတေးသားသမီးကိုပြောဆိုဖို့သွားရ မယ်ဆိုရင် ကံ့ကော်ပန်းကိုဆောင်သွားပြီး အင်္ဂါနေ့ ကိုသွားရမှာပါ။ နေထိုင်ပြောဆိုရမယ့်အရပ်ကတော့ အရှေ့တောင်အရပ်ကနေ ပြောဆိုရမှာပါ။

သောကြာသားသမီးကို ပြောဆိုဖို့သွားရ မယ်ဆိုရင် ဆီးညွန့်၊ ဆီးသီးတို့ကို ဆောင်သွားပြီး ဗုဒ္ဓဟူးနေ့ကို သွားရမှာပါ။ ပြောဆိုနေရာယူရမယ့် အရပ်ကတော့ တောင်ဘက်အရပ်ကနေရမှာဖြစ် ပါတယ်။

စနေသားသမီးကိုပြောဆိုဖို့သွားရမယ်ဆိုရင် ရွက်လှပန်းကိုဆောင်သွားရမှာဖြစ်ပါတယ်။ သွားပြော ရမယ့်နေ့ကတော့ ကြာသပတေးနေ့ဖြစ်ပါတယ်။ ကိုယ်နေရာယူရမယ့်အရပ်ကတော့ အနောက်တောင် ဘက်အရပ်ဖြစ်ပါတယ်။

ဆောင်ရမယ့်ပန်းကိုဆောင်သွားမယ်၊ သွား ရမယ့်နေ့နဲ့ပြောရမယ့်နေရာကို ရွေးချယ်မယ်ဆိုရင် တော့ ကိုယ်ပြောတဲ့စကားအောင်မြင်ဖို့သေချာပါ တယ်။ ကြွေးမြီကိစ္စ၊ အရောင်းအဝယ်ကိစ္စတွေမှာ ဒီနည်းကို ကြိုးစားဆောင်ရွက်ရင်အောင်မြင်ကြမှာပါ။

သက်ဆိုင်ရာပြောဆိုရမယ့် နေ့သားနေ့သမီး တွေအတွက် အလွယ်ကြည့်ရှုနိုင်အောင် အောက်မှာ ဇယားချရေးဆွဲပေးထားပါတယ်။

ယုံယုံကြည်ကြည်လေးလေးစားစားနဲ့မှန်ကန် အောင်ဆောင်ရွက်သွားမယ်ဆိုရင် အောင်မြင်နိုင်တဲ့ မြန်မာ့နည်းမြန်မာ့ဟန်ယတြာပါပဲ။ ပြောသမျှဆိုသမျှ အောင်မြင်စေဖို့သေချာပါတယ်။ ရှေးထုံးလည်းမပယ် နဲ့ စျေးသုံးလဲမလွယ်နဲ့ဆိုတဲ့ စကားရှိတယ်မဟုတ် လား။
ခေတ်ကြီးက ဘယ်လောက်ပဲတိုးတက်တိုး တက် ရှေးထုံးစဉ်လာနည်းပညာတွေကတော့ ထာဝ စဉ်ရှင်သန်ထက်မြတ်နေဦးမှာပါပဲ။

ဇေယျတုသဗ္ဗမင်္ဂလံ
လင်းရောင်တင်

အရာရာအောင်မြင်စေတဲ့ ရတနာဒီပံ ရွှေဖယောင်း တိုင်ကိစ္စတခြားကိစ္စများအတွက်လာရောက်လိုက တိုက် (၁၁၀၇)ယဿဝတီ(၁၈)လမ်း တောင်ဥက္ကလာ(၁၃)ရပ်ကွက်၊ ရန်ကုန်မြို့။

Share