တစ်နေ့သ ၌ အသားဖြူဖြူ၊ မျက် လုံးစိုစို၊ မျက်ခုံး ကောင်းကောင်းနှင့် ဒေါ်သန်း သန်းအုန်းဆိုသော အမျိုးသမီး ကျွန်ုပ်ထံ ရောက်လာ၏။

‘‘အားကိုးတကြီး လာခဲ့ရတာပဲဆရာ။ ကျွန်မမှာ ကြွေးတွေ လည်းဝိုင်းနေပြီ။ အတိုးတွေလည်း ပိနေပြီ။ စိတ်တွေလည်းညစ်လှပြီ။ အဲဒါ ...’’ဟု ပြောပြီး သက်ပြင်းတစ်ချက်ချကာ ရပ်သွား၏။

ကျွန်တော်က‘‘ဘယ်လိုများကူညီရမှာလဲ ..’’ဟုမေးလျှင်-

‘‘အဲဒါတွေ အဆင်ပြေသွားအောင် မြေကွက်ကလေးရောင်းပြီး ဆပ်ချင်လို့ပါဆရာ’’ဟု ပြောလာ၏။

‘‘မြေကွကက်လေး ရောင်းနေတာ စျေးကွာသွားရတာနဲ့၊ တခြားမြေကွက်နဲ့ တည့်သွားကြတာနဲ့၊ အကြောင်း အမျိုးမျိုးနဲ့ ရောင်းလို့ကို အဆင်မပြေပါဘူးဆရာ’’ဟု ပြောရှာ၏။

‘‘အဲဒါ ကျွန်မရဲ့မြေကွက် မြန်မြန်ရောင်းထွက်အောင် ကူညီပါဆရာ’’ 

ကျွန်ုပ်က - ‘‘ဒါဆို ဒီလိုလုပ်၊ ဒယ်အိုးတစ်လုံးရှာ၊ ဒန်ချောင်းတစ်ချောင်းနဲ့ ဒယ်အိုးကို ဒေါင်ခနဲ နေအောင် ခေါက်လိုက်’’ဟုပြောလိုက်လျှင် ဒေါ်သန်းသန်းအုန်းက နားမလည်နိုင်သော မျက်နှာဖြင့် ကျွန်ုပ်ကိုကြည့်ကာ - 

‘‘အဲသလို ခေါက်လိုက်ရရင် ချက်ချင်း ရောင်းထွက်ရောလား ...’’ဟုမေးလေ၏။ 

‘‘ရောင်းထွက် မထွက်တော့မသိဘူး။ ဒယ်အိုး ပိန်သွားမှာတော့ သေချာတယ် ...’’ဟု ပြော၍ ကျွန်ုပ် ရယ်လိုက်လျှင် ဒေါ်သန်းသန်းအုန်းလည်း ဟက်ဟက်ပက်ပက် လိုက်၍ရယ်လေတော့၏။

‘‘ရယ်စရာစတာပါဗျာ။ ဒေါ်သန်းသန်းအုန်းရဲ့ မြေကွက် အမြန်ဆုံးရောင်းထွက်အောင် ၃၄ လက်မရှိတဲ့ မန်ကျည်းကိုင်း အစိုတစ်ကိုင်း ရှာခဲ့ဗျာ။ အရွက်အခက်တွေ ပါပါစေ။ အဲဒီမန်ကျည်းကိုင်းနဲ့ ရောင်းမည့်မြေကွက်ရဲ့ အရှေ့တောင်ထောင့်ကနေ ထိုင်ပြီး အမြန်ဆုံး ရောင်းထွက်လို့ပြောပြီး ၁၉ ချက် ရိုက်ရပါမယ်။ ရိုက်တဲ့အခါ တစ်ခွန်းပြောပြီး တစ်ချက်ရိုက်ရပါမယ် ...’’

ဒေါ်သန်းသန်းအုန်းက ‘‘ရိုက်ရမယ့်အချိန်က ပြောပါဦးဆရာ ...’’

‘‘ရိုက်ရမယ့်အချိန်က အင်္ဂါနေ့ မနက် ၆ နာရီကနေ ၇ နာရီအတွင်း ရိုက်ရပါမယ် ...၊ နောက်နေ့ နှစ်ရက်ဆက်တိုက် မနက်တစ်ကြိမ် ညနေတစ်ကြိမ်ထပ်ပြီးရိုက်ပါ ...၊ နောက်ရက်မှာတော့ နာရီမလိုပါဘူး ..’’ ဟု ကျွန်ုပ်က ပြောလိုက်လျှင် -

‘‘ကျေးဇူးပါပဲဆရာ’’ဟု ပြောပြီး ဒေါ်သန်းသန်းအုန်းသည် လမင်းထက်သာသော မျက်နှာဖြင့် နှုတ်ဆက်ကာ ပြန်သွားလေတော့သတည်း။ (ဒေါ်သန်းသန်းအုန်းရဲ့မြေကွက် ငါးရက်အတွင်း ရောင်းထွက်ခဲ့ပါသည်)

မျှဝေခြင်းဖြင့် အထွတ်အထိပ်ရောက်ပါစေ။

နေဦးအရုဏ်(ခေျာက်)

Share