ကျန်းမာစေခြင်း  ဆီထမင်းအလှူ

-ဝဠာမိုးအောင်(အယူတော်မင်္ဂလာ)-

တစ်နေ့တွင်”ကျွန်တော်၏နေအိမ်သို့ ကျွန်တော်၏အဒေါ်”ဒေါ်ပုမတစ်ယောက်”ရောက်လာခဲ့ပါသည်။ ကျွန်တော်က -

“ဘယ်က ဘယ်လို မျက်စိလည်ပြီး”ရောက်လာတာလဲ အဒေါ်ရဲ့ ...” ဟု”မေးလိုက်ရာ အဒေါ်  ”ဒေါ်ပုမက -

Read more...

ယောကျာ်းပြောစကား နားထောင်စေလိုသော်

-အဂ္ဂမောင်(ကံတလူ)-

ဒီလိုရှိပါတယ်။ ကျွန်တော်တို့ဆီကို ရောက် လာတဲ့ ဗေဒင်မေးသူ အမျိုးသမီး တွေဟာ သူတို့ယောကျာ်းတွေက သူတို့ရဲ့စကားကိုနားမထောင်လို့ပါ ...၊ အဲဒါ ဘယ်လိုလုပ်ရမလဲဆိုပြီး မေးလေ့ရှိပါတယ်။ ယောကျာ်းတွေဘက်ကကြည့်ရင်လည်း မိန်းမတွေက သူတို့စကားကို နားမထောင်လို့ ဆိုပြီး ရှိကြမှာပေါ့ နော် ...။ 

Read more...

ဘာရောင်းချင်သလဲ၊ ခက်နေသလား ...၊ ဒါလေးများ ဒီလိုလုပ်လိုက်ပါလား။ 

-မင်းသိင်္ခ-

သင်သည်အကယ်၍ အိမ်ကိုရောင်းလိုသည်။ ထိုရောင်းရသော ငွေဖြင့်သားကလေးကို နိုင်ငံခြား သို့ ပို့ရန် ရည်ရွယ်ထား၏။ သို့ရာတွင် အိမ်ကို ရောင်းရခက်နေ၏။

Read more...

လွန်စွာချိုမြိန်သော ယတြာ

-လင်းရောင်တင်-

==============

ပြီးခဲ့တဲ့ အမေနေ့တုန်းက အမေ အဖေ သက်ရှိထင်ရှားရှိတုန်း ကိုယ့်နဖူးနဲ့ အမေ့ခြေဖမိုးနဲ့ အဖေ့ခြေဖမိုးနဲ့ တိုက်ပြီး ထိပြီးရှိခိုးရတဲ့အရသာဟာ ဘယ်အရသာနဲ့မှ မတူဘူး။ သိပ်အရသာရှိတယ်။ ပြီးတော့ အဲသလို ဖမိုး၊ နဖူးတိုက်(ဦးတိုက်)ပြီး ရှိခိုး လိုက်ရတဲ့အတွက် မိဘအပေါ်မှာ ပြောဆိုကြံစည်ခဲ့ ဖူးတဲ့ အကုသိုလ် အညစ်အကြေးတော်တော်များ များဟာ စင်ကြယ်သွားကြတဲ့

Read more...

အပ်ချည်ဘီးလုံးလေးတစ်လုံးဖြင့် ကယ်လိုက်ရခြင်း

-မင်းသိင်္ခ-

တစ်နေ့တွင် ကျွန်ုပ်ထံသို့ ကျွန်ုပ်နှင့်သိကျွမ်း ရင်းနှီးသော အစိုးရဌာနမှ အရာရှိတစ်ဦးရောက်ရှိ လာ၏။ ၎င်းသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း-

"ဆရာရေ ...ကျွန်တော့် သားအကြီးဆုံးကို မှတ်မိရင် မှတ်မိမှာပေါ့။ တက္ကသိုလ်မှာ နောက်ဆုံး နှစ်ရောက်နေပြီလေ။

Read more...

 

မိုးလေအေးသော နေ့ကလေးတစ်နေ့ ...၊ ဟိုအဝေးတွင်တော့ မိုးသားများမည်းနေလေ၏။ ကျွန်ုပ်သည် ဟောခန်းတွင် ဗေဒင်မေးသူများ ရှင်း သွားသဖြင့် စိတ်အေးလက်အေးဖြစ်ကာ အဘ၏ "မရမ်းတလင်း လက်ထောက်ယတြာများ" စာအုပ် ကို ကုလားထိုင်တွင်ထိုင်ကာ အေးအေးလူလူ ဖတ် ရှုဖြစ်နေလေ၏။

Read more...

ခရီးသွားမယ်ဆိုရင် လူသားတိုင်းအတွက်ပါ - သီဟစန်းလှိုင် -

 

၇ နေ့သားသမီးများ ကိစ္စတစ်ခုခုနဲ့ ခရီးသွား မယ်ဆိုပါစို့၊

ဒီလိုဒီလိုတွေ ဓာတ်ယတြာတွေချေပြီး မှ သွားကြမယ်ဆိုပါက အဆင်ပြေအိုကေချောမွေ့ အောင်မြင်စေတတ်ပါတယ်။ စိတ်ချမ်းသာပျော်ရွှင် စေတတ်ပါကြောင်း လိုရာဆန္ဒရစေတတ်ပါကြောင်း တင်ပြပါရစေ။ 

Read more...

 

 

 

ကျွနု်ပ်တို့လူတစ်စုသည် ဦးဇင်းညာကလိ၏ ကျောင်းတွင် ဆုံဖြစ်လေ၏။ ပေတလူသည် ကျွနု်ပ်တို့ အား နံပြားထောပတ်သုတ်၊ လက်ဖက်ရည်များဖြင့် ဧည့်ခံကျွေးမွေးထားပြီး ၎င်းင်းကမူ နံနက်စာကျွေးရန် အတွက် စျေးသို့သွားရလေ၏။ 

Read more...

ကိုယ်ပြောတဲ့စကား
အောင်မြင်ချင်ရင်
-လင်းရောင်တင်-
*****************

လူတစ်ယောက်ဆီက အကူအညီရဖို့ပဲဖြစ် ဖြစ်အခွင့်အရေးတစ်ခုခုရဖို့ကိုပဲဖြစ်ဖြစ်၊ စကားပြော ဖို့လိုအပ်လာပါတယ်။ အဲသလိုစကားပြောတဲ့အခါ ပြောရေးဆိုခွင့်ရဖို့ ကိုယ့်စကားအောင်မြင်ဖို့အရေး ကြီးပါတယ်။ ကိုယ့်ရဲ့ ပြောစကားအောင်မြင်ဖို့ဆိုရင်

၁။ ကိုယ်ကပြောလိုသူရဲ့ နေ့နံနဲ့ အဆောင် ပန်းမှန်ဖို့လိုပါတယ်။
၂။ အဲဒီလူရဲ့ဆပွတ်နေ့ဖြစ်ဖို့လိုပါတယ်။
၃။ အဲဒီလူရဲ့ ဆပွတ်အရပ်ကနေပြီး ပြော ဖို့လဲလိုအပ်ပါတယ်။

ဒီအချက်သုံးချက်နဲ့ ညီပြီဆိုရင်တော့ အောင် မြင်ဖို့များပါတယ်။ အဲသလိုကိုယ်ပြောမယ့်သူအတွက် အောင်မြင်နိုင်မယ့် အချက်အလက်ကို ရွေးချယ်ရာ မှာတော့ "သူ့ကိုနိုင်လို ဆကိုခို"ဆိုတဲ့ စာဆိုအရ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ "မူလကျမ်းရင်းလင်္ကာ မှာတော့ သူ့ကိုနိုင်လို့ ဆနှင့်ခိုလိုရာဆေးဖော်သုံး"ရယ်လို့ မိန့်ဆိုထားတာရှိပါတယ်။
ဥပမာအားဖြင့် ဗုဒ္ဓဟူးနံဖြစ်တဲ့ ဆင်သတ္တဝါ ကိုနိုင်လိုတယ်ဆိုရင် သူ့ရဲ့ဆပွတ်ဖြစ်တဲ့ တနင်္လာ ချွန်းကိုကိုင်တွယ်ပြီး ဆင်ကိုပြမယ်ဆိုရင် အဲဒီဆင် ဟာအလွန်ကြောက်ပါလိမ့်မယ်။ ဒါကြောင့်ဆင်ကိုနိုင် လိုရင် ချွန်းနဲ့အုပ်ရပါတယ်။
နောက်တစ်ခုပြောရရင် ကြာသပတေးနံ မြင်းကိုနိုင်လိုရင် သူ့ရဲ့ဆပွတ်ဖြစ်တဲ့ ခြောက်ခု မြောက်နံဖြစ်တဲ့ အင်္ဂါနံဇက်ကို ခိုင်ခိုင်မြဲမြဲ ရဲရဲဝံ့ဝံ့နှင့် ကိုယ် တွင်ထားမယ်ဆိုရင် ဘယ် လောက်ပဲ ဆိုးနေတဲ့ ရိုင်း နေတဲ့မြင်းဖြစ်ပါစေ သူ့ရဲ့ စိတ်မှာ တုန်လှုပ်လာ ပြီးငြိမ် သက်သွားရတာ ဖြစ်ပါတယ်။ ဒါ ကြောင့် "မြင်းကိုနိုင်လိုက ဇက်မှာ ကိုင်"လို့ ဆိုကြတာဖြစ်ပါတယ်။

ဆပွတ်ဆိုတာကတော့ လိုအပ်တဲ့ နံရဲ့မြောက် ၃ မြောက်နေရာကိုခေါ်ပါတယ်။ စနေနံကိုနိုင်လိုမယ် ဆိုရင် (၁)စနေ၊ (၂)တနင်္ဂနွေ၊ (၃)တနင်္လာ၊ (၄)အင်္ဂါ (၅)ဗုဒ္ဓဟူး (၆)ကြာသပတေး စသည်ဖြင့် ခြောက်ခု မြောက်အထိရေတွက်သွားပြီး အဲဒီနံကိုယူရပါတယ်။ စနေနံနွားကို နိုင်ချင်ရင် သူ့ရဲ့ ဆပွတ်နံဖြစ်တဲ့ နဖားကြိုးကို စွဲစွဲမြဲမြဲကိုင်ထားရင် ကိုယ်လိုရာသုံးနိုင်ပါတယ်။

တနင်္လာနံဖြစ်တဲ့ ကင်းမြီးကောက်ထိုးမိမယ် ဆိုရင် ကင်းမြီးကောက်ရဲ့ဆပွတ်နံဖြစ်တဲ့ စနေနံ ကြက်သွန်နီနဲ့ ထိုးမိတဲ့နေရာကို နာနာပွတ်ပေးမယ် ဆိုရင် ဒဏ်ရာချက်ချင်းသက်သာမှာဖြစ်ပါတယ်။
စားရင်းသောက်ရင်းနဲ့ ငါးရိုးစူးမိမယ်ဆိုရင် ငါးကတနင်္လာနံဖြစ်တဲ့အတွက် တနင်္လာနံရဲ့ ခြောက် ခုမြောက်(ဆပွတ်)ဖြစ်တဲ့ တတောင်နဲ့ ငါးရိုးစူးသူရဲ့ ကုတ်ကိုနှိမ်ပြီးထောင်းမယ်ဆိုရင် ငါးရိုးဟာ အပြင် ဘက်ကိုထွက်လာလိမ့်မယ်။ ဒါမှမဟုတ်ဝမ်းတွင်းကို ၀င်သွားမှာသေချာပါတယ်။
မြွေကိုက်ခဲ့ရင်လည်း မြွေလို့ခေါ်တဲ့ ကြာသ ပတေးနံကိုအခြေတည်ပြီး ခြောက်ခုမြောက် အင်္ဂါ နံပါတဲ့ မီးစနဲ့ဒဏ်ရာကိုထိုးရင် မြွေကြမ်းမြွေဆိုးဖြစ် သည့်တိုင်အောင်ပျောက်ကင်းချမ်းသာရမှာအမှန်ပါပဲ။ အခုဖော်ပြခဲ့တဲ့နည်းဟာ ရှေးလူကြီးများဆောင်ရွက် ခဲ့တဲ့ နည်းတွေဖြစ်ခဲ့တဲ့အတွက် ကြားဖူးနားဝလည်း ရှိကြမှာဖြစ်ပါတယ်။

နောက်ပြီး ပြောကြတာ ရှိပါသေးတယ်။ ကြာသပတေးနံဗူးသီးကို အင်္ဂါနံလက်ညှိုးနဲ့ထိုးရင် ဓာတ်ခိုက်ပြီးပုပ်သွားတတ်ပါသေးတယ်။ ဒီလိုပဲ တနင်္လာနံအဖျားပေါ်တဲ့နှင်းခူအနာကို သူ့ရဲ့ဆပွတ် ဖြစ်တဲ့ စနေနံ ထန်းနို့ပြာကို အနာပေါ်မှာ မကြာ မကြာသိပ်ပေးရင် သက်သာသွားမှာလဲအမှန်ဖြစ်ပါ တယ်။
သို့သော်အနာရောဂါတွေကို သူ့ကိုနိုင်လို ဆ ကိုခိုစံနစ်နဲ့ကြံစည်ကုသပေးတဲ့အခါမှာ အယူအဆ လွှဲချော်သွားရင် ပိုဆိုးနိုင်တာမို့ ဓာတ်ဆရာမှာလိမ် မာတတ်ကျွမ်းတဲ့ ဆရာများကိုချဉ်းကပ်မေးမြန်းပြီး မှဆောင်ရွက်တာပိုပြီးလျော်ကန်သင့်မြတ်ပါလိမ့် မယ်။

ဒီဆောင်းပါးမှာ ဖော်ပြပေးချင်တာကတော့ လူအချင်းချင်းဆက်ဆံပြောဆိုရာမှာ သူ့ကိုနိုင်လို ဆကိုခို ဆိုတဲ့ဆောင်ပုဒ်ကိုသုံးပြီး အောင်မြင်အောင် ဆောင်ရွက်ကြဖို့ပါပဲ။ သူ့ဆီကကြွေးပြန်တောင်းလို တဲ့အခါပဲဖြစ်ဖြစ် ကိုယ့်ဆီက အကြွေးပြန်တောင်းတဲ့ အခါပြေပြေလည်လည်ပြောဆိုနှစ်သိမ့်နိုင်အောင် ဖြစ်ဖြစ်၊ အလုပ်ကိစ္စရာထူးတိုးအောင်ဆောင်ရွက် ပြောဆိုရာမှာဖြစ်ဖြစ်၊ လူမှုရေးအရ အခြေအတင် ပြောဆိုရာမှာပဲဖြစ်ဖြစ် အောင်မြင်အောင်ဆောင်ရွက် ဖို့ယတြာလေးတွေလုပ်စေချင်တာပါ။

ဒီယတြာကိုအများစုလိုအပ်နှစ်သက်ကြလိမ့် မယ်လို့လဲယူဆပါတယ်။ စကားပြောတာအောင်မြင် ဖို့ဆောင်သွားရမယ့်အဆောင်ပန်းကိုတော့ ပဥ္စပွတ် မှာကျရောက်တဲ့နံသင့်ပန်းကိုဆောင်ရမှာဖြစ်ပါတယ်။

ဥပမာအားဖြင့် တနင်္ဂနွေသားသမီးကို စကားသွား ပြောမယ်ဆိုရင်ဆောင်ရမယ့်ပန်းက ပဥ္စပွတ်မြောက် ကြာသပတေးနံပန်း(ဥပမာမေမြို့)ပြောဆိုရမယ့်နေ့ က ဆပွတ်ဖြစ်တဲ့သောကြာနေ့၊ ကိုယ်ကနေရာယူရ မှာက သောကြာထောင့်ဖြစ်တဲ့ မြောက်ဘက်အရပ် ကနေရာယူပြီးပြောဆိုရမှာပါ။
တနင်္လာသားသမီးကိုပြောရဆိုရမယ်ဆိုရင် တော့ သောကြာနံသီးညွန့်(သီဟိုဠ်ညွန့်လဲရပါတယ်) ကိုဆောင်သွားပါ။ စနေနေ့မှာ သွားရမှာဖြစ်ပါတယ်။ ကိုယ်ကနေရာယူပြောဆိုရမယ့် အရပ်ကတော့ အ နောက်တောင်အရပ် ဖြစ်ပါတယ်။

အင်္ဂါသားသမီးကိုပြောဆိုဖို့သွားရမယ်ဆိုရင် တော့ထိန်(သို့)ထန်းရွက်ကို ဆောင်သွားပြီး တနင်္ဂနွေ နေ့မှာသွားရမှာဖြစ်ပါတယ်။ အရှေ့မြောက်အရပ်မှာ ထိုင်ပြီးပြောရမှာပါ။

ဗုဒ္ဓဟူးသားသမီးကို ပြောဆိိုဖို့သွားရမယ်ဆို ရင်တော့ အုန်းပန်း၊ အုန်းညွန့်ကို ဆောင်သွားပြီး တနင်္လာနေ့မှာသွားရမှာဖြစ်ပါတယ်။ အရှေ့အရပ် ကနေထိုင်ပြီး(သို့) ရပ်ပြီးပြောရမှာဖြစ်ပါတယ်။

ကြာသပတေးသားသမီးကိုပြောဆိုဖို့သွားရ မယ်ဆိုရင် ကံ့ကော်ပန်းကိုဆောင်သွားပြီး အင်္ဂါနေ့ ကိုသွားရမှာပါ။ နေထိုင်ပြောဆိုရမယ့်အရပ်ကတော့ အရှေ့တောင်အရပ်ကနေ ပြောဆိုရမှာပါ။

သောကြာသားသမီးကို ပြောဆိုဖို့သွားရ မယ်ဆိုရင် ဆီးညွန့်၊ ဆီးသီးတို့ကို ဆောင်သွားပြီး ဗုဒ္ဓဟူးနေ့ကို သွားရမှာပါ။ ပြောဆိုနေရာယူရမယ့် အရပ်ကတော့ တောင်ဘက်အရပ်ကနေရမှာဖြစ် ပါတယ်။

စနေသားသမီးကိုပြောဆိုဖို့သွားရမယ်ဆိုရင် ရွက်လှပန်းကိုဆောင်သွားရမှာဖြစ်ပါတယ်။ သွားပြော ရမယ့်နေ့ကတော့ ကြာသပတေးနေ့ဖြစ်ပါတယ်။ ကိုယ်နေရာယူရမယ့်အရပ်ကတော့ အနောက်တောင် ဘက်အရပ်ဖြစ်ပါတယ်။

ဆောင်ရမယ့်ပန်းကိုဆောင်သွားမယ်၊ သွား ရမယ့်နေ့နဲ့ပြောရမယ့်နေရာကို ရွေးချယ်မယ်ဆိုရင် တော့ ကိုယ်ပြောတဲ့စကားအောင်မြင်ဖို့သေချာပါ တယ်။ ကြွေးမြီကိစ္စ၊ အရောင်းအဝယ်ကိစ္စတွေမှာ ဒီနည်းကို ကြိုးစားဆောင်ရွက်ရင်အောင်မြင်ကြမှာပါ။

သက်ဆိုင်ရာပြောဆိုရမယ့် နေ့သားနေ့သမီး တွေအတွက် အလွယ်ကြည့်ရှုနိုင်အောင် အောက်မှာ ဇယားချရေးဆွဲပေးထားပါတယ်။

ယုံယုံကြည်ကြည်လေးလေးစားစားနဲ့မှန်ကန် အောင်ဆောင်ရွက်သွားမယ်ဆိုရင် အောင်မြင်နိုင်တဲ့ မြန်မာ့နည်းမြန်မာ့ဟန်ယတြာပါပဲ။ ပြောသမျှဆိုသမျှ အောင်မြင်စေဖို့သေချာပါတယ်။ ရှေးထုံးလည်းမပယ် နဲ့ စျေးသုံးလဲမလွယ်နဲ့ဆိုတဲ့ စကားရှိတယ်မဟုတ် လား။
ခေတ်ကြီးက ဘယ်လောက်ပဲတိုးတက်တိုး တက် ရှေးထုံးစဉ်လာနည်းပညာတွေကတော့ ထာဝ စဉ်ရှင်သန်ထက်မြတ်နေဦးမှာပါပဲ။

ဇေယျတုသဗ္ဗမင်္ဂလံ
လင်းရောင်တင်

အရာရာအောင်မြင်စေတဲ့ ရတနာဒီပံ ရွှေဖယောင်း တိုင်ကိစ္စတခြားကိစ္စများအတွက်လာရောက်လိုက တိုက် (၁၁၀၇)ယဿဝတီ(၁၈)လမ်း တောင်ဥက္ကလာ(၁၃)ရပ်ကွက်၊ ရန်ကုန်မြို့။

ဘိန်းမုန့်ကို ရှလကာရည် လောင်းရသော ယတြာဆန်းတစ်မျိုး
-မင်းသိင်္ခ-
***********************

တစ်နေ့တွင် ကျွနု်ပ်၏မိတ်ဆွေ ကိုတင်မြင့် ဆိုသူ ကျွနု်ပ်ထံသို့ ရောက်လာပြီးလျှင် -
“ဆရာရေ လုပ်ပါဦး သစ်တွေက ဆိပ်ကမ်း ကို ရောက်နေပြီ။ သင်္ဘောတင်ဖို့စရိတ်စက လိုနေ တယ်။ လိုနေတာက သိန်း ရ၀ လောက်လိုနေတယ်။အဲဒါ မနက်ဖြန် ၁၂ နာရီထိုးလို့မှ ကျွန်တော့်ဘက် က မပေးနိုင်ရင် အရှက်ကွဲပါပြီ။ အရှက်ကွဲတာထက် ကျွန်တော် ဒီတစ်သက် ကုန်သည်လုပ်စားလို့ မရ တော့ဘူး။ ဘယ်သူမှလည်း ကျွန်တော့်ကို ယုံမှာ မဟုတ်တော့ဘူး။ ဆရာ့ပညာနဲ့ ကယ်ပါဦး”ဟုဆို ကာ အပူကပ်လေတော့၏။

ကျွနု်ပ်သည် ကောင်းကင်ဆီသို့ မျက်နှာမော့ ထားပြီးလျှင် မျက်စိကို မှိတ်ထားလိုက်လေ၏။ ထိုသို့ မှိတ်ထားလိုက်စဉ်၌ လင်ဗန်းအသေးစားအရွယ်ခန့်ရှိ ဘိန်းမုန့်တစ်ချပ်ကို အာရုံတွင် တွေ့မြင်ရလေ၏။ ဘိန်းမုန့်ကြီးမှာ နီညိုရောင်ကြီးဖြစ်၏။ ဘိန်းစေ့ များလည်း အပြည့်ပါ၏။ ထိုဘိန်းမုန့်ကြီးကို ကျွနု်ပ်၏ မိတ်ဆွေ ကိုတင်မြင့်ဆိုသူသည် မြေကြီးပေါ်တွင် ချခင်းပြီးလျှင် ပုလင်းတစ်လုံးမှရေဖြင့် လောင်းချ နေသည်ကို တွေ့ရလေ၏။ ထိုပုလင်းတွင်လည်း ရှလကာရည်ဟု ရေးထားသည်ကို ထင်ရှားစွာ တွေ့ ရလေ၏။ အာရုံ၌ တွေ့မြင်ရလေ၏။ ထို့ကြောင့် ကျွနု်ပ်က -

“ဒီမှာ ကိုတင်မြင့် ... ဘိန်းမုန့်ကြီးကြီး တစ်ချပ် ၀ယ်ဗျာ။ ပြီးတော့ မြေကြီးမှာချပြီး ရှလကာရည်နဲ့ လောင်းပေတော့။ ခင်ဗျားလိုချင်တဲ့ ငွေတွေ ရလိမ့်မယ်”ဟု ပြောလိုက်မိလေ၏။ ထိုအခါ ကိုတင်မြင့်က -
“မလုပ်ပါနဲ့ ဆရာရယ် ... စားတဲ့သောက် တဲ့ ဟာကြီးကို မြေကြီးပေါ်ချပြီး ရှာလကာရည် လောင်းရမယ်လို့။ ရယ်စရာကြီးဗျာ။ တခြားလူတွေ မြင်ရင်လည်း ကျုပ်ကို ဒီအတိုင်းထားမှာမဟုတ်ဘူး ၀ိုင်းပြီး ရိုက်ကြလိမ့်မယ်”ဟု ပြောလေတော့၏။ ထို့ကြောင့် ကျွနု်ပ်က -
“ယတြာကတော့ အာရုံထဲမှာ အဲဒါပဲတွေ့ တယ်ဗျာ။ ခင်ဗျား လုပ်ချင်လည်း လုပ်၊ မလုပ်ချင် လည်း နေဗျာ”ဟု ပြောလိုက်ရာ ကိုတင်မြင့်လည်း ဂွတ္တလိတ် မြလမ်းရှိ ဘိန်းမုန့်ဆိုင်တွင် ရောင်းသော ဘိန်းမုန့်ကြီးတစ်ချပ်နှင့် ရှလကာရည်တစ်ပုလင်းကို ၀ယ်၍ ကားဖြင့် ထွက်သွားပြီး လူရှင်းသော လမ်း ဘေးတစ်နေရာ၌ ချကာ ရှလကာရည်ဖြင့် လောင်း လေတော့၏။ ထိုသို့ လောင်းပြီး ကျွနု်ပ်ထံသို့ ရောက် လာပြန်၏။ ထိုသို့ ရောက်လာပြီးနောက် -
“ကျွန်တော် လောင်းခဲ့ပြီဆရာ၊ တစ်ခုတော့ ပြောရဦးမယ်နော်။ ဒီအလုပ်က ကျွန်တော်ရော ကျွန် တော့်မိန်းမရော စပ်တူလုပ်တာဆိုတော့ မိန်းမရော လောင်းဖို့ လိုသေးလား”ဟုမေးလေ၏။ ထိုအခါ ကျွနု်ပ်က -
“မလိုပါဘူးဗျာ။ အာရုံထဲမှာ ခင်ဗျားကိုပဲမြင် တာဆိုတော့ ခင်ဗျားမိန်းမ လောင်းဖို့မလိုပါဘူး”ဟု ပြောမိလေ၏။
“ဘယ်ကနေ ဘယ်လိုငွေရမှာလဲ ဆရာ ရယ် ...ဟောစမ်းပါဦး”ဟုဆိုလေ၏။ ထို့ကြောင့် ကျွနု်ပ်လည်း တဲရော့ ကိုချိုးလိုက်ရာ ဘုရင်မ ကတ် ပြားကိုရသဖြင့် “မြန်မာပြည်မှာ ဘုရင်မလို့ လူသိ များတာက ရှင်စောပုပဲဗျ။ ရှင်စောပုလမ်းကလည်း စမ်းချောင်းမှာ ရှိတယ်။ စမ်းချောင်း ရှင်စောပုလမ်းက ရလိမ့်မယ် ထင်တယ်” ဟုပြောမိလေ၏။ ညပိုင်းသို့ ရောက်သောအခါ ၎င်းင်းကိုတင်မြင့် ကျွနု်ပ်ထံသို့ ရောက်လာပြီး ကျွနု်ပ်အတွက် ၀ယ်လာသော ပန်းသေး ခေါက်ဆွဲတစ်ထုပ်အား လှမ်းပေးရင်း -
“ဘိန်းမုန့်နဲ့ လုပ်တဲ့ယတြာကတော့ စွမ်းပြီဗျို့။ ညနေကပဲ သိန်း ရ၀ ရခဲ့ပြီ။ ကျွန်တော့်ကို သိန်း ရ၀ ထုတ်ပြီး ချေးတဲ့လူကတော့ ရှင်စောပုလမ်းက မမြင့်တဲ့။ ဒါပေမဲ့ ပိုက်ဆံကတော့ သူ့ပိုက်ဆံမဟုတ် ဘူး။ သူ့အမေ ဒေါ်ပုရဲ့ ပိုက်ဆံပဲ။ ရှင်စောပု ပိုက် ဆံပေါ့ဗျာ”ဟု ပြောလေတော့၏။

သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ