လသာနေတာမို့ မြင်ကွင်းက လင်းလင်းချင်း ချင်းပဲတဲ့။ အဲဒီသားအဖ နှစ်ယောက်မှာ အဖေက 'ကာအာလေး'လေး ရေကန် စောင့်ဝိညာဉ်ဖြစ်နေ တယ်ဆိုတဲ့ပုံပြင်ကို ယုံကြည်သူ မဟုတ်ဘူး။ ဒါ ကြောင့် ရေကန်နား ဖြတ်လျှောက်နေတဲ့အချိန်မှာ သားကို မကြောက်ဖို့ အားပေးခဲ့တယ်။ တချို့လူ တွေလည်း သူတို့လည်း မမြင်ရဘဲနဲ့ ထင်ရာမြင်ရာ လျှောက်ပြောနေကြတာလို့လည်း သားဖြစ်သူကို ရှင်းပြလိုက်သေးတယ်။ သားဖြစ်သူကလည်း 'ကာ အာလာ'လေး ရေနစ်သေစဉ်ကလို ကလေးကြီးအ ရွယ်မို့ ကြောက်နေမှာစိုးလို့ ရဲဆေးတင်ပေးတဲ့ သ ဘောနဲ့ပြောတာလည်းဖြစ်ပါတယ်။ အဲဒီလိုပြောနေတုန်းမှာပဲ။ 'ဗွမ်း' ခနဲ ဆိုတဲ့ ရေသံ ထွက်လာတယ်။ ကောင်လေးက လန့်ပြီး သူ့အဖေအနားကို ဝင်ကပ်လိုက်တယ်။ ရေကန်ဘက် ကနေ လမ်းမလျှောက်တော့ဘဲ သူ့အဖေကို ရေကန် ဘက်ထားပြီး သူက ရေကန်နဲ့ဝေးတဲ့ဘက်မှာ နေပြီး လျှောက်တယ်။

Read more...

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီကျွန်းစုမှာ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်ကလေးတစ်ခုပါ။

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီကျွန်းစုမှာ 'အိုလာအာ' ဆိုတဲ့ရွာငယ်လေးတစ်ရွာ ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အဲဒီရွာက ယောကျာ်း လေးတစ်ယောက် ရေနစ်သေဆုံးခဲ့ရာကနေ ဒီနေ့ အထိ အဲဒီရွာငယ်ကလေးက ရွာသူရွာသားတွေနဲ့ လူငယ်လေးတွေကို ခြောက်လှန့်နေတဲ့ဒဏ္ဍာရီ သဖွယ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကျန်ရစ်ခဲ့ပါတယ်။

Read more...

ယခင်အပတ်မှအဆက်

နောက်တစ်နေ့ နေ့လယ်စာစား ချိန်ရောက်ဖို့ရာ တစ်မနက်လုံး ကျွန်မ စိတ်စောနေခဲ့ပါတယ်။ နေ့ လယ်စာစားခါနီးမှာ ကျွန်မက ဥယျာဉ်ခြံထဲမှာ ကစား နေတဲ့ သမီးလေးကို လှမ်းအော်ခေါ်လိုက်ပါတယ်။ ခဏကြာတော့ သမီးလေး ရောက်လာပါတယ်။

Read more...

ယခင်အပတ်မှအဆက်

ဗြိတိန်နိုင်ငံက မိခင်တစ်ဦး အင်တာနက်မှာ တင်ပြထားတဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

နောက်တစ်ပတ်စနေ၊ တနင်္ဂနွေကျတော့ 'ခရစ္စ တင်း' လေး ဥယျာဉ်ခြံထဲ ဆင်းဆော့တဲ့အချိန် ကျွန်မ တိတ်တဆိတ် သွားချောင်းကြည့်ပါတယ်။ သူမလေး က အဖော်တစ်ယောက်ရှိနေသလို စကားပြောပြီး ဆော့နေတာကိုး။ တကယ်က သူမ တစ်ယောက် တည်းပါပဲ။ ကျွန်မ စိတ်ထဲ ထူးဆန်းနေပါတယ်။ ဒါနဲ့ ခင်ပွန်းဖြစ်သူကို ပြန်ပြောပြတော့ "သူ့ဟာသူ စိတ်ကူးထားတဲ့သူငယ်ချင်းနဲ့ တူပါတယ်၊ ကလေး တွေက ဒီလိုပဲ ဆော့တတ်တယ်၊ သူ့မှာ အဖော် တစ်ယောက် ရှိနေသလိုမျိုးပေါ့ ..."လို့ ပြောတယ်။ သူကတော့ ဒီကိစ္စကို အလေးအနက် မထားပါဘူး။

Read more...

၂၀ဝ၀ ခုနှစ် ...။ "မမငု ...၊ ပဲခူးမြို့မှာ ကမာနပ်ရွာမှာ သေပြီးတဲ့လူ ဘယ်ရောက်နေတယ်ဆိုတာ မေးလို့ရ သတဲ့ ...၊ မေမေ့အတွက် သွားမေးကြရအောင် လိုက်ခဲ့ပါ ..." ယောင်းမလေးကခေါ်လို့သာ အဖော်သဘော နှင့် လိုက်လာခဲ့ရသည်။ ဗေဒင်၊ လက္ခဏာ၊ အကြား အမြင်၊ နတ် ဒါတွေကို ကျွန်မ အယုံအကြည်မရှိပါ။ ကျွန်မတို့လင်မယား ရှစ်နှစ်အရွယ် သမီးကြီး၊ နှစ် နှစ်အရွယ် အမြွှာသမီးနှစ်ယောက်နှင့်အတူ ယောင်းမ သွားရာ လိုက်ခဲ့ကြသည်။ ပဲခူးမြို့ကတစ်ဆင့် လမ်း မကောင်းဘဲ ကမာနပ်ရွာကို နာရီဝက်ခန့် ကားဖြင့် သွားရပြီး ရွာထိပ်တွင် ကားရပ်ထားခဲ့ရသည်။ ရွာထဲ ရှိ ကျွန်မတို့ သိလိုသည့်ကိုမေးမည့် ဆရာမအိမ်ကို ခြေကျင်ဝင်ကြရသည်။

Read more...

ဗြိတိန်နိုင်ငံက မိခင်တစ်ဦး အင်တာနက်မှာ တင်ပြထားတဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

ကျွန်မတို့ ဇနီးမောင်နှံဟာ သားသမီးမထွန်းကား လို့ ကလေးတစ်ယောက် မွေးစားမယ်ဆိုပြီး ကျွန်မ တို့အိမ်ကနေ သုံးနာရီလောက် ကားမောင်းရတဲ့မိဘ မဲ့ကလေးကျောင်းတစ်ကျောင်းကို သွားခဲ့ပါတယ်။ ကျောင်းအုပ်ဆရာမကြီးနဲ့ တွေ့ဆုံပြီး အကျိုးအ ကြောင်းပြောပြတော့ သူမက ကလေးမွေးစားလို ကြောင်း လျှောက်လွှာပုံစံကို ဖြည့်ခိုင်းပါတယ်။ လျှောက်လွှာပုံစံမှာ ကျွန်မတို့ဇနီးမောင်နှံရဲ့ ကိုယ် ရေးအချက်အလက်တွေဖြည့်ခိုင်းပါတယ်။ မွေးစား လိုတဲ့ကလေးရဲ့အသက်အရွယ်၊ ကျား-မ ကိုလည်း ဖြည့်ခိုင်းပါတယ်။ မွေးစားမယ့်ကလေး တွေ့ခဲ့ရင် နောက်ကြောင်းကို လုံးဝ မစုံစမ်းပါဘူး ဆိုတဲ့အချက် ကိုလည်း သဘောတူကြောင်း လက်မှတ်ထိုးခိုင်း တယ်။ ကျွန်မတို့နှစ်ယောက်ကိုလည်း ဓာတ်ပုံရိုက်ယူ တာ၊ ဝဲဘက်လက်မပုံစံ လက်ဗွေနှိပ် ယူတာတွေ လုပ်ပါတယ်။

Read more...

အင်္ဂလန်နိုင်ငံ၊ တောမြို့ကလေးတစ်မြို့က လူ လတ်တန်းစားဇနီးမောင်နှံမှာ 'ကက်စန်ဒရာ' (Cassandra) လို့ခေါ်တဲ့အသက် ၈ နှစ်အရွယ် သမီးငယ် လေးတစ်ယောက်ရှိတယ်။ သူမဟာ အရမ်း ရှက် တတ်လို့ သက်တူရွယ်တူ အပေါင်းအသင်းမရှိသ လောက်ပဲ။ ကျောင်းမှာရော အိမ်ပတ်ဝန်းကျင်မှာပါ သူငယ်ချင်းမရှိဘဲ တစ်ယောက်တည်းပဲ နေလေ့ရှိ တယ်။

Read more...

ယခင်အပတ်မှအဆက်

ဂျပန်နိုင်ငံက သနားစရာ ကျောင်းသူမလေးတစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

လွယ်အိတ်ပွင့်လာပြီး အထဲငုံကြည့်လိုက်တဲ့ အချိန်မှာ အဲဒီကျောင်းသားကထိတ်လန့်တကြားအော် ပြီး လွယ်အိတ်ကို လွှတ်ချလိုက်တယ်။ လွယ်အိတ် ထဲကနေလွင့်ထွက်လာတာက 'ဟာကိုချန်း' ရဲ့ခေါင်း ပြတ်ကလေး။ သွေးစက်တွေက စာသင်ခန်းကြမ်း ပြင်မှာ စွန်းထင်းကုန်တယ်။ အားလုံးပဲ ထိတ်လန့် တကြား ထအော်ကြတယ်။ ကျောင်းသူလေးတွေက အဆိုးဆုံးပါပဲ။ အဲဒီလို အော်ဟစ်နေကြတဲ့အချိန်မှာ ကျောင်းတက်ဘဲလ်မြည်တယ်။ အတန်းပိုင်ဆရာမ လည်း အတန်းထဲ ဝင်လာတယ်။ ဆရာမက "ဘာ ဖြစ်လို့ အော်ဟစ်ဆူညံနေကြတာလဲ" လို့မေးတော့ ကျောင်းသားတွေက တစ်ယောက်တစ်ပေါက်နဲ့ ဖြစ် ကြောင်းကုန်စင်ကို ပြောပြကြတယ်။ ဆရာမက တအံ့တသြမျက်နှာနဲ့ "ဘာမှလဲ မတွေ့ပါလား" လို့ ပြောတယ်။

Read more...

ဂျပန်နိုင်ငံက သနားစရာ ကျောင်းသူမလေးတစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ကျွန်တော် ၈ နှစ်သားအရွယ်က ကြုံတွေ့ခဲ့ရ တဲ့ဖြစ်ရပ်ကလေးတစ်ခုဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်က မူလတန်းကျောင်းသားတစ်ဦးပါ။ ကျွန်တော်တို့အတန်းထဲမှာ ချစ်စရာကောင်းတဲ့ ကျောင်းသူလေးတစ်ယောက် ရှိပါတယ်။ သူမရဲ့ နာ မည်က 'ဟာကိုချန်း' (Haako-Chan) ဖြစ်ပါတယ်။ သူမဟာ အေးအေးလေးပဲ နေတတ်ပြီး လူတကာ နဲ့ တည့်အောင် ပေါင်းတတ်လို့ လူချစ်လူခင် များ ပါတယ်။ ကျောင်းသူတွေရော ကျောင်းသားတွေပါ သူမကို ချစ်ကြပါတယ်။ သူမဟာ မျက်နှာဝိုင်းဝိုင်း လေးနဲ့ ပါးဖောင်းဖောင်းလေးကို ပိုင်ဆိုင်ထားတယ်။ သူမရဲ့ ပါးဖောင်းဖောင်းလေးကလည်း နီနီရဲရဲလေးဆို တော့ နှုတ်ခမ်းနီနီလေးနဲ့ အပြိုင်ပဲ။ ပြီးတော့ 'ဟာ ကိုချန်း' က ကျောင်းလွယ်အိတ်နီနီရဲရဲကို လွယ် ပြီး ကျောင်းတက်တတ်တယ်။ သူမက အနီရောင် ကို ကြိုက်တဲ့သဘောပဲ။ အဲဒီလွယ်အိတ်ကလေး ကလည်း သူမနဲ့ လိုက်ဖက်ပါတယ်။

Read more...

(ယခင်အပတ်မှ အဆက်) မာရီယာက ခေါင်းညိတ်ပြီး ထိုင် လိုက်ထလိုက်နဲ့ ရေစိမ်ပါတယ်။ အဲဒီအချိန်မှာပဲ အံ့သြစရာကောင်း တဲ့အဖြစ်အပျက် တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ မာရီယာဟာ ရုတ်တရက် ရေထဲကို စုပ်ခနဲ မြုပ်သွားတာ ကျွန်မ မြင်လိုက်ရ တယ်။ မြုပ်မသွားခင် သူမရဲ့မျက်နှာဟာ အံ့သြဟန်၊ ထိတ်လန့်ဟန်နဲ့ မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေတာ မြင်လိုက်ရပါတယ်။ ကျွန်မ ရုတ်တရက် ကြက်သေ သေသွားတုန်းမှာပဲ မာရီယာ ရေထဲမြုပ်သွားတာ ပြန် ပေါ်မလာတော့ပါဘူး။ သတိပြန်ရရချင်း ကျွန်မ အသံကုန်အော်ဟစ်ပြီး အကူအညီတောင်းလိုက်ပါ တယ်။

Read more...