တောတွင်း၌ မျက်စိမှောက် လမ်းပျောက် သည်ကို တောမှောက်သည်။ ကွင်းတွင်း၌ မျက်စိ လည် လမ်းမှားသည်ကို ကွင်းမှောက်သည်ဟု ဆိုကြ သည့်နည်းတူ မြို့ပေါ် လူနေရပ်ကွက်အတွင်း တစ် ညလုံး လမ်းစပျောက်ခဲ့သော ကျွန်ုပ်၏တပည့်လေး မောင်တင်စိုး၏ ဖြစ်ရပ်ကို မြို့မှောက်သည်ဟုဆိုရ ပေမည်။ "တကယ်ပဲ ဆရာ ...၊ မနက် အလင်း ရောင်လာမှပဲ လမ်းမှန်တွေ့တော့တယ် ...၊ တစ်ည လုံး လမ်းပေါ်မှာ မိုးစင်စင်လင်းရော ...၊ ကျွန်တော် လျှောက်သွားနေတာက ပြန်ရမယ့်နေရာတစ်ဝိုက်မှာ ဖြစ်နေတာ ..."ဟု အစချီ ပြောပြနေသော မောင် တင်စိုး၏ အဆန်းတကြယ် ကြုံတွေ့ခဲ့ပုံကို ကျွန်ုပ်က ပြန်လည်ဖော်ပြလိုက်ရပါကြောင်း ...။ စာရေးသူ ကျွန်တော်နှင့် အရင်းနှီးဆုံး စာရေးသူ သူငယ်ချင်းဖြစ်သူ ကိုရွှေဝင်းက သူ့အိမ်ကို ပြင်ဆင် ရန်ရှိသဖြင့် ကျွန်တော့်အား သုံးလေးရက်မျှ လာ ရောက် နေထိုင်လုပ်ကိုင်ပေးရန် မေတ္တာရပ်ခံလာ၏။ ကိုရွှေဝင်းသည် သမိုင်း(၁)ရပ်ကွက်တွင် အဆင်ပြေ ပြေ နေနိုင်သူဖြစ်၏။

Read more...

ကျွန်တော်သည် ပွဲစား လုပ်ခဲ့ဖူးပါသည်။ အမေ့ နားကပ်ကလေး ကုန်သွားသောကြောင့် ရပ် လိုက်ရပါသည်။ ပွဲရုံထောင်ခဲ့ဖူးပါသည်။ အဖေ့ဘက်က အမွေ ရသော အိမ်ကလေး ကုန်သွားပါသည်။ ကားထောင်ခဲ့ဖူးပါသည်။ ကားလည်း ပြုတ် ပြီး လင်မယားချင်းလည်း ကွဲသလောက် ဖြစ်သွား ပါသည်။

Read more...

"မြန်မာပြည်သူပြည်သားအပေါင်းနှင့်တကွ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေသတည်း"

လပြည့်နေ့ဖြစ်၏။ ဘုရားကုန်းတော်ပေါ်တွင် ကြက် ပျံမကျအောင်ပင် စည်ကားလျက်ရှိသည်။ ကျွန်ုပ်နှင့်တပည့် နှစ်ယောက်ဖြစ်သော လူသူတော် စောကြာအင်းနှင့် ကပ္ပိယဖိုး ဇေယျတို့သည် အရုဏ်တက်ချိန်မှပင် ရသေ့တောင်ရှိ ကျောင်းသင်္ခန်းကလေးမှ ထွက်ခဲ့၍ ကျိုက်ထီးရိုး ဆံတော်ရှင်စေ တီတော် မြတ်စွာဘုရားအား ဆွမ်း၊ ရေ ချမ်း၊ ဆီမီး၊ အမွှေးတိုင် စသည်တို့ကို ကပ်လှူပူဇော်ပြီး အဓိဋ္ဌာန်ပုတီး စိပ်ကြ သည်။

Read more...

"အောင်ခြင်းရှစ်ပါး ...အသံကြားသည့်အခါ စီးပွားဥစ္စာ ...အဟုတ်မကြာအောင်မှာ ...ကျန်းမာ ချမ်းသာပါလို့ ...ဘေးရန်မဝိုင်း ...ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မှာ ...ခုနစ်ရက်သားသမီးများ နှင့် နတ်လူဗြဟ္မာ ..." ကွယ်လွန်သူ အဆိုတော်ကြီးဒေါ်မေရှင် သီ ဆိုထားသော "အောင်ခြင်းရှစ်ပါး"သီချင်း ဖြစ်ပါ သည်။ ဤသီချင်းကို အဆိုတော်ကြီး ဒေါ်မေရှင်၏ အသံအေးအေးနှင့် ဆိုထားသလို သီချင်းမှာ အသံ အနိမ့်အမြင့် အတက်အကျ၊ အဖြတ်အတောက်၊ လေယူလေသိမ်း ပြောစရာမရှိလောက်အောင် နား ဝင်ပီယံဖြစ်စေ၍ ကြားရသူတိုင်း ကျက်သရေရှိလေ သော သီချင်းဖြစ်ပါသည်။ လောကီနယ်ပယ်မှ ဂီတ သီချင်းတစ်ပုဒ်ဖြစ်လေသော်ငြားလည်း သုံးလောက ထွတ်ထား ဘုရားရှင်၏ ထူးခြားပြောင်မြောက်သော သာမညလူနတ်တို့ ယှဉ်တုခြင်းငှာ မစွမ်းသာသော လူဆိုး၊ နတ်ဆိုး၊ တိရစ္ဆာန်ဆိုးကြီးများကို နှိမ်နင်း အောင်မြင်တော်မူသော မဟာအောင်ပွဲကြီးရှစ်ခုကို ချီးကျူးထောပနာပြုမူတော်ထားသည့် ဓမ္မပူဇာတေး သီချင်းတစ်ပုဒ် ဖြစ်ပါသည်။

Read more...

ယခင်အပတ်မှအဆက်

ရာဇဂြိုဟ်ပြည်သူပြည်သားတွေလည်း ဘုရား ရှင်ရဲ့ ကြွင်းကျန်ရစ်တဲ့ ဓာတ်တော်တွေကို ကြည်ညို သဒ္ဓါဖြင့် လာရောက်ပူဇော်ခဲ့ကြတယ်။ ဒါပေမဲ့ ရာဇ ဂြိုဟ်ပြည်သား သူကြွယ်ကြီးတစ်ယောက်ကတော့ ဒါဟာ လူတွေအပိုအလုပ်တွေ လုပ်နေကြတာပဲ။ အလုပ်ပျက် အကိုင်ပျက် အအိပ်ပျက် အစားပျက်နဲ့ အရေးမဟုတ်တာ အရာလုပ်နေကြတယ်။

Read more...

မိုးတစ်စိမ့်စိမ့်ရွာနေ၏။ ကျိုက်ထီးရိုးဆံတော်ရှင် သာသနာ့နယ်မြေ သည် အုံ့မှိုင်းရီဝေလျက် ရှိပေသည်။

Read more...

ကျွန်မဟာ ချည်နှင့်အထည်စက်ရုံမှ ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ကျွန်မအဖေက ၁၉၈၀ ခုနှစ်မှ စပြီး စစ်တပ်မှ ပခုံးပြောင်းတာဝန်နဲ့ အထည်စက်ရုံမှာ အလုပ်ဝင်ရပါတယ်။ ဒါကြောင့် ကျွန်မတို့မောင် နှမတွေပါ စက်ရုံမှာ ဝန်ထမ်းဝင်လုပ်ရပါတယ်။ ကျွန်မတို့မိသားစုဟာ ဝန်ထမ်းများကို နေစရာပေး ထားတဲ့ တိုက်ခန်းလေးမှာ နေပါတယ်။ စီမံကိန်းကာလဆိုတော့ တောတောင်တွေကြားထဲမှာ အိမ်ခြေဟာ နည်းနည်းလေးပဲ ရှိပါတယ်။ ကျွန်မတို့အိမ်ရှေ့မှာစက်ရုံနယ်မြေကို ဖြန့်ဝေနေတဲ့ ရေစင်အကြီးကြီး တစ်ခု ရှိပါတယ်။ အိမ်ရဲ့အနောက်ဘက် မလှမ်းမကမ်းမှာ သင်္ချိုင်းကုန်းတစ်ခု ရှိပါတယ်။ သင်္ချိုင်း ကုန်းအကျော်မှာ ညောင်ဝိုင်းဆိုတဲ့ရွာတစ်ရွာ ရှိပါ တယ်။ ၁၉၈၃ ခုနှစ် ဇွန်လ ၁၈ ရက်မှာ ကျွန်မ ရဲ့အောက်မှ ညီမတစ်ယောက်ဟာ ခေါင်းလျှော် ရေချိုးပြီး ဆံပင်ကို ဖားလျားချထားပါတယ်။ သူ့ ဆံပင်ဟာ ခါးအောက်ပိုင်းလောက်အထိ ရှည်ပါ တယ်။ သူက ရှမ်းလုံချည်အနီရောင်နဲ့ အိတုံလို့ တစ် ချိန်ကခေါ်တဲ့ အင်္ကျီအနီကိုဝတ်ပြီး သင်္ချိုင်းကုန်းကို ကျော်ပြီး ညောင်ဝိုင်းရွာမှာနေတဲ့ ကျွန်မအဖေရဲ့မိတ် ဆွေ (အဘတို့လင်မယား)အိမ်ကို သူငယ်ချင်းတစ် ယောက်နဲ့ အမေခိုင်းလိုက်တဲ့ကိစ္စတစ်ခုကြောင့် သွား ပါတယ်။ သူပြန်လာတော့ ညနေ ၅ နာရီကျော်ကျော် လောက် ရှိပါပြီ။ အပြန်မှာ အဘတို့အိမ်က သရက် ပင်ပေါက်လေးနှစ်ပင်နဲ့ အဘတို့ပေးလိုက်တဲ့ အသီး အနှံတွေယူပြီး ပြန်လာပါတယ်။

Read more...

၁၉၈၀-၁၉၉၀ ဝန်းကျင်လောက်တွင် ရန် ကုန်မြို့ သာကေတ၊ ဒေါပုံ၊ ပုဇွန်တောင်ကြက်တန်း တစ်ဝိုက်တွင် ဘိုးတော်ပေါက်ဆိုသူကို တွေ့ကြသိကြ သူ များသည်။ ဆံပင်ရှည်များကို ယောင်ထုံးထုံးပြီး မယ်ဒလင်တစ်လက်နှင့် သွားလာနေတတ်သည်။ မယ်ဒလင်တီးလိုက် ဗေဒင်ဟောလိုက်နဲ့ လုပ်တတ်၍ မယ်ဒလင်တီးပြီး ဗေဒင်ဟောတဲ့ ဘိုးတော်အဖြစ် သိကြသည်။ သို့သော် အခကြေးငွေယူပြီးလည်း မဟော။ ဟောချင်တဲ့လူကိုမှလည်း ဟောပေးတတ် သည်။ ဗေဒင်ဟောခံရသူက တောင်းဆိုပါမှ ယတြာ လုပ်ပေးသည်။ သူလုပ်ပေးသည့် ယတြာကလည်း မယ်ဒလင်တီးပေးသည်။ သူ့မယ်ဒလင်ဖြင့် "နဂါး နီ"သီချင်းကို တီးခတ်ပေးပြီး တောင်းဆိုသူ၏ဆန္ဒ များမှာ ရက်များမကြာမီ ပြည့်စုံသွားစေသည်။

Read more...